သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 10, 2013

မြစ်ကြီးနားရဲရိုက်လို့ ကိုးတန်းကျောင်းသား ခေါင်းဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရဲတပ်ဖွဲ့ဝင်တို့၏လက်ချက်ကြောင့် ကိုးတန်းကျောင်းသား  တဦးကို  ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိနေကြောင်း  ကာယကံရှင်နှင့် သူ၏ မိသားစုက ပြောသည်။

စက်တင်ဘာ ၄ရက်နေ့ ညပိုင်းတွင်  မြစ်ကြီးနား အမှတ် (၁) ရဲစခန်းမှ တပ်ဖွဲ့ဝင်တချို့က ဖမ်းသွားပြီး ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်တို့ ဘောလုံးပွဲကြည့်ဖို့ အဆောင်ကနေ ခိုးထွက်လာတယ်။
ပြီးတော့  လမ်းဘေးမှာ ခဏထိုင်နေချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့ သူငယ်ချင်းကို တားပြီး စကားပြောဖို့ လုပ်တော့ အရပ်ဝတ်ရဲသားက ကျနော်တို့ကို လိုက်ဖမ်းတယ်။
 ကျန်တဲ့သူတွေက ထွက်ပြေးသွားနိုင်တယ်။ ကျနော်ပဲကျန်ခဲ့တော့ ကျနော်ကိုပဲ  ဖမ်းသွားပြီး ရိုက်နှက် စစ်ဆေးပါတယ်” ဟု ကိုးတန်းကျောင်းသား  မောင်မရန်ဒွဲလာက ဧရာဝတီသို့ပြောသည်။



သူ၏ အစ်ကိုဖြစ်သူ ကိုထွယ်အောင်ကလည်း ဧရာဝတီသို့ အောက်ပါအတိုင်း ပြောပြသည်။

“ကျနော်ညီက အခုမှ ကိုးတန်းပဲ ရှိသေးတာ။ အခုလို  ရိုက်နှက်စစ်ဆေးတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။
အခုဆိုရင် ဦးခေါင်းက  ဒဏ်ရာကြောင့် သူတချက်တချက် ခေါင်းကိုက်တာ  စိတ်မကြည်တာဖြစ်နေတယ်။ လူတွေကိုလည်း ကြောက်နေတယ်” ဟု ကို ထွယ်အောင်က  ပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့များကို အရေးယူဆောင်ရွက်ပေးရန် အတွက်  ကချင်ပြည်နယ် အစိုးရအဖွဲ့၊  ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေ အဖွဲ့ -  ယူနီဆက်ရုံးတို့ကို တိုင်ကြားထားကြောင်း သိရသည်။

  မြစ်ကြီးနားမြို့ ရင်သွေးငယ် အဆောင်တွင်နေထိုင်သည့် မောင်မရန်ဒွဲလာ၏ အမှုနှင့် ပတ်သက်ပြီး  ဧရာဝတီက  အမှတ် (၁) ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ
 ညအချိန်မတော် အပြင်ထွက်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ရဲတပ်သားတဦးက ပြောပြသည်။

သို့သော်လည်း  ကျောင်းသားများကို ရိုက်နှက် စစ်ဆေးခြင်း မရှိခဲ့ကြောင်း၊ ထိုကဲ့သို့ နောင်တွင် မပြုလုပ်ရန်သာ ၀န်ခံဂတိ လက်မှတ်ရေးထိုးခိုင်းကြောင်း  သူက ဆက်ပြောသည်။

“ညအချိန်မတော်ဆိုတော့ ဘယ်သူက  ဘယ်သူမှန်း မသိဘူး။ ဖမ်းဖို့လုပ်ရမယ့် တာဝန်အရ လုပ်တာပါ။  ကျောင်းသားမှန်း သိတော့ သူတို့မိဘတွေကို ဆက်သွယ်ပြီး ပြန်အပ်လိုက်ပါတယ်” ဟု နယ်ထိန်းတပ်သားတဦးက ဖြေကြားခဲ့သည်။
 

ဧရာဝတီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D