သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 20, 2013

ကိုကိုးကျွန်းအား နှစ်ရှည်ငှားရမ်း၍ ဟိုတယ်၊ အဆင့်မြင့် အပန်းဖြေနေရာများ ထည့်သွင်းလုပ်ကိုင်ရန် ပြည်တွင်း ကုမ္ပဏီတစ်ခု၏ တင်ပြမှုကို ပြည်ထောင်စု အစိုးရသို့ ဆက်လက်တင်ပြထား....

Photo: ကိုကိုးကျွန်းအား နှစ်ရှည်ငှားရမ်း၍ ဟိုတယ်၊ အဆင့်မြင့် 
အပန်းဖြေနေရာများ ထည့်သွင်းလုပ်ကိုင်ရန် ပြည်တွင်း ကုမ္ပဏီတစ်ခု၏ တင်ပြမှုကို
 ပြည်ထောင်စု အစိုးရသို့ ဆက်လက်တင်ပြထား....

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းကုမ္ပဏီ တစ်ခုက 
ငှားရမ်းလုပ်ကိုင် ခွင့်ပြုရန် လာရောက်တင်ပြထားပြီး ယင်းသို့ တင်ပြမှုကို 
ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး 
အစိုးရအဖွဲ့မှ သိရသည်။

ကိုကိုးကျွန်းသည် ကုန်းမြေနှင့် အဆက်အစပ် မရှိသော ပင်လယ်ပြင်ထဲတွင် သီးခြား
 တည်ရှိနေသည့် ကျွန်းတစ်ခုဖြစ်ပြီး ပျက်စီးသေးသော သဘာဝ သယံဇာတ အများအပြား 
တည်ရှိနေသာ နေရာဖြစ်ကြောင်း၊ ထို့အတွက် ခရီးသွား ဧည့်သည်များ 
စိတ်ဝင်စားဖွယ်ရာ နေရာဖြစ်သောကြောင့် ကျွန်းအား ငှားရမ်း၍ ဟိုတယ်၊ 
အဆင့်မြင့် အပန်းဖြေ နေရာများ ထည့်သွင်း လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး
 လက်ရှိ ကိုကိုးကျွန်း၌ လေယာဉ်ကွင်း အသေးစား သဘောမျိုးရှိပြီး လေယာဉ်များ 
ဆင်းသက်ရန် အခက်အခဲ ရှိကြောင်း၊ ထို့အတွက် လေယာဉ်ကွင်းပါ 
ထည့်သွင်းပြုလုပ်ရန် ကုမ္ပဏီက တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။ 
နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည် ဆိုရာ၌ နှစ် ၅၀ အထိ 
ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်ကြောင်း သိရသည်။

''ကိုကိုးကျွန်းကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုဖို့ ပြည်တွင်း ကုမ္ပဏီတစ်ခုက 
တင်ပြလာပါတယ်။ သူတို့ငှားဖို့ တင်ပြတဲ့ နေရာမှာ ကိုကိုးကျွန်းက 
အရမ်းလှပပြီး သဘာဝအခြေခံတဲ့ နေရာတစ်ခု ဖြစ်တာကြောင့် အဲဒီမှာ ဟိုတယ်တွေ၊ 
အဆင့်မြင့် အပန်းဖြေနေရာတွေလုပ်ပြီး ခရီးသွားတွေကို ဆွဲဆောင်မယ်။ 
လေယာဉ်ကွင်းလုပ်ပြီး ရန်ကုန်ကနေ သွားချင်တဲ့ ခရီးသွား ဧည့်သည်တွေအတွက် 
လေယာဉ်နဲ့ အကြိုအပို့ လုပ်ပေးမယ့် အစီအစဉ်တွေ အထိ ပါဝင်တယ်လို့ သိရတယ်။ 
ကျွန်းကြီးကို ငှားရမ်းလုပ်ကိုင်မှာ ဖြစ်တဲ့အတွက် ခွင့်ပြုသင့် မပြုသင့် 
ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်လက်တင်ပြ ထားပါတယ်'' ဟု ရန်ကုန်တိုင်း 
ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ကိုကိုးကျွန်းပေါ်တွင် ဟိုတယ်များ၊ အဆင့်မြင့် အပန်းဖြေ နေရာများအပြင် 
လေယာဉ်ကွင်းပါ ထည့်သွင်းရန်မှာ ငွေကြေးရင်းနှီးမှု များစွာကုန်ကျမည့် 
လုပ်ငန်းဖြစ်ရာ ကုမ္ပဏီကြီးမှာသာ လုပ်ကိုင်နိုင်မည့် အနေအထားဖြစ်ပြီး 
လုပ်ကိုင်ရန် တင်ပြလာသည့် ကုမ္ပဏီကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

ကိုကိုးကျွန်း၏ ရေပြင်မှာ အလွန်ကြည်လင်ကာ ရေအောက် ၁၀ ပေ အနက်အထိ 
ထိုးဖောက်တွေ့မြင် နိုင်ကြောင်း၊ ပြည်တွင်း ပြည်ပ ခရီးသွား 
ဧည့်သည်များအတွက် သဘာဝ အခြေခံ ခရီးသွားနေရာ တစ်ခုဖြစ်ကြောင်း ပြီးခဲ့သည့် 
၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ နှစ်ဆန်းပိုင်း အတွင်းက ကောက်ယူခဲ့သော ကိုကိုးကျွန်း
 အစီရင်ခံစာ များအရ သိရသည်။

ယင်းအချိန်က ကိုကိုးကျွန်းသို့ သွားရောက်လည်ပတ် လိုသူများအတွက် 
ကျွန်းခရီးစဉ်ကို မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းနှင့် ပူးပေါင်း၍ 
ပြေးဆွဲခဲ့သော်လည်း မကြာမီ ရပ်နားခဲ့ကြောင်း သိရသည်။ 
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းကုမ္ပဏီ တစ်ခုက ငှားရမ်းလုပ်ကိုင် ခွင့်ပြုရန် လာရောက်တင်ပြထားပြီး ယင်းသို့ တင်ပြမှုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။


ကိုကိုးကျွန်းသည် ကုန်းမြေနှင့် အဆက်အစပ် မရှိသော ပင်လယ်ပြင်ထဲတွင် သီးခြား တည်ရှိနေသည့် ကျွန်းတစ်ခုဖြစ်ပြီး ပျက်စီးသေးသော သဘာဝ သယံဇာတ အများအပြား တည်ရှိနေသာ နေရာဖြစ်ကြောင်း၊ ထို့အတွက် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားဖွယ်ရာ နေရာဖြစ်သောကြောင့် ကျွန်းအား ငှားရမ်း၍ ဟိုတယ်၊ အဆင့်မြင့် အပန်းဖြေ နေရာများ ထည့်သွင်း လုပ်ကိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိ ကိုကိုးကျွန်း၌ လေယာဉ်ကွင်း အသေးစား သဘောမျိုးရှိပြီး လေယာဉ်များ ဆင်းသက်ရန် အခက်အခဲ ရှိကြောင်း၊ ထို့အတွက် လေယာဉ်ကွင်းပါ ထည့်သွင်းပြုလုပ်ရန် ကုမ္ပဏီက တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။ နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည် ဆိုရာ၌ နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်ကြောင်း သိရသည်။

''ကိုကိုးကျွန်းကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုဖို့ ပြည်တွင်း ကုမ္ပဏီတစ်ခုက တင်ပြလာပါတယ်။ သူတို့ငှားဖို့ တင်ပြတဲ့ နေရာမှာ ကိုကိုးကျွန်းက အရမ်းလှပပြီး သဘာဝအခြေခံတဲ့ နေရာတစ်ခု ဖြစ်တာကြောင့် အဲဒီမှာ ဟိုတယ်တွေ၊ အဆင့်မြင့် အပန်းဖြေနေရာတွေလုပ်ပြီး ခရီးသွားတွေကို ဆွဲဆောင်မယ်။ လေယာဉ်ကွင်းလုပ်ပြီး ရန်ကုန်ကနေ သွားချင်တဲ့ ခရီးသွား ဧည့်သည်တွေအတွက် လေယာဉ်နဲ့ အကြိုအပို့ လုပ်ပေးမယ့် အစီအစဉ်တွေ အထိ ပါဝင်တယ်လို့ သိရတယ်။ ကျွန်းကြီးကို ငှားရမ်းလုပ်ကိုင်မှာ ဖြစ်တဲ့အတွက် ခွင့်ပြုသင့် မပြုသင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်လက်တင်ပြ ထားပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ကိုကိုးကျွန်းပေါ်တွင် ဟိုတယ်များ၊ အဆင့်မြင့် အပန်းဖြေ နေရာများအပြင် လေယာဉ်ကွင်းပါ ထည့်သွင်းရန်မှာ ငွေကြေးရင်းနှီးမှု များစွာကုန်ကျမည့် လုပ်ငန်းဖြစ်ရာ ကုမ္ပဏီကြီးမှာသာ လုပ်ကိုင်နိုင်မည့် အနေအထားဖြစ်ပြီး လုပ်ကိုင်ရန် တင်ပြလာသည့် ကုမ္ပဏီကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

ကိုကိုးကျွန်း၏ ရေပြင်မှာ အလွန်ကြည်လင်ကာ ရေအောက် ၁၀ ပေ အနက်အထိ ထိုးဖောက်တွေ့မြင် နိုင်ကြောင်း၊ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များအတွက် သဘာဝ အခြေခံ ခရီးသွားနေရာ တစ်ခုဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ နှစ်ဆန်းပိုင်း အတွင်းက ကောက်ယူခဲ့သော ကိုကိုးကျွန်း အစီရင်ခံစာ များအရ သိရသည်။

ယင်းအချိန်က ကိုကိုးကျွန်းသို့ သွားရောက်လည်ပတ် လိုသူများအတွက် ကျွန်းခရီးစဉ်ကို မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းနှင့် ပူးပေါင်း၍ ပြေးဆွဲခဲ့သော်လည်း မကြာမီ ရပ်နားခဲ့ကြောင်း သိရသည်။
 
From...K N T

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D