သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 20, 2013

ပုဂံတွင်ကမ္ဘာ့ခရီးသွားများလုံခြုံရေးဆိုင်ရာရဲမေဦးရေ တိုးမြှင့်

ပုဂံ၊ ညောင်ဦးဒေသတွင် လုယက် အကြမ်းဖက်မှုဖြစ်ရပ်တချို့များလာသဖြင့် အမျိုးသမီး Tourism Police ၃၂ဦးကို ဩဂုတ် ပထမ ပတ်မှစတင်ကာ တိုးမြှင့်ချထား ကြောင်း ကမ္ဘာ့ခရီးသွားများ လုံခြုံရေးဆိုင်ရာ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ပုဂံညောင်ဦးဒေသများတွင် နိုင်ငံခြားသားများထံမှ အဖိုးတန်ပစ္စည်းများလုယက်ခြင်း၊ ယင်းသို့လုယက်ခံရ သူများထဲတွင် နိုင်ငံ ခြားသူများ၏ လုယက်ခံရမှုများ ပြားလာသဖြင့် Tourism Police (ကမ္ဘာ့ခရီးသွားများ
လုံခြုံရေးဆိုင် ရာရဲတပ်ဖွဲ့)မှ အမျိုးသမီးတပ်ဖွဲ့ ဝင်များကို ယခုကဲ့သို့ တိုးမြှင့်ချထားရခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားသူများအနေဖြင့် အခက်အခဲတစ် စုံတစ်ရာပေါ်ပေါက်လာပါက အမျိုးသမီး Tourism police ဖြင့် ပိုမိုအဆင်ပြေစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ပြု လုပ်ရခြင်းဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ခရီးသွားများ လုံခြုံ ရေးဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ''အမျိုးသား Tou-rism Police က ၃ဝရှိတယ်။ အ မျိုးသမီးက ၃၂ ဦးထားတယ်။ မိန်းမအချင်းချင်းဆိုတော့ နိုင်ငံခြားသူ တွေအတွက် ပိုအဆင်
ပြေအောင် ပါ။ တိုရီဇင်ရဲတပ်ဖွဲ့တွေက ထပ်မံလိုအပ်နေပါသေးတယ်။ ပုဂံဒေ သမှာ နေရာက ကျယ်ဝန်းပြီး တိုရီ ဇင်ရဲတပ်ဖွဲ့က နည်းနေသေး တယ်။ ဒါပေမဲ့ တတ်နိုင်သမျှတော့ နိုင်ငံခြားသားတွေရဲ့အခက်အခဲ တွေ၊ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးနေပါတယ်''ဟု ပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက နိုင်ငံခြားသူတစ်ဦးထံမှ ပိုက်ဆံအိတ်ကို လုပြေးခဲ့သဖြင့် တိုရီဇင် ရဲတပ်ဖွဲ့ဝင် များထံ တိုင်ကြားခဲ့သဖြင့် လုယူထွက်ပြေးသော တရားခံအမျိုးသားနှင့် ပိုက်ဆံများပြန် ရရှိခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ပုဂံဧည့် လမ်းညွှန်အသင်းမှ ဥက္ကဋ္ဌ ဦးဇော် ဝင်းချိုက ''တိုရီဇင်ရဲတပ်ဖွဲ့ဝင် တွေအနေနဲ့ နိုင်ငံခြားသားတွေရဲ့ အခက်အခဲကို အတတ်နိုင်ဆုံးကူ ညီပေးမှာပါ။ ရှေးဟောင်းပုထိုး တွေရှိတဲ့နယ်မြေမှာ လုယက်မှုတွေ၊ ရာဇဝတ်မှုတွေမဖြစ်အောင် အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်သွားမယ်''ဟု ပြော သည်။

တိုရီဇင်ရဲတပ်ဖွဲ့ဝင်များသည် နေ့စဉ် နံနက် ၈နာရီခန့်မှ ည၁၁ နာရီခန့်အထိ နေ့စဉ်လှည့်ကင်းပြီး လက်ရှိ တွင် တပ်ဖွဲ့ဝင်ပေါင်း ၆၂ ဦး ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D