
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ပြည်သူများသည် ဆိုင်ကယ်အပ်ရန်ဌာနတွင် မအပ်ကြဘဲ မြို့မဈေးကြီး၏
တောင်ဘက် သံတံတား အနီးတွင် လည်းကောင်း တံတားပေါ်တွင် လည်းကောင်း ဆိုင်ကယ်များ ဇက်
သော့ခတ်၍ ရပ်ထား ကြသောကြောင့် ယာဉ်သွားယာဉ်လာများအတွက် အန္တရာယ်ဖြစ်နိုင်သောကြောင့်
တံတားပေါ်တွင် ဆိုင်ကယ် ရပ်မထားသင့်ကြောင်း ကားသမား အများစုက ပြောကြသည်။
“ကပ်စီးနည်းလို့တော့ မဟုတ်ပါဘူး။ ကျမ၀ယ်မဲ့မုန့်ညှင်းရွက်က ၁၀၀ကျပ်ဖိုး။ ဆိုင်ကယ်အပ်ခက၂၀၀
ကျပ်ဆိုတော့ ဆိုင်ကယ်ကိုမအပ်ဘဲ လမ်းလေးမှာဘဲ ခဏထားလိုက်တာပါ။ ဆိုင်ကယ်အပ်ခ၁၀၀ကျပ်
ဆိုရင်တော့ ဈေးသည်၊ ဈေးဝယ်တွေအားလုံး အဆင်ပြေကြမှာပါ”ဟု ဈေးဝယ်တစ်ဦးမှပြောသွားသည်။
“ဆိုင်ကယ်ရပ်နားကြတဲ့ ပြည်သူတွေကို မရပ်နားကြဖို့ အန္တရာယ်မရှိအောင် ပြောပြတယ်။ နားမထောင်
ကြဘူး။ မြိုရွာလှပဖို့ အန္တရာယ်ကင်းကင်းနေနိုင်ကြဖို့ဆိုတာ စည်ပင်ကချည်းဘဲ လုပ်လို့မရဘူး။ ပြည်သူ
ကလည်း ၀ိုင်းကူဖို့လိုတယ်။ တခါကဆိုင်ကယ်နောက်မှာ တံပိုးတင်ထားပြီး ဈေးရောင်းဖို့ မုန့်ညှင်းထည့်
ထားတဲ့ အမကြီးရဲ့ဆိုင်ကယ်က အကွေ့ ကားကြီးရဲ့ဘီးထဲအ၀င် ဘေးကလူတွေ ၀ိုင်းဆွဲလိုက်လို့ ပြဿ
နာမတက်တာ။ သီသီလေးလွတ်သွားတယ်”ဟု ဈေးတာဝန်ခံ ဇော်ခွန်က ယင်းတံတားပေါ်ရှိ ဆိုင်ကယ်
များ အန္တရယ်ကို ပြောသည်။
အဆိုပါ တံတားပေါ်ဈေးရောင်းလျှင် ဆိုင်ကယ်များထားလျှင် အန္တရာယ်ရှိသည်ဟု ဆိုင်းပုတ်ဆိုက်ထူ
ထားသည်ကိုလည်း တွေ့၇သည်။ စည်ပင်မှစည်းကမ်းထိမ်း ကိုမြင့်ကြည်နှင့် တာဝန်ရှိအဖွဲ့များက
စောင့်ကြပ်၍ ရွေ့ဆိုင်းနေကြကြောင်းလည်း ၎င်းတို့ ထံမှသိရသည်။
သို့သော် စည်းကမ်းထိမ်းများ မရှိသော ရက်များတွင် တံတားပေါ်တွင် ဆိုင်ကယ်များ ရောက်ရှိနေကြ
ကြောင်း၊ အန္တရာယ်ရှိသည်ဟု ဆိုင်းပုတ်စိုက်ထူထားသည့် မြို့လယ်ချောင်းကူးတံတားသည် မြို့၏
အဓိကတံတားဖြစ်၍ ကားကြီးများ၊ သစ်ကားများ၊ သုံးဘီးဆိုင်ကယ်များ နေ့စဉ် ဖြတ်သန်းကြရာတွင်
ဆိုင်ကယ်များ ရပ်နားပိတ်ဆို့မှုကြောင့် အန္တရာယ်ရှိနေသည်ကို တွေ့မြင်နေကြရသည်ဟု တွေ့မြင်သူ
များက သုံးသပ်နေကြသည်။
သီဟ(ကချင်)
The Myanma Age by မြန်မာ့ခေတ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...