သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, May 26, 2013

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အခြေခံ ဥပဒေပြင်ဆင်ရေး သဘောထားထုတ်ပြန်

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ရန် မူကြမ်းကို မေလ ၂၃ ရက်တွင် ထုတ်ပြန်လိုက်ရာ သမ္မတတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည် နိုင်ငံသားအဖြစ် ရောက်ရှိနေလျှင် သော်လည်းကောင်း ကွယ်လွန်ပြီး လျှင်သော်လည်းကောင်း အကျုံဝင်ခြင်း မရှိစေရဟု ပြင်ဆင်လိုက်သည်။ --- 


မုဒိမ်းအကျင့်ခံရသည့်မိန်းကလေး ကျောင်းအိမ်သာထဲတွင် ကလေးမွေး

Photo: မုဒိမ်းအကျင့်ခံရသည့်မိန်းကလေး ကျောင်းအိမ်သာထဲတွင် ကလေးမွေး
Sunday, May 26, 2013

မုဒိမ်းအကျင့်ခံရပြီး ကိုယ်ဝန်ရှိလာသည့်မိန်းကလေးတစ်ဦးသည် ကျောင်း
အိမ်သာအတွင်း ကလေးမွေးခဲ့သည့် ဖြစ်ရပ်တစ်ခု ထိုင်ဝမ်တွင်ဖြစ်ပွား
ခဲ့သည်။

အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးကို လမ်းပေါ်တွင်နေထိုင်သည့် အခြေအနေမဲ့တစ်ဦးက မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရရှိလာခဲ့ကြောင်း ထိုမိန်းကလေးက ဝန်ခံခဲ့သည်။

မိန်းကလေးသည် မိမိတွင် ကိုယ်ဝန်ရှိနေသည်ကို မသိဘဲ အဖော်များနှင့် ဘတ်စ်ကက်ဘော ကစားနေစဉ် ဗိုက်နာလာသဖြင့် အိမ်သာသို့ပြေးခဲ့
ရကြောင်း၊ အိမ်သာထဲရောက်မှ ကလေးထွက်ကျလာသဖြင့် အံ့သြသွားမိ
ကြောင်း၊ အရေးပေါ်အော်ဟစ်အကူအညီတောင်းပြီး ဆေးရုံသို့ အမြန်ပို့ခဲ့
ရကြောင်း၊ ကလေးသည် မွေးမွေးချင်း လုံးဝအသက်မရှူကြောင်း တာဝန်ရှိ
သူများကပြောကြားခဲ့သည်။

သူမ၏ မိဘများ၊ သူငယ်ချင်းများနှင့် မိန်းကလေးကိုယ်တိုင် ကိုယ်ဝန်ရှိ
နေခြင်းကို မသိခဲ့ဘဲ၊ ဝလာသည်ဟု ထင်ခဲ့ကြောင်း သူမကဆိုသည်။

သူမကို တာဝန်ရှိသူများက မည်သူဆိုခြင်းကို စစ်မေးရာတွင် မပြောနိုင်
ကြောင်း၊ ရဲများကလည်း ပတ်ဝန်းကျင်ရှိ အခြေအနေမဲ့များ၏ DNA နှင့် တိုက်ဆိုင်စစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မွေးဖွားလာသည့်ကလေးမှာ မိန်းကလေးဖြစ်ပြီး အသက်ရှင်လျက်ရှိ
ကြောင်း၊ မိသားစုက ထိုကလေးကို မိဘမဲ့ ကလေးများဂေဟာသို့ သွားရောက်ပေးပို့ရန် စီစဉ်ထားသည်ဟုဆိုသည်။

မောက္ခ
မုဒိမ်းအကျင့်ခံရပြီး ကိုယ်ဝန်ရှိလာသည့်မိန်းကလေးတစ်ဦးသည် ကျောင်းအိမ်သာအတွင်း ကလေးမွေးခဲ့သည့် ဖြစ်ရပ်တစ်ခု ထိုင်ဝမ်တွင်ဖြစ်ပွားခဲ့သည်။
အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးကို လမ်းပေါ်တွင်နေထိုင်သည့် အခြေအနေမဲ့တစ်ဦးက မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရရှိလာခဲ့ကြောင်း ထိုမိန်းကလေးက ဝန်ခံခဲ့သည်။
မိန်းကလေးသည် မိမိတွင် ကိုယ်ဝန်ရှိနေသည်ကို မသိဘဲ အဖော်များနှင့် ဘတ်စ်ကက်ဘော ကစားနေစဉ် ဗိုက်နာလာသဖြင့် အိမ်သာသို့ပြေးခဲ့
ရကြောင်း၊ အိမ်သာထဲရောက်မှ ကလေးထွက်ကျလာသဖြင့် အံ့သြသွားမိကြောင်း၊ အရေးပေါ်အော်ဟစ်အကူအညီတောင်းပြီး ဆေးရုံသို့ အမြန်ပို့ခဲ့ရကြောင်း၊ ကလေးသည် မွေးမွေးချင်း လုံးဝအသက်မရှူကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

သူမ၏ မိဘများ၊ သူငယ်ချင်းများနှင့် မိန်းကလေးကိုယ်တိုင် ကိုယ်ဝန်ရှိနေခြင်းကို မသိခဲ့ဘဲ၊ ဝလာသည်ဟု ထင်ခဲ့ကြောင်း သူမကဆိုသည်။သူမကို တာဝန်ရှိသူများက မည်သူဆိုခြင်းကို စစ်မေးရာတွင် မပြောနိုင်
ကြောင်း၊ ရဲများကလည်း ပတ်ဝန်းကျင်ရှိ အခြေအနေမဲ့များ၏ DNA နှင့် တိုက်ဆိုင်စစ်ဆေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မွေးဖွားလာသည့်ကလေးမှာ မိန်းကလေးဖြစ်ပြီး အသက်ရှင်လျက်ရှိ
ကြောင်း၊ မိသားစုက ထိုကလေးကို မိဘမဲ့ ကလေးများဂေဟာသို့ သွားရောက်ပေးပို့ရန် စီစဉ်ထားသည်ဟုဆိုသည်။

မောက္ခ

တရုတ် လိင်အလုပ်သမများ အနှိပ်စက်ခံနေရသည်ဟု Human Rights မှ ဆို

Photo: တရုတ် လိင်အလုပ်သမများ အနှိပ်စက်ခံနေရသည်ဟု Human Rights မှ
ဆို
===========================================
Sunday, May 26, 2013

တရုတ်နိုင်ငံမှ လိင်အလုပ်သမများဟာ အာဏာပိုင်တွေရဲ့ အနိုင်အထက်ပြု
နှိပ်စက်မှုတွေကို ခံနေရသည်ဟု Human rights Watch က မေလ ၁၄ ရက်နေ့မှာ 
ဖော်ပြလိုက်ပါတယ်။

လိင်အလုပ်သမ များဟာ ဘာလူ့အခွင့်အရေးမှ မရှိသကဲ့သို့ ဆက်ဆံခံနေရ
ပါတယ်လို့ နိုင်ငံတကာ စောင့် ကြည့် ခွေး များ အဖွဲ့ရဲ့ တရုတ်နိုင်ငံ 
ဒါရိုက်တာ Sophie Richardso မှ ဟောင်ကောင်တွင် ပြုလုပ်သော အစည်း အဝေးမှာ 
ပြောခဲ့ပါတယ်။ ရဲများက ကာကွယ် စောင့်ရှောက်ပေး၇မယ့် အစား 
လိင်အလုပ်သမများအား ထိန်းသိမ်းစခန်းများမှ ရိုက်နှက်ခံရခြင်း၊ နှိပ်စက်
ခြင်းတွေကို ပုံမှန် ကြုံတွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။

Xiao Yue လို့ အမည်ရတဲ့ အမျိုးသမီးကတော့ လိင်အလုပ် လုပ်တယ်ဆိုတာ မ၀န်ခံတဲ့ 
အတွက် သူမဟာ မျက်လုံးတွေ ပြာဝေလာသည်အထိ ရိုက်နှက်
ခံခဲ့ရပါတယ်လို့လို့ သူမရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခြား 
တစ်ယောက်ကတော့ သူမနဲ့ အခြား အဖော် ၂ ယောက်ဟာ သစ်ပင်မှာ အချည်ခံရပြီး၊ 
ရေအေးတွေနဲ့ ပက်တာ၊ ရိုက်နှက်တာ တွေကို ခံခဲ့ရတယ်လို့
ပြောပါတယ်။

mmforward
တရုတ်နိုင်ငံမှ လိင်အလုပ်သမများဟာ အာဏာပိုင်တွေရဲ့ အနိုင်အထက်ပြုနှိပ်စက်မှုတွေကို ခံနေရသည်ဟု Human rights Watch က မေလ ၁၄ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။
လိင်အလုပ်သမ များဟာ ဘာလူ့အခွင့်အရေးမှ မရှိသကဲ့သို့ ဆက်ဆံခံနေရပါတယ်လို့ နိုင်ငံတကာ စောင့် ကြည့် ခွေး များ အဖွဲ့ရဲ့ တရုတ်နိုင်ငံ ဒါရိုက်တာ Sophie Richardso မှ ဟောင်ကောင်တွင် ပြုလုပ်သော အစည်း အဝေးမှာ ပြောခဲ့ပါတယ်။ ရဲများက ကာကွယ် စောင့်ရှောက်ပေး၇မယ့် အစား လိင်အလုပ်သမများအား ထိန်းသိမ်းစခန်းများမှ ရိုက်နှက်ခံရခြင်း၊ နှိပ်စက်
ခြင်းတွေကို ပုံမှန် ကြုံတွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။
Xiao Yue လို့ အမည်ရတဲ့ အမျိုးသမီးကတော့ လိင်အလုပ် လုပ်တယ်ဆိုတာ မ၀န်ခံတဲ့ အတွက် သူမဟာ မျက်လုံးတွေ ပြာဝေလာသည်အထိ ရိုက်နှက်
ခံခဲ့ရပါတယ်လို့လို့ သူမရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခြား တစ်ယောက်ကတော့ သူမနဲ့ အခြား အဖော် ၂ ယောက်ဟာ သစ်ပင်မှာ အချည်ခံရပြီး၊ ရေအေးတွေနဲ့ ပက်တာ၊ ရိုက်နှက်တာ တွေကို ခံခဲ့ရတယ်လို့
ပြောပါတယ်။

mmforward

မန္တလေး၊ ၃၅လမ်းနဲ့၇၃လမ်းမှာမိခင်ကကားမောင်းနေရင်း က လေးက ကားတကားဖွင့်လိုက်တော့ ဒီလိုဖြစ်သွားတယ်ဗျာ။

Photo: မန္တလေး၊ ၃၅ လမ်းနဲ့ ၇၃ လမ်းမှာ မိခင်ကကားမောင်းနေရင်း က လေးက 
ကားတကားဖွင့်လိုက်တော့ ဒီလိုဖြစ်သွားတယ်ဗျာ။

က လေးကဘာမှမဖြစ်ပါ၊ ကျန်တဲ့သူတွေလဲဘာမှမဖြစ်ပါ၊
ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင် ကယ်တွေ စက်ဘီတွေဘဲ ကားကြိတ်ခံလိုက် ရတာပါ။

Posted From Shwemanthar Nld

အေးချမ်းမွန် Credit & Copy From >Thit Htoo Lwin Blog< Thank 
For Your Post
Re-post By ACM 26-5-2013
 က လေးကဘာမှမဖြစ်ပါ၊ ကျန်တဲ့သူတွေလဲဘာမှမဖြစ်ပါ၊ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင် ကယ်တွေ စက်ဘီတွေဘဲ ကားကြိတ်ခံလိုက် ရတာပါ
Posted From Shwemanthar Nld

တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း

 ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီ ကနေကြသည်။ ယင်းမြင်ကွင်းမှာ အားလပ်ရက် ဆူပါ ဆန်းဒေး မတိုင်မီ စနေနေ့ည စက်တင်ဘာလ ၉ ရက်နေ့ တွင် အင်းလျားလိတ်ဟိုတယ်ရှိ ဝင်ကြေးပေးစရာ မလိုသော နိုက်ကလပ် အခန်းတွင် ဖြစ်သည်။ ထိုနေ့ ထိုနေရာတွင် လာရောက် ကခုန်ကြ သည့် လူငယ်များ အထူး စည်ကားခဲ့ပြီး စီးလာ သည့် ကားများမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းခွင့် ရလာသော မော်ဒယ်လ်မြင့်ကားများ ကားပါကင်၌ ပြည့်နှက် နေခြင်းက လာရောက်ကြ သော လူငယ်တို့၏ လူနေမှုအသိုင်းအဝိုင်းကို ညွှန်း ဆိုပြ နေသည်။ နှလုံးကို ရိုက်ခတ်စေသည့် ရက်ပ်တီးလုံး သံ လွှမ်းနေသော ခန်းမပြင်ပတွင် ဆေးလိပ်ကိုယ်စီ ခဲ ထားသည့် ဆယ်ကျော်သက် လူငယ်များက မိန်းမ ပျို လေးများနှင့် ရယ်ရယ်မောမော စကားစမြည် ပြောနေသည်ကိုလည်း တွေ့ရသည်။ “ကျွန်တော်တို့က ညတိုင်း လာကကြတယ်။ ကောင်မလေးတွေလည်း ပါတယ်” ဟု အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးက ဆိုသည်။ ယင်းလူငယ်များသည် အွန်လိုင်းမှ တစ်ဆင့် ချိန်းဆိုပြီး လူစုဖွဲ့ကာ လာရောက်ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပွင့်လင်းနေသည့် လူငယ် အသိုင်း အဝိုင်းနှင့် တိုးတက် လာသော အွန်လိုင်းခေတ်တွင် တွက်ခြေ ကိုက်နိုင်သော စီးပွားရေး လုပ်ငန်း လုပ်လို သူများက ဝန်ဆောင်မှုများ အတွက် ပုံစံသစ်များ ဖန်တီး လာကြသည်။ ထိုဝန်ဆောင်မှု လုပ်ငန်းတွင် မြန်မာ့ရိုးရာ ဓလေ့၌ စကားလုံး အဆန်းဖြစ်သော ဘဝကြင်ဖော် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းသည် ဈေးကွက် ဝေစုတစ်ခု ဖြစ်လာစေရန် တာစူ ပြင်ဆင်လုပ်ကိုင် လာသည်ကို တွေ့ရသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ 1 Section (3 hour) ခြောက်ထောင်ကျပ် နှုန်းဖြင့် စုံတွဲများ တည်းခို နိုင်သော တည်းခိုခန်းနှင့် မိုတယ်များကဲ့သို့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ရုံးခန်း ဖွင့်လှစ်၍ လုပ်ကိုင်နေ သည့် စီးပွားရေး လုပ်ငန်းဟု ဆိုရမည် ဖြစ်သည်။ “အွန်လိုင်းမှာ Member ဝင်အချင်းချင်း ကိုယ်လိုချင်တဲ့ အိမ်ထောင်ဖက်၊ ကိုက်ညီနိုင်မယ့် လူကိုရွေးချယ်ပြီး Invite လုပ်နိုင်တယ်။ တစ်ဖက် က လက်မခံရင်တော့ မရဘူးပေါ့။ လက်ခံလို့ အဆင် ပြေသွားရင်တော့ အပြင်မှာ တွေ့ပြီး လေ့လာကြ ပေါ့”ဟု Skylark ဘဝကြင်ဖော်ရှာဖွေရေး ဝန်ဆောင်မှု လုပ်ဆောင် ပေးနေသော ဦးဇော်မင်းသန့်က ပြော ကြားသည်။ http://www.skylark-vivahaa.com ကို တည်ထောင်အပြီး လပိုင်း အတွင်းတွင်ပင် Member နှစ်ထောင် ကျော်လာပြီဖြစ်ပြီး ဝင်ရောက်ကြည့် ရှုသူပေါင်း ၂ သိန်း နီးပါး ရှိပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ဖြစ်ကြောင်း ယင်းဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ယင်းဝက်ဘ်ဆိုက်မျိုးသည် အိန္ဒိယနိုင်ငံတွင် စတင် လုပ်ဆောင်ခဲ့ပြီး www.vivahaa.com,www.shadi.com တို့တွင် အဖွဲ့ဝင် လူဦးရေမှာ သန်း ၃၀၀ ဝန်းကျင် ရှိနေသည်။ တရုတ်နှင့် ကိုရီးယား နိုင်ငံတို့ တွင်လည်း ဘဝကြင်ဖော် ရှာဖွေရေး အေဂျင်စီများ ကို တရားဝင် ဖွင့်လှစ်ကာ လုပ်ဆောင်လျက် ရှိသည်။မြန်မာနိုင်ငံ တွင်လည်း အွန်လိုင်း သုံးစွဲမှု တွင်ကျယ်လာသည့် ၂၀၀၉ ခုနှစ် ဝန်းကျင်ခန့်က မြားနတ်မောင် ဝက်ဘ်ဆိုက်သည်လည်း အထက်ပါ ကဲ့သို့ပင် ချိတ်ဆက် ပေးခဲ့ပြီး လူငယ်များ အကြား ပေါ်ပင် ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် ငုတ်လျှိုးသွားခဲ့ သည်။ “နိုင်ငံတကာ မှာတော့ ဒီလိုအွန်လိုင်း ဆိုက်တွေ ဟာ Single အမျိုးသား၊ အမျိုးသမီးတွေ အတွက် အဖော်မွန် ရှာရာ၊ Casual Romance or Love အတွက် စိတ်လှုပ်ရှားစရာ ပလက်ဖောင်း တစ်ခုပါ ပဲ။ အဓိကကတော့ အွန်လိုင်းကနေ အသက်၊ နေရာ (လိပ်စာ)၊ ကိုယ်ဟန် အနေအထား၊ လူမျိုးနဲ့ တွေ့မယ့် ဆုံရပ်ကို အဓိကထား ပြောဆိုပြီး ရှာကြတယ်။ မြန်မာပြည်မှာတော့ အခုမှ ခေတ်စမ်းစ ဆိုတော့ ယဉ်ကျေးမှု ဆိုတဲ့ တံတိုင်းကို ဘယ်သို့ ဘယ်ပုံ သွေးတိုး စမ်းမလဲမသိနိုင်ဘူး” ဟု အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့တွင် နေထိုင်သော မြန်မာနိုင်ငံသား ဘလော့ဂါ ဒူကဘာက မှတ်ချက် ပေးသည်။ ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင် ခြင်း မရှိသေးကြောင်း ၎င်းင်းတို့ထံမှ သိရသည်။ “တခြားနိုင်ငံမှာ ဒီလို လုပ်ငန်းတွေ ဖြစ်ထွန်း နေပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူငယ် တွေ ပွင့်လင်းလာတဲ့ ကာလမှာ အွန်လိုင်းကနေ လမ်းလွဲတွေ မမှားရအောင်လို့ တီထွင် ကြံဆပြီး လုပ်ဆောင်ထားတာပါ” ဟု ဦးဇော်မင်းသန့်က ယင်းဝက်ဘ်ဆိုက် တည်ထောင်ရခြင်းနှင့် ပတ်သက် ၍ ရှင်းပြသည်။ မြန်မာနိုင်ငံတွင် လုပ်ဆောင်သည့် http://www.skylark-vivahaa.com တွင် ဘဝ ကြင်ယာဖော် အဖြစ် ရွေးချယ် နိုင်သည့် အပြင် မင်္ဂလာ ခန်းမများ၊ ဝတ်စုံများကို ဈေးနှုန်း သက်သာစွာဖြင့် ရွေးချယ်နိုင် ရန် ဆိုင်နာမည်နှင့် လိပ်စာများကိုလည်း ထည့်သွင်း ထားကြောင်း ၎င်းက ဆိုသည်။ ယင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ချိတ်ဆက်တာ အဆင်ပြေ သွားခဲ့သည့် ပထမဦးဆုံး စုံတွဲမှာ မင်္ဂလာ ဆောင်ရန် စီစဉ်နေပြီ ဖြစ်ပြီး မင်္ဂလာဆောင်စီစဉ် ပေးရန်အတွက် သိန်း ၂၃၀ ဖြင့် ညှိနှိုင်း နေကြောင်း၊ ယင်းမင်္ဂလာဆောင်ကို ခန်းမတွင် ကျင်းပရန် မဟုတ်ဘဲ မြက်ခင်းပြင်၌ သတို့သားနှင့် သတို့သမီး တို့က ဟယ်လီကော်ပတာ ရဟတ်ယာဉ်ဖြင့် ဆင်း လာသည့် ပုံစံ စီစဉ်ထားပြီး အခမ်းအနား အပြင် အဆင်များကိုလည်း အမှောင်ချထားကာ ဆလိုက် မီးများနှင့် နတ်ပြည်ပုံစံ စီစဉ်ထားကာ ကားအပု လေးဖြင့် မင်္ဂလာစုံတွဲကို ခေါ်ဆောင်သွားသည့် သဏ္ဌာန် စီစဉ်ထားကြောင်း ၎င်းထံမှ သိရသည်။ “မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ဆန်းသစ် တဲ့ မင်္ဂလာ အခမ်းအနား ဖြစ်အောင်လုပ်ဖို့အတွက် စီစဉ်နေတာပါ။ မင်္ဂလာရက် မရွေးရသေးလို့ မကြေ ညာ သေးတာပါ” ဟု ဦးဇော်မင်းသန့်က ဆိုသည်။ သို့သော် ဘဝကြင်ဖော် ရွေးချယ်ရာတွင် အွန်လိုင်းပေါ်မှ တွေ့ဆုံ ဆွေးနွေးပြီး လူချင်း တွေ့ရ သည့် အလုပ်မှာ အွန်လိုင်း သုံးစွဲသူများ အတွက် အထူးအဆန်း မဟုတ်ပေ။ ယင်းဝက်ဘ်ဆိုက်တွင် တွေ့ဆုံပြီး ဖြစ်ပေါ်လာသည့် ပြဿနာများကို ယင်း ဝက်ဘ်ဆိုက် တည်ထောင်သူတို့က တာဝန်ယူမည် မဟုတ်ပေ။ ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း ကာလကပင် စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် တရုတ် လူမျိုး များအတွက် ကြင်ယာဖော် ရှာပေးသော အေဂျင်စီ ရှိခဲ့သည်။ ထိုအေဂျင်စီမှာ အွန်လိုင်းမှ မဟုတ်။ အမှန်တကယ် လူချင်း တွေ့ပေးပြီး ညှိနှိုင်းပေးကြ ခြင်းဖြစ်သည်။ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ဝန်ဆောင် မှု အခကြေးငွေ အတွက် မဟုတ်။ ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် မင်္ဂလာဆောင် အတွက် ကန်ထရိုက် ယူခြင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်း လုပ်ဆောင်နေသူ တို့၏ အဆိုအရ သိရသည်။ “ဒီလုပ်ငန်းဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက် ညီဘူးလို့တော့ ပြောလို့မရဘူး။ အဓိကတော့ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇနဲ့ပဲ သက်ဆိုင်ပါလိမ့် မယ်” ဟု အသက် ၂၇ နှစ်အရွယ် အွန်လိုင်း သုံးစွဲသူ တစ်ဦးက ဆိုသည်။ မြန်မာလူမျိုးတို့တွင် အာဝါဟ ဝိဝါဟ ဟူသော ထိမ်းမြား လက်ထပ်ခြင်းသည် မင်္ဂလာ တစ်ပါးဟု ဆိုကြသည့် အတိုင်း အမျိုးမျိုး ပြောင်းလဲ လာသော လူမှု ဝန်းကျင်၌ တစ်သက်တွင် တစ်ခါ ဆောင်ကြ သော ဘဝကြင်ယာ ဖော်အတွက် ကိုယ်ပိုင်ဥာဏ် စွမ်းဖြင့် တွေးဆ ဆင်ခြင်ဆုံးဖြတ်ရမည် သာဖြစ် သည်။ ရောင်စုံ မီးရောင်အောက်တွင် ရက်ပ် သီချင်း၊ ဒစ်စကို တီးလုံးသည် နံနက် ၂ နာရီ ထိုးချိန် အထိ မြူးကြွ နေဆဲဖြစ်ပြီး ဆယ်ကျော်သက် လူငယ် ခြောက်ဦးမှာ ချွေးသံ တရွှဲရွှဲဖြင့် ထွက်လာသည်။ ထိုလူငယ်များထဲမှ အသက် ၂၁ နှစ်အရွယ် လူငယ် တစ်ဦး၏ ရင်ခွင်ထဲတွင် ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်သော အင်္ကျီအနက်၊ စကပ်တိုတို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ရောက်ရှိနေပြီး မော်ဒယ်လ်မြင့် Probox Toyota ကားနှင့် ထွက်ခွာ သွားကြသည်။

 Myanmar Express

အင်တာနက်သုံးသူ မြန်မာယောင်္ကျားလေးများ သတိထားစရာ မိန်းခလေးတစ်ဦး(ပေးစာ - ၁၅၁)

From  : ကိုယ်တွေ့ကြုံဖူးသူတစ်ဦး
ပုံတွင်ဖော်ပြထားသူ၏ အမည်မှာNaw Dawn Ahyone Ooဖြစ်သည်၊ အသက်မှာ ၂၂ပင်မပြည့်သေးပေ ပြည်ပတွင်နေထိုင်သူတစ်ဦးဖြစ်သည်၊ ပြည်တွင်းနှင့်ပြည်ပမှကျောင်းတက်နေသော၊အလုပ်လုပ်နေသော ယောကျာ်းလေးများကိုအွန်လိုင်းပေါ်မှာ ရည်းစားလုပ်ယုံမျှမကပဲ Skype မှတဆင့် မဖွယ်မရာများကို ပြသခြင်း၊ Phoneမှတဆင့်မဖွယ်မရာစကားများကို ပြောဆိုခြင်းများကို ပြုလုပ်ခဲ့ပါတယ်
အခုဆိုရင် မလေးရှားတွင်အလုပ်လုပ်နေသောယောကျာ်းလေးတစ်ယောက်မှာသူ့အကြောင်း အကြောင်းစုံသိရှိပြီးနောက် ယူကျုံးမရဖြစ်ကာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ရန်ကြိုးစားနေကြောင်းသိရှိရသည်။ကာယကံရှင် ယောကျာ်းလေး မရှိချိန်မှာလည်း ယင်းယောကျာ်းလေးရဲ့ အခန်းဖော် ယောကျာ်းလေးများကိုပါ ထပ်ပြီးSkypeမှာမဖွယ်မရာ လုပ်ဖို့ကြိုးစားပြန်ပါတယ်။အခန်းဖော်ယောကျာ်းလေးများက၎င်းမှာချစ်သူရှိကြောင်းနဲမလုပ်သင့်ကြောင်းပြောသော်လည်းလက်ရှိချစ်သူထက်ပိုပြီး စိတ်ဝင်စားစရာတွေ ပြမည်ဖြစ်သောကြောင့်Skypeကြည့်ဖို့အကြိမ်ကြိမ်တောင်းဆိုရာမှမရချိန်မှာ စိတ်ဝင်စားအောင်အသံချွဲအသံများဖြင့်ပြောဆိုသွားပါတယ်။ မိန်းကလေးတို့အိနြေ္ဒရွှေပေးလို့မရ ဆိုတဲ့ စကားပုံကို မေ့မေ့ပျောက်ပျောက်ဖြစ်ကာ အင်တာနက်ပေါ်တွင် မိန်းမရွှင်တစ်ဦး အဖြစ် ကျင်လည်နေသောကြောင့် ယောကျာ်းလေးများအနေဖြင့်သတိထားကြပါရန် တင်ပြလိုက်ခြင်းဖြစ်သည်။ယခုသူမလက်ရှိသုံးနေသော် facebook အကောင့်မှာ  http://www.facebook.com/DawnAhyoneOo      ဖြစ်ပါတယ်။

Myanmar Express

အနောက်နိုင်ငံသု.ိ သွားချင်နေကြသော မြန်မာမိန်းကလေး များ သတိကြပ်ကြပ် ရှိစေကြရန်

ပြည်ပနိုင်ငံများတွင် ရောက်နေကြသော မြန်မာအမျိုးသား လူလိမ် မြောက်များစွာရှိသည်။ သူတို့သည် အွန်လိုင်းပေါ်မှ တဆင့် မြန်မာမိန်းကလေးများကို ဆက်သွယ်ကာ ချစ်ချင် ကြိုက်ချင်ယောင်ဆောင် လက်ထပ်ပါရစေ အစချီ ခွင့်တောင်းကာ ကြိုက်တတ်သည်။ နိုင်ငံခြားသို့ လက်ထပ်ပြီး ခေါ်တော့မယောင် စပွန်စာ ပေးတော့မယောင် လုပ်တတ်သည်။ ထို့နောက် လူကို လာရောက်တွေ့ဆုံကာ လူကို ယူသည်။ ငွေကို ယူသည်။ အတွင်းပစ္စည်းပါ မချန် ကုန်အောင် သိမ်းပြီး ပြစ်ထားခဲ့တော့သည်။ အလိမ်ခံရသူ အများစုသည် ရှက်၍သော်လည်းကောင်း မည်သူ့ကို တိုင်ရမှန်း မသိ၍သော်လည်းကောင်း ပြင်ပအထိ သတင်းမရောက်လာတတ်ကြပေ။

သင်တွေ့နေသော လူသည် သင့်ကို ချစ်စကား ကြိုက်စကား ပြောနေသောသူသည် လူလိမ် ဟုတ်မဟုတ်ကို အောက်ပါ အချက်များနှင့် ဆန်းစစ်ပါ။

၁. လုပ်ငန်းကိုင်ငန်း ကြီးကြီးမားမား တစ်ခု ပြသခြင်း

ထိုသို့ အလုပ်ကြီး အကိုင်ကြီး ရှိသည် ဆိုလျှင် သေသေချာချာ ဂဂနန မေးပါ။ အလုပ်လိပ်စာ၊ ဖုန်းနံပါတ်၊ နှင့် အိမ်လိပ်စာများ ရအောင်တောင်းပါ။ မပေးလျှင် တစ်ခုခု လွဲနေပြီ ဖြစ်သည်။ အက်ယ၍ ပေးခဲ့လျှင် အမှန်ဧကန် အပြင်တွင် ရှိသော လိပ်စာ ဟုတ်မဟုတ်ကို ဂူဂယ်တွင် ရှာ၍ ရနိုင်သည်။

၂. အင်တာနက်တွင် အချိန်များစွာ ဖြုန်းနိုင်ခြင်း

ထိုသူသည် အလုပ်ကြီး အကိုင်ကြီး ရှိလျှင် အင်တာနက်တွင် အချိန်များစွာ ဖြုန်းနိုင်ခြင်း မရှိပါ။ အချိန်ဖြုန်းနေပြီ ဆိုလျှင် သူသည် ၁၀၉၊ ၁၁၀ ဆိုသည်ကို မမေ့ပါနှင့်။ နိုင်ငံခြားတိုင်းပြည်တွင် ကောင်းမွန်စွာ နေထိုင် လုပ်ကိုင်စားသောက်နေသူများမှာ မည်သူမျှ မအားလပ်ပါ။ ဒုက္ခသည်ဘဝနှင့် ရောက်လာပြီး အင်တာနက်တွင် ဂွင်ဖန်နေသူများသာ ဤသို့  အချိန်ဖြုန်းနိုင်ကြသည်။

၃. ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် ဓါတ်ပုံများတွဲရိုက်ကာ လူမြင်အောင် ပြသခြင်း

သူတို့သည် ကောင်းမွန်စွာ ဝတ်စားတတ်၏။ စကားပြောလည်း အလွန်ညက်ပြီး လူကြီးလူကောင်းများလာတတ်သော ပွဲများကို တက်ခွင့်ရအောင် ကြိုးစား၏။ ထိုနောက် နာမည်ကြီးပုဂ္ဂိုလ်များဘေးတွင် ဓါတ်ပုံ အတင်းဝင်ရိုက်ကြ၏။ ထိုဓါတ်ပုံကို လူအများမြင်အောင် ထုတ်ဖေါ်ပြသ၏။ အမှန်တကယ် ဘဝအဆင်ပြေ ချောမွေ့ပြီး ဝင်ငွေဖြောင့်သော ယောင်္ကျားသည် အင်တာနက်တွင် မိန်းမ ရှာစရာ မလိုပါ။ ရှာနေပြီဆိုလျှင် သူရှာနေသူသည် သင်တစ်ယောက်တည်း မဟုတ်တော့ပါ။

၎. စကားပြော အလွန်ညက်သော်လည်း ရှေ့နောက် စကား မညီခြင်း

မိန်းမတစ်ယောက် ပစ်ကျသွားအောင် ပြောနိုင်သူဆိုလျှင် သတိထားပါ။ ဤမျှ အပြောကောင်းသောသူသည် ကိုယ်တစ်ယောက်ထဲကို ပြောမည် မဟုတ်ပါ။ မိန်းမတကာကို ပြောမည့်သူ စမ်းသပ်မည့်သူ ဖြစ်သည်။ ထိုသို့ ပြောနေသော်လည်း သူ့စကား များ မှန်မမှန် သူမမှတ်မိပါ။ လူလိမ်အများစုသည် ပြောရဖန်များလွန်းသဖြင့် ဘယ်သူ့ကို ဘာပြောမိမှန်း လုံးဝ မမှတ်မိသလို ဘယ်သူနှင့် ဘယ်တုန်းက ဘာဖြစ်ခဲ့သလဲ ဆိုသည်ကိုလည်း မမှတ်မိပါ။ သူ့ကို မေးခွန်းများများ မေးပြီး ရှေ့နောက် စကား ညီမညီ ပြန်လည် ဆန်းစစ်ပါ။ အမှားများစွာ ထွက်ပေါ်လာပါမည်။

မှတ်ချက်၊ ယောင်္ကျားကောင်းမှန်ပါက ပြောပြီးစကားကို မရုတ်သိမ်းပါ။ ထိုနည်းတူ အရေးကြီးသော အချက်အလက်များကိုလည်း မေ့မပြစ်ပါ။


၅. ခရီးလွန်စွာ ထွက်တတ်ခြင်း
လိင်မှုကိစ္စ ဝါသနာအလွန်ပါ၍ ရှုတ်ပွေသူများသည် ခရီးထွက် ဝါသနာပါကြ၏။ ခရီးတွေထွက်၊ ဓါတ်ပုံတွေရိုက်၊ တွေ့ရာမှာ တွေ့သည့်မိန်းမကို ကြုံသလို ပြော၍ အိပ်သည်ကို ထမင်းစား ရေသောက်ကဲ့သို့ သဘောထားကြ၏။ ငွေကို ကြုံသလို ဖြစ်သလို ရှာပြီး ခရီးများစွာထွက် ဓါတ်ပုံများစွာ ရိုက်ကြပြီး အင်တာနက်ပေါ်သို့ တင်တော့သည်။

၆. နာမည်ကြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဟန်ဆောင်ထားခြင်း

ဖေ့စ်ဘွတ်ပေါ်တွင် တွေ့ရလိမ့်မည်။ လူအချို့သည် နာမည်ကြီးတက္ကသိုလ် တစ်ခုခုတွင် တက်နေသယောင်၊ ကျောင်းပြီးခဲ့သယောင် ဟန်ဆောင်ထား၏။ ထိုသို့တက်ခဲ့ခြင်း ဟုတ်မဟုတ် ထောက်လှမ်းနိုင်သော နည်းများစွာ ရှိပါသည်။ မည်သည့်ဘာသာရပ်များကို လေ့လာသင်ယူခဲ့ပြီး မည်မျှ ငွေကုန်ကျကြောင်းကို သေသေချာချာ မေးမြန်းကြည့်ပါ။

၇. သူသည် သင့်ကို စပွန်ဆာခံပြီး ခေါ်နိုင်မခေါ်နိုင် ဆန်းစစ်ပါ။

သူသည် ရှေ့နေမဟုတ်ပါက လူခေါ်သော လိုင်စင် မရနိုင်ပါ။ အကယ်၍ လက်ထပ်ပြီး ခေါ်ချင်သည် ဆိုပါက သူ့တွင် နှစ်စဉ် အခွန်ထမ်းဆောင်ထားသော ငွေကြေး ကြီးကြီးမားမား ရှိရမည် ဖြစ်သည်။ အခွန်ဆောင်ထားသော စာရွက် ရှိမရှိ မေးပါ။ နှစ်စဉ်မည်မျှ အခွန်ဆောင်မဆောင် မေးပါ။ ပြသခိုင်းပါ။ ထိုသို့ ခိုင်လုံသော အချက် မရှိပါက သင့်ကို သူနေထိုင်သော နိုင်ငံသို့ ခေါ်ခွင့် မရှိပါ။ အနောက်နိုင်ငံမှ ဥပဒေများသည် သင်ထင်ထားသည်ထက် များစွာ တင်းကြပ်ပြီး ခက်ခဲပါသည်။ သူက သင့်ထံမှ ငွေတောင်းပြီ သို့မဟုတ် သင့်ကို သူနေသောနိုင်ငံသို့ မခေါ်နိုင်သေးပဲ သင်နှင့် အိပ်ရန် ကြိုးစားပြီ ဆိုလျှင် ထိုသူသည် လူလိမ်ဧကန် ဖြစ်သည်။
                     
 မြန်မာအမျိုးသမီး အပျိုလေးများအား ဖျက်ဆီးနေသော ထက်ရာဇာMyanmar Express

တင်ပြီးသား post များ

3D