သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, June 15, 2013

ကားသမားတို့ တာဝန်



ရေးသားသူ= ရှင်သန်
အောက်က ပုံတွေကတော့ ခရီးသွားရင်း တွေ့ခဲ့ရတဲ့ ကားတိုက်မှုလေးပါ။(16.5.2013 နေ့ပါ)
မှတ်မှတ်ရရ မဟာစင်မုန်းတိုင်း တိုက်မည့်နေ့ပေါ့။
နေရာအတိကျကိုတော့ မမှတ်မိလိုက်ပါ။ တောင်ငူ အကျော် ကေတုမတီမြို့အ၀င်လား၊ အထွက်လား မမှတ်မိတော့ဘူး။

လုပ်ငန်းခွင်ဝင် ကလေးတွေ စာသင်နိုင်ဖို့ ရွေ့လျားစာသင်ခန်းတွေ လုပ်မည်

အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်ဝင်နေတဲ့ ကလေးတွေအတွက် ရွေ့လျားစာသင်ခန်း (mobile classroom)တွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးပြန်ကြားရေးတာဝန်ခံ ဒေါ်ဆွေဇင်ထိုက် ထံက သိရပါတယ်။

'ပထမဆုံး target group ကတော့ လက်ဖက်ရည်ဆိုင်ကို ရည်ရွယ်တယ်ဆိုတော့ စားပွဲထိုးပေါ့၊ စားပွဲ ထိုးလုပ်နေတဲ့ ကလေးတွေ ၁၂ နှစ်လောက်အထိကို တွေ့နေရတယ်လေ၊ အဲဒီအရွယ်တွေကို သူတို့ စာမေးပွဲဖြေချင်တယ်ဆိုရင် ဖြေလို့ရအောင်၊ မဖြေချင်ရင်လဲပဲ life scale ပေါ့၊ အဲဒါမျိုး တွေရနိုင်အောင် လို့ စီစဉ်ပါတယ်၊ နောက်နှစ်လောက်တော့ဖြစ်ဖို့ ကြိုးစားနေတယ်' လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါ တယ်။

(၉၆၉)ဘာသာဝင်အပေါင်း ဆေးမှီသေးတယ် အားမလျော့နဲ့ နောက်မဆုတ်နဲ့"

(၉၆၉)ဘာသာဝင်အပေါင်း ဆေးမှီသေးတယ် အားမလျော့နဲ့ နောက်မဆုတ်နဲ့"
“သစ္စာတရားရဲ့ ရိုးသားတဲ့မီးလျှံအောက်မှာ နောက်ပြန်မလှည့်ဘဲ ရဲရဲချီတက်နိုင်ဖို့သာ ငါဆုတောင်းတယ်
(မာယာကော့စကီး)” ရဲ့ စာသားတစ်ကြောင်းကို ဖတ်မိတယ်ဆိုရင်ပဲ အတွေးတွေက ပတ်လည်ဝိုင်းနေတော့တာပါ။ အတွေးဆိုလို့အခြားမဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ တည်တံ့ တိုးတက် ပြန့်ပွား ခိုင်မြဲအောင်၊ ကမ္ဘာမှာ ဗုဒ္ဓဘာသာဝင်စစ်စစ် မြန်မာနိုင်ငံရယ်၊ မြန်မာ့မြေပုံရယ်၊ ဗုဒ္ဓဘာသာဝင်စစ်စစ် မြန်မာလူမျိုးရယ်ဆိုပြီး လက်မထောင်နိုင်အောင် နည်းလမ်းများစွာကို တွေးတောမိတော့၏။ အရှိန်အဟုန်ခပ်ပြင်းပြင်းနဲ့ ခရီးနှင်လာတဲ့ (၉၆၉) ဘာသာဝင် ဘာသာရေးခေါင်းဆောင်များ၊ မျိုးချစ်စိတ် ထက်သန်လှသော လူကြီး လူငယ် လူရွယ် လူလတ်၊ ယောက်ျားလေး၊ မိန်းကလေးများ၏ အပြစ်ကင်းတဲ့၊ အကြမ်းမဖက်တဲ့၊ အနူနည်းသက်သက် စစ်မှန်တဲ့ သစ္စာတရားလမ်းကြောင်းပေါ်မှာ နောက်ပြန်မလှည့်တော့ဘဲ ရဲရဲချီတက်လာလို့ အခုဆို အတော်ပင် အောင်မြင်မှုများရနေပြီဟု သုံးသပ်မိ၏။ သို့သော် ဒီလောက်နဲ့တင်ကျေနပ်နေလို့မဖြစ်သေး၊ ဆက်လက်ချီတက်ရဦးမည်သာဖြစ်၏။ သို့မှသာ ယခုထက်အောင်မြင်မှုများ ရရှိလာပြီး အမျိုး ဘာသာ သာသနာချစ်သူ၊ မြတ်နိုးသူများ တိုးတက်လာပြီး သာသနာအတွက် အကောင်းလက္ခဏာများ ရရှိလာမှာဖြစ်ပါတယ်။

 

"မိစ္ဆာလို့ပြောရမလား လောက်ကောင်လို့ပြောရမလား"

မေးခွန်း။ ။ဝီရ ဓမ္မဆိုတော့ ဘုန်းကြီးလို့ဘဲ သဘောထားပြီး မေးလျှောက် ချင်ပါတယ်ဘုရား။ ဂေါတမ မြတ်စွာ ဘုရား ပါရမီဖြည့်စဉ် ဘ၀များစွာမှာ မျိုးနွယ် တစ်ခု တည်းမှာ သာ ဖြစ်ပေါ်ပါသလား ဘုရား။ ပြီး တော့ ဂေါတမ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တစ်ပါးတည်းကစပြီး (၃၁)ဘုံကို မေတ္တာတရားနဲ့ တရားပြုနိုင်တာ တပည့်တော်တို့ ဗမာပြည်က သံဃာ (၃)သိန်းကျော်က လူဦးရေ သန်း(၆၀)ကျော် ရင်ထဲကို သရဏဂုံ မြဲအောင်တောင် မေတ္တာ တရားနဲ့ သွန်သင် ပြသမှု ဘာကြောင့် မပြုနိုင်ရတာလဲ ဘုရား ??

နှုတ်ခမ်း ကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပ ဆရာဝန်များ အခမဲ့ ခွဲစိတ်ပေး မည်

Photo: နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပဆရာဝန်များ အခမဲ့ ခွဲစိတ်ပေးမည်
Friday, 14 June 2013 

နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပမှ ဆရာဝန် ၄၀ နှင့် ပြည်တွင်းဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေးထားသော
 မြန်မာ ဘရူဝါရီကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ခွဲစိတ် ကုသမည့် ကလေးများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှဖြစ်ပြီး ခွဲစိတ် ကုသပေးမည့် ကာလကို ဇွန်လ ၁၇ ရက်မှ ၂၁ ရက်နေ့ထိ သတ်မှတ် ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"အရင်နှစ်တုန်းက အာရှဘက်က ဆရာဝန်တွေ များတယ်။ ဒီနှစ်မှာတော့ ဥရောပနဲ့ အမေရိကားက ဆရာဝန်တွေ များတယ်" ဟု မြန်မာဘရူဝါရီ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးလှထွန်းက The Voice သို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာခေါင်ကွဲ ဝေဒနာရှင်များထက် နှုတ်ခမ်းကွဲ ဝေဒနာရှင် များက ပိုများကြောင်း၊ နှုတ်ခမ်းကွဲ ဝေဒနာရှင်များသည် မျိုးရိုး လိုက်ခြင်း၊ မိခင်လောင်းများ ကိုယ်ဝန်နုစဉ် ဆေးဝါး အပြင်းများ သုံးစွဲခြင်းနှင့် အလုပ်ကြမ်း လုပ်ခြင်းတို့ကြောင့် ဖြစ်ပွားကြကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးက ရှင်းပြသည်။

ပြည်တွင်းမှ ခွဲစိတ်ကုသမည့် ဆရာဝန် ၁၀ ဦးသည် ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ဆရာဝန်ကြီးများဖြစ်ကြောင်း၊ ယခုတတိယ အကြိမ်မြောက် ပြု လုပ်သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ကုသပေးသည့် အစီအစဉ် ကို မြန်မာဘရူဝါရီ ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ F&N စားသောက်ကုန် ကုမ္ပဏီ တို့က ပံ့ပိုး ပေးထားကြောင်း သတင်း ထုတ်ပြန်ထားသည်။

The Voice Weekly
နိုင်ငံတစ်ဝန်းမှ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး ၁၅၀ ကျော်ကို ပြည်ပမှ ဆရာဝန် ၄၀ နှင့် ပြည်တွင်း ဆရာဝန် ၁၀ ဦးတို့ ပူးပေါင်းကာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လ ၁၇ ရက်နေ့၌ အခမဲ့ ခွဲစိတ်ပေး မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးပေးထားသော မြန်မာ ဘရူဝါရီကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်သူ့ဆေးရုံ တိုင်း တွင် ငါးနှစ်အောက် ကလေးများကို အခမဲ့ဆေးကုပေးမည်

 
မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများတွင် အသက်ငါးနှစ် အောက်ကလေးများကို အခမဲ့ဆေး ကုသမှုပေး ရန် ညွှန်ကြားထားကြောင်း နေပြည်တော်ကောင်စီ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့် က ပြောသည်။

အဆိုပါဝန်ဆောင်မှုကို တစ်နိုင်ငံလုံးရှိ ၁၆ ခုတင်ဆံ့ဆေးရုံမှ စ၍ ပြည်သူ့ဆေးရုံ တိုင်းတွင် ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက မေလအတွင်းကျင်းပခဲ့သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းမြင့် ကပြောသည်။

နိုင်ငံတစ်ဝန်းလုံးရှိ ရေချိုအရင်းအမြစ် နိုင်ငံအဆင့် ကော်မတီဖွဲ့၍ ထိန်းသိမ်းမည်

 
ပြုန်းတီးလာနေသော ရေချို အရင်းအမြစ်များကို စီမံခန့်ခွဲ ထိန်းသိမ်းနိုင်ရေး အတွက် အမျိုးသား ရေအရင်း အမြစ် ကော်မတီကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရက ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်း က The Voice သို့ ပြောကြားသည်။

ထိုင်း ခရီးသွားတွေ အကာအကွယ်ပေးရေး မြန်မာ အစိုးရကို တောင်းဆို

“၀”လက်နက်ကိုင်တွေက ထိုင်းလူမျိုး ၅ ဦးကို ပြန် ပေးဆွဲ ငွေညှစ်ခဲ့တာကြောင့် မြန်မာပြည် သွားရောက်လည်ပတ်တဲ့ ထိုင်းလူမျိုး တွေကို အကာအကွယ်ပေးဖို့ မြန်မာ အစိုးရကို ထိုင်း အာဏာပိုင်တွေက တောင်းဆိုလိုက်ပါတယ်။

မလေးရှားသို့ အင်တာနက် ဖုန်းခေါ်ဆိုမှု များပြားလာ

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာလူမျိုးများ အသတ်ခံရမှုများကြောင့် ရန်ကုန်မြို့နှင့် အခြားမြို့ကြီး အချို့ရှိ အင်တာနက် ၀န်ဆောင်မှုဆိုင် များတွင် မလေးရှားသို့ ဖုန်းခေါ်ဆိုမှုများ များပြားလျက် ရှိသည်ဟု သိရသည်။

နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အစိုးရအား UNFC အကြောင်းကြား

စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီး ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အကြောင်းကြား ခဲ့ပြီး ဖြစ်သည်ဟု ပြောရေး ဆိုခွင့်ရှိသူ ပဒို ဒေးဗစ်တာကပေါက ဆိုပါသည်။

“Sex (သို့) ဘုရားသခင့်လက်ဆောင်”တဲ့လား

လွန်ခဲ့သော မဟာသင်္ကြန်တော်အခါသမယဆီက သီတဂူဆရာတော်ကြီးကို ဖူးမျှော်ခွင့်ရရှိခဲ့သည်
သြ၀ါဒစကား ကိုလည်း နာယူခွင့်ရခဲ့သည်။ ပညာသင်နေကြသော ရဟန်းတော်များပေမို့ ပညာရေးဆိုင်ရာ သုတေသန ကိစ္စရပ်များကို အလေး ထားမိန့်ဆိုသွားသည်။ မဇ္ဈိမဒေသရှိ ယုံကြည်ကိုးကွယ်မှုများ အကြောင်းလေ့လာစရာ များစွာရှိသည်ကိုလည်း ထောက်ပြသွားသေးသည်။ ရှီဝလိင်ကိုးကွယ်မှု၊ ဂျိန်းဘာသာ စသည် စိတ်ဝင်စားဖွယ်အကြောင်းတရားများ။
                                         ဂျိန်းဘာသာရေးအခမ်းအနား

                         ဂျိန်းဘုန်းတော်ကြီးအား ဆွမ်းကပ်လှူနေသော ဒကာမများ
                    (ဂျိန်းဘုန်းတော်ကြီးမှာ အ၀တ်ဗလာဖြစ်နေပါ၍ ဆင်ဆာလွတ်မည့်ပုံကိုသာ တင်လိုက်ပါကြောင်း)

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေတွင်နေသည့် အိမ်များကို လူတစ်ထောင်ခန့်ဖြင့် ဖျက်ဆီး

ယင်းမြေများမှာ ကာကွယ်ရေး ဝန်ကြီး ဌာနပိုင် မြေများဖြစ်ပြီး လာရောက် ဖျက် ဆီးသူများမှာ ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ တပ်မြို့ စည်ပင် သာယာရေး အဖွဲ့ဝင်များ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားအင် အား ၁ဝဝဝ ခန့်က ယင်းနေ့ နံနက်ပိုင်း တွင် ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

"Khin Myo Thant ဆိုတဲ့ မွတ်ဆလင်မ၏ ဆရာတော်ဦးဝီရသူအား စော်ကားချက်ကို ပြန်လည် ဖြေရှင်းခြင်း"

FOR WIRATHU (969)
Khin Myo Thant
ဦးဇင်း ရဲ့  အလုပ် က သာ သနာ ပြု ရ မှာ နိုင် ငံရေး တရား ဥ ပဒေ စိုး မိုး ရေး ဆို တာ လူ သား တွေ ရဲ့ အလုပ်။ကိုယ့်  သာ သနာ ပျံ့ ပွါး ဖို့  တခြား ဘာ သာ တွေ ကို စော် ကား ပုတ် ခတ် ပြီး ဟောရ မယ် လို့  ဂေါ ဓမ ဘုရား ကျင့်  ခဲ့  တဲ့  အထဲ မှာ ပါ သလား ဂေါ ဓမရု့  လမ်း စဉ် မဟုတ် တာ ကို တီထွင် ဖန် တီး သူ ဟာ ဘု ရား ကိုဆန့်  ကျင် တဲ့ ဘုရား ရဲ့  ဟော ကြား တာ ကို မလိုက် နာ သူ ဘု ရား ကို ယှဉ် ပြိုင် သူ သာ သနာ ဖျက် တွေ ရဲ့  အလုပ်ဒါ ငို ကျုးလွန် သူ ဟာ လူ သား ဆို ရင် ကြား လို့  ကောင်း သေး တယ် ဘုရား ရဲ့  သားေ တာ် အမည် ခံ ပြီး ကိုယ် တ်ုင် တရား လမ်း ကြောင်း အမှား များ ကို ဟော ခြင်း

သက်ဆိုင်ရာလူကြီးမင်းများတို့

နည်းနည်းတင်းလာပြီနော် ။ ပါတ်စပို့စ်တွေ ဖွပစ်လိုက်မယ်။ သောက်သုံးမကျတဲ့ ရုံးကို ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် နဲ့ ထွက်လာတာ မြန်မာတွေဘက်က အသံ ။ သူ့အမေယောက်ျားများ ငြိမ်နေလေရဲ့။ အခုနေ မဟုတ်တာသတင်း ထွက်လာတဲ့ လူလာကြိုတဲ့သင်္ဘော လာရင်တောင် တယောက်မှ ပြန်နိုင်မှာ မဟုတ်ဘူး ။ သူတို့အမေယောက်ျားများ လ၀က မှ ဒီနေ့ သွားပြီး လက်ဗွေနှိပ်တာကို ၉ လပိုင်းမှ ပြန်လာဖို့ ချိန်းလိုက်တာ ။ အောက်မှာ ဆက်ဖတ်ကြည့်ပါ။ လူသေပါးစပ်ထဲက ကူငွေတောင် နှိုက်စားချင်တဲ့ ဟာတွေ လူတောင်ဟုတ်သေးရဲ့လားမသိ။
***********************************************************

မလေးရှားအစိုးရက လူသတ်တရားခံများကို ဖော်ထုတ်ခြင်း မရှိသေးဘဲ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် သတိပေး

Friday, 14 June 2013
မလေးရှားနိုင်ငံ တွင်း မြန်မာရွှေ့ပြောင်း အလုပ်သ မားများကို သတ်ဖြတ်သည့် တရားခံများအား လိုက် လံ ဖမ်းဆီးခြင်း မပြုဘဲ မလေးရှားအစိုးရက ပဋိ ပက္ခများထပ်မံမပြုလုပ်ရန် မြန်မာနိုင်ငံသားများအား ကြာသပတေးနေ့က သတိပေး ပြောကြားခဲ့သည်။ ထို့အပြင် တရားဝင် ထုတ်ပြန်ချက်များအရ လူလေး ဦးထက်မနည်း သေဆုံးခဲ့သည့် ပဋိပက္ခများ ဖြစ် ပွားပြီး မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန်မြန် မာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မိတ္တူပွားဆိုင်းဘုတ်နှင့် ဘဏ္ဍာနှစ်လွန် ဆိုင်းဘုတ် ၅၀၀ ခန့်ကို ဖျက် သိမ်းမည်


Friday, 14 June 2013
မိတ္တူပွားစိုက်ထူ သည့် ကြော်ငြာဆိုင်း ဘုတ်နှင့် ယခင်ဘဏ္ဍာနှစ်ကျန် ရှိသည့် ကြော်ငြာဆိုင်းဘုတ် အပါအဝင် ကြော်ငြာ ဆိုင်းဘုတ် ၆၀၀ကျော်ကို ယခုနှစ်တွင် အပြီးဖျက်သိမ်းမည် ဖြစ်ကြောင်း ရန် ကုန်မြို့တော် စည် ပင်သာယာရေးကော် မ တီ (Y.C.D.C) ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။ မိ တ္တူ ပွားစိုက်ထူခဲ့သည့် ကြော်ငြာ ဆိုင်းဘုတ် ၁၅၀၀ နီးပါးကို ယခုနှစ်တွင်း ဖြုတ်သိမ်းခဲ့ပြီး ကျန်ရှိသော ခွင့်ပြုမဲ့ စိုက်ထူထားသည့် မိတ္တူပွားဆိုင်းဘုတ် များနှင့် ယခင်ဘဏ္ဍာရေးနှစ်တွင် စိုက်ထူခဲ့ သည့် သက်တမ်းကုန် ကြော်ငြာဆိုင်းဘုတ်များ အပါအဝင် ကြော်ငြာ ဆိုင်းဘုတ် ၆၀၀ ကျော်အနက် ၁၀၀ကျော်ကိုသာ ဖြုတ်သိမ်းပြီး ဖြုတ်သိမ်းရန် ကျန်ရှိသော ကြော်ငြာ ဆိုင်းဘုတ် များကို မိုးကာလတွင်လည်း ပုံမှန်ဖြုတ်သိမ်းသွားမည် ဖြစ်ကြောင်း ၄င်းထံမှ သိရှိရသည်။

'၀' ပြည်နယ်တောင်းဆိုမှု ပေးနိုင်၊ မပေးနိုင် ဆိုခြင်းမှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ပြောကြား 6.14.20

6.14.20
'၀' သွေးစည်း ညီညွတ်ရေးပါတီမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအား '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ် အဆင့်သို့ တိုးမြှင့်တောင်းဆို မှုအား ပေးနိုင်မပေးနိုင်မှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။

မိုးရာသီ ကျရောက်လာသည့်အတွက် တရုတ်သစ်မှောင်ခိုကားများ ယခင်လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကို အသုံးပြုလာ

Photo: မိုးရာသီ ကျရောက်လာသည့်အတွက် တရုတ်သစ်မှောင်ခိုကားများ 
ယခင်လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကို အသုံးပြုလာ

 မိုးရာသီသို့ ကျရောက်လာသည့်အတွက် တရုတ်သစ်ခိုးဂိုဏ်းများ ယခင် 
လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ 
သစ်မှောင်ခို တင်ပို့မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

 ''နွေရာသီမှာ ဆိုလို့ရှိရင် သစ်ခိုးတဲ့ ကားတွေက ခြောက်လမ်း သွား 
မြေလမ်းမကြီးဖောက်ပြီး သယ်ယူကြတယ်။ မိုးရာသီရောက်လာတဲ့ အခါမှာတော့ 
ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်း ကို ပြောင်းပြီးသုံး လာကြတယ်။

 ခိုးထုတ်တာကတော့ BDY ဆိုတဲ့ တရုတ်တွေပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကုမ္ပဏီက 
ဦးဆောင်ပြီးတော့ ထုတ်တာပါ။ ဒီကုမ္ပဏီကို နောင်ကောင်းမှာ အခြေစိုက်ထားတာပါ။ 
အခုသစ်ပင်မျိုးစိတ်က တော်တော်ပျက်သွားပါပြီ။ 

ကချင်ပြည်နယ်က ရွှေကူ၊ မန္တလေးတိုင်းက မဘိန်း၊ ရှမ်းပြည်နယ်က ကျောက် မဲ၊ 
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာဆိုရင် ကသာအထိ ကိုယ်ပိုင်ယန္တရားတွေနဲ့ 
ခုတ်လှဲ ယူကြတာပါ'' ဟု တရုတ်မြန်မာ နယ်စပ်ဒေသမှ ဒေသခံတစ်ဦးက 
ပြောကြားခဲ့သည်။

 အဆိုပါ သစ်ခိုးထုတ်သည့်ဂိုဏ်းမှာ တရုတ်ပြည်၊ နောင်တောင်း ဆိုသည့်မြို့တွင်
 အခြေစိုက်ထားပြီး မြန်မာပြည်တွင် ရှားပါးလာသည့် ပေ ၃၀၊ ပေ ၄၀ 
လုံးပတ်ရှိသော သစ်များ အမြောက်အမြား ရှိနေကြောင်း သိရသည်။

 ''မြန်မာပြည်က နန်းခမ်းဒေသမှာ အိမ်ဆောက်ဖို့အတွက် ဒေသခံတွေက 
ဝါးတိုင်လေးတွေ သုံးနေရတဲ့အခါမှာ သူတို့ရဲ့ မြန်မာ မိုင်တိုင် ၆၄ နားမှာ 
သစ်ပုံကြီးတွေက အကြီးကြီးပဲ။ တန်နှစ်သောင်း၊ သုံးလောက်လောက် ရှိတယ်။ 
အထူးသဖြင့် ပွင့်လင်းရာသီဖြစ်တဲ့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ 
အဲဒီလတွေမှာ ထုတ်ယူမှု အများဆုံးပဲ။ 

အဲဒီချိန်မှာ တစ်ရက်ကို အစီး ၈၀၀ လောက် ၀င်လာတတ်တယ်။ သူတို့ရဲ့ ၂၂ 
ဘီးကားကြီးတွေနဲ့ ရွှေလီကိုပို့တယ်။ အဲဒါကိုမှ တချို့ကို အိမ်ထောင်ပရိဘောဂ 
ပြန်လုပ်ပြီး အမြစ်တွေကိုကျတော့ ပန်းပုပြန်ထု၊ ဒီဇိုင်းအမျိုးမျိုး 
ဖော်ပြီးတော့ နိုင်ငံတကာ ဈေးကွက်ကို တင်ကြတယ်'' ဟု ဒေသခံတစ်ဦးက ဆိုသည်။

 ယင်းသို့ နွေရာသီတွင် ခြောက်လမ်းသွားလမ်းဖြင့် သယ်ဆောင်ရာ တွင် မြန်မာပြည်
 နန်းခမ်းနောက်ကျောရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အဆုံးနေရာတွင် 
မန်းဝိန်းဆိုသည့် နေရာရှိကြောင်း မန်းဝိန်းနောက်ကျော မှ 
တောက်လျှောက်သွားလျှင် ဗန်းမော်သို့ ရောက်ပြီး ထိုမှတစ်ဆင့် မန်စီ၊ မန်စီမှ
 တစ်ဆင့် ရွှေလီမြစ်ကိုဖြတ်ပြီး မန္တလေးတိုင်း မဘိန်းအထိ ရောက် လာကြောင်း 
သိရသည်။

 ''မဘိန်းကတစ်ဆင့် မန္တလေးညောင်ကွဲ ဆိုတဲ့ရွာမှာ စစ်ကိုင်းတိုင်းက 
ခိုးထုတ်လာတဲ့ သစ်တွေအကုန်လုံး လာစုကြတယ်။ ပြီးရင် အဲဒီမှာ ဈေးကွက်ဖြစ် 
တယ်။ အဲဒီမှာ အကုန်ရှိတယ်။ 

ဒုစရိုက်မှု၊ ငွေအတု၊ စိတ်ကြွဆေး၊ ကျွဲ၊ နွားမှောင်ခို အစုံပါပဲ'' ဟု 
မန္တလေးတိုင်းမှ ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ တရုတ်သူခိုးဂိုဏ်း၏ 
သစ်ခိုးထုတ်မှုများကြောင့် ဒေသတွင်း သစ်ပင်များ အတော်ပင် ရှင်းလင်း သွားပြီ 
ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ကိုပင် ထိခိုက်လာပြီး နွေရာ သီတွင် 
အလွန်ပူးပြင်းလာကြောင်း ဒေသခံများက ပြောပြခဲ့သည်။

Eleven Media Group
တရုတ်ပြည်ဘက်မှ သစ်ခိုးကားများအား ရွှေလီမြို့တွင် တွေ့ရှိရစဉ်
မိုးရာသီသို့ ကျရောက်လာသည့်အတွက် တရုတ်သစ်ခိုးဂိုဏ်းများ ယခင် လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ သစ်မှောင်ခို တင်ပို့မှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များ အမူ တရားလို သက်သေ သုံးဦးကို စစ်ဆေး

Photo: မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များ အမူ တရားလို သက်သေ 
သုံးဦးကို စစ်ဆေး
Friday, June 14 , 2013

တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြ သဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် 
မဒေးကျွန်းမှ တရားစွဲခံရသူ ခေါင်းဆောင် ၁၀ ဦး အမှုကို ယမန်နေ့က ကျောက်ဖြူ 
တရားရုံးမှ စစ်ဆေးရာ တရားလို သက်သေ သုံးဦးကို စစ်ဆေးခဲ့သည်။

ကျောက်ဖြူမြို့နယ် တရားသူကြီး ဦးနေ၀င်းက အစိုးရ အရာရှိ (၃) ဦးကို 
စစ်ဆေးခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင် ဦးထွန်းကြည်က ပြောသည်။

“ ကျွန်တော်တို့ ၁၀ ယောက် ရုံးကို ၁၁ နာရီခွဲမှာ 
ရုံးကိုရောက်တဲ့အကြောင်းကို အကြောင်းကြား ပါတယ်။ မြို့နယ် တရားသူကြီး 
ဦးနေ၀င်းက ကျွန်တော်တို့ကို ခေါ်ပါတယ်။ ပထမ စစ်တာက 
မြို့နယ်အလုပ်သမားဦးစီးမှူး ဦးရွှေသန်း၊ ၊ မြို့နယ် မီးသတ်ဦးစီးမှူး 
ဦးစံရွှေထွန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးနေ၀င်း (ဒုဦးစီး) တို့ကို 
စစ်ဆေးပါတယ်။”

စစ်ဆေးရာတွင် တရားခံ ၁၀ ဦးဖက်မှ ရှေ့နေ့ ဦးထိန်းလင်းမှ လိုက်ပါ 
ဆောင်ရွက်ပေးပြီး အစိုးရ တရားလိုဖက်မှ ရှေ့နေအဖြစ် ဒေါ်လှနုဖြူက 
ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

သူတို့ကို စစ်ဆေးသည့် အခြေအနေနှင့် ပတ်သက်၍ ဦးထွန်းကြည်က ယခုကဲ့ 
ပြောသည်။

“ ဟုတ်ကဲ့၊ မြို့နယ်အလုပ်သမား ဦးစီးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူးကို 
စစ်ဆေးပါတယ်။ သူတို့ကို စစ်ဆေးတဲ့ အခါ မဒေးကျွန်းကို 
မိမိဆန္ဒထုတ်ဖေါ်ခွင့်ပေးတဲ့ ဧပြီလ၁၈ ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေးမှူး 
အပါအ၀င် ဌာန ဆိုင်ရာအကြီးအကဲတွေက မဒေးကျွန်း ဒေသခံတွေနဲ့ ဆွေးနွေးပါတယ်။ 
ဆွေးနွေးတဲ့အခါမှာ သူတို့တွေက လက်မခံတဲ့အတွက် ဆန္ဒပြပွဲဖြစ်သွားတယ်။ 
အဲဒီဆန္ဒပြမှုနဲ့ ဖြစ်သွားတာနဲ့ ပတ်သက်ပြီး သူတို့ကို စစ်ဆေးပါ တယ်။ 
ကျွန်တော်တို့ကိုလဲ ဆန္ဒပြတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်း 
တာတချို့တော့ မနေ့က ရှိခဲ့ပါတယ်” ဟု ဆိုသည်။

ယနေ့တွင် တရားလိုသက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး နောက်ထပ် စစ်ဆေးရန် 
ကျန်ရှိနေသေးသော တရားလိုသက်သေ ၁၂ ဦးကို ယခုလ ဇွန်လ ၂၄ ရက်နေ့တွင် ထပ်မံ 
စစ်ဆေး သွားမည်ဟု သိရသည်။

ဆန္ဒပြသဖြင့် တရားစွဲခံရသူများမှာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်းရွာမှ 
ဦးမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ မောင်ယဉ်လှ၊ ပြင်ရွာက 
ဦးမောင်မောင်စော၊ ဦးမောင်သန်းအေးနဲ့ နောက်တစ်ဦး ရွာမရွာမှ 
ဦးအောင်သိန်းထွန်း၊ ထွန်းခင်နု၊ ဦးမောင်ဖြူသီးနှင့် ဦးထွန်းကြည်တို့ 
ဖြစ်ကြသည်။

၎င်းတို့ ၁၀ ဦးကို ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းရှိ တရုတ်ကုမ္ပဏီ CNPC အား 
ဆန္ဒပြရာတွင် ဦးဆောင် ပါဝင်သည်ဟု ဆိုကာ မဒေးကျွန်း ရဲစခန်းမှူး 
ဦးစောဝင်းမှ မေလ ၆ ရက်နေ့က တရားလို လုပ်ကာ တရားစွဲ ဆိုခြင်းဖြစ်သည်။ှ

narinjara
တရုတ်ကုမ္ပဏီ CNPC ကို ဆန္ဒပြသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရားစွဲခံရ သူ ခေါင်းဆောင် ၁၀ ဦး အမှုကို ယမန်နေ့က ကျောက်ဖြူ တရားရုံးမှ စစ်ဆေးရာ တရားလိုသက်သေ သုံးဦးကို စစ်ဆေး ခဲ့သည်။

မြန်မာအချင်းချင်း မလေးမှာ တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရပြော

မြန်မာအချင်းချင်း မလေးမှာ တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ 
မလေးရှားအစိုးရပြော 
Friday, June 14 , 2013 

မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ပြင်မှာ မြန်မာနိုင်ငံကလာတဲ့ 
လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက်
 တစ်ဖွဲ့နဲတစ်ဖွဲ့ကြား တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရက 
မြန်မာနိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ သ တင်း ပတ် နှစ်ပတ် အတွင်း မြန်မာနိုင်ငံကလာတဲ့ 
လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခက အနည်းဆုံး ၇ ကြိမ်ရှိခဲ့ပြီး 
သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

 သေဆုံးသူတွေက မွတ်စလင်လူမျိုးတွေ မဟုတ်ဘူးဆိုတာကိုလည်း မလေးရှားနိုင်ငံ 
ပြည်ထဲရေးဝန်ကြီးက အတည်ပြု ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကို မလေးရှားနိုင်ငံအထိ သယ်ဆောင် 
လာကြတာဖြစ်တယ်လို့  မြန်မာနိုင်ငံက ဒုဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ 
မလေးရှားပြည်ထဲရေးရာ ဝန်ကြီးက ပြောပါတယ်။ အဲဒီမတိုင်ခင် မြန်မာနိုင်ငံမှာ 
ဖြစ်ခဲ့တဲ့ ပြဿနာကို မြန်မာနိုင်ငံထဲမှာပဲ ထားရှိဖို့ 
သတိပေးပြောဆိုခဲ့ဖူးပါတယ်။

မလေးရှားနိုင်ငံ အစိုးရနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး 
ဦးဇင်ယော်ကလည်း မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ 
ဘာသာရေးပဋိပက္ခကြောင့်ဖြစ်တာမဟုတ်ပဲ မြန်မာနိုင်ငံက လူဆိုးဂိုဏ်းတွေအကြား 
ဖြစ်ခဲ့တဲ့ ပြဿနာဖြစ်တယ်လို့ ပြောကြောင်း ကျိုဒိုးသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို အခြေအနေကြောင့် မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ 
မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာဝန်ကြီးက 
မလေးရှားဝန်ကြီးကို တောင်းဆိုထားပြီး မြန်မာနိုင်ငံသားတချို့ 
ပြည်တော်ပြန်ဖို့ ဆန္ဒရှိတဲ့အတွက် အမြန်ဆုံးပြန်နိုင်အောင် 
စီစဉ်ပေးနိုင်မယ်လို့လည်း ဦးဇင်ယော်က ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မလေးရှားအစိုးရက 
ဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ခဲ့ပြီး တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိတဲ့ 
မြန်မာနိုင်ငံသား ၂၅၀ ကို ထိန်းသိမ်းထားပါတယ်။ မလေးရှားနိုင်ငံမှာ 
အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား နှစ်သိန်းခွဲကျော်ရှိပြီး အဲဒီထဲက 
တစ်ဝက်လောက်ဟာ တရားမဝင်နေထိုင်သူတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်ဦးရေ တစ်သိန်းကျော်ရှိပြီး 
အဲဒီထဲမှာ မြန်မာနိုင်ငံသား ကိုးသောင်းကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ 
သုံးသောင်းကျော်က ချင်းလူမျိုး၊ သုံးသောင်းနီးပါးက ရိုဟင်ဂျာတွေဖြစ်ကြပြီး 
တစ်သောင်းကျော်ကတော့ မြန်မာမွတ်စလင်တွေ ဖြစ်ပါတယ်။

အဲဒါ့အပြင် ရခိုင်ဒုက္ခသည်တွေက ခုနှစ်ထောင်ကျော်ရှိပြီး မွန်လူမျိုးက ၃၄၀၀ 
ကျော်နဲ့ တခြားလူမျိုး အနည်းငယ်စီ ပါဝင်တယ်လို့လည်း သိရပါတယ်။

radioaustralia.net
ပဋိပက္ခကြောင် မလေးရှားအစိုးရက တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိတဲ့ 
မြန်မာနိုင်ငံသား ၂၅၀ ကို ထိန်းသိမ်းထားပါတယ်။ 
 မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ပြင်မှာ မြန်မာနိုင်ငံကလာတဲ့ လူတွေအချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် တစ်ဖွဲ့နဲတစ်ဖွဲ့ကြား တိုက်ခိုက်မှုတွေရပ်တန့်ဖို့ မလေးရှား အစိုးရ က မြန်မာနိုင်ငံသားတွေကို သတိပေးလိုက်ပါတယ်။

၁၅၀၀ တန်ကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်း ခေါ်ဆိုခ အတိုင်းခေါ်နိုင်

၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်း ဖုန်းခေါ်ဆိုခ အတိုင်းခေါ်ဆိုနိုင်ပြီ ဖြစ်ပါသည်။

ယင်းသို့ ခေါ်ဆိုရာတွင် ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန် လိုအပ်ကြောင်း သိရပါတယ်။

သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင် ရိုက်ပြီးမှ ခေါ်ဆိုရမှာ ဖြစ်ကြောင်းနဲ့ ယင်း code များမှာ

မြောက်ဥက္ကလာပမှ အုပ်စုဖွဲ့ လူသတ်မှုကို မှုခင်း ဆရာဝန်က ထွက်ဆိုချက် ပေး

မြောက်ဥက္ကလာပမှ အုပ်စုဖွဲ့ လူသတ်မှုကို မှုခင်း ဆရာဝန်က ထွက်ဆိုချက် ပေးခဲ့ရာ အသတ် ခံရသူသည် ဓားဒဏ်ရာများ အပါအ၀င် ဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးခဲ့
လူသတ်မှုတွင် ပါဝင်သူများအား ရဲတပ်ဖွဲ့ဝင်များက တရားရုံးသို့ ခေါ်ဆောင်လာသည်ကို ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)

၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်း အတွင်းရှိ စားသောက်ဆိုင်
တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၏ ဆေးစစ်ချက်ကို မှုခင်းဆရာဝန်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ဇွန် ၁၂ ရက် ရုံးချိန်း၌ ထွက်ဆိုခဲ့သည်။

ဆလာရန်းအကြမ်းဖက် ကြိုးကိုင်သူရှိဟု ဒုဝန်ကြီး ဦးဇင်ယော်ပြော

နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးဇင်ယော် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၃ ရက်က မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေး ၀န်ကြီးဌာနများမှ ဒုတိယ၀န်ကြီးများနှင့် တွေ့ဆုံကာ ဆလာရန်း အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စကုမြို့ မန်းချောင်း ရေကြီးမှုကြောင့် တောင်သူများ ဆုံးရှုံးမှုများဖြစ်ပေါ်

 
စကုမြို့၊ မန်းချောင်းအတွင် ရေကြီးမှုဖြစ်ပေါ်၍ သီးနှံခင်းများ နစ်မြုပ်နေပုံ(၁၂၊ ၆၊ ၂၀၁၃)

မကွေးတိုင်း ဒေသကြီး စကုမြို့မှာ မန်းချောင်းရေကြီး မှုကြောင့် မန်းချောင်း တလျှောက် ကိုင်းသီးနှံစိုက်ပျိုး
 တောင်သူများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

သင်္ဃန်းကျွန်း စစ်တပ်ပိုင် မြေသိမ်းမှု အစိုးရ ရှင်း

တပ်ကသိမ်းတဲ့ မြေတွေမှာ ဝင်လုပ်သူတွေကို ပြန်ဖယ်ခိုင်းရင်း ပြဿနာတက်တာ တွေ အများကြီးရှိ


ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်မှာ စစ်တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းထားတဲ့ မိချောင်းကန် အပိုင်း ၁ နဲ့ ၂ ရပ်ကွက် တွေမှာ မြေငှား နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင် နေကြသူတွေကို ကြာသပတေးနေ့က အင်အားသုံးပြီး ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဇွန်လ ၁၄ ရက်နေ့မှာ သတင်းသမား တွေကို ဖိတ်ကြား ရှင်းလင်းခဲ့ပါတယ်။

ကုလအကူအညီယာဉ်တန်း မိုင်ဂျာယန်ရောက်

ကချင်စစ်ပြေးဒုက္ခသည်စခန်းမြင်ကွင်း။ ( HRW )
ကချင်စစ်ပြေးဒုက္ခသည်စခန်းမြင်ကွင်း။ ( HRW )
ကိုမိုးဇော်

14.06.2013
အနည်းဆုံးကုန်တင်ကား၁၀စီးပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့မနက်က ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒေသက ကချင် စစ်ရှောင် ဒုက္ခသည် စခန်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ ဒီဒေသကို တနှစ်နီးပါး ကာလအတွင်း ပထမဆုံးရောက်ရှိသွားတဲ့ ကုလသမဂ္ဂရဲ့ ကူညီရေး ယာဉ်တန်းဖြစ်ပြီး  လူ၃၀၀၀ကျော်အတွက် တလစာ အခြေခံ စားနပ်ရိက္ခာတွေ အပါအ၀င် အိမ်ထောင်သုံးပစ္စည်းတွေနဲ့ တကိုယ်ရေသန့်ရှင်းရေး ဆိုင်ရာ အသုံးအဆောင်တွေ ပါဝင်တယ်လို့ မိုင်ဂျာယန်က ဒုက္ခသည်အရေး ကူညီသူက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မိုးတွင်းကာလ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့်  တရုတ်မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာဒေသက အနည်းဆုံး ကုန်တင်ကား၁၀စီး ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး ယာဉ်တန်းဟာ ဒီကနေ့မနက်က ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒေသက ကချင်စစ်ရှောင် ဒုက္ခသည် စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေမှာ အကျပ်အတည်း ရှိနေချိန်မှာပဲ ကုလသမဂ္ဂ ယာဉ်တန်းဟာ သောကြာနေ့ မနက်ပိုင်းက  မိုင်ဂျာယန်က ဒုက္ခသည် စခန်းကို ရောက်ရှိသွားတာဖြစ်ပါတယ်။ ယာဉ်တန်းတွေ ဆိုက်ရောက်လာတာကိုတော့ ၀မ်ပေါင်နိန်ထွဲခေါ်  ဒုက္ခ သည်ရေးရာ ကူညီရေး အဖွဲ့က တာဝန်ခံ မမေရီတောမ်က အခုလို အတည်ပြုပြော ပါတယ်။

“ဒီမနက် ဆယ်နာရီ ပတ်ဝန်းကျင်လောက်ရောက်ပါတယ်။ ကားကတော့ ဒီသူတို့ အဖွဲ့အစည်း လေးခုပေါ့နော်။ UNICEF၊ UNHCR၊ WFP UN ရယ်ပေါ့နော်။ UN ကားလေးစီးပေါ့။ ကုန်ကားတွေကတော့ ခြောက်စီးလား၊ ခုနှစ်စီးလားမသိဘူး။ သူတို့စခန်းတခုကို ဝင်ပို့ဖို့ လာတယ်။ အဓိကကတော့ WFP World Food Programme အနေနဲ့ Basic ပေါ့။ အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲပေါ့။ အဲ့တာပါတယ်။ နောက်တချို့ ပါတယ်။ ဒါပေမဲ့ အဲ့တာ အရေအတွက် နည်းတယ်။ အားလုံးအတွက်တော့။”

အခုလာရောက် ပို့ဆောင်တဲ့ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေက စခန်းတွင်းက လူ၃ထောင်ကျော်အတွက် တလစာဖြစ်တယ်လို့လည်း မမေရီတောမ်က ဆက်ပြောပါတယ်။

“အခုသူတို့လာတော့ စခန်းပေါ့နော်။ အဲ့ဒီ့ကမ့်ထဲမှာက IDP တွေရှိတယ်။ အကုန်လုံး ရွာပေါင်းကိုးဆယ်ကျော်က IDP ပေါ့။ အားလုံး ကျောင်းသားတွေ အပါအဝင် သုံးထောင် သုံးရာကျော် အဲ့ဒီ့မှာရှိတယ်။ အဲ့အရေအတွက်နဲ့ဆိုရင် တစ်လစာပေါ့။ တစ်လစာ ယူလာတယ်။ သူတို့က ဒီလိုပါပဲ။ လာတိုင်း တစ်လစာ၊ လာပေးသွားတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ တရုတ်မြန်မာ နယ်စပ်ဒေသ အတွင်းမှာ စခန်းပေါင်း ၃၀လောက်ရှိပြီး ဒုက္ခသည်ဦးရေကတော့ ၇သောင်းလောက် အထိ ရှိနေတာဖြစ်ပါတယ်။ ဒီ ဒုက္ခသည်စခန်းတွေအတွက် လိုအပ်ချက်တွေကိုတော့ KIO ရဲ့ ဒုက္ခသည်ရေးရာတာဝန်ခံ ဦးဒွဲပီဆာက အခုလို ပြောပါတယ်။

“ လိုအပ်ချက်က အများကြီးရှိပါတယ်။ စားနပ်ရိက္ခာ၊ နောက် ကျောင်းသားတွေ အတွက် အစစအရာရာ၊ ကျောင်းသုံးစာအုပ်၊ ကျောင်းပရိဘောဂ၊ တော့ စာရွက် စာတမ်း အဲ့တာပေါ့။ မိုးတွင်းရောက်ပြီဆိုတော့၊ ရောဂါတွေလည်း ဌက်ဖျားရောဂါ တို့၊ ဝမ်းရောဂါတို့ဖြစ်တော့ ဆေးဝါးလည်းပဲ အများကြီးလိုပါတယ်။”

မိုင်ဂျာယန်ဒေသအတွင်းကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက ကုလ သမဂ္ဂထောက်ပံ့ရေး ယာဉ်တန်း တကြိမ်ရောက် ခဲ့တာကြောင့် အခု တခေါက် ဟာ ရောက်တဲ့ယာဉ်တန်းဟာ တနှစ်နီးပါးကာလအတွင်း ပထမဆုံးရောက်တဲ့ ယာဉ်တန်းလည်းဖြစ်ပါတယ်။ အခုလို တနှစ်နီးပါးကြား မှ ထောက်ပံရေး ပစ္စည်းတွေ ပို့ဆောင်နိုင်တဲ့ အခြေအနေကိုတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“ဒီနေရာတွေက နယ်မြေလုံခြုံရေး၊အတွက် အဓိက ထားတဲ့ နေရာတွေဖြစ် တယ်ပေါ့။ အဲ့တာကြောင့် ဒီလိုနေရာတွေ သွားဖို့ ဆိုတာက အစိုးရဖက် ကရော၊ ကေအိုင်အေ ကေအိုင်အိုဖက် ကရော၊ နှစ်ဦးနှစ်ဖက် သဘောတူမှ၊ နောက်ပြီး ဒီသွားတဲ့လမ်းကြောင်းမှာလည်း လုံခြုံရေးကလည်း အာမခံနိုင်မှပေါ့လေ။ အဲ့တာပြီးမှ သွားလို့ရတယ်ခင်ဗျ။ နောက်ပြီးတို့ ဒီ UNတို့ နောက် UN နဲ့ တွဲဖက်လုပ်တဲ့ အဖွဲ့အစည်းတွေက ဒီလို အကူအညီပေး တယ်ဆိုရင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီနဲ့ ပတ်သက်တဲ့ အခြေခံ သဘောတရားတွေ ရှိတယ်။ ဒါက ဘာလဲဆိုလို့ရှိရင် လွတ်လပ်မှုရှိရမယ်။ ဘယ်ဘက်ကိုမှ မျက်နှာသာပေးခြင်းမရှိရဘူး။ နောက်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဓိက ထားလှူရမယ်။ ဒီအချက်တွေကို အဓိကထား ညှိနှိုင်းပြီး လုပ်ရပါတယ်ခင်ဗျ။ အဲ့ဒီ့တော့ ဒီလုံခြုံရေး ကိစ္စရော၊ ဒီအချက်တွေကရော၊ အကုန်လုံးကို အသေးစိတ်ဆွေးနွေးရတဲ့အချက်တွေဖြစ်ပါတယ်။ ဒါတွေ အကုန်သဘောတူညီချက်ရမှ ဒီကားတွေ ထွက်လို့ရပါတယ်ခင်ဗျ။”

လက်ရှိ ယာဉ်တန်းသွားနိုင်တာကလည်း ဒီအချက်တွေကို ညှိနှိုင်းအောင်မြင်ခဲ့ တာကြောင့်ဖြစ်တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

ဒီနှစ်ဖေဖော်ဝါရီလ အတွင်းကတော့ ကုလသမဂ္ဂကူညီရေးယာဉ်တန်းဟာ ဖားကန့်ဒေသဖက်ကို သွားရောက်ပြီး ဒုက္ခသည်တွေကို အကူအညီ ပစ္စည်းတွေပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလအတွင်းက မိုင်ဂျာယန်ဒေသဖက်ကို  သွားရောက်တဲ့ ယာဉ်တန်းကိုတော့ နိုင်ငံခြားသားတွေပါဝင်တာကြောင့် အာဏာပိုင်တွေက  တားမြစ်ခဲ့ဖူးပါတယ်။

(VOA)  မှ

အမေရိကန်ထောက်လှမ်းရေးကို Facebook နဲ့ Microsoft သတင်းအချက်အလက်ပံ့ပိုး

ဗွီအိုအေ (မြန်မာဌာန)

15.06.2013
အမေရိကန်အစိုးရရဲ့ အီလက်ထရောနစ် စောင့်ကြည့်စုံစမ်းရေးအစီအစဉ်အရ အင်တာနက်ကုမ္ပဏီ အတော်များများဟာ အစိုးရလိုချင်တဲ့ သတင်း အချက်အလက်အချို့ကို ပေးဖို့ အမေရိကန်အစိုးရနဲ့ သဘောတူညီချက်တရပ် ယူထားကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအကြို ရခိုင်ပါတီနှစ်ခု ပူးပေါင်း

ရန်ကုန်မြို့ရှိ 
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ရုံးတစ်ခုပုံ။ (ဓာတ်ပုံ - RNDP) 
ရန်ကုန်မြို့ရှိ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ရုံးတစ်ခုပုံ။ (ဓာတ်ပုံ - RNDP)
ကိုကျော်ထင်

15.06.2013
၂၀၁၅ ရွေးကောက်ပွဲကို ရည်ရွယ်ဦးတည်ပြီး ရခိုင်ပြည်နယ်မှာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ တစ်ပါတီတည်း ပေါင်းစည်းဖို့ ဒီကနေ့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်  အောက်တိုဘာလ မတိုင်ခင် ပေါင်းစည်းရေး လုပ်သွားမယ့်အကြောင်း ရခိုင်ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်စုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုကျော်ထင်က ရန်ကုန်ကနေ သတင်းပို့ထားပါတယ်။

မလေးရှားကမြန်မာတချို့ အိမ်ပြန်နိုင်ရေးကြန့်ကြာ

မဆုမွန်

15.06.2013
အသက်အန္တရာယ်လုံခြုံရေးစိုးရိမ်ရလို့ မိခင်နိုင်ငံကိုပြန်လိုကြတဲ့ မလေးရှားနိုင်ငံ က မြန်မာအလုပ်သမားတွေ နေရပ်ရင်းပြန်ဖို့အရေး ကြန့်ကြာမှုတွေဖြစ်နေ တယ်လို့ သိရပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးရဲ့ လုပ်ထုံးလုပ်နည်း အရ နေရပ်ရင်းပြန်ဖို့ ခွင့်ပြုချက်ရဖို့က အနည်းဆုံး သုံးလလောက် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် နေရပ်ရင်းပြန်လိုသူတွေ အတွက် အမြန်ဆုံးပြန်နိုင်ကြဖို့အရေး မလေးရှားနိုင်ငံက မြန်မာ့အလုပ်သမားရေး ကူညီလှုပ်ရှား ပေးနေသူတွေက မြန်မာနိုင်ငံသံရုံး တာဝန်ရှိသူတွေကို တောင်းဆို ထားတယ်လို့ သိရပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

မလေးရှားမှ မြန်မာပြည်သို့ ပြန်ရန်ပတ်စပို့စာအုပ်လက်ဝယ်မရှိသူများ ဆောင်ရွက်ရမည့် အချက်

Photo: 
မလေးရှားမှ မြန်မာပြည်သို့ ပြန်ရန် ပတ်စပို့စာအုပ်လက်ဝယ်မရှိသူများ 
ဆောင်ရွက်ရမည့် အချက် 


ယနေ့ မလေးရှားနိုင်ငံက နေ ကျွန်တော်တို့ဆီကို ပြန်ဖို့ ဘယ်လိုလုပ်ရမလဲ 
ဆိုပြီး ဖုန်းဆက်တာ ကျွန်တော်တို့ post တင်ပြီးကတည်းက 
မြန်မာပြည်ပြန်ဖို့အတွက် ကူညီဆောင်ရွက်ပေးတဲ့ သူ တွေ ရဲ့ဖုန်းတွေ 24 နာရီ 
မနားတမ်းမည်နေခဲ့ပါတယ် ။ အကြောင်းအရာကတော့ မေးခွန်း တစ်ခုတည်းဖြစ်ပါတယ် 
.......

1. မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ကျွန်တော်တိုက အိုဗာစတေးဖြစ်နေလို့ပါ။ 

ကျွန်တော်တို့ 2 ကြိမ်မြောက်ထပ်မံတင်ဆက်ပါ့မယ် ။

(က) သင့်ထံတွင် ပတ်စပို့စာအုပ်လက်ဝယ်ရှိပြီး ပါမစ်မရသေးသူဖြစ်ပါသလား ?
လုပ်ဆောင်ရန်မှာ ကျွန်တော်တို့ထံတွင် Shpw Ticket ခေါ် အင်မီဂရေးရှင်း 
တွင်ပြသရန် လေယာဉ်အကြိုလက်မှတ် အခမဲ့ လာယူပါ ၊ ပြီးပါက မလေးရှားနိုင်ငံ 
နီးစပ်ရာ လဝက ရုံးများသို့ သွားရောက်ပြီး Special Pass ပြုလုပ်ရန်အတွက် 
တိုကင်သွားထုတ်ရပါလိမ့်မယ် ။

ယခင်က ကွာလာလမ်ပူ ဂျလန်း ဒူတ မှာလည်းဆောင်ရွက်ပေးပေမယ့် 
ယခုကွာလာလမ်ပူတွင်တော့ Putra Jaya (မလေးရှားအစိုးရရုံးစိုက်ရာဌာန) 
တွင်သာဆောင်ရွက်နိုင်ပါတော့တယ် ။

ဒီနေရာမှာ ကျွန်တော်တို့ပြဿနာတစ်ခုက ယခုမလေးရှားလဝကက 
တုကင်သွားထုတ်တဲ့သူတွေအားလုံးကို 3 လ ခွာချိန်းနေတာပဲဖြစ်ပါတယ် ။ 
မြန်မာသံရုံးမှ တာဝန်ရှိသူတွေကတော့ တရားဝင်စာထုတ်ပြန်ပြီး 
ထို့ထက်ပိုမိုမြန်ဆန်အောင်ကူညီမယ်လို့ သိရပေမယ့် ယနေ့ထိတော့ 
ဖြစ်မလာခဲ့သေးတာတွေ့ရပါတယ် ။

ထိုသို့ရက်ချိန်းရပါက မိမိကိုယ်ပိုင်ငွေဖြင့် Special Pass အတွက် ဒဏ်ငွေ 
မလေးရှားရင်းဂစ် 400 တိတိ ပေးဆောင်ရမည့်ဖြစ်ပြီး Special Pass ပါရက်များအရ 5
 ရက်အတွင်း မလေးရှားကထွက်ခွာပေးရမည်ဖြစ်ပါတယ် ။
ိ
ထိုသို့ ရက်ချိန်းရမှသာ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူရမည်ဖြစ်ပါတယ် ။ 
ကျွန်တော်တို့ မလေးရှားကို ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းက ယနေ့ 
လေယာဉ်လက်မှတ် အစောင် 1000 ကို စတင်လှူဒါန်းနေပြီးဖြစ်တာကြောင့် 
မကုန်းမချင်း ဒုက္ခရောက်သူ ဦးစားပေးစနစ်နဲ့ တောင်းယူနိုင်ပြီဖြစ်ပါတယ် ။ 


2. သင့်ထံတွင် ပတ်စပို့စာအုပ်လက်ဝယ်မရှိလျှင် .... ?

ပြန်ချင်ပါတယ် ကျွန်တော်တို့မှာ ပတ်စပို့စာအုပ်မရှိပါဘူး မိတ္တူပဲရှိပါတယ် 
(သို့မဟုတ်) မှတ်ပုံတင်ပဲရှိပါတယ် (သို့မဟုတ်) ဘာမှမရှိပါဘူး 
.ဘယ်လိလုပ်ရမလဲ ...

မြန်မာနိုင်ငံက ထုတ်ပေးထားတဲ့ မှတ်ပုံတင် ၊ အိမ်ထောင်စုဇယား ၊ 
ရပ်ကွက်ထောက်ခံစာ တို့ကို မှာယူပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးမှာ CI 
သွားရောက်လျှောက်ထားရန်လိုပါတယ် ....
CI အတွက် အခမြဲ့ဖစ်ပါတယ် ။ 

CI လျှောက်ထားမည့် မည်သူမဆို အဆိုပါ
1. မှတ်ပုံတင်မူရင်း(သို့) မိတ္တူ
2. အိမ်ထောင်စုစာရင်း
3. ရပ်ကွက် ၊ ရဲစခန်း ထောက်ခံစာ တို့မဖြစ်မနေလိုအပ်ပါတယ် ။

ဆက်လက်ပြီး ကျွန်တော်တို့ ဘာဆိုဘာမှမရှိပါဘူး တကယ်လဲဒုက္ခရောက်နေတာပါ ၊ 
မှာစရာမိသားစုလဲ မရှိတော့ပါဘူး ..ဘယ်လိုလုပ်ရမလဲ.. 
မြန်မာသံရုံးက တာဝန်ရှိသူတွေထံမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း သွားရောက် 
စစ်ဆေးခံပါခင်ဗျာ .....


CI လျှောက်ထားရမည့် ဖောင်ပုံစံကိုပါ ကျွန်တော်တို့ ပူးတွဲ 
တင်ပြပေးလိုက်ပါတယ် ။ ကူးယူ Print ထုတ်ပြီး အချက်လက် 
ဖြည့်စွက်လျှောက်ထားနိုင်ပါတယ် ။

အားလုံး တွေ့ကြုံနေတဲ့ ယနေ့ ကျွန်တော်တို့ မလေးရှားရောက် 
မြန်မာတွေပြည်တော်ပြန်ဖို့ကို ထပ်မံ ရှင်းပြပေးတာပါ ...

ယနေ့ထိတော့ ဆောင်ရွက်သူအားလုံး 3 လတိတိစောင့်ဆိုင်းနေကြရတဲ့အကြောင်းကို 
သိအောင် ထပ်မံရေးသားပေးရပါတယ်ခင်ဗျာ ။
မလေးရှားမှ မြန်မာပြည်သို့ ပြန်ရန် ပတ်စပို့စာအုပ်လက်ဝယ်မရှိသူများ ဆောင်ရွက်ရမည့် အချက် ယနေ့ မလေးရှားနိုင်ငံက နေ ကျွန်တော်တို့ဆီကို ပြန်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ဖုန်းဆက်တာ ကျွန်တော်တို့ post တင်ပြီးကတည်းက မြန်မာပြည်ပြန်ဖို့အတွက် ကူညီဆောင်ရွက်ပေးတဲ့ သူ တွေ ရဲ့ဖုန်းတွေ 24 နာရီ မနားတမ်းမည်နေခဲ့ပါတယ် ။  အကြောင်းအရာကတော့ မေးခွန်း တစ်ခုတည်းဖြစ်ပါတယ် .......

နှစ်လမ်းမောင်းဖြင့် အဆင်ပြေ နေပြီဖြစ်သည့် သိမ်ကြီးဈေး ရှေ့ရှိ ရွှေတိဂုံ ဘုရားလမ်း

Photo: နှစ်လမ်းမောင်းဖြင့် အဆင်ပြေ နေပြီဖြစ်သည့် သိမ်ကြီးဈေး 
ရှေ့ရှိ ရွှေတိဂုံ ဘုရားလမ်း 
Friday, June 14 , 2013

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် သိမ်ကြီးဈေး (စီ)ရုံနှင့် 
(ဒီ)ရုံ အကြားတွင် ရှိသော ရွှေတိဂုံ ဘုရားလမ်းသည် တစ်လမ်းမောင်း စနစ်မှ 
နှစ်လမ်းမောင်း စနစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သော လမ်းဖြစ်ပြီး ယခုအခါ 
မော်တော်ယာဉ် များသည် အဆိုပါ နှစ်လမ်းမောင်း စနစ်ဖြင့် အသားကျ သွားလာနေပြီ 
ဖြစ်သည်။ ထို့ပြင် တစ်လမ်းမောင်း ဖြစ်သော

အနော် ရထာလမ်း၊ မဟာ ဗန္ဓုလ လမ်းနှင့် ကုန်သည် လမ်းတို့လောက် 
ဆိုးဆိုးရွားရွား ယာဉ်ကြော ကျပ်ခြင်း၊ ပိတ်ဆို့ခြင်းတို့ မရှိဘဲ ကားများ 
အဆင်ပြေစွာ ဖြတ်သန်း သွားလာ လျက်ရှိသည်ကို တွေ့ရသည်။

ဈေးရုံနှစ်ရုံ စလုံး၏ မျက်နှာစာတွင် ရှိသော လမ်းဖြစ်၍ ဈေးကားများ 
အ၀င်အထွက် ရှိသော်လည်း လိုင်းကား မှတ်တိုင်များ မရှိသည့် အတွက် ကားများ 
အလွန်အမင်း ပိတ်ဆို့မှု မရှိခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တစ်ဦးက 
ပြောကြားခဲ့သည်။ ““ဒီလမ်းကို တစ်လမ်းမောင်း ကနေ နှစ်လမ်းမောင်း စလုပ်လိုက် 
တုန်းက အဆင်ပြေပါ့ မလား ယာဉ်ကြောတွေ များအရမ်း ကျပ်သွား မလားလို့ ထင်မိတယ်။
 ဒါပေမဲ့ ဈေးကားတွေကြောင့် လမ်းပိတ်တယ် ဆိုတာက ခဏပဲလေ။ ကားမှတ်တိုင် 
တွေမှာ လိုင်းကားတွေ ပိတ်နေသလို အကြာကြီး ပိတ်နေတာမှ မဟုတ်တာ။ ကားပါကင် 
ထိုးတဲ့နေရာ အ၀င်အထွက် လုပ်တဲ့အချိန် ကလေးပဲ ခဏ ပိတ်သွားတာ။ ပြီးတော့ 
ဒီလမ်းမှာက ကားမှတ်တိုင် တွေလည်း မထားတော့ ထင်သလောက် ကားလမ်းက 
မပိတ်တော့ဘူး”” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

မြ၀တီ
 ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် သိမ်ကြီးဈေး (စီ)ရုံနှင့် (ဒီ)ရုံ အကြားတွင် ရှိသော ရွှေတိဂုံ ဘုရားလမ်းသည် တစ်လမ်းမောင်း စနစ်မှ နှစ်လမ်းမောင်း စနစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သော လမ်းဖြစ်ပြီး ယခုအခါ မော်တော်ယာဉ် များသည် အဆိုပါ နှစ်လမ်းမောင်း စနစ်ဖြင့် အသားကျ သွားလာနေပြီ ဖြစ်သည်။ ထို့ပြင် တစ်လမ်းမောင်း ဖြစ်သော အနော် ရထာလမ်း၊ မဟာ ဗန္ဓုလ လမ်းနှင့် ကုန်သည် လမ်းတို့လောက် ဆိုးဆိုးရွားရွား ယာဉ်ကြော ကျပ်ခြင်း၊ ပိတ်ဆို့ခြင်းတို့မရှိဘဲ ကားများအဆင်ပြေစွာ ဖြတ်သန်း သွားလာလျက်ရှိသည် ကို တွေ့ရသည်။

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

Photo: 
စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ 
ခန့်အပ်
Friday, June 14 , 2013

မြန်မာ့ တပ်မတော်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့် အရာရှိ ၃၀ ခန့်ကို 
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရေကြောင်းနှင့် လေကြောင်း ရဲအရာရှိများအဖြစ် 
ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သိရသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ရာထူးခန့်ချုပ်က တပ်မတော် (ရေ) မှ 
ဗိုလ်မှူးအဆင့် ၁၁ ဦးကို ရဲမှူးရာထူးများနှင့် ဗိုလ်ကြီး အဆင့် ၃ ဦးကို 
ရေကြောင်း ရဲတပ်ဖွဲ့၏ ဒု ရဲမှူးများအဖြစ် ပြည်ထဲရေး ၀န်ကြီးဌာန၊ 
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လိုက်ကြောင်း ရန်ကုန် 
မီဒီယာဂရု(ပ်) ၏ အင်တာနက် စာမျက်နှာတွင် ဇွန်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် 
ဖော်ပြထားသည်။

အလားတူ တပ်မတော် (ကြည်း) မှ ဗိုလ်မှူး အဆင့်ရှိ အရာရှိ ၁၄ ဦးအား 
ရဲမှူးများအဖြစ် ခန့်အပ်လိုက်ပြီး တခြား ဗိုလ်မှူး ၃ ဦးကို အထွေထွေ 
အုပ်ချုပ်ရေး ဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူးများအဖြစ် 
တာဝန်ပေးလိုက်ကြောင်း၊ တပ်မတော် (လေ) မှ ဗိုလ်မှူးတဦးကိုမူ လေကြောင်း 
ရဲတပ်ဖွဲ့၏ ရဲမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

စစ်တပ်မှ အရာရှိများကို ရဲမှူးများအဖြစ် တာဝန်ပေးလိုက်ခြင်းသည် 
ရဲအရာရှိများ၏ တက်လမ်းနှင့် လုပ်ပိုင်ခွင့်များကို ကန့်သတ်လိုသည့်အတွက်ဟု 
ယူဆကြောင်း၊ စစ်တပ်မှ ရဲတပ်ဖွဲ့သို့ ပြောင်းလာသည့် တပ်မတော် အရာရှိဟောင်း 
တချို့သည် လုပ်ငန်းကျွမ်းကျင်မှု မရှိဘဲ အမိန့်အတိုင်းသာ 
လုပ်ဆောင်တတ်ကြောင်း ရဲအုပ်တဦးက ဧရာဝတီကို ပြောသည်။

“စစ်တပ်က ပြောင်းလာတဲ့အတွက် ရဲလုပ်ငန်းကို ဘယ်လိုလုပ်ပြီး ကျွမ်းမလဲ။ 
ဒါပေမယ့် သူတို့က အမိန့်နဲ့ အုပ်ချုပ်ခဲ့တာဆိုတော့ လက်နက်ကိုင် 
ရဲတပ်ဖွဲ့လိုဟာမျိုးကျတော့ သူတို့က ပိုသာတယ်။ ဆက်ဆံရေးကတော့ ရာထူး 
အဆင့်အလိုက် ဆက်ဆံတဲ့ သဘောပဲတွေ့ရတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

သို့သော် လက်ရှိအချိန်တွင် ခေတ်ပြောင်းနေပြီ ဖြစ်သည့်အတွက် အထက် အောက် 
အမိန့်ပေးပုံစံ မဟုတ်ဘဲ ကျွမ်းကျင်သူ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ 
ပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း ဆက်ပြောသည်။

စစ်တပ်မှ ရဲတပ်ဖွဲ့သို့ ပြောင်းလဲ တာဝန်ပေး ခန့်အပ်သူများအား 
ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့များ၌ အစားထိုး ခန့်အပ်သွားမည်ဟု သိရသည်။

စစ်တပ်အရာရှိများအား ရဲတပ်ဖွဲ့သို့ ပြောင်းလဲလိုက်ခြင်းဖြင့် ရဲရင့်သည့် 
ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာမည် ဖြစ်ကြောင်း၊ တပ်မတော် (ရေ) မှ အရာရှိများကို 
ရေကြောင်း ရဲတပ်ဖွဲ့၌ တာဝန်ပေးအပ်ခြင်းသည် သင့်လျော်သည့် လုပ်ရပ်တခု 
ဖြစ်ကြောင်း ဒု ဗိုလ်မှူးကြီးဟောင်းနှင့် အမျိုးသားလွှတ်တော် 
ကိုယ်စားလှယ်ဖြစ်သူ ဦးလှဆွေက ဧရာဝတီကို ပြောသည်။

“ရဲတွေက ရေကြောင်းဆိုင်ရာတွေ ကျွမ်းကျင်မှု မရှိဘူး။ ပင်လယ်ပြင်ကို 
စိုးမိုးနိုင်တဲ့ ရဲအရာရှိ မရှိဘူး။ ဒါကြောင့် စစ်တပ်က အရာရှိတွေကို 
တာဝန်ပေးတာပါ။ ပိုပြီး အစွမ်းထက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာတာပေါ့လေ” ဟု 
ဦးလှဆွေက ဆိုသည်။

မြန်မာ့ ပင်လယ်ပြင် ကမ်းရိုးတန်းတလျှောက် ကာကွယ်စောင့်ရှောက်ရန် ခေတ်မီ 
ကမ်းခြေစောင့် သဘောင်္တချို့ ၀ယ်ထားကြောင်း၊ ထပ်မံဝယ်ယူရန် လိုအပ်သေးကြောင်း၊
 ထို့အတူ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သည့် ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ 
လိုအပ်နေကြောင်း၊ ထို့ကြောင့် တပ်မတော် (ရေ) မှ အရာရှိများကို ပြောင်းလဲ 
တာဝန်ပေးအပ်ခြင်း ဖြစ်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် 
ဖွံ့ဖြိုးရေး ပါတီဝင်လည်းဖြစ်သူ ဦးလှဆွေက ပြောသည်။

၎င်းက “ကျနော်တို့ ပင်လယ်ပြင်ကြီးက လက်ရှိမှာ လုံခြုံမှု လုံးဝ မရှိဘူး။ 
ငါးခိုးဖမ်းတဲ့ လှေတွေလည်း ရှိတယ်။ ပြီးရင် ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာသူတွေ 
အဆမတန် ပွားများနေတာဟာလည်း လုံခြုံမှု မရှိလို့ပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းခြေနှင့် မြစ်ကြောင်းများ လုံခြုံရေးအတွက် 
ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၂ 
ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။ ထိုအဖွဲ့အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏
 လက်အောက်တွင် ထားရှိမည်ဖြစ်ပြီး ရေကြောင်း ရဲတပ်ဖွဲ့ ဌာနချုပ်သည် 
နေပြည်တော်တွင် ရုံးစိုက်ကြောင်း သိရသည်။

လက်ရှိတွင် မော်လမြိုင်၊ စစ်တွေနှင့် ပုသိမ်တို့တွင် ရဲကြောင်း 
ရဲဌာနရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ဦးလှဆွေထံမှ သိရသည်။

ကျောက်ဖြူ၊ ရန်ကုန်နှင့် ထားဝယ် ဆိပ်ကမ်းတို့တွင်လည်း ရေကြောင်းဆိုင်ရာ 
ရဲတပ်ဖွဲ့တချို့ရှိပြီး သံတွဲ၊ မြိတ်၊ မန္တလေး၊ ၀မ်ပေါင် (မဲခေါင်) စသည့် 
နေရာများတွင် ထိုတပ်ဖွဲ့များကို ဖြန့်ကြက် ချထားပေးသွားမည်ဟု ပြည်ထဲရေး 
ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရေကြောင်း ရဲတပ်ဖွဲ့သည် ပင်လယ်ဓားပြများ ကာကွယ်တားဆီးရေး၊ ကမ်းလွန် 
ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ လုံခြုံရေး၊ ရေပြင်ပိုင်နက်မှတဆင့် 
လူ၊ လက်နက်မှောင်ခိုများ တားဆီးနှိမ်းနင်းရေး သဘာဝ ဘေးအန္တရာယ် ဒုက္ခသည်များ 
ကယ်ဆယ်ရေး စသည့် တာဝန်များကို ထမ်းဆောင်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ 
သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ လေကြောင်း ရဲတပ်ဖွဲ့သည်လည်း လေယာဉ်ပြန်ပေးဆွဲခြင်းကဲ့သို့သော 
ရာဇဝတ်မှုများ၊ အစိုးရ ခေါင်းဆောင်များအွက် လေယာဉ်လုံခြုံရေး ဆေင်ရွက်ခြင်း၊
 မူးယစ်ဆေးဝါး၊ လူ၊ လက်နက် မှောင်ခိုမှုများကို တားဆီးခြင်း စသည့် 
တာဝန်များကို ထမ်းဆောင်မည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ တပ်ဖွဲ့ဝင် ဦးရေ စုစုပေါင်း ၈ သောင်းမှ ၁ သိန်း 
ဝန်းကျင်ရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။

စစ်တပ် အရာရှိများအား ရဲတပ်ဖွဲ့သို့ ရွှေ့ပြောင်း တာဝန်ပေးအပ်ခြင်းနှင့် 
ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ 
ရဲတပ်ဖွဲ့၏ ရဲချုပ်ရုံးထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ဧရာဝတီ
ရေကြောင်း ရဲတပ်ဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရေကြောင်း ရဲတပ်ဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့
မြန်မာ့တပ်မတော်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်အရာရှိ ၃၀ ခန့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရေကြောင်း   နှင့် လေကြောင်း ရဲအရာရှိများအဖြစ် ပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း သိရသည်။

အရိုက်ခံခဲ့ရ သည်ဆိုသည့် အမျိုး သမီးက ပြင်ဦးလွင် NLD များကို အမှုဖွင့်


ပြင်ဦးလွင်မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း NLD လုံခြုံရေးများ၏ ရိုက်နှက်မှုကြောင့် ဆေးရုံတင်လိုက်ရသည် ဆိုသည့် အမျိုးသမီးက ပြင်ဦးလွင် NLD လုံခြုံရေးများကို အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်မည်

 

 ပြည်တွင်းပြည်ပ ခရီးသွားများလာရောက်လည်ပတ်မှု အများဆုံးနေရာများတွင် တစ်ခုအပါအဝင် ဖြစ်သော မန္တလေးမြို့တော် ရှိ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်ရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ သိရသည်။

လစာငွေ အဓမ္မ အလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ ထွက်စာတင်

လစာငွေ အဓမ္မ အလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ 
ထွက်စာတင်
Saturday, June 15, 2013

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ 
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှစတင်၍ ကျေးရွာ 
အုပ်စု စည်းရုံးရေးမှူးများသို့
ထောက်ပံ့သော လစာငွေအား ၎င်းတို့ ဆန္ဒမပါဘဲ အရာတော်မြို့နယ် ပါတီရုံးမှ 
အလှူခံလိုက်သောကြောင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး အပါအဝင် (၅)ဦး 
ထွက်စာ တင်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အုပ်စု
စည်းရုံးရေးမှူး (၄၁)ဦးသို့ တစ်လလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့သော 
ဧပြီလနှင့်မေလအတွက် လစာငွေ(၄၁)သိန်းအား ရွှေဘိုမြို့နယ် နာရေး
ကူညီရေးယာဉ်အတွက် အလှူငွေအဖြစ် အားလုံး၏ သဘောတူညီချက် မယူဘဲ 
အရာတော်မြို့နယ်တွင် လက်မှတ်ထိုး ကောက်ခံလိုက်သောကြောင့် သဘောမတူသော 
အုပ်စုစည်းရုံးရေးမှူး အပါအဝင်(၅)ဦး ထွက်စာ တင်ထား
ကြောင်း ကျွန်းတောကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးမြင့်ငွေက ပြော
ကြားသည်။

အဆိုပါ ထွက်စာတင်ထားသူ ငါးဦးသည် ပြည်ခိုင်းဖြိုးအသင်းစတင် တည်
ထောင်စဉ်ကတည်းက စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များလည်းဖြစ်ကြောင်း သိရသည်။ 
“ကျွန်တော်တို့ကျေးရွာ အုပ်စုတွေအတွက် လေးလပိုင်း
ကတည်းက ထောက်ပံ့ကြေးပေးတယ်ဆိုတာကို ဒီလရှစ်ရက်နေ့က အရာတော်မှာ 
အုပ်စုစည်းရုံးရေးမှူးတွေ (၄၁)ဦးလုံး အစည်းဝေးခေါ်မှ သိရတာပါ။ အစည်းဝေးမှာ 
ပြောလည်းပြော လက်မှတ်ထိုးပြီး အလှူလည်း
ခံဆိုတော့ ၃၁ဦးကတော့ သဘောတူတယ်။ ကျန်တဲ့သူတွေကတော့ 
ဒီအတိုင်းထိုးလိုက်ရတယ်။ ကျွန်တော့်မှာ ခရီးစားရိတ် ဆန်တစ်ခွဲဖိုး ကုန်တာဘဲ
 အဖတ်တင်ပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အရာတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ 
ဆက်သွယ်မေးမြန်းရာ “အဲ့ဒါ မဟုတ်သေးပါဘူး”ဟု အထွေထွေ အတွင်းရေးမှူး 
ဦးညွန့်ဝင်းက ဖြေကြားသည်။

မြို့နယ်မှ CEO များအား မူလလစာ ခြောက်သောင်းကျပ်မှယခုလမှစတင်၍ 
တစ်သိန်းကျပ်သို့ တိုးမြင့်ပေးလိုက်ပြီး အလှူခံခြင်းမရှိသော်လည်း 
အုပ်စုမှူး တစ်ဦးစီ စတင်၍ရရှိသော ထောက်ပံ့ငွေနှစ်လစာအား အလှူခံလိုက်သော
ကြောင့် အရာတော်မြို့နယ်မှ အုပ်စုစည်းရုံးရေးမှူးများထွက်ရန် ပြင်ဆင်လျက်
ရှိကြာင်း ထွက်ရန်ပြင်ဆင်လျက်ရှိသော စည်းရုံးရေးမှူး တစ်ဦးက ပြောကြား
သည်။

The Myanma Age
  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှ စတင်၍ ကျေးရွာ အုပ်စု စည်းရုံးရေးမှူးများသို့ ထောက်ပံ့သော လစာငွေအား ၎င်းတို့ ဆန္ဒမပါဘဲ အရာတော်မြို့နယ် ပါတီရုံးမှ အလှူခံလိုက်သောကြောင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး အပါအဝင် (၅)ဦး ထွက်စာ တင်ထားကြောင်း သိရသည်။

ကြက်တစ်ကောင်အား အခြားဂြိုဟ်မှလာသည့် ဂြိုဟ်သားပုံစံပြုလုပ်ကာ အင်တာနက်ပေါ်တင်၍ လိမ်လည်လှည့်ဖြားသူ တရုတ်အမျိုးသားအား ရဲတပ်ဖွဲ့ဖမ်းဆီး


Photo: ကြက်တစ်ကောင်အား အခြားဂြိုဟ်မှလာသည့် ဂြိုဟ်သားပုံစံပြုလုပ်ကာ 
အင်တာနက်ပေါ်တင်၍ လိမ်လည်လှည့်ဖြားသူ တရုတ်အမျိုးသားအား ရဲတပ်ဖွဲ့ဖမ်းဆီး 
Saturday, June 15, 2013

ကြက်တစ်ကောင်ကို လျှပ်စစ်ဓာတ်ဖြင့် အဆုံးစီရင်၍ အခြားကမ္ဘာဂြိုဟ်မှ လာသော 
သတ္တဝါပုံစံမျိုးပြုလုပ်ကာ အင်တာနက်ပေါ်တင်ခဲ့သည့် တရုတ်လယ်သမားတစ်ဦးအား 
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက်သတင်း တစ်ရပ်တွင် ဇွန် ၁၃ ရက်က 
ဖော်ပြခဲ့သည်။

လီအမည်ရှိ အဆိုပါ အမျိုးသားသည် ပြည်သူများကို လှည့်စားရန်အတွက် ကြက်အား 
ဝါယာကြိုးနှင့်ကော်များ အသုံးပြု၍ ဂြိုဟ်သားတစ်ဦးအသွင် ဖန်တီးကာ 
အင်တာနက်ပေါ်သို့ တင်ခဲ့ သည်ဟု ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့သည် 
အတုအလိမ်လုပ်ကြံမှုဖြင့် ၄င်းအား ငါးရက်ကြာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း 
သိရသည်။

မြ၀တီ
ကြက်တစ်ကောင်ကို လျှပ်စစ်ဓာတ်ဖြင့် အဆုံးစီရင်၍ အခြားကမ္ဘာဂြိုဟ်မှ လာသော သတ္တဝါ ပုံစံမျိုးပြု လုပ်ကာ အင်တာနက်ပေါ်တင်ခဲ့သည့် တရုတ်လယ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက်သတင်း တစ်ရပ်တွင် ဇွန် ၁၃ ရက်က ဖော်ပြခဲ့သည်။

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူရပါမယ်။


- မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။
ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

လူ့ ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား(၁၄)ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ် ကြောင့်ဖြစ်သည်။

Facebook ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီ (How To)

Facebook ကို ယခင်က မြန်မာများအတွက် အင်္ဂလိပ်ဘာသာကို အဓိကထား အသုံးပြုကြပြီး အခြား ဘာသာဖြင့် အနည်းငယ် အသုံးပြုနေကြသည်ကို တွေ့ရပါသည်။ ယခုတွင်မူ မြန်မာတို့ အတွက် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မြန်မာတချို့ ကိုယ်တိုင် ပါဝင် ဘာသာပြန်နေသော Facebook translation team မှ မြန်မာဘာသာကို ၁ဝဝ ရာခိုင်နှုန်း ပြောင်းလဲမှုပေးပြီး ဖြစ်ပါသည်။

လူငယ်များ၏ ရည်းစား ရှိခြင်းကောင်းကျိုး (၁၁) ချက်မကောင်းကျိုး(၁၁)ချက်


===========================

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်

(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း
(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း
(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း
(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း
(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း
(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း
(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း

ဝတ်စားဆင်ယင်မှု ပါရာဒိုင်းအရွေ့

မန္တလေးမြို့ ကျုံးတောင်ဘက်ထောင့်တွင် ညဦးပိုင်းအချိန် ထိုင်နေကြသော ယောက်ျားလေးတစ်စုထံမှ ပြက်ရယ်ပြုဟန် ပြောဆိုသံ သဲ့သဲ့ထွက်လာသည်။“ဟိုစော်လေးက လန်းတယ်ကွ၊ ဒီစော်က တိုက်ဂေါကြီး”ဟု ၎င်းတို့မှာ ကျုံးဘေး ပတ်လည်တွင် နောက်ဆုံးပေါ် ဆိုင်ကယ်များဖြင့် မောင်းနှင် သွားလာနေကြသော မိန်းမပျို ကလေးများကို ပြောဆိုနေကြခြင်း ဖြစ်သည်။

ဘာသာရေး ပဋိပက္ခ ဖန်တီးမှု အရေးယူမည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် တောင်းဆို

Photo: ဘာသာရေး ပဋိပက္ခ ဖန်တီးမှု အရေးယူမည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် 
တောင်းဆို
Saturday, June 15, 2013

မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် 
ဖန်တီးသူများကို အရေးယူနိုင်မည့် ဥပဒေတရပ် အမြန်ဆုံး ရေးဆွဲ ပြဋ္ဌာန်းပေးရန် 
သံဃာတော်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ရှေ့နေများ၊ စာရေးဆရာများ 
အပါအ၀င် နယ်ပယ် အသီးသီးမှ ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူများနှင့် ဖွဲ့စည်း
 ချိတ်ဆက်ထားသော ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်က တောင်းဆို လိုက်သည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပသော သံသယများ၊ 
အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသော သတင်းစာ ရှင်းလင်းပွဲတွင် ငြိမ်းချမ်းမှု 
တည်ဆောက်ရေးကွန်ရက်က ထိုသို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး 
ယနေ့ကျင်းပသော သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ 
ရွှေဝါရောင် သံဃာတော်များ ကွန်ရက်မှ သံဃာတော်များ၊ အစ္စလမ် ဘာသာရေး 
ခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယက ဦးဝင်းတင်၊
 နိုင်ငံရေး အကျဉ်းသား ဟောင်းများ အပါအ၀င် လူမှုရေးအဖွဲ့အစည်းများနှင့် 
ကွန်ရက်များ၊ ပြည်သူများ စုစုပေါင်း အင်အား ၄၅၀ ကျော် တက်ရောက် ခဲ့သည်။

“လွှတ်တော်အနေနဲ့  လူမျိုးတမျိုး၊ ဘာသာတခုတည်းအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံက 
လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ တို့ရဲ့ လုံခြုံခွင့်နဲ့ 
အကျိုးစီးပွားကို အာမခံချက် ပေးဖို့၊ အထူးသဖြင့် လူမျိုးရေး၊ 
ဘာသာရေးဖန်တီးမှုတွေကို အရေးယူနိုင်မယ့် ဥပဒေတရပ် မြန်မြန်ရေးဆွဲပေးဖို့ 
တောင်းဆိုချင်တယ်” ဟု ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်မှ တာဝန်ရှိသူ 
တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။

ပဋိပက္ခများကို ရှုမြင်ရာတွင် ဥပဒေရှုထောင့်မှ ရှုမြင်သင့်ပြီး ဘာသာရေး၊  
လူမျိုးရေး ကိစ္စများအဖြစ် မရှုမြင်သင့်ဘဲ ဘာသာရေးနှင့် လူမျိုးရေးရှုထောင့်မှ
 ကြည့်ရှုနေသမျှ ကာလပတ်လုံး ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေဦးမည်ဖြစ်ကြောင်း 
(NLD) ၏ နာယက  ဦးဝင်းတင်က ပြောသည်။

“ပဋိပက္ခကို ပဋိပက္ခလို့ပဲ မြင်သင့်တယ်။ အဲလိုမဟုတ်ရင် သံသယတွေနဲ့ ပဋိပက္ခတွေက
 ဆက်ဖြစ်နေဦးမှာ။ တယောက်နဲ့ တယောက် မယုံကြည်ရင်၊ ဒီလို ပြဿနာ 
တခုခုဖြစ်တိုင်း မွတ်စလင် တွေကြောင့်ဖြစ်တာ၊ ဗုဒ္ဓဘာသာ တွေကြောင့်ဖြစ်တာလို့
 မြင်နေရင် ဒီပဋိပက္ခတွေက ပြီးတော့မှာမဟုတ်ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။

မန္တလေးမြို့ ဘုရားကြီး ရေတော်ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုတနှင့် 
ရန်ကုန်မြို့ရှိ ဆရာတော် ဦးဉာဏိက တို့က သံဃာတော် များသည် သံဃာများ၏ 
နေရာတွင်သာ နေသင့်ကြောင်း၊ သံဃာတော်များက ပဋိပက္ခများ အကြား ဝင်ရောက် 
ဖြေရှင်းခြင်းသည် မည်သို့မျှ ပြေလည်နိုင်မည် မဟုတ်ကြောင်း မိန့်ကြားခဲ့သည်။

“ဘုန်းကြီးတို့ ငယ်ငယ်က လူကြီးတွေ ပြောတဲ့စကားရှိတယ်။ ဗီဒီယိုရုံမှာ 
နှုတ်ခမ်းမွှေးနဲ့၊ တိုက်ပုံနဲ့ လူကြီးက ရှေ့ကနေ ထ ရပ်တာကို အနောက်ကနေ 
နှုတ်ခမ်းမွှေးနဲ့ အဒေါ်ကြီး ထိုင်ပါဗျို့၊ မမြင်ရဘူးလို့ အော်ကြတယ်။ ဒီတော့ 
အဲဒီလူက သူ့ကို ပြောတာ မဟုတ်ဘူး ဆိုပြီး မထိုင်ဘူး။ လူတွေကလည်း အော်ကြတယ်။ 
အခုဖြစ်စဉ်က ဒီလိုပဲ ဖြစ်နေတယ်” ဟု ဆရာတော် ဦးဝိသုတက မိန့်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမုန်းတရား ဝါဒဖြန့်ချိမှု မှန်သမျှကို 
ထိရောက်စွာ အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ဖြစ်ပွား လာပါကလည်း လုံခြုံရေး 
တာဝန်ရှိသူများက လိုအပ်သလို ပစ်မိန့် ပေးခြင်းဖြင့် အပြစ်မဲ့၊ လက်နက်မဲ့ 
ပြည်သူများကို ကာကွယ် ပေးရန်၊ အကြမ်းဖက်မှု ဖြစ်ပွားပြီးလျှင်လည်း 
တရားခံများကို ဖော်ထုတ်ပြီး ထိရောက်စွာ အပြစ်ပေး အရေးယူ ပေးရန်၊ အကြမ်းဖက် 
ခံရသူတို့၏ ခုခံပိုင်ခွင့်ကို  ဥပဒေအရ အကျိုး ခံစားခွင့်ပေးရန် 
တောင်းဆိုကြောင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်၏ ထုတ်ပြန်ချက်များတွင်
 ဖော်ပြထားသည်။

ဧရာဝတီ
ပဋိပက္ခကာလ မိတ္ထီလာမြို့ရှိ ချမ်းအေး ရပ်ကွက် မတ်လ ၂၂ ရက်နေ့က မီးလောင်နေစဉ်
 (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

ပဋိပက္ခကာလ မိတ္ထီလာမြို့ရှိ ချမ်းအေး ရပ်ကွက် မတ်လ ၂၂ ရက်နေ့က မီးလောင်နေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ
မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ဖန်တီးသူများကို အရေးယူနိုင်မည့် ဥပဒေတရပ် အမြန်ဆုံး ရေးဆွဲ ပြဋ္ဌာန်းပေးရန် သံဃာတော်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များ၊ ရှေ့နေများ၊ စာရေးဆရာများ အပါအ၀င် နယ်ပယ် အသီးသီးမှ ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူများနှင့် ဖွဲ့စည်း ချိတ်ဆက်ထားသော ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်က တောင်းဆို လိုက်သည်။

အင်းစိန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

 
၁၅.၆.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ ဓမ္မရုံလမ်းသွယ်၊ အမှတ်(၅၇၉)နေ ဦးဖိုးချို၊ ၇၂နှစ် ၊ (ဘ)ဦးကျော်စိုး ၏ နေအိမ်ဧည့်ခန်း တွင်ထားရှိသည့် မီးအားမြှင့်စက် အပူရှိန်လွန်ကဲမှုကြောင့် မီးအားမြှင့် စက်ပေါ် တွင်တင်ထားသည့် စာအုပ်များအား မီးစတင်လောင် 

“ရွှေတိဂုံဘုရားပေါ်အထိ ကျူးကျော် စော်ကားလာသော မူဆလင်အမျိုးသမီး”


==========================
ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထားသော အမျိုးသမီးတစ်ယောက်နှင့် ဘောင်းဘီရှည်အနီနဲ့ အင်္ကျီအနီကွက် ဝတ်ထားသော ကောင်မလေးတစ်ယောက် အရှေ့မုဒ်မှ တက်လာပါတယ်။
နှင်းဆီပန်းအနီရောင် တစ်သောင်းဖိုး ဝယ်လာပါတယ်။ ဘုရားပေါ်ရောက်တဲ့အခါ ပန်းအချို့ကို အလှူခံပုံးပေါ်တင်ထားပြီး ပန်းအချို့ကို ရင်ပြင်ပေါ်လွှင့်ကြဲပစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင် ခရီးစဉ်မှာ အမျိုးသမီး တဦးအရိုက်ခံရတဲ့ သတင်း မှားယွင်းနေကြောင်း ပြင်ဦးလွင် NLD ရှင်းလင်း

၎င်းအမျိုးသမီး ၉.၆.၂၀၁၃ နေ.ဟောပြောပွဲ ကိုလာသည်ကို သတင်းနှင့်ပြန်ကြားရေး ကိုယ်တိုင်တွေ.ရှိခဲ့ပါတယ်၊သူမ မေးခွန်းမေးရန်လက်ထောင်ပြခြင်း လုံဝ မရှိခဲ့ပါ။ ကွင်းအတွင်း သတင်းနှင့်ပြန်ကြားရေး အဖွဲ.၀င်အင်းအား (၅၀) အထက် တာဝန်ချထားပါသည်။

ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ

Photo: 
ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ 
Saturday, June 15, 2013

ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ 
ဝါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ 
ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို 
လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် 
ဘောလုံးပွဲပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့  ပွဲ ဖြစ်မြောက်ရေး
 လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။

 ဒေသတွင်း မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေရှာတဲ့  ဒီပွဲကို 
ရုပ်ရှင်သရုပ်ဆောင် ရာဇာနေ၀င်း၊ မိုးယံဇွန်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ 
ဇာနည်၊ မင်းသွေး၊ မင်းခန့်၊ ဇာတ်မင်းသား ဖိုးချစ် အစရှိတဲ့သူတွေ ပါဝင်တဲ့  
ဘိုင်စကုပ်မင်းသားများအသင်းနဲ့ ပုသိမ်မြို့က ဧရာဝတီ Old Stars 
(ဧရာဝတီတိုင်းလက်ရွေးစင်ဟောင်းများ) ဘောလုံးအသင်းတို့ 
ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။

“ဘောလုံးပွဲ မစမီကတည်းက ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို 
မိဘမဲ့ကလေးတွေကို လှူဒါန်းပါ့မယ်လို့ ပွဲစီစဉ်သူ ကိုရဲမြင့်ထွန်းက 
ကတိပေးထားတာ ရှိပါတယ်။ တကယ်တမ်း ပွဲလည်းပြီးသွားရော 
မူလပြောထားသလိုမဟုတ်တော့ဘဲ သူတို့လှူချင်တဲ့ ကျောင်းတကျောင်းကို 
သူတို့အစီအစဉ်နဲ့ပဲ လှူချင်သလောက် လှူသွားတယ်။ အဲဒီအပေါ်မှာ 
ကျနော်တို့ပုသိမ်မြို့ခံတွေ မကျေနပ်ကြဘူး” လို့ သူက ပြောပါတယ်။

ပုသိမ်မြို့မှာ အစိုးရအသိအမှတ်ပြု မိဘမဲ့ဂေဟာ ၂ ခုရှိပြီး 
ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖွင့်လှစ်ထားတဲ့ မိဘမဲ့ဂေဟာ ၄ ခု၊ စုစုပေါင်း ဂေဟာ ၆
 ခု ရှိပါတယ်။

ဘာသာအားဖြင့်တော့ ဗုဒ္ဓဘာသာဂေဟာ ၃ ခု၊ ခရစ်ယာန်ဂေဟာ ၂ ခုနဲ့ အစ္စလာမ်ဂေဟာ ၁ 
ခု လို့ တွက်နိုင်ပါတယ်။

ဒီဂေဟာတွေမှာ မိဘမဲ့ ကလေး စုစုပေါင်း ၅၀၀ ကျော်ကို ကျွေးမွေး 
စောင့်ရှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ကလေးအများစုကတော့ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်လာကြသူတွေပါ။

“ဒီပွဲကျင်းပတာ ကျနော်တို့ ရှုံးပါတယ်။ ကုန်ကျတာက ခန့်မှန်းခြေ သိန်း ၆၀ 
လောက်ရှိတယ်။ တကယ်တမ်းကျတော့ ငွေက အဲဒီလောက် ပြန်မရဘူး။ လက်မှတ်အတုက အစောင်
 ၁၀၀ လောက်မိတယ်။ ဘောလုံးအကယ်ဒမီဘက်ကနေ ကွင်းထဲကိုကျော်ဝင်ကြတာတွေ ရှိတယ်။ 
ကွင်းပေါက်တယ်ပေါ့။ အဲတော့ ငွေကထင်ထားသလို မရတော့ဘူး” လို့ ပွဲစီစဉ်သူ 
ကိုရဲမြင့်ထွန်းက ပြောပါတယ်။

“ကန်သုံးဆင့် မိဘမဲ့ကျောင်းကို လှူတယ်ဆိုတာကလည်း အစိုးရ အသိအမှတ်ပြုကျောင်း
 ဖြစ်တဲ့အတွက်ပါ။ ကျန်တဲ့ကျောင်းတွေက အစိုးရအသိအမှတ်ပြု မဟုတ်တော့ 
လှူဖို့အဆင်မပြေဘူးလေ” လို့  ကိုရဲမြင့်ထွန်းက ဆက်ပြောပါတယ်။

ဒီပွဲ အရှုံးပေါ်တယ် ဆိုတဲ့ ပြောဆိုချက်ကို လက်မခံသူများထဲမှာ ကိုသက်ဆွေ 
ဆိုတဲ့ ဒေသခံတဦးလည်း ပါဝင်ပါတယ်။

“ရှုံးတယ်ပြောရအောင် ဒါက ကန်ထရိုက်ယူတဲ့ပွဲမှ မဟုတ်တာ။ နဂိုကတည်းက 
ဘောလုံးပွဲကို စပွန်ဆာတွေနဲ့ကျင်းပမယ်။ ကွင်းဝင်ကြေးကို ကလေးတွေအတွက် 
အကုန်လှူမယ်လို့ ကတိပြုထားပြီးသားလေ။ ပွဲပြီးကာမှ ရှုံးတယ်၊ 
မလှူတော့ဘူးဆိုတာက လက်ခံနိုင်စရာ မရှိပါဘူး” လို့ ပွဲဖြစ်မြောက်ရေး 
ကူညီပေးခဲ့တဲ့ ကိုသက်ဆွေက ပြောပါတယ်။

“အဲဒီနေ့က ကွင်းထဲမှာ လူ ၃,၅၀၀ လောက်ရှိတယ်။ လက်မှတ်အတုရော လူတိုးတာ 
မခံနိုင်လို့ ကွင်းဖွင့်ပေးလိုက်ရတဲ့လူရောပေါင်းလိုက်ရင် လူ ၁,၅၀၀ ပဲထား။ 
အနည်းဆုံး လက်မှတ် ၂,၀၀၀ တော့ ရောင်းရမှာပါ။ အခုက လက်မှတ်ဘယ်လောက် 
ရိုက်နှိပ်တယ်။
လက်မှတ် ဘယ်လောက် ရောင်းရတယ်ဆိုတာတောင် ကျနော်တို့ကို အတိအကျမပြောဘူး။
ငွေစာရင်းရှင်းတမ်းလည်း မထုတ်ပေးဘူး။ တကယ်ရှုံးတယ်ဆိုရင် 
ကျနော်တို့မြို့ခံတွေ နားလည်လက်ခံနိုင်အောင် 
ငွေစာရင်းရှင်းတမ်းထုတ်ပေးရမှာပေါ့” လို့  ကိုသက်ဆွေက ဆက်ပြောပါတယ်။

ဌာနဆိုင်ရာတွေကလည်း ပွဲဖြစ်မြောက်ရေးအတွက်   ကြော်ငြာဘုတ်တွေ 
အခမဲ့ထောင်ခွင့်၊ ဘောလုံးကွင်း အခမဲ့ငှားရမ်းခွင့်ရအောင် ၀ိုင်းဝန်း 
ကူညီပေးခဲ့ကြပါတယ် တဲ့။

လက်မှတ် ၁ စောင်ကို ၂,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချတာဖြစ်တဲ့အတွက် စောင်ရေ 
၂,၀၀၀ ရောင်းရမယ်ဆိုရင် မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ကျပ်သိန်း ၄၀ လောက် 
ရရှိမှာပါ။

ဘောလုံးပွဲအတွက် စပွန်ဆာကြေး သိန်း ၃၀ လောက် ရရှိခဲ့ကြောင်း စုံစမ်း 
သိရှိရပါတယ်။

အသေးစိတ်ပြောရရင်  မြန်မာဘီယာက စပွန်ဆာ ကျပ် ၁၀ သိန်းကျော်၊ V စီးကရက်က ၅ 
သိန်း နဲ့ ပုသိမ်မြို့က စီးပွားရေးလုပ်ငန်း ၆ ခုက စပွန်ဆာ ကျပ် ၁၅ သိန်း 
တို့ ဖြစ်ပါတယ်။ 

အခုက ပွဲအတွက် ကုန်ကျတာက သိန်း ၆၀။
ကလေးတွေအတွက် လှူသွားတာက ၆ သိန်း။
၁၀ ဆ ၁ ဆ ကွာခြားပါတယ်။ ဆင်ဖိုးထက် ချွန်းဖိုးကြီးဆိုသလိုများ 
ဖြစ်နေမလားလို့ ဆိုသူက ဆိုပါတယ်။

၉ ရက်နေ့က ကျင်းပတဲ့ မိဘမဲ့ကလေးများ ရန်ပုံငွေဘောလုံးပွဲကို ဧရာဝတီတိုင်း 
ဝန်ကြီးချုပ် ဦးသိန်းအောင် တက်ရောက်အားပေးခဲ့ပြီး တိုင်းအဆင့်၊ 
ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေလည်း 
လာရောက်အားပေးခဲ့ကြပါတယ်။

ဘာသာပေါင်းစုံက ကလေးတွေအတွက်လုပ်တဲ့ပွဲဖြစ်လို့ ခရစ်ယာန်နဲ့ အစ္စလာမ် 
ဘာသာရေးခေါင်းဆောင်တွေပါ ဘောလုံးပွဲကို လာရောက်အားပေးကြပါတယ်။

ပရိတ်သတ်ဆိုရင်လည်း ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း
 စတဲ့မြို့တွေကပါ လာရောက်အားပေးခဲ့ကြလို့ ဘောလုံးကွင်းထဲမှာ လူတွေ 
ပြည့်ကြပ်နေပြီး ဘောလုံးပွဲလာကြည့်တဲ့လူပေါင်း အနည်းဆုံး ၃,၅၀၀ 
လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

“ဘောလုံးပွဲက စည်စည်ကားကားနဲ့ အောင်မြင်ပြီးသွားကာမှ 
လှူဒါန်းတဲ့အချိန်ကျတော့ ပုသိမ်က ဌာနဆိုင်ရာအကြီးအကဲတွေ၊ မြို့မိမြို့ဖတွေ၊
 ပွဲဖြစ်မြောက်ရေး ကူညီပေးသူတွေ၊ ကျနော်တို့ Old Stars အသင်းကလူကြီးတွေ 
ဘယ်သူမှ မပါဘူး။ ဘယ်သူ့ကိုမှလည်း မတိုင်ပင်ဘူး။ ဖိတ်လည်း မဖိတ်ဘူး။ 
သူတို့လုပ်ချင်သလို လုပ်သွားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အတော်လေး 
စိတ်မကောင်းဖြစ်မိပါတယ်” လို့ Old Stars အသင်းနည်းပြ ဦးဝင်းသိန်းက 
ပြောပါတယ်။ 

န်ပုံငွေဘောလုံးပွဲကရရှိတဲ့ ငွေကြေးကို လာရောက် လှူဒါန်းပါတယ်လို့ အမည်တပ် 
ခဲ့ခြင်း မဟုတ်ဘဲ ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်နဲ့ ရဲမြင့်ထွန်း (ခေါ်) 
ရဲလေး တို့ ၂ ဦး နာမည်တပ်ပြီး ငွေလှူခဲ့တာဖြစ်ကြောင်း စုံစမ်း 
သိရှိရပါတယ်။

“ကျနော်တို့က ကလေးတွေ ရန်ပုံငွေရပါစေတော့ဆိုပြီး ကိုယ့်ထမင်း ကိုယ်စားပြီး 
ကန်ပေးတာပါ။ ကျနော်တို့ Old Stars အသင်းအတွက် ပွဲစဉ်စီသူတွေ တပြားတချပ်မှ 
ကုန်ကျခြင်း မရှိပါဘူး။ ဘာသာပေါင်းစုံက မိဘမဲ့ကလေးတွေကို လှူပါ့မယ်လို့ 
ကြေညာထားပြီးကာမှ ဗုဒ္ဓဘာသာကျောင်းတကျောင်းပဲ ကွက်ပြီး လှူသွားတယ်။ အဲတော့ 
မြို့ခံဘာသာခြားတွေနဲ့ တွေ့တဲ့အခါ ကျနော်တို့က ဘယ်လိုမျက်နှာပြရမလဲ။ 
ခင်ဗျားတို့က ပြောတော့တမျိုး လုပ်တော့တမျိုး ဆိုပြီး 
အပြောခံရမယ့်ကိန်းဖြစ်နေပြီ” လို့ Old Stars အသင်းရဲ့ အတွင်းရေးမှူး 
ဦးအောင်သိန်းက ပြောပါတယ်။

ရုပ်ရှင်မင်းသားများဘောလုံးပွဲရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကို ပုသိမ်က  
တိုင်း/ခရိုင်/မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေကပါ 
သိရှိသွားပြီး စိတ်မကောင်း ဖြစ်နေကြောင်း သူတို့နဲ့ နီးစပ်သူတွေထံက 
သိရှိရပါတယ်။

ပုသိမ်မြို့ခံပွဲစဉ်သူတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး 
အများပြည်သူသိရှိနိုင်ရန်အတွက်  သတင်းစာ ရှင်းလင်းပွဲတရပ် 
ပြုလုပ်သွားမယ်လို့လည်း ပြောပါတယ်။


ဧရာဝတီblog
ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ Saturday, June 15, 2013 ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရလာတဲ့ ကွင်းဝင်ကြေးအားလုံးကို ပုသိမ်က မိဘမဲ့ကျောင်း ၆ ကျောင်းကို လှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်းက ကြေညာထားပေမယ့် ဘောလုံးပွဲပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့ ပွဲ ဖြစ်မြောက်ရေး လိုက်ပါကူညီပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။ 

ဘာမမပြောင်းလဲဟု ငုတ်တုတ်ထိုင်ကာ ဒေါ်စု အော်နေသော်လည်း သမ္မတကြီးဦးသိန်းစိန်၏ ကြိုးစားမှုကြောင့် ဥရောပသမဂ္ဂ မှ မြန်မာနိုင်ငံအတွက် အထူးအခွန်သက်သာခွင့် ရရှိ

ဖွံ့ဖြိုးဆဲနိုင်ငံများကို ဥရောပသမဂ္ဂ (EU) ကပေးအပ်သော ပို့ကုန် ပစ္စည်းများအတွက် အထူးအခွန် သက်သာခွင့် (GPS-Generalized Scheme of Preferences) အား မြန်မာနိုင်ငံကို ပြန်လည်ပေးအပ် ကြောင်း ဥရောပ သမဂ္ဂဥက္ကဋ္ဌနှင့် ဥရောပ လွှတ်တော် ဥက္ကဋ္ဌတို့က ဇွန်လ ၁၂ ရက်နေ့ က လက်မှတ်ရေးထိုး လိုက်သည်။

မလေးရှားမှ မြန်မာ ငါးဦး သေဆုံးမှု ဘာတစ်ခွန်းမှ မပြောပဲ ခိုးဝင် ဘင်္ဂလီကို ဖမ်းဆီးသဖြင့် ဥရောပ ပါလီမန်က မြန်မာကိုရှုတ်ချ

ပါလီမံတွင် ဘင်္ဂလီများကို ရိုဟင်ဂျာဟု သုံးနှုံးထားပြီး ထိုင်းနိုင်ငံကို ဒုက္ခသည်အဖြစ်ခိုးဝင်ဖို့ ကြိုးစားသူ ရိုဟင်ဂျာ ၁၇ဝဝ ကို  ဖမ်းဆီးပြီး ရက်ရက်စက်စက် ထိန်းသိမ်းထားတာကိုလည်း ဥရောပပါလီမန်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
 

တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်စု နေထိုင်ရာ ရန်ကုန်မြို့ မင်္ဂလာဈေး ကားမှတ်တိုင်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူဖမ်းမိ

လူထု့ဆန္ဒမကောက်ယူပဲ ရွေးချယ်ထားသည့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်စု နေထိုင်ရာ ရန်ကုန်မြို့ မင်္ဂလာဈေး ကားမှတ်တိုင်တွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူဖမ်းမိ  ခဲ့ပြီး  တရားဥပဒေဒစိုးမိုးရေး ကော်မတီ ဥက္ကဌကို လူထုကမလေးစား ကြသဖြင့် ရန်ကုန်တွင် ဒုစရိုက်မှု ပိုများလျှက်ရှိကြောင်း သတင်းရရှိသည်။

မန်ယူ ကစားသမားဟောင်း ဘလက်မိုး မြန်မာနိုင်ငံတွင် နည်းပြလုပ်ရန် စိတ်ဝင်စား

မြန်မာနိုင်ငံတွင် နည်းပြ လုပ်ရန် စိတ်ဝင်စားသည်ဟု မန်ယူ ကစားဟောင်း ဘလက်မိုးက ပြောသည်။

”နည်းပြ လုပ်ငန်းကို သဘောကျပါ တယ်။ လက်ရှိလည်း လူငယ်တွေကို နည်းပြနေပါတယ်။ မြန်မာနိုင်ငံ ကိုလည်း စိတ်ဝင်စားပါတယ်” ဟု ဇွန် ၉ ရက်နေ့ တွင် သုဝဏ္ဏ ဘောလုံးကွင်း အစည်းအ ဝေးခန်းမ၌ ပြုလုပ်သည့် ရန်ပုံငွေ ကစား ပွဲ အကြို စာနယ်ဇင်း ရှင်းလင်းပွဲတွင် ၄င်းကပြောသည်။

ဦးဇင်ယောက် ရောက်ပြီး နောက်တစ်ရက် မလေးရှားအခြေအနေ ချက်ချင်း ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွား

သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင် အသချာမှာကြားပြီး လွှတ်လိုက်သော နိုင်ငံခြားရေး ဒုဝန်ကြီး ဦးဇင်ယော်  ရောက်ပြီး နောက်တစ်ရက် မလေးရှားအခြေအနေ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန် သွားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးလို့ ဦးရွှေမန်းပြော


shweman-305.jpg
ဝုဒရိုးဝီလဆင်စင်တာမှာ ဇွန်လ ၁၃ ရက်နေ့က သူရဦးရွှေမန်း မိန့်ခွန်းပြောနေစဉ်

ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ မှာ နေထိုင်သူတွေဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ် လို့ ပြောဆိုပေမယ့် မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ ရိုဟင်ဂျာဆိုတာမရှိဘူး လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။

Friday, June 14, 2013

အိုးအိမ်ပိုင်ဆိုင်မှု ရှိစေရန် ရန်ကုန် ၅၁ လမ်းအိမ်ရာနေ ပြည်သူများ ခေတ္တပြောင်းရွှေ့ပေးရမည်


ရန်ကုန် ၊ ၁၄-၆-၂၀၁၃

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန မှ ပိုင်ဆိုင်သည့် ဗိုလ်တထောင် မြို့နယ် ၊ (၅၁)လမ်း အိမ်ရာအား အဆင့်မြင့်တင် ပြန်လည် တည်ဆောက်မည် ဖြစ်၍ အိမ်ရာ စခန်းနေ ပြည်သူများအား ပြောင်းရွှေ့ စရိတ် အသီးသီး ပေးကာ ခေတ္တ ပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ဗိုလ်တထောင် ရုံးခွဲ၏ ထုတ်ပြန်ချက် အမှတ် အခရ/ရက/ ဗတထ (၅၁)လမ်း ၂၀၁၃ /၀၅၆ အရ ၂၀၁၃ ခုနှစ် မေလ ၂၈ ရက် ရက်စွဲပါ စာအရ သိရသည်။

ပခုက္ကူမြို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုကြောင့် စာသင်ကျောင်းရှေ့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့

Photo: ပခုက္ကူမြို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် 
လှုံ့ဆော်မှုကြောင့် စာသင်ကျောင်းရှေ့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့
Friday, June 14 , 2013 

ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ ရိပ်သာလမ်းပေါ်ရှိ အ.မ.က (၁၇) ကျောင်းရှေ့တွင်
 ယနေ့ (၁၃ ရက်နေ့)မွန်းလွဲ ၁ နာရီ အချိန်ခန့်၌ 
ဆိုင်ကယ်လေးစီးက''စာသင်ကျောင်းအား မီးရှို့နေပြီ'' ဟု အော်ဟစ် 
ထွက်ပြေးသွားရာမှ ကျောင်းသားမိဘများမှာ သက်ဆိုင်ရာ ကျောင်းများရှေ့တွင် 
ကလေးငယ်များကို ပြန်လည် ခေါ်ယူရန် ရောက်ရှိလာခြင်းကြောင့် လူစုလူဝေး 
ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း 
သတင်းရရှိသည်။

ထိုသို့ ဖြစ်ပေါ်ခဲ့ရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက 
ကျောင်းများရှေ့တွင် စုရုံးရောက်ရှိနေသော ကျောင်းသား မိဘများအား 
မည်သည့်ပြဿနာမှ ဖြစ်ပွားခြင်း မရှိကြောင်း၊ ကျောင်းများအားလုံးမှာ 
အေးချမ်းစွာ စာသင်ကြားလျက်ရှိကြောင်း ဖြေရှင်းပြီး အားလုံးလူစုခွဲရန်၊ 
သင်ကြားရေးအား အနှောင့်အယှက် မပြုရန် ရှင်းလင်းပြောကြားခဲ့သည့် အတွက် 
မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။

''ပြဿနာဖြစ်အောင် ဖန်တီးတဲ့ လှုံ့ဆော်မှုတွေပါ။ အမှတ်(၃)ရပ်ကွက်မှာ ရှိတဲ့ 
အ.မ.က (၁၇)ကျောင်းရှေ့မှာ ဆိုင်ကယ်လေးစီးကနေ စာသင်ကျောင်းတွေကို 
မီးရှို့နေပြီလို့ အော်ပြေးသွားတဲ့အတွက် လူစုလူဝေး ဖြစ်သွားတာပါ။ အခြေအနေကို
 အေးအေးဆေးဆေးဖြစ်အောင် ထိန်းသိမ်းနိုင်ပါပြီ။ လက်ရှိတော့ 
စာသင်ကျောင်းတွေရှေ့မှာ ရဲလုံခြုံရေးတွေ ချထားပါတယ်'' ဟု မြို့နယ် 
အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြို့ခံများကြားတွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာများ ပေါ်ပေါက်ရန်အတွက် 
လှုံ့ဆော်ဖန်တီးခြင်း ဖြစ်နိုင်ကြောင်း၊ ထိုကဲ့သို့''စာသင်ကျောင်းတွေကို 
မီးရှို့နေပြီ'' ဟု လှုံ့ဆော်အပြီး မြို့ထဲရှိ လမ်းများပေါ်တွင် အရက်သောက်သုံး
 ထားသည်ဟု ယူဆရသော သူများမှာ တုတ်၊ ဓားများဖြင့် သွားလာနေသည်ကို 
တွေ့မြင်ရပြီး ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ထိန်းသိမ်းနေကြောင်း 
သိရသည်။

ယခုကိစ္စ မဖြစ်ပွားမီ ဇွန် ၁၂ ရက်ညကလည်း သီရိဂေဟာလမ်းရှိ အိမ်တစ်အိမ် 
အတွင်းသို့ အမျိုးသမီးတစ်ဦး ထူးထူးခြားခြား ၀င်ရောက်ခဲ့သည်ဟု သိရသည်။ 
''မနေ့ည ၁၂ နာရီလောက် ကျွန်မတို့ အိမ်တံခါးကို အတင်းတွန်းဖွင့်ပြီး 
အိမ်ထဲကို အမျိုးသမီးတစ်ဦး ၀င်လာတယ်။ ဘာလို့ အိမ်ထဲကို ၀င်တာလဲ၊ 
ဘာလုပ်တာလဲ မေးတော့ ကျွန်မတို့ကို ပြူးပြူးကြီး ပြန်ကြည့်တယ်။ မေးတာကို 
ပြန်ဖြေတာလည်း ကျွန်မတို့မသိတဲ့ စကားတွေနဲ့ ပြန်ဖြေတယ်။ ကုလားဘာသာစကား 
ဖြစ်မယ်ထင်တယ်။ အိမ်ထဲကနေသူကို အတင်း ထွက်ခိုင်းလိုက်ရတယ်။ နောက်တစ်ခါ 
ပြန်လာတော့ လူကြီးတွေကနေ ဘာလာလုပ်ပြန်တာလဲ။ သွားဆိုပြီး နှင်ထုတ်လိုက်မှ 
ထွက်သွားတယ်။ တခြားနေရာက ဖြစ်မယ်ထင်တယ်'' ဟု အဆိုပါ အမျိုးသမီးက 
ပြောကြားခဲ့သည်။

EMG

ပခုက္ကူမြို့၊ အ.ထ.က (၁) ကျောင်းရှေ့တွင် လူစုလူဝေး မဖြစ်ပေါ်ရန် 
ရှင်းလင်းနေသည်ကို တွေ့ရစဉ်

ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ ရိပ်သာလမ်းပေါ်ရှိ အ.မ.က (၁၇) ကျောင်းရှေ့တွင် ယနေ့ (၁၃ ရက်နေ့)မွန်းလွဲ ၁ နာရီ အချိန်ခန့်၌ ဆိုင်ကယ်လေးစီးက''စာသင်ကျောင်းအား မီးရှို့နေပြီ'' ဟု အော်ဟစ် ထွက်ပြေးသွားရာမှ ကျောင်းသားမိဘများမှာ သက်ဆိုင်ရာ ကျောင်းများရှေ့တွင် ကလေးငယ်များကို ပြန်လည် ခေါ်ယူရန် ရောက်ရှိလာခြင်းကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အီးယူမှ မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးအခွင့်အရေး တရားဝင် ပြန်လည်ပေးအပ်


အီးယူ(ဥရောပသမဂ္ဂ)မှ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူ ပြုစေရန် ကုန်သွယ်မှု အထူးအခွင့်အရေး ပြန်လည်ပေးအပ်ရန် ဇွန် ၁၂ ရက်က ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ကမ္ဘောဇကုမ္ပဏီအုပ်စု MAI လေကြောင်းလိုင်းကိုရာနှုန်းပြည့်ပိုင်ဆိုင်ပြီ

https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash4/p480x480/1001174_429337043830799_1302737009_n.jpg
နိုင်ငံတော်အစိုးရနှင့် အ ကျိုးတူဆောင်ရွက်နေသော အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI ကို ကမ္ဘောဇကုမ္ပဏီအုပ်စုက ၁၀၀ရာခိုင်နှုန်း (တစ်ဦးတည်းပိုင်) ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ ဒါရိုက်တာ ဦးညိုမြင့်ကပြောသည်။

ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသည့် ဘာသာအဖြစ် ကမ္ဘာက သိစေရန်ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲ ကျင်းပ


https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-frc1/p480x480/1004020_588215201219122_1044191056_n.jpg
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နိုင်ငံတကာတွင် ဗုဒ္ဓဘာသာအပေါ် အထင်လွဲမှားမှုများ ရှိနေရာ ဗုဒ္ဓဘာသာကို ငြိမ်းချမ်းသည့် ဘာသာအဖြစ် ကမ္ဘာက သိစေရန်နှင့် ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ဇွန် ၁၃ ရက်မှစတင်ပြီးရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့ရှိဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက် တွင် ကျင်းပခဲ့သည်။

ကနေဒါ တို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးစနစ် အမေရိကန်တို့ အတွက် စံနမူနာဖြစ်

Photo: ကနေဒါ တို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးစနစ် အမေရိကန်တို့
 အတွက် စံနမူနာဖြစ်

ကနေဒါနိုင်ငံ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ခွဲစိတ်ကုသမှု စနစ်သည် 
အမေရိကန် တို့အတွက် စံနမူနာ တစ်ခု ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများ၏ 
ပြောကြားချက် အရ သိရသည်။
အမေရိကန် တို့၏ စနစ်မှာ လတ်တလော အခြေ အနေတွင် ဗဟို အစိုးရ တရားသူကြီး 
တစ်ဦးက သေကောင်ပေါင်းလဲ ဖြစ်နေသော ကလေးလူနာ နှစ်ဦးကို လူကြီးကိုယ် 
အင်္ဂါအစိတ်အပိုင်း အစားထိုး ခွဲစိတ် ကုသရန် ဦးစားပေး အမည်စာရင်းတွင် 
ထိပ်ဆုံးနေရာသို့ တင်ပေးရန် တရားရုံး ဆုံးဖြတ် ချက်ချမှတ် 
ပေးလိုက်သည့်အတွက် ဦးစားပေး အစီအစဉ် ရှေ့နောက်ကိစ္စရပ်အား အချေ အတင် ပြော 
ဆိုရန် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာသည်။

ကနေဒါနိုင်ငံတွင် ခန္ဓာကိုယ် အစိတ်အပိုင်း အလှူခံ ရရှိရေးအတွက် 
လျှောက်ထားကြသူ လူနာများ အားလုံး ကလေး ဖြစ်စေ၊ လူကြီးဖြစ်စေ စာရင်းသီးခြား 
ခွဲမထားဘဲ ကလေးနှင့် လူကြီး လူနာ စာရင်းကို တစ်ခုတည်းသာ ထား၍ အစဉ် လိုက် 
ဦးစားပေး အစီအစဉ် သတ်မှတ်ထားသည်။

အမေရိကန် နိုင်ငံတွင် အချို့စီရင် ဆုံးဖြတ် လုပ်ဆောင်မှုများအရ ကလေးနှင့် 
လူကြီး လူနာ သီးခြား စာရင်း ထားရှိသည်။ အသက် ၁၂ နှစ်အောက် 

Read more >>http://bit.ly/197cvxc

ကနေဒါနိုင်ငံ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ခွဲစိတ်ကုသမှု စနစ်သည် အမေရိကန် တို့အတွက် စံနမူနာ တစ်ခု ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများ၏ ပြောကြားချက် အရ သိရသည်။
အမေရိကန် တို့၏ စနစ်မှာ လတ်တလော အခြေ အနေတွင် ဗဟို အစိုးရ တရားသူကြီး တစ်ဦးက သေကောင်ပေါင်းလဲ ဖြစ်နေသော ကလေးလူနာ နှစ်ဦးကို လူကြီးကိုယ် အင်္ဂါအစိတ်အပိုင်း အစားထိုး ခွဲစိတ် ကုသရန် ဦးစားပေး အမည်စာရင်းတွင် ထိပ်ဆုံးနေရာသို့ တင်ပေးရန် တရားရုံး ဆုံးဖြတ် ချက်ချမှတ် ပေးလိုက်သည့်အတွက် ဦးစားပေး အစီအစဉ် ရှေ့နောက်ကိစ္စရပ်အား အချေ အတင် ပြော ဆိုရန် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာသည်။

ရေအောက်ဟိုတယ် ဆောက်မယ်

https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-frc3/p480x480/996179_429761310455039_915854598_n.jpgရေအောက်ဟိုတယ် ဆောက်မယ် မော်လ်ဒိုက်ဗ်ကျွန်းက ကမ္ဘာ့အကြီးဆုံး ရေအောက်ဟိုတယ် ဖြစ်လာမဲ့ ဒီဇိုင်းပုံတူဖြစ်ပါတယ်။ ရွေ့လျားနိုင်တဲ့ အခန်း၁၂ ခန်းပါတဲ့ ဟိုတယ်ကို ရဟတ်ယဉ်နဲ့သွားရမယ်လို့ ဆိုပါတယ်။ လူတွေကတော့ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ထဲကလို အဆောက်အဦးမျိုးလို့ ပြောနေပါတယ်။ ပြင်ဆင်ဖို့ လိုအပ်လာရင် ရေပေါ်ကို ရွှေ့ပြီး ပြင်ရမှာမို့ အခန်းအလိုက် ရွှေ့နိုင်အောင် ဒီဇိုင်းရေးဆွဲနေတယ်လို့ ဆိုပါတယ်။ ပိုလန်သား ဒီဇိုင်းပညာရှင်က ရေးဆွဲနေတာ ဖြစ်ပြီး ဒေါ်လာ သန်း ၅၀ ကုန်မယ်လို့ ဆိုပါတယ်။


“သရုပ်ဆောင် ကိုနေထူးနိုင်နှင့် တေးသံရှင် မမြသင်းချယ်မိသားစုကနာရေးကူညီမှုနှင့်အခြား လူမှုရေးများ အတွက် အလှူငွေ ကျပ်သုံးသိန်းလှူဒါန်း”

Photo: “သရုပ်ဆောင် ကိုနေထူးနိုင်နှင့် တေးသံရှင် 
မမြသင်းချယ်မိသားစုကနာရေးကူညီမှုနှင့်အခြား လူမှုရေးများ အတွက် အလှူငွေ 
ကျပ်သုံးသိန်းလှူဒါန်း”
Friday, June 14 , 2013 

၉.၆.၂ဝ၁၃ ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင် 
သရုပ်ဆောင် ကိုနေထူးနိုင်နှင့်ဇနီး တေးသံရှင် မမြသင်းချယ် (မိသားစု)တို့မှ 
နာရေးကူညီမှုနှင့်အခြားသော လူမှုရေးများ အတွက် အလှူငွေ ၃ဝဝဝဝဝိ/- (သုံးသိန်း)
 ကျပ်တိတိအား လာရောက်လှူဒါန်းခဲ့သည်။ 

ကိုနေထူးနိုင်သည် လွန်ခဲ့သော တစ်ပါတ်ခန့်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် 
ဗီဒီယို ဇာတ်ဝင်ခန်းတခုအား လာရောက် ရိုက်ကူးခဲ့ရာ အသင်း၏ 
လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားပေးကူညီလိုစိတ်များ ဖြစ်ပေါ်ကာ ယခု ကဲ့သို
 ဇနီးဖြစ်သူ မမြသင်းချယ်၏ မွေးနေ့နှင့် ၁၄.၆.၂ဝ၁၃ သောကြာနေ့တွင် Central 
Hotel တွင် စီးရီး သီချင်းခွေ မိတ်ဆက်ပွဲပြုလုပ်မည့် သူမ၏ 
“မောင်အရင်လိုမဟုတ်တော့ဘူး” အမည်ရှိ CD, DVD KAEAOKE အခွေထွက်ရှိမည့် 
အထိမ်းအမှတ်အဖြစ် လာရောက်လှူဒါန်းခြင်း ဖြစ်သည်။

ထိုကဲ့သို့သော ပရိတ်သတ်၏ အားပေးမှုဖြင့် အနုပညာလောကတွင် လျှောက်လှမ်းနေကြသော
 အနုပညာရှင်များ အနေ ဖြင့် ယခုကဲ့သို့ အများပြည်သူအကျိုးလုပ်ငန်းများအား 
လှူဒါန်းခြင်းသည် ပရိသတ်အား ကျေးဇူးဆပ်ခြင်း ပင်ဖြစ်သည်ဟု ကျွန်တော်တို့ 
လူမှုရေးသမားများ ခံယူမိပါသည်။ 

ထိုကြောင့် ပရိသတ်များအတွက် ကျေးဇူးဆပ်သောအားဖြင့် 
နာရေးကူညီမူအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများအတွက် 
လာရောက်လှူဒါန်းခဲ့ကြသော သရုပ်ဆောင် ကိုနေထူးနိုင်နှင့် တေးသံရှင် 
မမြသင်းချယ် မိသားစုတို့၏ မြင့်မြတ်သောအလှူဒါနအား အနုပညာချစ်သော 
ပရိသတ်တို့အား မျှဝေ မုဒိတာပွားစေနိုင်ဖို 
့နာရေးကူညီမူအသင်း(ရန်ကုန်)ကသတင်းထုတ်ပြန်ပါသည်။

Popular Journal
၉.၆.၂ဝ၁၃ ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင် သရုပ်ဆောင် ကိုနေထူးနိုင်နှင့်ဇနီး တေးသံရှင် မမြသင်းချယ် (မိသားစု)တို့မှ နာရေးကူညီမှုနှင့်အခြားသော လူမှုရေးများ အတွက် အလှူငွေ ၃ဝဝဝဝဝိ/- (သုံးသိန်း) ကျပ်တိတိအား လာရောက်လှူဒါန်းခဲ့သည်။

အလွန်အရမ်းမရှုတ်ကြိုက်သောအိုဘားမား

အော် ခက်တော့နေပြီဗျ ခုခေတ်စစ်ခွေးလေးတွေ သူများအပုပ်ချဖို့ဆို 
ပင်လယ်ထဲမှာတောင် ရေမရှိတော့ဘူးလို့လိမ်မဲ့ကောင်တွေကြီးပဲ။

အိုဘားမား အမေစုကိုနမ်းတယ် နှုတ်ဆက်အနမ်း ဖြူစင်ပါတယ်ဗျာ 
ဘာအရောင်မှမရှိပါဘူး။ခင်ဗျာတို့ထင်သလို၊ တွေးသလို မဟုပ်ပါဘူးဗျာ။ 
တနာစိတ်နဲ့တွေးရင်တော့ ကျုပ်လဲတွေးတက်ပါတယ် "ခင်းများတို့ အမေ နှမတွေ 
အနမ်းမခံရလို့ မစားရတဲ့အမဲသဲနဲ့ပက်တာပေါ့" အဲလိုလေးတွေကြည့် 
လိုက်မိတယ်။

တစ်ကယ်တန်းသာ ပြောကျေးဆို ဦးသိန်းစိန်တုံးကရော၊ ပိုဆိုးတယ်နော် 
ယောက်င်္ကျားခြင်းနမ်းတာ။ အခြောက်လို့ပြောရင် ခင်ဗျားတို့ ၀ိုင်းဟောင်ကြမှာ 
သေချာတယ်။
အိုဘားမားက ဒေါ်စုကိုပဲနမ်းတယ်လို့ သိထားတဲ့ ပညာမဲ့ ချီးစားစစ်ခွေးလေးတွေ 
ကြည့်ဖို့ ပုံပါတင်ပေးလိုက်တယ်။ စိတ်ပါရင် တခြားလူတွေပါ 
လိုက်ဝေဖန်လိုရတယ်။ 

အင်္ဂလိပ်လိုတော့ ရေတက်၊ ဖတ်တက်အောင်အရင်သင်ကြ။ တော်ကြာဦးသိန်းစိန်လို Move 
Forwaed တစ်လုံးထဲနဲ့ သွားဝေဖန်ရင် ဟိုကသေးနဲ့ကော့ပန်းလိုက်လိမ့်မယ်။

(တစ်ကောင်ဘွား)
အော်ခက်တော့နေပြီဗျခုခေတ်စစ်ခွေးလေးတွေသူများအပုပ်ချဖို့ဆိုပင်လယ်ထဲမှာတောင် ရေမရှိတော့ဘူး လို့လိမ်မဲ့ကောင်တွေကြီးပဲ။အိုဘားမား အမေစုကိုနမ်းတယ် နှုတ်ဆက်အနမ်း ဖြူစင်ပါတယ်ဗျာ ဘာအရောင်မှမရှိပါဘူး။ခင်ဗျာတို့ ထင်သလို၊ တွေးသလို မဟုပ်ပါဘူးဗျာ။ တနာစိတ်နဲ့တွေးရင်တော့ ကျုပ်လဲတွေးတက်ပါတယ် "ခင်းများတို့ အမေ နှမတွေ အနမ်းမခံရလို့ မစားရတဲ့အမဲသဲနဲ့ပက်တာပေါ့" အဲလိုလေးတွေကြည့် လိုက်မိတယ်။

အကြမ်းဖက်မှု ထပ်မဖြစ်ရေး မလေးရှားအစိုးရ မြန်မာတွေကို သတိပေး

Photo: အကြမ်းဖက်မှု ထပ်မဖြစ်ရေး မလေးရှားအစိုးရ မြန်မာတွေကို သတိပေး
Thursday, June 13, 2013

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကို 
ထပ်မံ မဖန်တီးရန် မလေးရှား အစိုးရ က သတိပေးလိုက်ပါတယ်တဲ့။

မလေးရှား ပြည်ထဲရေး ဒု ၀န်ကြီးက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့ 
မြန်မာနိုင်ငံသား ၂၅၀ လောက်နဲ့ တွေ့တုံးက အဲဒီလို ပြောလိုက်တာဖြစ်တယ်လို့ 
အေပီ သတင်းဌာန သတင်းတပုဒ်မှာ ဆိုပါတယ်။

အဲဒီအဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေမှာ တရားဝင် အထောက်အထား 
စာရွက်စာတမ်း တစုံတရာည မရှိသူတွေလည်း ပါတယ်လို့ သိရပြီး ဘယ်လို 
အရေးယူသွားမယ်ဆိုတာတော့ မရှင်းလင်းသေးပါဘူး။။

ဒီအပြင် မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာ ဒု နိုင်ငံခြားရေး ၀န်ကြီး 
ဦးဇင်ယော်ကတော့ မြန်မာနိုင်ငံ သားတွေ အနေနဲ့ မလေးရှား နိုင်ငံရဲ့ ဥပဒေကို
 လေးစား လိုက်နာဖို့ လိုအပ်တယ်လို့ ပြောတယ်လို့လည်း သိရပါတယ်။

သူဟာ မကြာသေးခင်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ 
အခက်အခဲတွေကိုညှိနှိုင်းဖြေရှင်းပေးဖို့ မလေးရှားနိုင်ငံ
ကို ဇွန်လ ၁၁ ရက်နေ့က ရောက်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံး
ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပေါ်ခဲ့ပြီး မလေး ရှားရောက် 
မြန်မာနိုင်ငံ သားတွေအကြား စိုးရိမ်မှုတွေ ဖြစ်လာတာပါ။

မလေးရှား အစိုးရကတော့ အဆိုပါ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံခဲ့
ရတဲ့ကိစ္စတွေအတွက် လူ ၃ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ဖော်ထုတ်
အရေးယူပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

အခုဆိုရင် မလေးရောက်မြန်မာတွေအတွက် နေရပ်ပြန်လိုတဲ့
မြန်မာနိုင်ငံ သားတွေအတွက် စာနာမှု အကူအညီတွေကို မြန်မာ လုပ်ငန်းရှင်ကြီးတွေ
 အပါအ၀င် စေတနာရှင်တွေက အလှူငွေတွေပေး
အပ်နေပါတယ်။

ဧရာဝတီblog
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကို ထပ်မံ မဖန်တီးရန် မလေးရှား အစိုးရ က သတိပေးလိုက်ပါတယ်တဲ့။

ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့

Photo: ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့
Thursday, June 13, 2013

ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေ ပါသလား။

ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်း ပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကို 
စမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာကိုယ် 
တစ်ခုလုံး ပေါ်က သေးငယ် တဲ့ သွေးကြော လေးအပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင်
 ကောင်းကောင်း သက်ရောက် စေ တယ်လို့ တွေ့ရှိထား ပါတယ်။ အဲဒီ ပစ္စည်းဟာ 
သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။

မျက်စိ ကျိန်းခြင်း၊ မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens) 
ပျက်စီး နိုင်ခြေ၊ အတွင်းတိမ် ရောဂါ ခံစားရ နိုင်ခြေ၊ မျက်ကြည်လွှာ 
ထိခိုက်မှု ကြောင့် အမြင်အာရုံ ဆုံးရှုံးနိုင်ခြေ စသည့် အခွင့်အလမ်း များကို 
လျော့ နည်း စေပါတယ်။ မျက်လုံး ပတ်ဝန်း ကျင်မှာရှိတဲ့ အရေပြားတွင် အရေး 
အကြောင်း ဖြစ်ပေါ်လာမှုကို လျှော့ချ နိုင်တယ်။ အသက်ကြီး လာသည့်အခါ အမြင်အာရုံ
 ကြည်လင် စေရန်လည်း အထောက်အကူ ပြုစေနိုင်ပါတယ်။

ရိုးရာလေး
ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေ ပါသလား။
ဒါဆိုရင် ပရိုအန်သိုဆိုင်ယန်နင်းပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကိုစမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံး ထဲက သွေးကြောအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံး ပေါ်က သေးငယ်တဲ့ သွေးကြော လေးအပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင် ကောင်းကောင်းသက်ရောက်စေတယ်လို့ တွေ့ရှိထားပါတယ်။ အဲဒီ ပစ္စည်းဟာ သွေး မျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။

ဒုက္ခသည် လက်မှတ်အတုနဲ့ မြန်မာများကို မလေးရဲများ မေးမြန်းနေ

Photo: ဒုက္ခသည် လက်မှတ်အတုနဲ့ မြန်မာများကို မလေးရဲများ မေးမြန်းနေ
***********************************

ပြီးခဲ့တဲ့သတင်းပတ်က ထိမ်းသိမ်းခဲ့တဲ့ မြန်မာ ၁၀၅၄ ဦးထဲမှာ UNHCR 
ဒုက္ခသည်ကဒ်အတုကိုင်ဆောင်သူ ၃၀၇ ဦးကို တွေ့ရတယ်လို့ ဆိုပါတယ်။ 
ကွာလာလမ်ပူရဲအရာရှိတွေက သူတို့ကို မေးမြန်းနေပါတယ်။

"စုံစမ်းစစ်ဆေးမှုက အခုမှစတာပါ။ ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ 
သိချင်တယ်။" - လို့ ရဲမှူးက ပြောပါတယ်။ စုံစမ်းသိရတဲ့ အချက်တွေကို 
ရှေ့နေချုပ်ထံ ၂ ပတ်အတွင်း ပေးပို့မှာပါ။ ဒီအမှုကို ရာဇ၀တ်မှုအဖြစ် 
စွဲဆိုသွားမယ်လို့ ဆိုပါတယ်။

မြန်မာမွတ်ဆလင်နဲ့ ဗုဒ္ဒဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေ
ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့သောကြာနေ့က မြန်မာ တထောင်ကို ၇ဲက 
ခေါ်ယူမေးမြန်းခဲ့ချိန်မှာ အခုလို ကဒ်အတုတွေ တွေ့ရတာ ဖြစ်ပါတယ်။

သူတို့ဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ဒုက္ခသည် အဖြစ် 
မှတ်ပုံမတင်ထားရင်တောင်မှ သူတို့က နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်တယ်ဆိုရင်
 ကူညီနိုင်တယ်လို့ UNHCR ရဲ့ပြောခွင့်ရအမျိုးသမီး ရန်တေ အစ္စမေးက ပြောပါတယ်။
 ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လိုအပ်ရင် 
ဒုက္ခသည်အဖြစ်လျှောက်ထားနိုင်သလို ဖမ်းဆီးမှု၊ နေရပ်ပြန်ပို့မှု တို့ မပြုဖို့
 ကူညီပြောဆိုပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

မလေးရှားရဲတွေက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း အကြမ်းဖက်မှုတွေ 
ရပ်တန့်သွားကြောင်း ပြောပါတယ်။ Z


ကိုးကား-http://thestar.com.my/news/story.asp?file=%2F2013%2F6%2F11%2Fnation%2F13222984&sec=nation

ပြီးခဲ့တဲ့သတင်းပတ်က ထိမ်းသိမ်းခဲ့တဲ့ မြန်မာ ၁၀၅၄ ဦးထဲမှာ UNHCR ဒုက္ခသည်ကဒ်အတုကိုင်ဆောင်သူ ၃၀၇ ဦးကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကွာလာလမ်ပူရဲအရာရှိတွေက သူတို့ကို မေးမြန်းနေပါတယ်။
"စုံစမ်းစစ်ဆေးမှုက အခုမှစတာပါ။ ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ သိချင်တယ်။" - လို့ ရဲမှူးက ပြောပါတယ်။ စုံစမ်းသိရတဲ့ အချက်တွေကို ရှေ့နေချုပ်ထံ ၂ ပတ်အတွင်း ပေးပို့မှာပါ။ ဒီအမှုကို ရာဇ၀တ်မှုအဖြစ် စွဲဆိုသွားမယ်လို့ ဆိုပါတယ်။

မလေးရှားရောက် ပြည်တွင်း လုပ်သားများ ပြန်လည် ရောက်ရှိပါက Air Bagan တွင် အလုပ်နေရာများ စီစဉ်ပေး သွားရန်ရှိ

မလေးရှား နိုင်ငံမှာ အခက်အခဲ ဖြစ်နေတဲ မြန်မာ လုပ်သားများ ပြည်တွင်းကို ပြန်လည် ရောက်ရှိ လာပါက Air Bagan နဲ့ ဆက်စပ် လျက်ရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်ပြန်လည် ခန့်အပ်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလို အလုပ် ခန့်အပ်ရာမှာ မလေးရှားမှ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ လာသူ အားလုံးကို မဟုတ်ဘဲ ကုမ္ပဏီ ဘက်မှ သတ်မှတ် ထားတဲ့ အရည်အချင်း ရှိသူများသာ Air Bagan  နဲ့ ဆက်စပ် လုပ်ငန်းများရဲ့ လစ်လပ်တဲ့ နေရာများမှာ လာရောက် လျှောက်ထားနိုင်ပြီး ဦးစားပေး ရွေးချယ် ခန့်အပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လူထု၏ အားပေးမှုကြောင့် ဦးပိုင် ထုတ် ၁၅၀၀ တန် ဆင်းကဒ်အတွက် ၅၀၀၀ တန် ငွေဖြည့်ကဒ်များ ဈေးကွက်တွင် ပြတ်လပ်

ရန်ကုန်မြို့တွင်း ဖုန်းဆိုင်အများစုတွင် ၁၅၀၀ တန်
ဆင်းကဒ်များအတွက် ၅၀၀၀ တန် ငွေဖြည့်ကဒ်များ
ဈေးကွက်တွင် ဝယ်ယူ၍ မရကြောင်း ရန်ကုန်မြို့တွင်း
ဖုန်းဆိုင်များမှ သိရသည်။

တင်ပြီးသား post များ

3D