၁၂-၆-၂၀၁၃
ထိုင်းနိုင်ငံတွင် ခွဲထွက်ရေး မွတ်ဆလင် သူပုန်အဖွဲ့ များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသော်လည်း မငြိမ်မသက် ဖြစ်နေသည့် ထိုင်းနိုင်ငံ တောင်ပိုင်း ၌ အရေးပေါ် အခြေအနေ ကြေညာချက် အမိန့် ထုတ်ပြန်ထားမှု အား သက်တမ်း ၃ လတိုးမြှင့်ရန် ထိုင်းအစိုးရက ဇွန်လ ၁၀ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမှတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ သက်တမ်း တိုးမြှင့်မှုသည် ဇွန်လ ၂၀ ရက်နေ့မှ စတင် အကျိုး သက်ရောက်မည် ဖြစ်ပြီး ပတ္တနီ ၊ ယာလာ နှင့် နာရီသ၀ပ် ပြည်နယ် တို့တွင် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွား နေသဖြင့် အရေးပေါ် အခြေအနေ ကြေညာချက် အားသက်တမ်း တိုးမြှင့်ရန် လိုအပ်ကြောင်း အစိုးရအဖွဲ့ လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ Pakdiharn Himthongkham က ပြောကြား ခဲ့သည်။
ထို့အပြင် ဆောင်ခလာ ပြည်နယ် Chana , Thepha , Sabayoi နှင့် Nathawi ခရိုင် နှင့် ပတ္တနီ ပြည်နယ် Mae Lan ခရိုင်တို့တွင် ပြည်တွင်း လုံခြုံရေး အက်ဥပဒေ ( ISA ) အား နောက်ထပ် သက်တမ်း တစ်နှစ် ထပ်မံ တိုးမြှင့်ရန် အစိုးရ အဖွဲ့က အတည်ပြု ခဲ့သည်။ ပတ္တနီ ပြည်နယ်တွင် ဇွန်လ ၁၀ ရက်နေ့ အစောပိုင်း၌ လမ်းဘေးဗုံး ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ရာ ထိုင်းရိန်းဂျား စစ်သား တစ်ဥင်္း သေဆုံးခဲ့ပြီး အခြားတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ အစိုးရ နှင့် သူပုန်အဖွဲ့တို့ အကြား တတိယ အကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးမှု များအား ဇွန်လ ၁၃ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ် ထားကြောင်း သိရှိရသည်။
မြဝတီ

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...