သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, March 23, 2013

မျောက်ကလေးရဲ့ဒုက္ခ

တစ်ခါတုန်းက လူနဲ့အတော်ယဉ်ပါးတဲ့ မျောက်တစ်ကောင် ရှိတယ်။
လူတွေကြားထဲမှာ သွားလာနေထိုင်ပြီး လူတွေကျွေးတာ စားသောက် အသက်ရှင်ခဲ့တယ်။
တစ်နေ့တော့ သူဌေးကြီးတစ်ဦးအိမ်နားရောက်သွားတယ်။
အဲ့ဒီသူဌေးကြီးက အတော်ချမ်းသာတယ်။ မင်းပေါက် စိုးပေါက်သူဌေးကြီးဖြစ်ပြီး
ခြွေရံသင်းပင်းတွေလည်း အတော်များတယ်။ သူ့ပါးစပ်က တစ်ခွန်းပြောတာနဲ့ကိစ္စအားလုံးပြီးတယ်။
ဒါပေမဲ့ သူသားတစ်ယောက်ကိုတော့ ပြောလို့မရနိုင်ဘူး။
ပညာကောင်းကောင်းသင်ခိုင်းတယ်။ မသင်ဘူး။ အရက် စားသောက် ပျော်ပါးလောင်းကစားနဲ့
မွေ့လျော်တယ်။ မကောင်းတာမှန်သမျှဆိုပါတော့ သူဌေးကြီး သူ့သားနဲ့ပတ်သက်ပြီး
စိတ်ဆင်းရဲနေရတယ် တနေ့မှာ သူ့သားကအရက်မှုးပြီး
လူတစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်လို့
လျော်ကြေးပေးလိုက်ရတယ် အဲဒါကိုသူဌေးကြီးက ဒုက္ခ ဒုက္ခ ညည်းတွားလိုက်တယ်...
ဒါကို မျောက်ကလေးကကြားတော့ ဒုက္ခဆိုတာဘာလဲ ဘယ်လိုအကောင်လဲ
ဆိုတာကို သိချင်စိတ်ပြင်းပြလာတယ် နောက်တစ်နေ့ရောက်ပြန်တော့ ဆင်းရဲသား အဘွား
အိုတစ်ယောက် ဝင်ငွေမရှိ စားစရာမရှိ သားသမီးကျောထောက်နောက်ခံ မရှိတာကြောင့်
သူများလာပေးတာကိုစားပြီး နေရတဲ့ဘဝမှို့ ဒုက္ခ ဒုက္ခ လို့အဘွားအိုက  ညည်းတွားလိုက်တယ်...
ဒါကို မျောက်ကလေးကကြားတော့ ဒုက္ခဆိုတာဘာကောင်လဲ အမျိုးအစားမတူဘူးထင်တယ်...
သူဌေးကြီးကလည်း ဒုက္ခ လို့ပြောတယ် ဆင်းရဲတဲ့ အဘွားကြီးကလည်း ဒုက္ခလိုဆိုတယ်
မျောက်ကလေးဟာခေါင်းခြောက်အောင် သူတွေးပြီး ဒုက္ခဆိုတဲ့ကောင်ကို အရမ်းတွေချင်နေတယ်
ဒီလိုနဲ့မျောက်ကလေးဟာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရောက်သွားတယ် ဘုန်းကြီးဟာ စားပွဲပေါ်က
ကြက်သားတုံး ဝက်သားတုံးတွေ ဘုဉ်းပေးပြီး ဒုက္ခ ဒုက္ခ ရွတ်ဆိုလိုက်တယ် တရားသဘော ဆင်ခြင်ပြီး
အနိစ္စ၊ ဒုက္ခ အနတ္တလို့ သတိနဲ့ တရားမှတ်ပြီး ဘုဉ်းပေးနေတာကို မျောက်ကမသိရှာဘူး
သူဌေးကြီးမှာလည်း ဒုက္ခရှိတယ်။
ဆင်းရဲသားမှာလည်း  ဒုက္ခရှိတယ်။
ဘုန်းတော်ကြီးမှာလည်း  ဒုက္ခရှိတယ်။
ငါ့မှာ ဘာဖြစ်လို့  ဒုက္ခမရှိရတာလဲ။  ဒုက္ခဆိုတာ အကောင်လား အဆောင်အယောင်လား ဘာလဲသိချင်
စိတ်ကများလာပြီး စပ်စုချင်လာတဲ့အတွက် မျောက်ကလေး  ဒုက္ခရှာပုံတော် ထွက်လာပါသတဲ့
ဟိုလူမေး ဒီလူမေးနဲ့ ဒုက္ခဆိုတာကို ဘယ်သူမှ မျောက်ကလေးကို ရေရေ ရာရာ မရှင်းပြနိုင်ကြဘူး
 ဒုက္ခရောက်ပြီဆိုရင် ကောင်းကောင်းမနေရဘူးဆိုတာလောက်သာ ကြားခဲ့ရတယ်...
တစ်နေ့တော့ လူတစ်ယောကဟာ  ဒုက္ခရှာနေတဲ့ မျောက်ကလေးနဲ့တွေတော့
မျောက်ကလေးကို အဲဒီလူက အထုပ်တစ်ထုပ်ပေးလိုက်တယ် ပြီးတော့ ဒုက္ခဆိုတာ
ဘာလဲသိချင်ရင် အခန်းတစ်ခန်းထဲဝင် တံခါးကို အသေအချာပိတ်ပြီး အထုပ်ကိုဖြေကြည့်ပါတဲ့
ဒုက္ခဆိုတာဘာလဲဆိုတာ သိသွာလိမ့်မယ်လို့ပြောလိုက်သတဲ့ အဲဒီလိုနဲ့ မျောက်ကလေးလည်းအဲဒီလူ
ပြောတဲ့အတိုင်း အခန်းတစ်ခန်းထဲဝင်ပြီး အသေအချာ ပိတ်ပြီး ပေးလိုက်တဲ့အထုပ်ကို ဖြေလိုက်တယ်
ဆိုရင်ပဲ အထုပ်ထဲကိုအထည်းခံရလို့ စိတ်တိုနေတဲ့ခွေဟာ မျောက်ကိုတွေ့တယ်ဆိုရင်ပဲ အသေလိုက်ပြီး
ကိုက်ပါလေရော မျောက်ကလေးလဲ ခွေလိုက်ကိုက်တော့ သူ့ခမျာ သေပြေးရှင်ပြေး ပြေးရတော့တယ်
နောက်ဆုံးတော့ ထုပ်တန်းပေါ် တက်ပြေးတော့မှ ခွေးရန်ကလွတ်သွားပါသတဲ့...
သြော်...ဒုက္ခဆိုတာဒါပဲကိုး လိုမျောက်ကလေးဟာ  ဒုက္ခကို တော်တော်ကြောက်သွာလေးတယ်
သူဘာသာရှိနေတဲ့ ဒုက္ခကို အတင်းလိုက်ရှာမိလို့ သေပြေးရှင်ပြေး ပြေးရတဲ့ငါ့ဒုက္ခကပိုကြီးပါလားလို့
မျောက်ကလေးတွေးနေပါသတဲ့.....


သတ္တဝါတိုင်း  ဒုက္ခဆင်းရဲနဲ့ ကင်းဝေကြပါစေ..

"(၃/၄) မိနစ်လောက် အချိန်ပေးပြီး ဖတ်လိုက်ပါ။"

( ၉ )နှစ်သားအရွယ် ကလေးငယ်တစ်ဦးက ပေးခဲ့တဲ့ သင်ခန်းစာ

ဒီဆောင်းပါးလေး ဖြစ်ပေါ်လာပုံကတော့ ဂျပန်နိုင်ငံ ဖူကူရှီးမားမြို့မှာ ရဲဝန်ထမ်း အဖြစ် ဝင်ရောက်လုပ် ကိုင်နေတဲ့ ဟာမင်းသန်း ဆိုတဲ့ ဗီယက်နမ် လူမျိုးက ဗီယက်နမ် နိုင်ငံမှာ ရှိနေတဲ့ သူ့သူငယ်ချင်းဆီ ရေးခဲ့တဲ့စာလေးက စခဲ့တာပါ ။ ကဲ ဒီဆောင်း ပါးထဲမှာ ပါတဲ့အတိုင်း ဤသည်မရွေး ရေးလိုက် ပါ့မယ် ။


ယင်းသည် ဂျပန်လူမျိုးတို့၏ စိတ်ဓါတ်အင်အား ကြံ့ခိုင်မှု့ ပြယုဂ် သာဓက တစ်ခုဖြစ်ပြီး ဖူကူရှီးမား နူကလီးယား ဓါတ်အား ပေးစက်ရုံရှိ ဂျပန်နိုင်ငံ၏ ဘေးဒုက္ခ ကြုံရာ ဗဟိုချက် အနီးမှ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်မှန် ဘဝ သရုပ်ဖေါ် ပြကွတ် တစ် ခုလည်းဖြစ်သည် ။ ၄င်းကို နယူး အမေရိက မီဒီယာမှ အင်ဒရူးလမ်းက ဘာသာပြန်၍ ရှန်ဟိုင်းနေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည် ။

အစ်ကို -

အစ်ကိုနဲ့မိသားစု နေကောင်းရဲ့လား ။ ဒီမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖရိုဖရဲနဲ့ ကစဥ့်ကလျား ဖြစ်ကုန်ပါတယ် ။ ကျွန်တော် မျက်လုံး မှိတ်လိုက်တဲ့ အခါ လူသေ အလောင်းတွေ မြင်နေရတယ် ဖွင့်လိုက်ရင်လည်း လူသေတွေပဲ မြင်နေရတယ် ။ ကျွန်တော်တို့ အားလုံး တစ်နေ့ကို နာရီ ( ၂၀ ) အလုပ်လုပ် ရပါမယ် ။ ဒါပေမယ့် တစ်နေ့ကို ( ၄၈ ) နာရီလောက်ရှိစေ ချင်မိတယ် ။ ဒီတော့မှ လူတွေကို ကူညီကယ်ဆယ်တာ ဆက်လုပ်နိုင်မယ် ။

ကျွန်တော်တို့မှာ ရေရောလျှပ်စစ်မီးပါ မရှိတော့ ပါဘူး စားနပ်ရိက္ခာ ခွဲတမ်း လည်း ကုန်သလောက် ဖြစ်နေပါပြီ ။ ကျွန်တော် တို့ဟာ ဒုက္ခသည်တွေကို အခြားတစ်နေရာပို့ပေးဖို့ အမိန့်သစ်မလာခင်မှာ ပြောင်းတယ်ရွှေ့တယ် ဆိုရုံလေး လုပ်ပေးနိုင် ပါတယ် ။ ခုလောလောဆယ် ကျွန်တော် ဖူကူရှီးမား မှာပါ ။ နူကလီးယား စက်ရုံနဲ့ ( ၂၅ ) ကီလိုမီတာ အကွာမှာပေါ့ ။ ကျွန်တော် အစ်ကို့ကို ရင်ထဲရှိသမျှ ရေးချလို့ရရင် ရေးချင် ပြောချင်တာတွေ အများကြီးပါ ။ ဘေးဒုက္ခကြုံတွေ့ချိန်မှာ လူသားတွေရဲ့ တစ်ဦးနဲ့ တစ်ဦး အပေါ် ဆက်ဆံရေးနဲ့ အပြုအမူတွေ အကြောင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ကောင်းကောင်း ကြီးရေးနိုင်လောက် ပါတယ် ။

ဒီကလူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိကြပါတယ် ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အပြုအမူ အပေါ်ထိန်းသိမ်းနိုင်တဲ့ အသိစိတ်ဟာ အံ့သြ လောက်ပါတယ် ။ ဒါကြောင့် အခြေအနေရပ်ရပ်ဟာ ထင်သလောက်ဆိုးဝါးမသွားတာပါ ဒါပေမယ့် နောက်တစ်ပါတ် ဆိုရင်တော့ သင့်တော်တဲ့ ကာကွယ်စောင့်ရှောက်မှု့နဲ့ စည်းစနစ်တကျရှိမှု့ကိုဆက်လက်ဆောင်ရွက်မပေးနိုင်တော့တဲ့ အခြေအနေထိ ရောက်မလာဘူးလို့တော့ အာမမခံနိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့လည်း လူသားတွေပဲလေ အစာရေစာငတ်မွတ်မှု့က ဂုဏ်သိက္ခာကို လွှမ်းမိုးသွား ( ဂုဏ်သိက္ခာ ထက် ပိုအားကောင်းသွား ) တဲ့ အခါမှာတော့ လုပ်စရာရှိတာ လုပ်ကြပါလိမ့်မယ် ။ အစိုးရက အစားအစာနဲ့ ဆေးဝါးတွေကို သယ်ယူပြီး ထောက်ပံ့မှု့တွေကို လေကြောင်းကနေ ပေးဖို့ ကြိုးစားနေပါတယ် ။ ဒါပေမယ့် ပင်လယ် သမုဒ္ဒရာထဲကို ဆားတစ်ဆုပ် ကြဲသလို သိပ်မထိရောက်ဘူး ဖြစ်နေတယ် ။

ဒါနဲ့ အစ်ကိုရေ ကျွန်တော့ရင်ကို တကယ်လှုပ်ခတ် သွားစေတဲ့ ဖြစ်ရပ် တစ်ခု ရှိတယ် ဒီဖြစ်ရပ်မှာ ဂျပန်ကလေးတစ် ယောက်က ကျွန်တော့လို အရွယ် ရောက် နေတဲ့ လူကြီးတစ်ယောက်ကို လူသားတစ်ယောက် အနေနဲ့ ဘယ်လိုပြုမူ သင့်တယ် ( ဘာလုပ်သင့်တယ် ) ဆိုတဲ့ သင်ခန်းစာကို ပေးသွားပါတယ် ။ မနေ့ညက ကျွန်တော် မူလတန်းကျောင်း တစ်ခုမှာ တာဝန် ကျတယ် ဒုက္ခသည်တွေကို စားစရာဝေတဲ့ စေတနာရှင် အဖွဲ့တစ်ခုကို ကူညီ ပေးဖို့ပါ ။ စားစရာဝေ တာကိုယူဖို့ စောင့်နေတဲ့ လူတန်းရှည်ကြီးဟာ မြွေလိမ် မြွေကောတ် လမ်းတစ်ခုလို အရှည်ကြီးပါပဲ အဲဒီမှာ ( ၉ ) နှစ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ကျွန်တော်တွေ့တယ် ။ ချာတိတ်လေးက တီရှပ်နဲ့ ဘောင်းဘီကို ဝတ်ထားတယ် ။

ရာသီဥတုက သိပ်ကို အေးနေပြီး ကောင်လေးကို လူတန်းကြီးရဲ့နောက်ဆုံးဆိုမှ တကယ့်နောက်ဆုံးမှာ . သူ့အလှည့် ရောက်တော့ စားစရာကျန်ပါ့မလားဆိုပြီး ကျွန်တော် စိုးရိမ်သွားမိတယ် ဒါနဲ့ ကျွန်တော် စကားသွားပြောကြည့်တော့ ငလျင်လှုပ်တဲ့ အချိန်မှာ သူကကျောင်းမှာ သူ့အဖေက ကျောင်းအနီးမှာ အလုပ်လုပ်တော့ ကျောင်းကိုကားနဲ့ လာနေတုန်း ဆူနာမီလှိုင်းလုံးကြီးက တိုက်ချသွားတာကို သူက ကျောင်းရဲ့ တတိယထပ် လသာဆောင်ကနေ လှမ်းမြင်လိုက်သတဲ့ ။

ကျွန်တော် သူ့အမေ အကြောင်းမေးကြည့်တော့ သူတို့အိမ်ဟာ ပင်လယ် ကမ်းခြေမှာ ရှိတဲ့ အတွက် သူ့အမေရော ညီမလေးပါ လွတ်နိုင်မှာ မဟုတ်ဘူး ဆူနာမီထဲပါသွားလောက်ပြီလို့ ပြောတယ် ။ သူ့ဆွေမျိုးသားချင်းတွေ အကြောင်းမေးတဲ့ အခါမှာ မျက်နှာကို တစ်ဖက်ကိုလှည့်ပြီး မျက်ရည်စတွေ သုတ်နေရှာတယ် ။ ကလေးက ချမ်းတုန်နေတာကြောင့် ကျွန်တော့်ရဲ့ အပေါ် အင်္ကျီ ကိုချွတ်ပြီး သူ့ကိုယ်ပေါ်တင်ပေးတော့ ကျွန်တော်ရထား တဲ့ စားစရာ ခွဲတမ်း ( ရာရှင် ) ထုပ်က ထွက်ကျသွားတယ် ကျွန်တော်ကောတ်ပြီး သူ့ကို ပေးရင်း ညီလေးအလှည့် ရောက်ရင် စားစရာကုန်ချင်ကုန်သွားမှာ ဒါက အစ်ကိုရထားတဲ့ ဝေစု အစ်ကိုတော့ စားပြီးပြီ ညီလေးစားလိုက်ပါ ဆိုတော့ ကောင်လေးက ကျွန်တော်ပေးတဲ့ စားစရာထုပ်ကို ယူပြီး ဦးညွတ် အရိုအသေ ပေးတယ် ။

သူချက်ချင်း စားလိမ့်မယ် ထင်ပေမယ့် မစားဘူးဗျာ သူက စားစရာ ထုပ်ကို ယူပြီး လူတန်းကြီးရဲ့ ဟိုးတစ်ဘက်စွန်း ထိယူသွား ပြီး ဝေဖို့ပုံထားတဲ့ စားစရာပုံထဲကို ထည့်လိုက်တယ်။ ကျွန်တော် တုန်လှုပ်သွားတာပေါ့ ဒါနဲ့ ဘာလို့ မစားပဲနဲ့ စားစရာပုံထဲ သွားထည့်တာလည်း ဆိုတော့ သူက ကျွန်တော့် ထက် ပိုပြီး ဆာနေတဲ့သူတွေ အများကြီးပါ ကျွန်တော် အဲဒီအထဲမှာ ထည့်လိုက်ရင် စားစရာကို ညီညီမျှမျှ ဝေပေးမှာပေါ့ တဲ့။

ကျွန်တော်ရင်ထဲဆို့သွားလို့ မျက်နှာကို တစ်ဖက်လွှဲလိုက်ရတယ် မျက်ရည် ကျတာကို လူတွေမမြင်အောင်လို့ပါ ။ မြင့်မြတ် တဲ့ ကောင်းကျိုးအတွက် စွန့်လွှတ် အနစ်နာခံခြင်း သဘောတရားကို နားလည် သဘောပေါက်တဲ့ ( ၉ ) နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို မွေးထုတ်ပေးနိုင်တဲ့ လူ့အဖွဲ့အစည်း ဟာ မြင့်မြတ်တဲ့ လူ့အဖွဲ့အစည်း ကြီးမြတ်တဲ့ လူသားတွေ ဖြစ်ကို ဖြစ်ရမှာပါ ။

အစ်ကိုနဲ့ အစ်ကို့မိသားစု ကျန်းမာ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ကျွန်တော့် တာဝန်ချိန်လည်း ပြန်စပါပြီ။

- ဟာမင်းသန်း ( Ha Minh Thanh )

စာလေးကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဆောင်းပါးရှင်က ထပ်ဖြည့်ထားပါ သေးတယ်

ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်

၁။ တည်ငြိမ်မှု့

ရင်ဘတ်စည်တီး ငိုကြီးချက်မ၍ ယူကျုံးမရ အပူလုံးကြွသူ မတွေ့ရ ။ သောကကို တည်ငြိမ်စွာ ဖြေဖျောက် နိုင်ကြသည် ။

၂ ။ ဂုဏ်သိက္ခာ

ရေနှင့် စားသောက်ကုန်များကို စည်းစနစ်တကျ တန်းစီယူကြသည် ကြမ်းတမ်းသော စကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။

၃။ စွမ်းရည်

သာဓကအားဖြင့် မယုံနိုင်လောက်အောင် တော်သော ဗိသုကာပညာရှင် များရှိသည်။ အဆောက် အအုံများသည် ယိုင်းယိုင် သွားသော်လည်း ပြိုမကျ ။

၎။ ထောက်ထားညှာတာမှု့

လောလောဆယ် လိုအပ်သမျှသာ ဝယ်ကြသည် ။ အခြားသူများလည်း ရပါစေတော့ ဟူသည့် စိတ်ကိုထားသည် ( နောက်လူဝယ်စရာမကျန်အောင် မိမိတစ်ဦးတည်း လောဘတကြီး သိမ်းကျုံးဝယ်ယူခြင်းမျိုးမလုပ် )

၅။ စည်းကမ်းသေဝပ်မှု့

ဆိုင်များတွင် လုယက်ခြင်းမရှိ လမ်းပေါ်တွင် ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ အချင်းချင်းနားလည် ပေးမှု့ရှိသည် ။

၆။ အနာခံမှု့

နျူကလီးယား ဓါတ်ပေါင်းဖိုများတွင် ပင်လယ်ရေကို စုပ်ထုပ်ရန် အလုပ်သမား ( ဝန်ထမ်း ၅၀ ) သည် နောက်ချန်နေခဲ့သည် . ( ရေဒီယို ဓါတ်ရောင်ခြည် သင့်မှု့ ခံရမည်ကို သိလျက်နှင့် စွန့်လွှတ် အနစ်နာခံခြင်းဖြစ်သည် ) သူတို့၏ ကျေးဇူးနှင့် မြင့်မြတ်သော စိတ်ထားကို မည်သို့ ပေးဆပ်နိုင်ပါမည်နည်း ။

၇။ ကြင်နာယုယမှု့

စားသောက်ဆိုင်များက ဈေးနှုန်း လျှော့ချပေးကြသည် အစောင့်အရှောက် မရှိသော အေတီအမ် ( ငွေထုတ်စက် ) စက်တစ်လုံးကို ဒီအတိုင်းထားသည် အားကြီးသူက အားနည်းသူကို ကူညီ စောင့်ရှောက်သည်။

၈။ လေ့ကျင့်ထားမှု့

သက်ကြီးရွယ်အိုများနှင့် ကလေးများအပါအဝင် လူတိုင်းသည် ဘာလုပ်ရ မည်ကို တိတိကျကျ သိသည် သိသည့်အတိုင်း လိုက်နာကျင့်သုံး ကြသည် ။

၉။ မီဒီယာ

သတင်း မီဒီယာများက အထိန်းအကွပ်ရှိသည် သတင်း ထုတ်ပြန်ရာ၌ နှိုင်းနှိုင်း ချိန်ချိန် ထိန်းထိန်း သိမ်းသိမ်း ရှိသည် ။ ပရမ်းပတာ သတင်းထောက်မရှိ ။

၁၀။ အသိစိတ်

စတိုးဆိုင် တစ်ခုတွင် ဓါတ်အား ပြတ်တောက်၍ အမှောင်ကျ သွားသောအခါ ဈေးဝယ်သူများသည် ဝယ်ရန် ယူထားသော ပစ္စည်းများကို စင်ပေါ်တွင် ပြန်တင်၍ အေးငြိမ်းစွာ ထွက်ခွာ သွားကြသည် ။

(ဆောင်းပါးရှင် ဦးဥာဏ်ဝင်းထက် ( စာပေဗိမာန် ) သူရဇ္ဇမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၁။ )

Ko Nyi Htwe
posted by ပန်းကမ္ဘာ

ဦးဇင်း ၀ီရသူ ရေးသော မိထ္ထီလာ သတင်းနှင့် သတင်းနောက်ဆက်တွဲ

့(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင် ၀င်း+ဒေါ်အေးအေးနိုင်-တို့က ရွှေဆံကုတ်(ဘီးကုတ်)လာရောင်းပါသည်။ ဦးခင်မောင်ဝင်း(၄၆) နှစ် ဒေါ်ေ အးအေးနိုင်(၄၅)နှစ်နှင့်အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။
ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ် လိုက် သည်။ ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆို သည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မ က လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါး လုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကို ချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြ ပါဦး- ကျွန်မ တို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။
ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက် သည်။ ဆိုင်ထဲ ခိုးဝင် ၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးေ တာ် စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့် ဟု ဝိုင်းအော် ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူး ဝိန့် စိန် ရွှေဆိုင် (မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ြေ ပး လွတ်မြောက်သွားသည်။
ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက် ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ် သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော်စပ်သူ တော်ဝင်ရတနာ အပေါ် ထပ်သို့ ဒေါ်မြင့်ြ မင့်အေး တို့ ညီအစ် မနှစ်ယောက် ပုံးအောင်းနေသည် ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက် ရှာသော်လည်း ဒေါ်မြင့်မြင့်အေးတို့  ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေး မလေးနှ စ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့ မိမြို့ဖ များ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက် ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ် ဦးထုပ် များ ဆောင်း ထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။
ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင် ရဲ တပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစု ကွဲ သွားကြပြီး ဖြစ်သည်။
ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀) ခန့် တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေ ဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသ နာ့ အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။
လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်ေ နသောနေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်း ရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး က တိပေး ပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။
ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင် ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ် မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူ သွား ကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်း မကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။
ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ် တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆ လင် များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင် ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံ တက်ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင် အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။
ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန် မာ တစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွား ခဲ့ သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေး သို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။
ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄- အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံး သွားခြင်း ဖြစ်သည်။
မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကား တန်ြး ကီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ် ကွက် ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်း သာ တည်ငြိမ်လျက်ရှိပါသည်။
မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည် အနှံ့အပြားမှ ထွက်ပြေး လာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်းရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ် ရာ မှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက် မာခြင်း၊ အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများ သို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန် အ လှူေ ပး ဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ြေ ကာင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာ ဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။
===================
RFA သတင်း==ဒီကနေ့ မနက် ၆ နာရီခွဲအချိန်ခန့်က မိတ္တီလာမြို့၊ရန်မျိုးအောင် ရပ်ကွက်၊မင်္ဂလာဇေ ယျုံန ယ်မြေ ထဲမှာရှိတဲ့ အစ္စလာမ် ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားေ န တယ် လို့ မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှုးရုံးက RFA ကိုအတည်ပြုပြောကြားပါတယ်။
မီးသတ်ကားတွေမှာ လုံခြုံရေး အစောင့်အရှောက်မပါရှိတဲ့အတွက် မီးလောင်ကျွမ်းနေတဲ့နေရာကို ဝင်ေ ရာက်ြ ငိမ်း သတ်ဖို့အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း သိရပါတယ်။

Opposit eye

Friday, March 22, 2013

ကာလာမသုတ္တန် (အနှစ်ချုပ် အချက် ၁၀ ချက်)

(၁) တစ်ဆင့်စကားပြောလာသောစကားကို မယုံနဲ့အုံး။
(၂) ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး။
(၃) စာအုပ်ထဲက ပြောတဲ့အတိုင်းလည်း မယုံနဲ့အုံး။
(၄) အစဉ်အလာ ဘိုးဘွားစဉ်ဆက်စကားကိုလည်း မယုံနဲ့အုံး။
(၅) ဟိုနည်း၊ ဒီနည်း ကူးချပြီးလည်း မယုံနဲ့အုံး။
(၆) အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၇) ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး။
(၈) ငါ့အယူဝါဒ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၉) လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး။
(၁၀) ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။
                   မည်သည့် အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင် သိအောင်လုပ်ကြ .... ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်လျှင် မှားမှန်ဆိုးကောင်း သိမြင်ပြီးမှ လက်ခံယုံကြည်ကျင့်သုံးရန်ဖြစ်ပေသည်။

ဓမ္မဒါန ဖြန့်ဝေသူက ဆက်လက်ဖေါ်ပြပေးထားပါသေးတယ် ....
အနှိုင်းမဲ့ လာဘ်   =  ကျန်းမာရေးလာဘ် (ကိုယ်+စိတ်)
အနှိုင်းမဲ့ မီး         =  ရာဂမီး (သို့မဟုတ်) အချစ်မီး (အာရုံစွဲ = ရာဂ)
အနှိုင်းမဲ့ ဥစ္စာ      =  တင်းတိမ်ရောင့်ရဲခြင်း
အနှိုင်းမဲ့ အပြစ်    = ဒေါသအပြစ်
အနှိုင်းမဲ့ ဆွေမျိုး    =  အကျွမ်းဝင် ပုဂ္ဂိုလ်
အနှိုင်းမဲ့ ရောဂါ    = ဆာလောင်မွတ်သိပ်ခြင်း
အနှိုင်းမဲ့ ချမ်းသာ  = နိဗ္ဗာန်ချမ်းသာ
အနှိုင်းမဲ့ ဆင်းရဲ    = ခန္ဓာဝန်ထမ်းရတဲ့ ဆင်းရဲ
အနှိုင်းမဲ့ လမ်း      = သတိပဋ္ဌာန်လမ်း
အနှိုင်းမဲ့ ပိုက်ကွန်  =  မောဟပိုက်ကွန်
မိမိသည်သာ မိမိ၏ ကိုးကွယ်ရာအစစ်ဖြစ်၏။ ဓမ္မသည်သာ အားကိုးရာ အစစ်ဖြစ်၏။

ကုသိုလ်ကောင်းမှုတစ်ခုခုပြုလုပ်ကြသောအခါ ဘုရားလောင်း အကိတ္တိပညာရှိရသေ့ ၏ ဆုတောင်းအတိုင်း-
ဤသည့်ပုည ၊ ကုသလကြောင့်
လောဘဒေါသ ၊ မောဟကင်းကွာ
သံသရာဝယ် ....
ကျင်ရပါဘိ ၊ ပညာရှိနှင့်
ယှဉ်မိပေါင်းသင်း ၊ ဥာဏ်မဲ့ကွင်း၍
ပြည့်လင်းလှူဖွယ် ၊ လှူစဉ်ဝယ်လည်း
သုံးသွယ်စေတနာ ၊ ဖြောင့်ညီညာသည်
ခေမာအထွတ် တိုင်လိုသော် .......။
ဆိုပြီး ဆုတောင်းဖို့ မမေ့ကြပါလင့် ......။
ရုပ်၊ နာမ်ခန္ဓာ သင်္ခါရတရားတို့သည် ပျက်စီးခြင်း သဘောတရားရှိကြကုန်၏။ မမေ့မလျှော့သော ၀ိပဿနာ သတိတရားဖြင့် ပြည့်စုံကြကုန်လော့....။

(Buddhists 969) မှ

အသည်းကွဲအထိမ်းအမှတ်



အချစ်ရယ်...
မာယာနန်းတော်ထဲမှာ အလွမ်းတွေ
အခန်းသီးသန့်ဖွဲ ကိုယ့်အတွတ်ပဲလား
မင်းပေးသွားမယ်ဆို ကမ္ဘာတခွင်လုံးက
အလွမ်းများပဲ ဖြစ်ပါစေ...
ငါ့ ရင်ခွင်မှာပိုက်ထာမယ်
ငမိုက်သားလို့
ပြောကြစေတော့

မင်းမုန်းတဲ့ည
ကမ္ဘာ အဆက်ဆက်
ထင်မှတ်မထားဘူ ဒီမိုးမည်းညတွေ
ငါ့အတွက်
အသည်းကွဲအထိမ်းအမှတ် အဖြစ်
ရွာသွန်းဖြိုးခဲ့တယ်...

ရွယ်ရည်သူ...သို့...

သူခိုး

ခေါင်းစဉ်...သူခိုး
စာသား...သူခိုး
ကဗျာ... သူခိုး
ပါဝါ... သူခိုး
အာဏာ...သူခိုး
ဆိုင်ကယ်...သူခိုး
ကား....သူခိုး
သူခိုးအမျိုးမျိုး ထိုလူဆိုးများအနက်

သူ့ကိုမြတ်နိုး တိတ်တခိုး
အချစ်သူခိုး...ဖြစ်ချင်၏...။

မောင်မြင့်မြတ်

Wednesday, March 20, 2013

ဗုဒ္ဓဥာဏ်တော်ကို ဝေဖန်သော ဘာသာခြား

ဒကာ ။ ဆရာတော်တို့ဘုရားက သဗ္ဗညုတ သိစရာမှန်သမျှ အကုန်သိတယ် လို့လည်း ပြောကြတယ် ။ တစ်ခါ အခုလို သာသနာနှစ် ကြာလာတဲ့အချိန်မှာ အဆိုးဆုံး ဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ် ။အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက် သာသနာပြုပြီးဖျက်ဆီးကြလိမ့်မည်လို့ဟောခဲ့တယ်လို့လည်း တပည့်တော် မကြားဖူးပါ ဘုရား ။ဒီတော့ အကုန်သိတယ်ဆိုရင်လည်း
ဒီအကြောင်းတွေ ဟောခဲ့ရမယ် ။ အခု မဟောခဲ့ပုံကိုထောက်သောအားဖြင့် ဒီအကြောင်းတွေဖြစ်လာမယ်ဆိုတာ မသိလို့ဆိုတဲ့သဘော သက်ရောက်မနေဘူးလား ဘုရား ။
ဆရာတော် ။ ဒကာ ၊ ဒကာတို့အိမ်ဝိုင်းမှာ သရက်ပင် ၊ ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ လေးပင်ရှိပါတယ်ဘုရား ။
ဆရာတော် ။ အုန်းပင်ရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ငါးပင်ရှိပါတယ် ဘုရား ။
ဆရာတော် ။ ဒါနဲ့ မြက်ပင်တွေရော ဘယ်နှစ်ပင်ရှိတုန်း ။
ဒကာ ။ ဟာ…..မြက်ပင်တွေတော့ တပည့်တော် ဘယ်ရေတွက်ထားမလဲဘုရား။
ဆရာတော် ။ သရက်ပင် ၊ အုန်းပင် ကျတော့ ရေတွက်ထားပြီး မြက်ပင်ကျတော့ဘာလို့
ရေတွက်မထားတာလဲ ။
ဒကာ ။သရက်ပင် ၊ အုန်းပင် ကတော့ တန်ဘိုးရှိတဲ့အပင်ဆိုတော့ မှတ်ထားတာပေါ့ဘုရား ။ မြက်ပင်တွေကတော့ ကောင်းကျိုးမပြုတဲ့ အပင်တွေဆိုတော့ ဘယ်ရေတွက်ပြီး မှတ်ထားတော့မလဲ ဘုရား ။
ဆရာတော် ။ ဒကာ ၊ အဲဒီဥပမာအတိုင်းပဲ ၊ဗုဒ္ဓကမသိလို့မဟုတ်ဘူးသိတယ်။ဒါပေမယ့်ဒကာကိုယ်တိုင်
တန်ဘိုးမရှိတဲ့ မြက်ပင်တွေကို ရေတွက်ပြီးမှတ်မထားသလိုဗုဒ္ဓကလည်း တန်ဘိုးမရှိတဲ့ မြက်အမှိုက်
လောက်အဆင့်သာရှိတဲ့ ဒကာတို့ဘာသာဝင်တွေကိုလည်း တကူးတက ထည့်မဟောခဲ့တာပါ ။
အတွေးအခေါ် အသိဥာဏ် ရှိတဲ့လူသားတွေ လက်မခံတဲ့ ဒကာတို့ဘာသာဟာလည်း ကြာလေ ကမ္ဘာက ပျောက်လေ ဖြစ်သွားမှာကို ကြိုသိလို့ ဘာမှပူစရာမရှိလို့ ဗုဒ္ဓက ကြိုမဟောခဲ့တာပဲ ဒကာ ။
ထို ဘာသာခြားဒကာကား ခေါင်းငိုက်စိုက်ချလျက် ဘာမှ ဆက် မပြောနိုင်တော့ပေ။
ကျမ်းကိုး
မေတ္တာရှင် ( ရွှေပြည်သာ ) ဘ၀နှင့်ရင်းရသောအတွေ့အကြုံနှင့်အတွေးအမြင်များ-စာ-၁၈၇
ပန်းကမ္ဘာ တရားတော် များမှ
ပြန်လည် မျှ ဝေ လိုက် ပါ သည်

လမ်းပြမြေပုံလေး.

ကျေးဇူးတော်ရှင် ဝေဘူဆရာတော်ဘုရားကြီး၏ ရှင်းလင်းလွယ်ကူသော တရားစာစု




ရှုပ်ထွေးပွေလီလှတဲ့ လူ့လောက သဘာဝ ပျားသကာဖုံးနေတဲ့ ဆေးခါးခါးတစ်ခွက်ပမာ လှည့်စားမူများဖြင့် ပြည့်နှက်၍ နေပါသည် ။


သို့သော် ၀ါဝါမြင်တိုင်းရွှေထင်တတ်ကြသမို့ သကာ ဖုံးထားတာကိုပင် မဟုတ်ကြီးထင် တက်မက်နေတတ်ကြပြန်သည် ။ ထိုသို့ သူယောင်မယ်လိုလှပ သော တဏှာရဲ့ အုပ်ချုပ်မူအောက်တွင် ကျွန်သဘောက် ဘ၀ ကျရောက်ခဲ့သည်မှာ ဘ၀ပေါင်းစွာ ရေတွက်လို့ ပင်မရနိုင်ပါ ။

ထိုကဲသို့ ကျင်လည်ခဲသော ဘ၀ များစွာ အတွက် ကျွတ်လွတ်မဲ့ လှမ်းမှန်ကိုရောက်အောင် အ၀ိဇ္ဖာအမိုက်မှောင်ကို တော်လှန်ပစ်သင့်ပါပြီ။

အလင်းရောင်လာချိန်လေးမှာ ကိုယ့် သံသရာအတွက် ဘ၀ ရိက္ခာ အထုပ်ကို ထုပ်ပိုးသင့်ပါပြီ။ သစ္စာတရားများ ထွန်းကား လာချိန်တွင် တဏှာပျော်၌ နစ်မွန်း၍ မနေကြပါရန်တိုက်တွန်း ချင်ပါသည် ။

ဖတ်ဖူး သမျှထဲမှ ရှင်းလင်းလွယ်ကူသော ဝေဘူဆရာတော် ဘုရားကြီး၏ သံသရာလွတ်ကြောင်း တရားတစ်ပုတ်ကို ဖော်ပြလိုက်ပါသည် ။


၁။ ။ သီလရှိလျင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။

၂။ ။သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ်(စရဏ)ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။

၃။ ။ ဘုရားစကား၊ ဆရာ့စကားကို မြေဝယ်မကျ တထစ်ချနာယူရန်။

ယခုကဲ့သို့ နေနိုင်ခြင်းသည်ပင်” ပါရမီရှိသူ” မည်၍ အချိန်အခါ ဘဝကောင်းသည်မှာ ဘုရားရှင်လက်ထက်တော်ကနှင့်မထူး၊ ထို့ကြောင့် ရှေးကပုဂ္ဂိုလ်များကဲ့သို့ ဝီရိယကို အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။

၎။ ။သင်ကြားမှတ်သားထားချက်များ ပြော၍မကုန်အောင် အများကြီးတတ်သိကြသည်။ ထိုသို့များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ဝီရိယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်ထိ ထင်ရှားရှိနေသော ထွက်လေ-ဝင်လေကား လူတိုင်းသိလွယ်၊ ထင်လွယ်၍ ဝင်တိုင်း၊ ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်၊ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်းချမ်းသာ၏။
ယင်းသို့ရှုမှတ်ခြင်းဖြင့် ကိုယ်နှုတ်နှလုံး သောင်းကျန်းမှုမရှိ၊ စိတ်သောင်းကျန်းမှုမရှိ၊ ရုပ်နာမ်မျှသာရှိပါကလားဟု နှာဖျားဝမှ တစ်ကိုယ်လုံး တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ သို့ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွားပြီ။ သမ္မာဒိဋ္ဌိစသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။ သတိပဋ္ဌာန်လေးပါးစသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလည်း လုပ်ပြီးဖြစ်သွားပြီ။ အာနာပါနလုပ်နေခြင်းဖြင့် ပိဋကတ်သုံးပုံလုံးပင် အကျူံးဝင်လေပြီဖြစ်၍ ထွေလီကာလီ လျှောက်လုပ်မနေနဲ့။ တွေးသမျှ၊ ထင်သမျှမှားတတ်သည်။
ရေခပ်ရင်း၊ ထမင်းချက်ရင်း၊ အလုပ်လုပ်ရင်းလည်း ရှုမှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်နှစ်ခုပြီးသည်။ မည်သည့်ဣရိယာပုဒ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်းထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင်ဟု မမှတ်ရ။ တစ်ခဏအတွင်းရသည့် အကျိုးကား ကုန်စင်အောင်ပင်မပြောနိုင်။ တစ်နေ့ထက်တစ်နေ့ တိုးတက်၍သာ သွားတော့သည်။

၅။ ။ အိမ်အမိုးမိုးသောအခါ စပ်အောင်မိုးလျှင် မိုး၊ နေကာကွယ်နိုင်သကဲ့သို့ တစ်ရက် နှစ်ဆယ့်လေးနာရီ တစ်ဆက်တည်း၊ တစ်စပ်တည်း ရှုမှတ်နိုင်အောင်ကြိုးစားရမည်။ နှစ်ဆယ့် လေးနာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။

၆။ ။ မိမိအနားရှိ မြင်သမျှ၊ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံဆူညံ၍ နေရာမပြောင်းနှင့်။ ဆူညံသံများက ဝီရိယတိုးလိုက်ပါဦးဟု ပြောသော ကျေးဇူးရှင်များဖြစ်သည်။ မေတ္တာထား၊ သည်းခံရှုမှတ်။

၇။ ။ မိဘ၊ သားသမီး ဝတ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ်ချည်းဖြစ်သည်။

၈။ ။ မိမိ အာနာပါနရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ၊ နတ်တွေ၊ ဗြဟ္မာတွေ မရေမတွက် နိုင်အောင် ကျေးဇူးများကုန်ကြတော့သည်။

၉။ ။ ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား? ထွက်လေဝင်လေ နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားရှင် ဆုံးမတဲ့အတိုင်း စိတ်ကို ရုပ်ပေါ်၊ နာမ်ပေါ်ထားရတာ ပင်ပန်းသလား? ပိုက်ဆံရော ကုန်သလား? ငှားရ၊ ချေးရသေးသလား? အချိန်ရော ကုန်သလော? တစ်ပါးသူရော သိသလား? ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား၊ အခုနေ၊ အခုပစ္စုပ္ပာန်ချမ်းသာ၊ ဒီချမ်းသာ ဆိုက်လာတော့ ဝီရိယပိုင်ရှင် သိတယ်။ သများသွားမေးစရာ မလိုဘူး။ တစ်နေ့ထက်တစ်နေ့ မတိုးတက်ဘဲ နေပါ့မလား? ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ တားဆီးပိတ်ပင်လို့ မရဘူး။ ဒီလူ့ထံမှ ချမ်းသာကို လုယူမယ်ဆိုပြီး အနိုင့်အထက် လုယူလို့ရော ရနိုင်ပါ့မလား? ဘယ်ဣရိယာပုဒ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုဒ်နဲ့ မဖြစ်ဘူးလို့ရော ရှိရဲ့လား? နေရာရော ရွေးရဦးမှလား? ကိုယ်တစ်ယောက်တည်းနေရင်းရော၊ စေတီရင်ပြင်၊ ဗောဓိရင်ပြင်မှာ နေရင်းရော၊ သားတွေ၊ သမီးတွေနဲ့ နေရင်းရော၊ လုပ်လို့ရပါသဗျာ။ ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်ထားတဲ့ အလုပ်လဲ လုပ်ရမှာပေါ့။ အဲဒီအလုပ်တွေ လုပ်ရင်းနဲ့ ရှုလို့မရဘူးလား? ရပါတယ်ဗျာ။ တစ်ချိန်ထဲမှာ အလုပ်နှစ်မျိုး ပြီးပါသဗျာ။ ဒီလိုလုပ်တော့ ပိုပြီးအလုပ်တွင်တယ်၊ အကျိုးများတယ် မဟုတ်လား? ဒီချမ်းသာကို သိပြီလားဆိုမှဖြင့် အားချိန်၊ နားချိန်မှ မထားဘဲ တစ်ဆက်တည်း ဆောင်ထားကြာတော့ တာပါပဲ။


ခင်မင်လေးစား လျှက်
ဆန္ဒမွန်ဖြင့်
မှုံနံ.သာဖြူ

Tuesday, March 19, 2013

ထေရဝါဒနဲ့ လွဲနေတဲ့ဘာသာရေး အယူဆများ ၁

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် သိကြားသာသနာလို့ပြောနေတာမှားယွင်နေတဲ့ ဘာသာရေးအယူဆတွေပါ တကယ်တော့  သိကြားသာသနာ မရှိပါဘူး။

စာရေးသူတို့ ငယ်ရွယ်စဉ်က သာသနာ နှစ်ထောင့်ငါးရာ ကျော်ရင် သိကြားသာသနာ ရောက်လိမ့်မယ်။ အဲဒီအခါ သိကြားမင်းက မကောင်းသူတွေကို ပယ်၊ ကောင်းသူတွေကို ကယ်လိမ့်မယ်-ဟု လူကြီးများ ပြောဆို သံ ကြားခဲ့ရဖူး၏။ ယခုလည်း အချို့လူများကသိကြားသာသနာ အကြောင်း မေးကြ မြန်း ကြ၏ ။ ယခု ကျမ်းဂန် လာသည့်အတိုင်း ဤအကြောင်းကို တင်ပြပါမည်။
သာသနာဆိုသည်မှာ ဘုရား၏အဆုံးအမ တရားတော်များဖြစ်သည့်အတွက် သိကြားသာသနာမရှိပါ။ ဘုရား သာသနာသာ ရှိပါသည်။ ကျွန်ုပ်တို့ ကိုးကွယ်သော ဂေါတမဘုရားရှင်၏ သာသနာတွင် သိကြားသာသနာ မရှိပါ။ ဘုရားရှင်၏ သာသနာတ၀က်ကျော်သည့်အခါ သို့မဟုတ်-သာသနာနှစ် ၅၀၀၀-ကုန်ဆုံးသောအခါ သိကြားမင်းက သာသနာဆက်လက်ပြု မည်ဟု ထေရ၀ါဒ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လုံးဝမတွေ့ရပါ။ ရှိလည်းမရှိပါ။

သို့သော် ကဿပဘုရား သာသနာတော် ဆုတ်ယုတ်ချိန်တွင် သိကြားမင်းလူ့ပြည်ဆင်း၍ နောက်ထပ်   နှစ်ပေါင်း တထောင် သာသနာတော် တည်အောင် ပြုလုပ်အားထုတ်ခဲ့ကြောင်းကိုမူ ဒွါဒသက နိပါတ်၊ မဟာကဏှဇာတ်၌ တွေ့ရှိရသည်။ ဤအကြောင်းအရာကိုပင် အစပြု၍ လူကြီးများ သိကြားသာသနာ အကြောင်း-ကို ဆိုခဲ့ကြဟန် ရှိပါသည်။

(နတ်သိကြားနှင့် မြတ်ဘုရားသာသနာ)
======================
ကျွန်ုပ်တို့ ကိုးကွယ်နေသော ဂေါတမဘုရားရှင်နှင့်လည်း သိကြားမင်းတို့ ကတိစကား ရှိခဲ့ကြသည်။ မှန်၏။ ဘုရားပွင့်တော်မူပြီးစ ဗောဓိပင်ရင်းမှာ သီတင်းသုံးတော်မူစဉ် ဗုဒ္ဓစက္ခု(ဘုရားမျက်လုံး) တော်ဖြင့်   လောကကြီး ကို ကြည့်တော်မူရာ နောင်သောအခါတွင် အရှင်မဟာမဟိန္ဒ ရဟန်းတော်သည် သီဟိုဠ် ကျွန်း   (သီရိလင်္ကာ) သို့ ကြွ၍ သာသနာပြုမည်။ ထိုအခါ သီဟိုဠ်ကျွန်း(သီရိလင်္ကာ) တွင် သာသနာ ထွန်းလင်း မည်ဟု မြင်တော်မူ၏။ ထို့ကြောင့် သိကြားမင်းကြီးကို အရှင်မဟာမဟိန္ဒ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ သာသနာပြု ကြွသည့်အခါ သင်လည်း မထေရ်၏ အဖော်အဖြစ်ဖြင့် သာသနာကို ကူညီစောင့်ရှောက်ပါ-ဟု မိန့်ကြားတော်မူရာ သိကြားမင်းကြီးက ကူညီစောင့်ရှောက်ပါမည်-ဟု ၀န်ခံကတိပြု ခဲ့ကြောင်း ပါရာဇိကဏ် အဋ္ဌကထာ၊ ဗာဟိရ နိဒါနကထာ၌ တွေ့ရ၏။

နောက် ဒုတိယအကြိမ်မှာ ဘုရားဖြစ်ပြီး ၄၉-ရက်အကြာတွင် ဖြစ်သည်။ ဘုရားရှင်သည် ဘုရားဖြစ်တော် မူပြီး ၄၉-ရက်အကြာတွင် ငါဘုရားကိုယ်တိုင် ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်းသိမြင်ခဲ့သော သစ္စာလေးပါး တရားတော်ကား အလွန်နက်နဲ၏။ တပါးသူတို့ သိနိုင်ခဲ၏။ သတ္တ၀ါများမှာလည်း အ၀ိဇ္ဇာမှောင် ထုအောက်တွင် ပညာအလင်းရောင် ပျောက်နေကြ၍ ရာဂ၊ ဒေါသ၊ ထူပြောနေကြသည့် သတ္တ၀ါက များပေသည်။ ငါဟောသည့် တရားကို ထိုသတ္တ၀ါများ နားလည်နိုင်ကြမည်မဟုတ်။ ယခု လောလောဆယ် တရားဟောရန် မဖြစ်သေး-ဟုတရားဟောမှု၌ ကြောင့်ကြမှုမပြုဘဲ နေတော် မူလေသည်။

ထိုအခါ သိကြားမင်းသည် သဟမ္ပတိဗြဟ္မာကြီးနှင့် အတူ မြတ်စွာ ဘုရားအထံတော်မှောက်သို့ လာရောက် ကာ ဗုဒ္ဓရှင်တော်မြတ်ဘုရား၊ ဝေနေယျ သတ္တ၀ါများအား တရားဟောကြားတော် မူပါ။ အရှင်ဘုရားတို့ အာဏာတော် မတည်ခဲ့ပါလျှင် အာဏာတော် တည်အောင် တပည့်တော်များ ကူညီပါမည်။ ရှင်တော်ဘုရား ကသာ ဓမ္မစက်ကို လည်တော်မူပါ။ အာဏာစက်အတွက် တပည့်တော်တို့ တာဝန်ယူပါမည်ဘုရား-ဟု ၀န်ခံကတိပြုခဲ့ကြောင်း သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ အမ္ဗဋ္ဌသုတ်အဖွင့်၌ လေ့လာတွေ့ရှိရသည်။



(သိကြားဒေ၀ါနှင့် သီဟိုဠ်၉သီရိလင်္ကာ သာသနာ)
============================
ဤသို့ သာသနာတော်ကို ကူညီစောင့်ရှောက်ပါမည်ဟု နှစ်ကြိမ်တိုင်တိုင် ဘုရားရှင်ထံ ၀န်ခံကတိပြုခဲ့သည့် အတိုင်း တတိယသင်္ဂါယနာ တင်အပြီး၌ အသောကမင်းတရားကြီး၏ သားတော် အရှင်မဟာမဟိန္ဒ ရဟန္တာမထေရ် သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွခါနီးတွင် သိကြားမင်းသည် အရှင်မဟာမဟိန္ဒ မထေရ်ထံ ရောက်လာပြီး အရှင်မြတ်ဘုရား-ဗုဒ္ဓမြတ်စွာက နောင်သောအခါတွင် မဟိန္ဒမည်သောမထေရ်သည် သီရိလင်္ကာသို့ကြွ၍ သာသနာပြုလိမ့်မည်။ ထိုအခါ သင်သိကြားလည်း သာသနာပြုဖော်ပြုဖက်အဖြစ် ကူညီဆောင်ရွက်ပါ-ဟုမိန့်ကြားတော်မူခဲ့ရာ ဘုရားတပည့်တော်ကလည်း ကူညီပါမည့်အကြောင်း တာဝန်ယူခဲ့ပါသည်။

ယခု သီဟိုဠ်ကျွန်း (သီရိလင်္ကာ) တွင် မုဋသိဝမင်း နတ်ရွာစံပြီး ဒေ၀ါနံပိယတိဿမင်းမြတ် နန်းစံချိန်ဖြစ်၍ သာသနာပြုသွားရန် အချိန်တန်ပါပြီ။ သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ ကြွတော်မူပါ။ ဘုရားတပည့်တော်ကလည်း ဘုရားရှင်ထံ ၀န်ခံကတိပြုခဲ့သည့်အတိုင်း ကူညီ၍ သာသနာပြုပါမည်-ဟု လျှောက်ထားပြီး သီရိလင်္ကာ သာသနာ ထွန်းလင်းဖြာအောင် ကူညီစောင့်ရှောက်ခဲ့သည်ဟု ပါရာဇိကဏ် အဋ္ဌကထာ တတိယသင်္ဂီတိကထာ၌ မိန့်ဆိုထားလေသည်။

သာသနာနှစ် ၄၃၀-ပြည့်တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ၌ ၀ဋ္ဋဂါမဏိမင်းကြီး နန်းတက်သည်။ ထိုမင်း နန်းတက်ပြီး ငါးလအကြာတွင် စဏ္ဍာလတိဿ သူပုန်ဘေးကြီး ဖြစ်ပေါ်လာသဖြင့် တိုင်းပြည်မငြိမ်မသက် ဖြစ်လာသည်။ ထိုအတောအတွင်း တကျွန်းလုံး မိုးခေါင်၍ ငတ်မွတ်ခေါင်းပါးသောကပ်ကြီး ဆိုက်ရောက် လာပြန်သည်။ ဤသို့ဖြစ်လာမည်ကို သိကြားမင်း ကြိုတင်သိ၍ မဖြစ်လာမီကပင် သာသနာ့ဝန်ထမ်း ရဟန်းတော်များကို ဤသို့ လျှောက်ထားခဲ့သည်။

ဒီကျွန်းမှာ မကြာမီ လက်နက်ဘေးနဲ့ ငတ်မွတ်ခေါင်းပါး တဲ့ဘေးကြီးတွေ ဖြစ် လာပါလိမ့်မယ်။ အဲဒီအခါမှာ အရှင်ဘုရားများဟာ ပစ္စည်းလေးပါး အခက် အခဲတွေကြောင့် ပရိယတ္တိစာပေကျမ်းဂန်တွေ ကို ဆောင် ထားနိုင် ကြမှာ မဟုတ်ပါ။ ဒါကြောင့် အခြားနေရာသို့ ကြွပြီး ကျန်းမာသက်ရှည်စွာ ပရိယတ္တိ ကို အားထုတ် သင့်ကြပါတယ်။ အခုပဲ တပည့်တော် ဖောင်ကြီးပေါ်သို့ ကြွတော်မူပါ-ဟု လျှောက်ထားသတဲ့။

ထို့နောက် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) ရှိ သံဃာတော်အားလုံးကို တခြားဒေသသို့ ဖောင်ကြီးဖြင့် ပို့ဆောင်ပေးခဲ့သည်။ သီဟိုဠ်ကျွန်း( သီရိလင်္ကာ) ၌ မလိုက်ပါလိုသည့် ရဟန်းတော်ခြောက်ကျိပ်မျှသာ ကျန်ခဲ့သည်။ ဤသို့လည်း သိကြားမင်းသာသနာတော် ကို စောင့်ရှောက် ခဲ့ကြောင်း အဋ္ဌကထာများ၌ မိန့်ဆိုထား၏။

ဆက်ရန်

( ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ)

( မြတ်မင်္ဂလာ ၂၀၀၂-ခု ဇူလိုင်လ)
ရေးသူ လူထု မောင်ကာဠု အချိန်

Sunday, March 17, 2013

အိမ်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ အမေ့သား



ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲတဲ့ ညတစ်ညမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အမေ့အနား ပြန်ရောက်တဲ့ အကြောင်းကို
လွမ်းမျက်ရည် တစ်စက်နှစ်စက်နဲ့
အိပ်မက် မြင်မက်ပါသတဲ့။

သားပို့ထားတဲ့ ဓာတ်ပုံလေးတွေ
အလွမ်းပြေကြည့်ကြည့်နေခဲ့ရတဲ့ အမေဟာ
သားပြန်လာတာကို မြင်တော့
ဝမ်းပန်းတသာနဲ့
အပြေးအလွှား လာကြိုပါသတဲ့။

အမေ့အတွက် ကောင်းနိုးရာရာ
ဝယ်လာတာတွေကို ဂရုမထား
`ငါ့သားပြန်လာတာက အဓိကပါ´တဲ့။
နှစ်တွေ အတော်ကြာ
အိမ်ပြန်ရောက်မလာတဲ့ သားကို
ချစ်အားတွေ ပိုရှာပါသတဲ့။

`နေပူထဲက လာတာမဟုတ်လား။
ရေချက်ချင်းသွားမချိုးနဲ့။
ချွေးတိတ်အောင် ခဏနား
ငါ့သားက တယ်ခက်သကိုး´တဲ့။
ဒီအရွယ်ရောက်နေတဲ့သားကို
ကလေးလို အမှတ်ထား
စိတ်များပင် ပူရှာပါသတဲ့။

`သားအခုလို ပြန်လာတာ
အမေ ၀မ်းသာလိုက်တာ။
သားကြိုက်တဲ့ ဟင်းတွေ
အမေ ချက်ထားတာ
စားကြည့်စမ်းပါဦး´တဲ့။
အမေ့လက်ရာ ငတ်နေတဲ့သား
ဗိုက်ကားအောင် စားမိပါသတဲ့။

ထမင်းစားပြီးလို့ ခဏနား
အမေ့အနားနေမယ် ကြံတော့မှ
နှိုးစက်သံ တတီတီ
ထပြီး မြည်ပါသတဲ့။

ကောင်းကင်တွေ ညိုမဲ
မိုးတွေသဲနေတဲ့ မနက်ခင်းတစ်ခုမှာ
အိမ်မပြန်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့ အမေ့သားဟာ
အလုပ်သွားဖို့ အားခဲ
ရင်ထဲက ဟာတာတာနဲ့
အမေ့ဓာတ်ပုံ ထုတ်ကြည့်တုန်းခဏမှာ
မျက်ရည်ကျမိပါသေးသတဲ့။


ခရီရေတာ

အုပ်စုဖွဲ့အဓမ္မကျင့်မှု အိန္ဒိယမှာ ထပ်မံဖြစ်ပွား

အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကို ဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။
အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရသူ ဆွစ်ဇာလန် အမျိုးသမီးကို ဆေးစစ်ချက်ရယူရန် ဆေးရုံကိုအသွား။ (မတ်လ ၁၆ ရက်၊ ၂၀၁၃)။ဗွီအိုအေ (မြန်မာဌာန)
17.03.2013

အိန္ဒိယနိုင်ငံ မက်ဒ်ယာ ပရာဒက်ရှ်ပြည်နယ်အတွင်း ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ အမျိုးသား ၅ ယောက်က သူတို့အနေနဲ့ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ကြတယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။

အသက် ၃၉ နှစ်အရွယ် အဓမ္မပြုကျင့်ခံရသူအမျိုးသမီးဟာ သူမရဲ့ယောင်္ကျားဖြစ်သူနဲ့အတူ စက်ဘီးနဲ့ ဘုရားကျောင်းတခုကို သွားရောက်ခဲ့ပြီးနောက် လမ်းဘေးတနေရာ တောတွင်းစခန်း ကျတဲ့နေရာမှာ လူတစုကနေ ၀ိုင်းဝန်းအဓမ္မ ပြုကျင့်တာ ခံခဲ့ရတာပါ။

သူမရဲ့ယောင်္ကျား ဖြစ်သူကို ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ဇနီးဖြစ်သူကို ခင်ပွန်းသည်ရဲ့ ရှေ့မှာတင် အဓမ္မပြုကျင့်ခဲ့ကြတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးတဲ့ ရဲအရာရှိ DK Arya ကပြောပါတယ်။ သူတို့ထံက လပ်တော့ ကွန်ပျူတာ ရူပီးငွေ တသောင်း နဲ့ လက်ကိုင်ဖုန်းစတာတွေကိုလည်း ခိုးယူခဲ့ကြတယ်လို့ပြောပါတယ်။

အမျိုးသမီးကို ဒေသတွင်းက ဆေးရုံမှာ ဆေးဝါးကုသမှုပေးခဲ့ရပြီး အခုတော့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဆွစ်ဇာလန် သံအမတ်ကြီးက အကြမ်းဖက်ခံခဲ့ရတဲ့ ဇနီးမောင်နှံနဲ့ စနေနေ့မှာတွေ့ဆုံစကားပြောခဲ့ပြီး ဒီအမှုကို အမြန်ဖော်ထုတ်ပေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရသူအမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ကနေ နယူးဒေလီမြို့အထိ ၃ လကြာ စက်ဘီးနဲ့ခရီးသွားနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း နယူးဒေလီမြို့က ဘတ်စ်ကား တစီးပေါ်မှာ ၂၃ နှစ်အရွယ်ကျောင်းသူ တယောက်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့အတွက် လူအများဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီလိုလိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်ပွားခဲ့ပြီး ၃ လအကြာမှာ အခုအမှု ထပ်မံဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
(VOA)မှ.....

တင်ပြီးသား post များ

3D