သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, October 1, 2013

ငိုချင်ပေမဲ့ ရယ်ရတယ်

တိုင်းပြည်ဆိုတဲ့ မြေကွက်ကြီး
"တလက်မလေးတောင် အပါမခံနိုင်ဘူး" ဆိုသူတွေက
ကိုယ့်လယ်ကွက် ကိုယ်ပြန်တောင်းသူတွေကို
"မှားနေတယ်" လို့ ပြောကြသတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။ 

ဒီမြေမှာမွေးပြီး အနှစ် ၂၀ လောက် စာသင်ပေးခဲ့တဲ့ ဘာသာခြား ကျောင်းဆရာကို
မနေ့တနေ့ကမှ ဒီမြေကြီးပေါ် လူဖြစ်လာတဲ့ ကလေးပေါက်စက
"ဧည့်သည်" လို့ ခေါ်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

မိတ္ထီလာမှာ ကလေးတွေသေလို့ ငိုတဲ့မူစလင်တစ်ယောက်က
ဆက်ဒမ်နဲ့ ဘင်လာဒင်ကိုကျတော့ ကိုးကွယ်ပြန်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

မန္တလေးကောလိပ် ဖြစ်လာအောင် လုပ်ခဲ့တဲ့
ဦးရာဇတ်ရဲ့ ရုပ်တု
မန္တလေးတက္ကသိုလ်မှာ ထားရေး ဆိုင်းငံ့ခံရသတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"ကုလား"လို့ ခေါ်တာ မကြိုက်တဲ့ အိန္ဒိယနွယ်ဖွားတယောက်က
“တရုတ်”ကို “တယုတ်”လို့ ရေးလိုက်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"တမလွန်ဆိုတာ ပုံပြင်တွေ" လို့ ပြောလိုက်တဲ့ စတီဖင်ဟောကင်းထက်
ရွာဦးကျောင်းက ဆရာတော်က
စကြဝဠာ အကြောင်း ပိုသိသတဲ့
ငိုချင်ပေမဲ့ ရယ်ရတယ်။

မြန်မာပြည် အလယ်ပိုင်းမှာ မွေးတဲ့ကုလားက
သူ့ကိုယ်သူကျ "ပသီ" လို့ပြောပြီး
ပြည်နယ်တစ်ခုမှာ မွေးခဲ့တဲ့ကုလားကို
"ကျူးကျော်သူတွေ ထွက်သွား"တဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

“ပါဏာတိပါတာ လုပ်သင့်သောအခါ” ကို
ရေးခဲ့တဲ့ ဆရာတော်ရဲ့ မေတ္တာဓါတ်ကြောင့်
ပရိတ်ရေတွေတောင် ဆူကုန်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

"ဒီကောင်တွေကို ဗုံးကြဲပစ်သင့်တယ်"လို့ ဆိုခဲ့သူက
လူ့အခွင့်အရေး စာအုပ်ထုတ်လိုက်သတဲ့။
ငိုချင်ပေမဲ့ ရယ်ရတယ်။

အင်စတီကျူးရှင်း တွေ မှိုလိုပေါက်လာပေမဲ့
စားလို့မရတဲ့ မှိုတွေဖြစ်နေသေးတော့
ငိုချင်ပေမဲ့ ရယ်ရတယ်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမဲ့
ချောက်ထဲကို ဖြစ်နေတော့
ငိုချင်ပေမဲ့ ရယ်ရတယ်။

ကောင်းကင်ကို (စက်တင်ဘာ ၂၇၊ ၂၀၁၃)

Tuesday, September 24, 2013

စစ်မှာတစ်မူ

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်းယောက်မတို့လေ..

သူများမောင်မှာစစ်သံကြားလျှင် နာဖျားဥပါယ်ခိုကြတယ်..
နှမလေးတို့မောင်မှာစစ်သံကြားလျှင် ရွှေဓားပိုက်ကာအိုးစားဖက်ကို လိုက်လို့ရှာသည်
ရိက်ခါကနည်း မိုးကသည်းနဲ့သင်းတွဲကို ကူးပါလိမ့်မလားနော်...

Monday, September 23, 2013

ဆေးစက်တစက်စီ တို့ပေးပါ

သူတို့လေးတွေ
သဲသောင်လွလွ
စိမ်းပြာမြမြ...
ပင်လယ်ဝမှာ
ရောင်စုံခရုလှလှလေးတွေ
ကောက်နေကြတာမဟုတ်ပါ။

Sunday, September 22, 2013

“ကံမွဲရွာ”

ထနောင်းကြောင်ခြစ်၊ ဆူးရစ်ပွင့်ခါ
မိုးမရွာ
ရွာပါသော်လဲ၊ မိုးမသဲတဲ့...
ကံမွဲရွာ။
မီဂျီခေတ်မှ၊ သူနိုးထ
တက်ကြွမိုးပျံ၊ အို … ဂျပန်
သူတောင်းစားတဲ့
တို့နိုင်ငံ။

Tuesday, September 17, 2013

"မုန်တိုင်းထဲ"

Yati Magazine
ရတီ ဖူးနုသစ်လွင် ကဗျာဥယျာဉ်
--------------------------------
ဘယ်လိုလဲ
နှစ်ကိုယ်တွဲဖို့သတ္တိတွေနဲ့
လောကဓံကို ရပ်ကြည့်ရဲရဲ့လား။
အရိုက်အဖျက်

Saturday, September 14, 2013

"သိမ်းထားလိုက်ပါ"

အကြည့်ကို အကြည့်မှာပဲ..
သိမ်းထားလိုက်...
၇င်ခုန်၇တာ မောတယ်ကွယ်..

သူတို့နဲ့ မယှဉ်နဲ့လေကွယ်...
ကောင်းကင်နဲ့ မြေကြီး
အနေမနီးဘူးဆိုပေမယ့်...
အမြဲတမ်း  ငေးမော..
သူတို့က မျက်နှာချင်းဆိုင်လေ...။

Friday, September 13, 2013

မင်းတို့ မုန်းတဲ့စစ်သား သစ္စာတရားနဲ့ ရှင်သန်မယ်


 မြင့်မြတ်တဲ့နှလုံးသား
ရုပ်ရှင်ကားတော့ ကြည့်ဖူးတယ်။
ဝေလည်းမွှေး ကြွေလည်းမွှေး
ကျော်ဟိန်း သရုပ်ဆောင်တာ သိပ်ကောင်းတာပေါ့။

Tuesday, September 10, 2013

လူထဲကလူ

လူထဲကလူ သူဘယ်သူလဲ
ငြူစူစိတ်ထား
မော်ကြွား ၀င့်ထယ်
ပုတ်ခတ်ပြောဆို
အထင်သေးစကား
သနားခြင်းကင်း
လူတွင်ကျယ်လုပ်
ကိုယ်မှ အဟုတ်ထင်

ဒါ မြန်မာ မဟုတ်ဘူး

ငါ့ သွေးတွေ မခမ်းခြောက်သရွေ့
မြန်မာ ဆိုတဲ့ သွေးတွေ စီးနေမယ်
ငါ သေသွားသော် ငါ့ အသားထဲမှာ
မြန်မာ ဆိုတဲ့ အသားတွေ တည်ရှိနေမယ်
ငါ့ အသား အရိုးတွေ မရှိခဲ့ရင်တောင်
မြန်မာဆိုတဲ့ ရနံ့ က မွှေးနေဦးမှာပဲ

Sunday, September 8, 2013

တမ်းတမိတယ်ချစ်သူရယ်...

~~~~~~~~~~~~~~~~~~~
မနက် အိပ်ယာက နိုးတာနဲ့ အရင်ဆုံး

သူကိုသတိရမိတယ်

တစ်နေ့လုံးလဲသူ့ အကြောင်းပဲတွေးနေမိတယ်

Wednesday, September 4, 2013

ဆူးရိုင်း

~~~~
လေကြမ်းမှာလည်း တွယ်ကပ်ခဲ့ဖူး
မိုးကြမ်းမှာလည်း ထစ်ချုန်းခဲ့ဖူး
ဝင်္ကပါဓါးခုတ်ပွဲမှာလည်း ပါဝင်ခဲ့ဖူး
အစဉ်တဆက်ခရီးတွေထဲ တဖျပ်ဖျပ်လွင့်
အဆိပ်ရည်များနှင့် ပွင့်ဖူးသော မိန်းမငယ်
နေကွယ်ရထားကို ခိုးစီးခဲ့ဖူး
တောင်စွယ်ဓါးကို ရှောင်တိမ်းခဲ့ဖူး
နွေနဖူးကို သိုက်တူးခဲ့ဖူး
အစဉ်အလာ ခေါက်ရိုးတွေထဲ
အစီစဉ်မကျမှုများနှင့် ၀င့်ကြွားသော မိန်းမငယ်

Sunday, August 25, 2013

ခြေသဲနီ၊ လက်သဲနီ၊ နှုတ်ခမ်းနီ
မဆိုးတတ်တဲ့ “မ” ကိုကျွန်တော်ချစ်တယ် ။
ဘာမှပြင်ဆင်မထားတဲ့ “မ” ရဲ့အလှဟာ
ကောင်းကင်ဘုံက နတ်သမီးတစ်ပါးပါပဲ ။
သဘာဝက ပေးထားတဲ့ အလှတရားတွေနဲ့

Sunday, August 18, 2013

ဘဝတစ်ခုရဲ့ အဓိပ္ပါယ်


လစာတစ်သိန်းကျော်ကို မက်ခဲ့ပါတယ်........

မရဏလမ်းအတွက် ငါကျော်ဖြတ်ရင်း
ခရီးစရိတ်ငွေ တန်ပါပေတယ်......

ငါလေသေဆုံး ဈေးဖိုးသုံးရန်
ငါ့မိန်းမရေ တန်ပါပေတယ် ......

Tuesday, August 13, 2013

ကျူးပစ်ရဲ့ မြားချက်မှာ ငါတို့မျက်ဝန်းတွေ မိုးလင်းခဲ့တယ်

အလွမ်းတွေကို ရင်ငွေ့ပေးဖို့
အဲဒီနေ့က မင်းနဲ့ငါ
အကြည့်ချင်း ဆုံခဲ့ကြတယ်………
ကျူးပစ်ရဲ့ မြားချက်မှာ
ငါတို့မျက်ဝန်းစကားတွေ မိုးလင်းတုန်း
အချစ်တွေ အငွေ့မပျံစေရအောင်
မင်းနဲ့ငါ နှစ်ယောက်ထဲ နားလည်တဲ့
ဘာသာဗေဒနဲ့

Monday, August 12, 2013

သူငယ်ချင်း...ငါ့ကို ဘာလို့မုန်းနေတာလဲ???



သူငယ်ချင်း ငါလူကောင်းလို့မပြောပါဘူး
လူဆိုတာ အပြစ်မကင်းပါဘူး....
အဲ့ဒီတော့ မင်းတို့မုန်းလဲ ငါက မုန်းချင်စရာပါ
ငါကဆိုးတာကို မိုက်တာကို
မိုက်လို့ ဆိုးလို့ မိဘစကားနားမထောင်လို့
မင်းတို့မုန်းတဲ့ စစ်သားဖြစ်နေရတာပါ..
သေချာတာ ငါလုပ်အမျှ ငါအတွက်မဟုတ်ဘူးဆိုတာပဲ
တိုင်းပြည်နှင့် လူမျိုးအတွက်ပါ

Sunday, August 11, 2013

“အလှကိုယ်စီ”(တင်မိုး)

“အလှကိုယ်စီ”(တင်မိုး)
ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်။
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်။
စံပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်။...

" အသိုက်ကွဲ ငှက်ရဲ့ ဒဏ်ရာ "

- - - - - - - - - - - - - - - - - -
ကမ္ဘာပေါ်က ကလေးတိုင်း
လိုက်မေးကြည့်ပါ
မိတကွဲ ဖ တကွဲ နဲ့
ဘယ်သူနေချင်သလဲလို့ ...
အဖေရယ် မသွားပါနဲ့
သားကို ဘယ်သူက ကျောင်းလိုက်ပို့မှာလဲ ...

Tuesday, August 6, 2013

တနင်္လာလေးရဲ့ ဝိဥာဉ်

လောကကြီးက ဗို့အားနည်းနည်းနဲ့
လင်းခွေနေရတယ်...
ငါဟာ မင်းရဲ့ နေဝင်ဆည်းဆာလေးပါ..
ငါလက်ပြနူတ်ဆတ်ချိန်ထိနေပါရစေ..
ပြီး..မင်းရဲရင့်စွာ လင်းထိန်ပါ..
ဒီညဟာမင်းနဲ့အလိုက်ဖတ်ဆုံး
ဖြစ်ပါလိမ့်မယ်။

Sunday, August 4, 2013

ညအော်သံ

ညအော်သံ

သူငယ်ချင်းရေ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညရဲ့ အသံကို ကြားရလား ၊
လူသေအလောင်းကောင်လို အေးစက်လို့ တောင့်တင်းလို့ ပေါ့ ။

အခုလို ညဥ့်နက်နက်တွေမှာ
လေထုထဲ ပဲ့တင်ထပ်နေတဲ့ အသံတွေ
ကြားမိသူတိုင်း ကြက်သီးမွေးသီးထစေခဲ့တဲ့ အသံတွေ
ဘယ်လိုလုပ် မေ့လို့ ရနိုင်ပ ။

Friday, August 2, 2013

ချစ်သူသိစေ

ကြယ်စင်တွေ  ဖြန့်ကျဲ.........
အဆုံးအစမရှိတဲ့  ကောင်းကင်ရင်ဘတ်ထဲ.....
အပြာရောင်ဂြိုလ်တစ်ခု.........
တည်ဆောက်နေခဲ့တယ်........။
မင်းတစ်ယောက်  ခိုလှုံဖို့ပေါ့ကွယ်......။
အကြင်နာတွေ  စိုက်ပျိုး.......
ထာဝစဉ် မညှိုးလေမဲ့  အချစ်ပန်း......
ငါ့နှလုံးသား ဥယျာဉ်မှာ ပွင့်လန်းလို့နေပြီ...
မင်းတစ်ယောက်  ပန်ဆင်စေတော့ကွယ်....။

တင်ပြီးသား post များ

3D