သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, December 31, 2012

မြုံနေတဲ့ အနာ

ငှက်တွေတောင် အိမ်ပြန်ကုန်ကြပြီ
ငါ့မှာသာ အိမ်မပြန်နိုင်သေး
နေ့ဟာ ကြွေကာနီး သစ်သီးတစ်လုံးလို
ပြီးပြည့်စုံစွာ ၀င်းမှည့်နေလေရဲ့
ရှင်းမပြတတ်အောင်ဘဲ ဖြစ်ရတယ် ညနေရယ်
မောလိုက်တာ ...
ကိုယ့်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို
ဘယ်သူ့ကို ပြောပြရပါ့
တကယ်ဆို ပြောပြဖို့ရော လိုအပ်လို့လား
ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။

ကြည်မောင်သန်း(လှသန်း)-ဇွန် ၂၀၀၀ ရွက်နုဝေ

Sunday, December 30, 2012

ဆုံးမစာများ


ဝ မရှိဘဲနဲ့  ၀ိမလုပ်ပါနဲ့ 
ခေါ်တိုင်းလည်း မသွားနဲ့ 
...
ကျွေးတိုင်းလည်း မစားနဲ့ 
ပေးတိုင်းလည်း မယူနဲ့ 
ဘယ်အရာကိုမှ ...
မကျင့်ဘဲနဲ့  မမြတ်ချင်နဲ့ 
မသင်ဘဲနဲ့  မတတ်ချင်နဲ့ 
မလုပ်ဘဲနဲ့  မရချင်နဲ
မဟုတ်ဘဲနဲ့  မဟချင်နဲ့ 
မဆင်ဘဲနဲ့  မလှချင်နဲ့ 
မရှိဘဲနဲ့  မကြွားချင်နဲ့ 
မခေါ်ဘဲနဲ့  မလှည့်ချင်နဲ့ 
မတော်ဘဲနဲ့  မ၀တ်ချင်နဲ့ 
မချစ်ဘဲနဲ့  မပိုးချင်နဲ့ 
အမှန်ပြောသော စကားသည် ချိုသာခဲ၏။
တတ်သိနားလည်သူသည် ငြင်းခုန်ခဲ၏။

Saturday, December 29, 2012

အနာဂတ်သို့ ဆုတ်ခွာခြင်း


သွေးရူးသွေးတမ်းတွေ
ငါ့ဆီက မမျှော်လင့်ပါနဲ့တော့ ။
မင်းနှလုံးသားဆီ အရောက်လာဖို့အတွက်
အခက်ခဲဆုံးလမ်းကို ရွေးချယ်ခဲ့သမို့
ငါဟာ
စစ်သူကြီး ဟန်နီဘောလည်း ဟုတ်ရဲ့။
မစိုက်ပျိုးရသေးတဲ့
မျိုးစေ့တွေကို စောင့်ရှောက်သလိုမျိုး
ဘဝရဲ့ တန်ဖိုးတွေကို သယ်ဆောင်ပြီး
ငါရောက်လာခဲ့ပေါ့။
အမှန်တရားရဲ့နောက်
ဒုတိယမြောက်ကျဆုံးသူဟာ ငါပါ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာကို
လူတွေ အငြင်းပွားနေရသလိုမျိုးပေါ့လေ ။
ကမ္ဘာမြေပေါ်က
မသိမှုအားလုံးကို တင်စားဖို့
ငါ့ကို မွေးဖွားခဲ့သတဲ့ ။
တကယ့်ကို ပါးပါးလွှာလွှာလေး လွဲချော်ခဲ့တာပါ
ဒါနဲ့ပဲ တို့ တစ်ဘဝလုံး ဝေးခဲ့ကြရ။
အနာဂတ်ဟာ
ဘယ်တော့်မှ ငါ့ဆီကိုရောက်မလာနိုင်တော့ဘူး
ငါ့အချစ်ဟာ
လူ့သမိုင်းရဲ့ ဘယ်လိုခေတ်မျိုးမှာမှ
အစားထိုးလို့မရတဲ့ ကောင်းကင်ဆန်မှု မျိုးပါ။
စက်ဝိုင်းလို ပျံသန်းနေတဲ့
အချိန်တွေရဲ့ လောင်ကျွမ်းခြင်းထဲမှာ
မရေရာတဲ့ တန်ဖိုးတွေအတွက်
မရေရာတဲ့ ဘဝတွေကို ပေးဆပ်ရင်း
မင်းနဲ့ငါ ဝေးကြရပြီလား ။
မခိုင်မာတဲ့ထိပ်ဖျားပေါ်မှာ
ပြောင်းပြန်လှန်ပြီး စိုက်ထားတဲ့
ပိရမစ်ကြီးတစ်ခုလို
တစ်ဘိုင်းဘိုင်းလဲကျ
သုညကို စက်ဝိုင်းနဲ့ လွဲမှားခဲ့သူပါ။
ဇာတ်သိမ်းခန်းမှာတော့
ပင်လယ်ကမ်းခြေအတုတစ်ခုမှာ
ရမ်ပုလင်း အစစ်တစ်လုံးကို
မော့သောက်ပစ်လိုက်ရဲ့ ။

ပိုင်စိုးဝေ

Lies

Thoughts burned through me then
tears in my eyes
The truth came out but they were
really lies
Coming to know you mean everything
But your love I conclude was nothing.
All of this never existed, never lived
Cause there was no real love to give.
When you came to me I then realized
That your love and beauty were all
but lies...

What It Is

It is madness
says reason
It is what it is
says love

It is unhappiness
says caution
It is nothing but pain
says fear
It has no future
says insight
It is what it is
says love

It is ridiculous
says pride
It is foolish
says caution
It is impossible
says experience
It is what it is
says love.

Thursday, December 27, 2012

But

At first I fell in love
with the brightness of your eyes
with your laugh
with your joy in life

Now I love your weeping too
and your fear of life
and the helplessness
in your eyes

But I will help you
with your fear
for my joy in life
is still the brightness of your eyes

[Erich Fried]

Fool for love


One day I saw you talking with my friend
I tried to ignore the smile you send.
I talked to her while you stared
Then I steered away as if I don't care.
Days passed and I tried to forget your smile,
And I decided that you've got no style.
But I just can't get you out of my mind,
And this is what I tried to hide.
Without realizing it, I always looked for you.
I got attracted without meaning to.
They say that this weird feeling will pass,
But to me it seemed to last
In desperation I tried to enjoy it,
Hoping my feelings will decrease a little bit.
Bit it seemed to be getting stronger
And I couldn't wait any longer.
At last we finally met
I held your gaze for a moment -
My eyes are questioning,
I tried to see your negative side,
I know my eyes don't lie.
I saw that you're conceited and beastful
I don't know why am I being a fool.
I saw all these things but it's still the same,
Without knowing it I always say your name.
Nothing changes, as far as I'm concerned,
I guess love is really blind
And that some people use their hearts instead of mind,
I konw I'm one of them but what can I do?
I can't help it if I fell in love with you.
I've never felt this way before
I felt my heart begin to soar.
Each time you talk to me
I keep hoping yöu'll say you love me.
Now I know that this is love,
It was supposed to be a gift from above.
But why am I not enjoying?
Instead I feel like suffering.
I love you...

[Anonymous]

ချစ်စွာသောမေမေ

ချစ်စွာသောမေမေ
ဒီဆောင်းလေပြေမှာ
လွမ်းလို့ နေရှာမလား

အထီးကျန်အဖော်မဲ့ 
အေးစက်စက်ဘဝ
နေသားကျပါ့မလား

အကြောတွေစီရရီနဲ့ 
တုန်ရီရီလက်ကလေး
နွေးထွေးနေပါ့မလား

တရွေ့ ရွေ့ ခြေလှမ်း
စမ်းတ၀ါးဝါးနှင့်သာ
လေးတွဲ့ စွာလှမ်းနေမလား

တစ်ယောက်ထဲနေလျှက်
မျက်ဝန်းတွေညှိုးစွ
ပုလဲတွေခနေမလား

လွမ်းအားတွေပိုလို့ 
ရွှေစိတ်တို့ ညိုကာ
ပိုလို့ အိုစာနေမလား

ားရဲ့ ချစ်မေမေ
ဇရာတွေထောင်းရင်း
အမေအိုမင်းလာပေမယ့် သားရဲ့ မျက်ဝန်းမှာ
ဒီတစ်လောကလုံး
မေမေသာအလှဆုံးပါ။။။။။
ကဗျာမလေ

သားအဖနှစ်ယောက်

တစ်ညလုံး
စကြ၀ဠာကြီးနဲ့ပျော်ပျော်ပါးပါး ဆက်ဆံခဲ့တဲ့ကောင်
မနက်ခင်း ရေဒီယို သီချင်းတွေကြားရမှ
ဆက်ပြီး လက်မ မထောင်နိုင်တော့တာနဲ့
အဖေ့အိမ်ကို ထွက်ခဲ့တယ်။

အဖေ့ဆီရောက်တော့
နာရီမရှိတဲ့ ကျွန်တော့်ကို
ပြက္ခဒိန်မရှိတဲ့ အဖေက
တိုးတိုးလေးပြောပြတယ်။

"ငါ့အိတ်ထဲ
ဇရာပဲ ကျန်ပါတော့တယ်ကွာ " တဲ့။

ဟုတ်ကဲ့ပါ အဖေ
အဖေ့အိတ်ထဲက "ဇရာ" နဲ့
ကျွန်တော့် စိတ်ထဲက "ကဗျာ" နဲ့
ကမ္ဘာကြီးကို လက်ငင်း ငွေချေလိုက်ပါရဲ့။

ရနံ့သစ်

Sunday, December 23, 2012

ဒဏ်ရာတွေနဲ့ငါ

တည်ငြိမ်နေတဲ့ နှလုံးသားထက်မှာ ပြန်လည်ရိုက်ခတ်စေခဲ့သည်ကား သူကြည့်ခဲ့တဲ့ မျက်ဝန်းတစ်စုံ။ ပေါက်ကွဲလုမတက် ခံစားချက်တို့ဖြင့် အထိနာခဲ့တဲ့ နှလုံးသားဟာ ယခင်ဒဏ်ရာတွေ ပျောက်ခါစမှာ သူ့အပြုံးတွေကြောင့် ပြန်လည်နိုးထလာခဲ့ပါပြီ။ နှလုံးသားရဲ့ ရင့်ကျက်တဲ့ လက္ခဏာကို မသိသေးတာလား ? ဒါမှမဟုတ် . . . မရှိသေးတာလား ?ေ၀၀ါးတဲ့ဆုံးဖြတ်မှုတွေကြားမှာ နစ်မြောသွားတဲ့ ခံစားချက်တစ်ချို့ဟာ သာယာမှု အချို့ကို ကျေနပ်နေတာများလား ? အချစ်ဆိုတာကို ဖွင့်ဆိုချက် မှားယွင်းစွာ နားလည်မိတဲ့ငါ နောက်တစ်ခါ အသည်းကွဲဖို့အတွက် ခံစားချက်တို့ မြူးနေခဲ့တာထင်ပါတယ်။ တကယ်တော့လဲ - ငါ့နှလုံးသားဟာ ဒဏ်ရာတွေနဲ့ ဆက်စပ်ထားခဲ့တာ ဖြစ်ပါလိမ့်မယ်။ (အသက်ရှင်နေသရွေ့ ခံစားချက်တွေပွေ့ပိုက်ရင်းပေါ့)

♘♘♘ ဟလို♘♘♘



သံစဉ်ချိုချို ကဗျာတစ်ပုဒ်ကို
ခပ်တိုးတိုး ရွတ်ဆိုလိုက်တဲ့အခါ
နားဝမှာ ၀ဲပျံ့နေသည့်အလား။

အမေတစ်ယောက်က သားလေးကို
`အိုအေးအေးအို´လို့  တေးဆိုပြီး
ချော့သိပ် လိုက်သည့်ပမာ
သာယာနာပျော်ဖွယ်ကောင်းလိုက်တာ။

မေတ္တာတွေပြည့်လျှံပြီး
ကရုဏာတွေ ပက်ဖြန်းထားသလို
ကြည်နူးဖွယ် တကယ်ကောင်းလှပါပေတယ်။

မောပန်းနေသူ တစ်ယောက်အတွက်
လိုအပ်တဲ့ အားအင်တွေကို
တစ်ခဏချင်း ဖြည့်သွင်းပေးလိုက်သလို
တကယ်ကို တန်ဘိုးမဖြတ်နိုင်ခဲ့ပါ။

အဲဒါ  -- -- -- -- -- -- -- --
ငါ  အားငယ်နေတဲ့အခါမှာ
ကြင်နာစွာ မျှဝေခံစားရင်း
ချစ်ခြင်းတွေနဲ့ အားပေးဖို့လာခဲ့တဲ့
ချစ်သူရဲ့ `` ဟလို ´´ ဆိုတဲ့အသံ။

Saturday, December 22, 2012

"ခရီးသည်"

လောက၌...လူရယ်လို.ဖြစ်လာလျှင်.....ခရီးသည်များဖြစ်ကြသည်....... ဒီခရီးသည်လေးတွေကို အာဒန်နှင့်.ဧ၀ မှစလို. တကမ္ဘာလုံးမှာရှိကြတဲ. မိဘတွေကပဲ..... မွေးဖွားပေးခဲ.ကြတာပါ....မိဘအိမ်ဆိုတာဟာလဲ....တခဏတာပဲနားခိုခဲ့ကြတာပါ.... ဘ၀တွေအတွက်..လမ်းလျှောက်ရတော.မည်ဆိုပြီးအသိဝင်တာနှင့် ကိုယ်စီကိုယ်စီ...လမ်းလျှောက်ပါ တော့တယ်... ဘ၀တွေအတွက်လမ်းလျှောက်နေကြပေမဲ. လမ်းလျှောက်ရင်းနှင့်တော့ လမ်းမပျောက်သင့်ပါဘူး.............. လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်တဲ့ သူတွေဟာ...လေထဲမှာလွင်.ပျံနေတဲ........... ၀ါဂွမ်းလေးတွေလို.....လေတိုက်ရာလွင့်နေပြီး...ဦးတည်ချက်မရှိ့ဖြစ်နေတတ်ပါတယ်........ ချေမခိုင်ပဲ....သူဘ၀အတွက်...အချိန်ခါမဲ့ လဲပျိုသွားနိုင်ပါတယ်....လမ်းလျှောက်ရင်းနှင်. လမ်းမပျောက်သောသူတွေဟာ... မိမိလုပ်မှန်သမျှတွေကို တန်ဖိုးရှိရှိ.....အချိန်တွေကိုသုံးချပြီး....ပြုကြစုကြပါတယ်...... မိမိပြုခဲ.သမျှစုခဲ.သမျှတွေဟာ အဟုတ်အမှန်သူတိုထံပြန်လာကြပါတယ်...လက်လာဘ ဥစ္စာပစ္စည်းအားလုံးပေါ. ဒါပေမဲ.လဲ...ခရီးသည်တိုင်း...ခရီးသည်တိုင်း...တွင်လဲ...မာန်မာဏတွေ ရှိကြသေးတယ်လေ..မာန်တော့မတက်သင့်ပါဘူး.... မာန်တက်ခဲ့ရင်..ဟန်ပျက်ပါမည် ..ဟန်ပျက်လျှင်...ကံမသွက်တော့ပါဘူး... မာန်တက်တဲ့အကြောင်းအချက်တွေကို...ပေါင်းဖက်လိုက်လျှင်လဲ...အကောင်းဘက်ကိုမ ရောက်တော့ပဲ အဆိုးဘက်ကိုသာ အကျိုးဆက်ပြီး ကိုယ့်ဘ၀နှင့်ကိုယ်ကားနှင့််တိုက်သွားသကဲ့သို့ တဘို့ချည်းဖြစ်နေတတ်သည်။လူချင်းမတူ မူချင်းမတူကြပါ။ပြန်လည်ရယူခြင်းတွေဆိုတာဟာလည်း ကွဲလွဲကုန်ကြတာပါပဲ။ဘာပဲဖြစ်ဖြစ် အားလုံးဟာ ဒီသံသရာထဲက ခရီးသည်တွေချည်းပါပဲ။.......... "မောင်မျိုဝင်းနောင်"

Friday, December 21, 2012

ပြန်မလာနဲ့

လေးနက်တဲ့ ကဗျာတစ်ပုဒ်လို မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့ နူးညံ့တဲ့ စကားလုံးတစ်ချို့ကို ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့ ငါ့မျက်ရည်တွေ မြစ်လိုစီး... ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ မင်းက ကျေနပ်နိုင်မှာလား ချစ်သူ.... ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့... ၀ဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့... နေသာသလိုသာ နေလိုက်ပါ.... ငါက နင့်အတွက် အစကတည်းက ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ... ငါသိတာပေါ့....... နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ ငါ့အပေါ် စိမ်းနေခဲ့တာ... နင့်စိတ်အစဉ်ဟာ.... လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ ယိမ်းနေခဲ့တာ..... တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ အပြစ်မတင်ချင်တော့ပါဘူး.... ဖြစ်တတ်တဲ့ သဘောတွေမို့ ငါနားလည်လက်ခံပေးလို့ ရပါတယ် တခုပဲ..... ငါ့ဘ၀ကို ဆုတ်ဖြဲ... ရက်စက်စွာနဲ့ ငါ့ကို... ချန်ရစ်လို့ ထားခဲ့ပြီးမှတော့... ပြန်ဆက်ဖို့ ကြိုးစားနေတဲ့ ငါ့နှလုံးသားကို မင်း..... ဒဏ်ရာတွေ ထပ်ပေးဖို့ မကြိုးစားပါနဲ့တော့.............. မိုးနတ်ကြယ်စင်.

ကလေးရေ...

ကလေးရေ..... အတွေးတွေထဲမှာ ရှင်သန်နေဆဲ မင်းပုံရိပ်လေးကို မြင်ယောင်မိတိုင်းပဲ ညညဆို ကိုယ့်မှာ အိပ်လို့မပျော်နိုင်ခဲ့ဘူးကွယ်... “ ပျော်ရွှင်ခြင်း ” ဆိုတဲ့ ကလေးနဲ့ပတ်သက်တဲ့ ရင်ခုန်သံကို ကိုယ့်ရင်တစ်ခုလုံးနဲ့ အပြည့် စိုက်ပျိုးထားချင်လို့ “ ကြင်နာခြင်း ” ဆိုတဲ့ မျိုးစေ့လေးကို ကိုယ့်နှလုံးသားအောက်ခြေမှာ ကလေးက လာကြဲပေးပါတော့လားကွယ်..... ချစ်တယ်.....ချစ်တယ်......ကလေးလေးရယ်....... ဒါဟာ ဘယ်အချိန်မှာပဲမေးမေး မပြောင်းလဲနိုင်တဲ့ အဖြေတစ်ခုဖြစ်သလို ကိုယ့်အသက်ရှင်သန်နေသရွေ့လဲ တည်မြဲနေမဲ့ အရာတစ်ခုပါပဲ..... ကလေးကို ကိုယ်က ထားရစ်ခဲ့ဖို့ဝေးလို့ ကလေးက ကိုယ့်ကို စွန့်ပစ်သွားမှာကိုတောင် ကိုယ်က သိပ်ကြောက်နေမိတာပါ ကလေးရယ်..... မေတ္တာတရား ဆိုတာလေ... သိမ်မွေ့နက်ရှိုင်းပြီး ထုထည်ကြီးမားလွန်းတာမို့ တခါတခါ ကလေးနားလည်အောင် ပြောပြဖို့... ကိုယ်ဟာ စကားလုံးတို့ ပျောက်ရှနေတတ်လို့..... ကလေးကရော......မကြာမကြာ ကိုယ့်အပေါ် ဆိုးနွဲ့နိုင်လွန်းတာဟာ ကိုယ့်ကို ချစ်လွန်းလို့ပဲလားဟင်....? ကိုယ့်မှာတော့ စိတ်ကူးယဉ်အိပ်မက်တွေ မက်ပြီးရင်းမက်.........ဒီလိုနဲ့........ ......... တွေဝေမနေပါနဲ့တော့ ကလေးလေးရယ် ကိုယ့်နှလုံးသားကို စီရင်အုပ်ချုပ် ကိုယ့်ဘ၀ကို ခြယ်လှယ်မင်းလုပ်ဖို့ ကိုယ့်ရင်ခွင်တံခါးလေး တွန်းဖွင့်လို့ အထီးကျန်နေတဲ့ ကိုယ့်ဘ၀လေးဆီ ကလေးလေး......လာခဲ့ပါတော့လားကွယ်...... ...မိုးနတ်ကြယ်စင်...

အငိုက်မိခြင်း


“ အချစ် ” က  လူကို တကယ်ပဲ
 တိမ်းညွှတ်ယစ်မူးစေတတ်သလား......?
 အထိအတွေ့တွေ  မပါ...ပါပဲ
 ငါတို့  တစ်ယောက်ကို  တစ်ယောက်
 စွဲလန်းခဲ့ကြတယ်.......
 အကြည့် အငွေ့တွေနဲ့  သာယာမိတဲ့
 တင်္ဒဂမှာတော့  သံယောဇဉ်များစွာဟာ
 တိုးလို့သာ  တွယ်တာနှောင်ရစ်စေခဲ့တယ်...
“ အချစ် ” .......ရယ်
 ဆန့်ကျင်ဘက် လူနှစ်ဦးကြား
 မွေးဖွားလာခဲ့တဲ့ မင်းကိုလေ
 ငါ တကယ်ပဲ အံ့သြမိပါရဲ့.....
 “ အချစ် ” ........ကွယ်
 ငါတို့နှစ်ဦးကြား ဖြတ်စီးသွားလိုက်တာများ
 လျင်မြန်လွန်းတာမို့
 ငါ့မှာတော့ တုန်ရီမောဟိုက်
 နွမ်းလျလို့သာ ကျန်ရစ်တယ်.......

Tuesday, December 18, 2012

အများကပြောတဲ့ မိုက်မဲခြင်းတွေရယ်.. အိမ်ကလေးရယ်….ငါရယ်…………

အမြင်မဲ့ ယိုင်နဲ့နေခဲ့တဲ့ ငါ့အိမ်ကလေး ကျားကန်ခြင်းမဲ့ ….. အများကပြောတဲ့ မိုက်မဲခြင်းတွေကိုသာ အိမ်ကလေးရဲ့ပတ်ပတ်လည်မှာ ဆင့်စီထားခဲ့ရ ငါ့ဦးခေါင်းကတော့ ဘာမဆိြုေ့ပးတိုက်ပစ်လိုက်ဖို့ မာနတွေနဲ့ မာကျောနေခဲ့ ……. အိမ်ကလေး… ငါ..အဝေးကြီးထိ ခရီးဆက်ရဦးမှာ ရာသီဥတုဒါဏ်တွေ နတ်ဆိုးတွေရဲ့ အမှောင့်ပယောဂတွေ အမြဲစိမ်းသစ်တောကြီးတွေရဲ့ ကာဆီးမှုတွေ လက်ညှိုးတွေ …အများကြီး ကြုံရဦးမှာ ငါ့မှာ ကာရန်ပေးစရာဆိုလို့ အများကပြောတဲ့ မိုက်မဲခြင်းတွေသာရှိရဲ့ …. မင်း..မမြင်ရတဲ့အိပ်မက်တွေနဲ့ ငါ.. လောကကို မေ့လျော့နေခဲ့မိတဲ့အခါတိုင်း ညစာမဲ့ .. နေရောင်မဲ့ .. မင်းအတွက် ငါ့အိပ်မက်တွေက ဆေးဖက်မဝင်နိုင်တဲ့အခါတိုင်း မိုးစက်တွေ ကံ့ကော်ရနံ့တွေ စိန်ပန်းကြွေတွေ .. ရေတမာတွေကြား ငါ ..နာဖျားနေတဲ့အခါတိုင်း အများကပြောတဲ့ မိုက်မဲခြင်းတွေရဲ့ အဆိပ်သင့်တဲ့ဒါဏ် ငါခံရတိုင်း အများကြိုက်စကားလုံးတွေနဲ့ မင်းကို … ကျားကန်မပေးနိုင်ခဲ့တာ ခွင့်လွှတ်ပေးခဲ့ပါ။ လောကမှာ ဘာအလိုအပ်ဆုံးလဲ သိက္ခာ ပညာ မာန ဆောက်တည်ရာမရ ရွတ်ဆိုနေခဲ့တဲ့ မေးခွန်းတွေလည်း ပျံ့ကျဲ အိမ်ကလေးရဲ့ ရင်ခွင်ထဲမှာ ….. လှဲကျင်းပစ်လိုက်ဖို့ရာလည်း မဖြစ်နိုင် ရှင်းလင်းပြဖို့ရာလည်း မဖြစ်သေး ရာဇဝင်သစ်တွေ ပြောင်းပြန်ဖြစ်နေခဲ့ … အမှားအယွင်းတွေရဲ့ သားကောင် အမှန်တရားရဲ့ နောက်တော်ပါး ပါးနပ်မှုရှိလျက်နဲ့ အသုံးမချသူလေ ခုတော့လည်း သုံ့ပန်းလုံးလုံးကိုဖြစ်လို့………. ရွက်ကြွေတွေလို ဦးတည်ရာမဲ့ လွင့်မျောပစ်လိုက်ချင်ရဲ့ ဒါပေမယ့် ယိုင်နဲ့နေသေးတဲ့ ငါ့အိမ်ကလေးကို ငါ ဘယ်လိုပစ်ခွာသွားရက်ပါ့မလဲ … အများကပြောတဲ့ မိုက်မဲခြင်းတွေသာ ခရီးရှည်နေခဲ့ …. ခုဆိုရင် ငါရယ် ငါ့အိမ်ကလေးရယ် အများကပြောတဲ့ မိုက်မဲခြင်းတွေရယ် …………………………… …………………………………… အများကပြောတဲ့မိုက်မဲခြင်းတွေရယ် ငါ့အိမ်ကလေးရယ် ငါရယ် ………………… ……….. .. မိုင်ပေါင်းများစွာ ရာစုများစွာတိုင်ထိ …….။ ။ ^^^မနော်ဟရီ^^^

@လက်အံသေခြင်း@

ကံကြမ္မာဆိုးတွေကိုပဲချချရေးရင်း သီချင်းတွေတစ်စက်စက် ကုန်သွားတာ သတိမထားမိလိုက်ဘူး အလွတ်ကျက်ထားပြီးမှ ဆိုဖို့မေ့မေ့နေတတ်တဲ့အထဲမှာ ဘုရားစာလည်း ပါ ပါနေတယ် မခက်ဘူးလား ဘုရားသိကြားမလို့ ငါတို့ရင်ဘတ်တွေကိုစည်တီး ကောင်းချီးပေးခိုင်းရဦးမယ်။ ရန်သူတွေအကြောင်းကို မေ့မေ့နေတတ်တော့ နောက်ကျောမှာ အမာရွတ်တွေများ များလာတယ်။ လေဟာနယ်တွေဟာ ကျန်းမာရေးကိုထိခိုက်စေတာသေချာသလား ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ တစ်ခါတစ်ခါ ဓားတွေဟာရှေ့ကလည်း လာတတ်ပါတယ် လေတိုးသံတောင် မကြားလိုက်ရတတ်ဘူး။ အနာဂတ်တွေကို ဖိဖိရေးရင်း နှင်းတွေက တင်းကြမ်းကျလာလိုက်တာ ကံကြမ္မာတွေတောင် ဖွေးဖွေးဖြူလို့ ကျွန်မ ဘယ်လိုရာသီဥတုနဲ့များ လာဘ်ပေးလာဘ်ယူ လုပ်ထားရပါ့မလဲ ခုထိ ဝေခွဲမရနိုင်သေးဘူး။ ^^မနော်ဟရီ^^

(ကလောင်တိုက်ပွဲ)

နှစ်သိမ့်အပြုံးတွေကို .. ရင်နာစွာနဲ့ ရှာဖွေသိရှိခဲ့ပြီပဲ .. တစ်နေ့မှာ.. ဟန်ဆောင်ချစ်ခြင်းတွေ .. အရေခွံလဲ မှာ သိရက်နဲ့ .. ချစ်သူရဲ့ .. ဟန်ဆောင်အပြုံးတွေကို .. ဖြူစင်စွာ မြတ်နိုးခဲ့မိတဲ့ .. နှလုံးသားတစ်စုံက .. ဘာကြောင့်များ .. ဝမ်းနည်း ကြေကွဲနေဦးမှာလဲ ? အချစ်ကို .. ယုံကြည်ကိုးကွယ်မိကတည်းက .. နောက်ဆက်တွဲ .. သံသယ တွေကို မျက်ကွယ်ပြုခဲ့မိတဲ့ .. ငါ့ရဲ့ အပြစ်တွေပါ .. ။ ။ ***သက်အောင်***

Monday, December 10, 2012

ကိုယ်ကျေနပ်သင့်တာပေါ့ ။



လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ
နောက်ပြန်မလှည့်ချင်ခဲ့ဘူး
ကိုယ်ရဲ့စိတ်စေတသိုက်ဟာ
ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . .

ချစ်သူ . . .
ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပေါ့ ။

မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ
ဓားသွားတစ်လက်ဆိုရင်
အဲဒီဓားအဖျားထက်မှာ
ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ်
ကိုယ့်အိပ်မက်ကိုတောင်
မင်းစေလိုရာစေနိုင်တယ်ကွယ် ။

လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM ) 

ယဉ်ကျေးမှု့

လူမျိုးဘာသာတိုင်းမှာရိုးရာယဉ်ကျေးမှု့တွေရှိကြသလို ချစ်ခြင်းတရားမှာလည်းဘယ်တော့မှမပြောင်လဲတဲ့ယဉ်ကျေးမှု့ တစ်ခုရှိပါတယ်...အဲဒါကတော့... ကိုချစ်ရတဲ့လူတစ်ယောက်ကိုချစ်ပါတယ်လို့ အရိုးသားဆုံးဝန်ခံရဲတဲ့သတ္တိပဲ... ခေတ်တွေဘယ်လောက်ပြောင်းလဲသွား ပြောင်းလဲသွား... ချစ်တယ်လို့ဖွင့်ဟဝန်ခံတတ်တဲ့... ချစ်ခြင်း ယဉ်ကျေးမှုကတော့အဓွန့်ရှည်ကြာ တည်နေမှာပဲ ဖြစ်ပါတယ်................................

မွေးနေ့တိုင်းမှာ

ဝမ်းနှင့်လွယ်မွေး ၊ မိဘကြွေးကို မွေးနေ့တိုင်းမှာသိပါလေ။ သေမင်းနှင့်စစ်ခင်း ၊ ဝေဒနာကိုသည်းခံ အံခဲ ၊ မာန်သွင်း ၊ အသက်ရင်း၍ ငါ့ကိုမွေးစဉ် ၊ အမေ့ရင်ဝယ် သူလျှင်သေစေ ၊ သားသေမမွေး စိတ်ကတွေး၍ ၊ မွေးဖွားရှာသည့် ငါးပါးဂိုဏ်းဝင် ၊ ကျေးဇူးရှင်တို့ မလွန်ကြခင် ၊ ကြေပါစေ။ အမေ့ကျေးဇူးမကြေ ငါမသေ။ "(အရှင်ဥက္ကဋ္ဌသာမိ)"

Monday, December 3, 2012

ရနိုင်ပါတယ်

တစ်ခါဆုံးရှုံးမှုဟာ နောက်တစ်ခါအောင်မြင်ဖို့ အကြောင်းဖြစ်ရမယ်... မကျေနပ်မှုဆိုတာ ဖြစ်ချင်နေတာနဲ့ ဖြစ်နေတာတို့ရဲ့ပဋိပက္ခပဲ... မကောင်တဲ့အကျင့်ကို ပြတင်းပေါက်ကနေ ပစ်ထုတ်လို့တော့ မရဘူး... ဒါပေမဲ့...လှေကားကနေတစ်ထစ်ချင်း ဆငိးခိုင်းလို့တော့ ရပါတယ်...

ဖြစ်ခွင့်ရရင်



ငှက်တစ်ကောင်လို လွတ်လပ်စွာပျံသန်းချင်တယ်
ဘယ်ကိုရောက်ရောက်ပေါ့...
သံယောဇဉ်အနှောင်မရှိ့တဲ့ နှလုံးသားတစ်စုံနဲ့
ငါ့ဘဝကို စတင်ချင်တယ်...
ဘဝဆိုတာခက်ခဲမှ ရလဒ်ကောင်းတာဆိုရင်
ဘဝပေါင်းများစွာ ပေးဆက်ချင်တယ်...
ဆန္ဒဆိုတာ ငါ့အတွက်တော့ စိတ်ကူးယဉ် ဟာသလိုလို
ဘာမှမရှိ့တဲ့ သေချာမှု့တစ်ခုကို ငါငတ်မွတ်စွာတမ်းတရင်း
ညပေါင်းများစွာ မနိုးထချင်တော့ဘူ.....

Friday, November 30, 2012

ရင်ခုန်သံ

မျက်လုံးခြင်း တစ်ခါဆုံလိုက်တိုင်း ကမ္ဘာကြီး တစ်ခါတုန်သွားတယ် ရင်ခုန်သံတွေ မြန်လွန်းလို့ ကိုယ့်နှလုံးသား တံကားရွက်တွေ ပြုတ်ပျက်ကုန်မှာ စိုးမိတယ် အချစ်ရဲ့မျက်လုံးလေးတွေကို ကိုယ့်နှလုံးသားထဲမှာ တံကားပိတ်လို့ တိတ်တိတ်ကလေး သိမ်းထားမှဖြစ်မယ် ဒါဆိုရင်.... ကမ္ဘာကြီးလည်း မတုန်ရတော့ဘူး ရင်ခုန်သံတွေလဲ မမြန်ရတော့ဘူးပေါ့

Friday, November 23, 2012

ဆယ်စုအလွမ်း

ဆယ်စုနှစ်တစ်ခုသာ ပြောင်းလဲသွားခဲ့တယ် ။ အရင်ကလိုပဲ နင့်ကိုချစ်တဲ့စိတ်တွေနဲ့ ငါဟာ ဘာဆိုဘာမှ ပြောင်းလဲမသွားသေးဘူး ။ ဟောင်းနွမ်းမသွားသေးတဲ့ ချစ်ခြင်းတရားတွေနဲ့ အတူ အချိန်တွေကြာလာတာနဲ့ အမျှ မပြယ်လေတဲ့ သံယောဇဉ်တွေက အစွဲလမ်းကြီးနေဆဲ ငါ့ရင်ခွင်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတုန်းပဲ ။ ရုန်းထွက်ဖို့လဲ ခက်ခဲသလို ရုန်းထွက်ဖို့လဲ ငါဟာ မကြိုးစားဖူးဘူး ။ အဆုံးမသတ်နိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့သာ အဆုံးမရှိ မျှော်လင့်ရင်း....... ချစ်ရတဲ့သူ နင်အခုဘယ်မှာ ရှိနေမလဲလို့ သိချင်မိတယ် ။ ဟိုးအဝေးက ..... တိမ်တိုက်တွေထဲမှာလားကွယ် ။ မိုးနတ်ကြယ်စင်

Thursday, November 22, 2012

တိုးတိတ်တမ်းတ..

ချစ်သူ.... သတိရမိမှာစိုးလို့ မေ့ပစ်ဖို့... ကြိုးစားမိကာမှပဲ မင်းကိုသတိရစေမဲ့.. အကြောင်းအရာတွေက တိုက်ဆိုင်စွာနဲ့ ငါ့ရဲ့ရှေ့မှာ ဖြစ်ဖြစ်လာတယ်...... ဘာကြောင့်လဲကွယ်...... မင်းရှေ့မှာဆို အမြဲအေးစက် မာကျောခဲ့တဲ့ငါက မင်းကွယ်ရာကျမှ တိတ်တိတ်လေး လွမ်းနေတတ်တာ..... ငါ့ရဲ့အတွေးတွေထဲကို မကြာခဏ ၀င်လာတတ်တဲ့ မင်းဟာ..ငါ့ရဲ့ အိပ်မက်တွေကိုလဲ အမြဲစိုးမိုးထားတာ... ငါရေးခဲ့ဖူးတဲ့ ကဗျာတွေတိုင်းဟာလဲ မင်းအတွက်ပဲ ဖြစ်နေခဲ့ရတာ..... အဲဒါတွေအားလုံးဟာ ဘာကြောင့်လဲကွယ်.... ဘာကြောင့်လဲဆိုတာ သိနေရက်နဲ့ ငါက မသိချင်ယောင်ဆောင်ခဲ့မိတယ်.. ငါတို့နှစ်ယောက်စလုံးရဲ့ အချစ်တွေကိုလဲ ငါ့ရဲ့ မာနနဲ့ သိက္ခာအတွက် ဥပေက္ခာပြုခဲ့မိတယ်ဆိုရင်....... ခေါင်းမာပြီး လက်တွေ့ဆန်တဲ့ ..... မိန်းမတယောက်ကို ချစ်ခဲ့မိတဲ့အတွက် မင်းက နောင်တတွေရနေတော့မှာလား..... ချစ်သူ....... ဒါပေမဲ့......ချစ်သူ......... ငါရှုသွင်းလိုက်တဲ့ လေနဲ့အတူ မင်းကိုမေ့တတ်တဲ့ စိတ်တွေပါလာပြီးတော့ ငါပြန်ထုတ်လိုက်တဲ့ လေနဲ့အတူ မင်းကို သတိရတတ်တဲ့ စိတ်တွေ အငွေ့ဖြစ်ပျောက်ကွယ်သွားရင် ခုချိန်ဆို ဟိုအရင်လို ငါမင်းကို လွမ်းနေဖို့ မလိုတော့ဘူးပေါ့..... Posted by မိုးနတ်ကြယ်စင် at 6:30 AM

မျှော်လင့်ခြင်းလေး.....

ငါလေ မင်းရဲ့အပြုံးကို စတွေ့ကတည်းက....... ကဗျာတွေ ရေးတတ်ခဲ့တာ... နွေးထွေးတဲ့ မင်းရဲ့အကြည့်တွေကလဲ ငါ့အတွက် အင်အားတွေဖြစ်စေခဲ့လို့.... ဘာကိုမှ ဂရုမစိုက် အရွဲ့တိုက်တတ်တဲ့ ငါတောင် မင်းကြောင့် လောကကြီးနဲ့.... အဆင်ပြေအောင် နေတတ်လာပြီပဲ.... ကျေနပ်ပါတယ် ချစ်သူ....... ကံကြမ္မာကြောင့် ငါတို့တွေ တခဏတာပဲ ဆုံတွေ့ခွင့် ရခဲ့ကြပေမဲ့လို့................ ငါ့ရဲ့ တဘ၀တာလုံးကို အဓိပ္ပါယ်ရှိစွာ ရပ်တည်သွားနိုင်ဖို့ မင်းက ခွန်အားတွေပေးခဲ့တာ...... လမ်းပျောက်နေတဲ့ ငါ့ရဲ့ဘ၀မှာ မင်းဟာ ကန္တာရအလယ်က လမ်းပြကြယ် တစ်ပွင့်လိုပါပဲ..... အဲဒိညက ပြတင်းပေါက်မှန်မှာ ပေါ်နေတဲ့ မင်းရဲ့မျက်နှာကို တစ်ညလုံး ထိုင်ကြည့်ရင်း ငုတ်တုတ်မေ့ခဲ့တာ........ အဲဒိနေ့ကစလို့ မင်းပြန်အလာကို မျှော်ကြည့်တတ်တဲ့ အကျင့်ဖြစ်ခဲ့တာ..... အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မင်းရဲ့မျက်နှာကို ငါဒီတသက်..... ဘယ်တော့မှ မေ့တော့မယ်မထင်ဘူး ချစ်သူ..... အဲဒိလိုပဲ ငါတို့တွေ ပြန်ဆုံနိုင်ဖို့ကိုလဲ မျှော်လင့်ဆုတောင်းရင်းနဲ့ သတိရခြင်းတွေနဲ့ အတူ ငါမင်းကိုစောင့်လို့နေပါ့မယ် ချစ်သူ.................. Posted by မိုးနတ်ကြယ်စင် at 7:17 AM

မ...... ညညဆို အိပ်မက်မှာအလည်လာ...... သန်းခေါင်ယံကျမှ ကိုယ်ထင်ပြတတ်တဲ့ မကို... တဘ၀လုံး ကျွန်တော့်နှလုံးသားကို အပ်နှင်း.... ဆယ်စုနှစ်များစွာကို မ နဲ့အတူတူ ဖြတ်သန်းခွင့်ရချင်တယ်........ ကျွန်တော့် ဆန္ဒတွေ ဘယ်တော့များမှ လက်တွေ့ဖြစ်လာမှာလဲ မသိဘူး..... မ....... မက ခေါင်းငြိမ့်ဆို ခေါင်းငြိမ့်....... မက ဒူးထောက်ဆို ဒူးထောက်..... အရာရာကို မစိတ်တိုင်းကျ ဖြည့်ဆည်းပေးခဲ့တဲ့ ကျွန်တော် ဘယ်တော့များမှ မမျက်နှာကို မော်ဖူးခွင့်ရပါ့မလဲ မသိဘူး........ မ....... မနက်ဖြန်ဆို “Valentine Day” တဲ့ သူငယ်ချင်းက ပြောတယ်လေ...... ကောင်မလေးနဲ့ အတူတူလျှောက်လည်မလို့တဲ့.. ပျော်စရာကောင်းလိုက်တာနော် မရယ်...... ကျွန်တော်လဲလေ မနဲ့ နှစ်ကိုယ်တူ...... အဲလို ဘယ်တော့များမှ..... ကြည်နူးခွင့်ရပါ့မလဲ မသိဘူး.... မ..... ကျွန်တော် လောဘကြီးသလိုများ ဖြစ်နေပြီလားဟင်.......? ဒါမှမဟုတ်..“.မ”ကပဲ မကြင်နာတတ်ခဲ့တာလား....? တကယ်ဆို .....မရယ်..... ကျွန်တော်က“ မ”သဘောနဲ့ အသက်ရှင်နေမိတဲ့သူပါဗျာ....... ကျွန်တော့်ဘ၀ရဲ့ နာရီ..မိနစ်..စက္ကန့်တိုင်းကိုလဲ “မ” ကသာ ပိုင်တာပါ........ ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လို့ ပင်လယ်ပြင်ကိုပဲ လက်ပစ်ကူးခိုင်းကူးခိုင်း အရာရာကို “မ” စိတ်တိုင်းကျဖြစ်ရစေမှာပါ..... ကျွန်တော် “မ” ကို အဲဒိလောက်တောင်ချစ်တယ်.. “မ”ရယ် အဲဒါကို “မ” နဲနဲလေးမှတောင် မခံစားမိဘူးလား ?..... Posted by မိုးနတ်ကြယ်စင် at 7:05 AM

တကိုယ်ရေည

ခန်းဆီးလိုက်ကာစတွေ အရောင်မှိန် အိမ်အိုလေးလဲ ဟောင်းခဲ့ချိန် မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား မင်းအကြောင်း တွေးလိုက်တိုင်း ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား မီးလင်းဖို နွေးနွေးလေးဘေးမှာ ထိုင်ငေးရင်း အမှတ်မရှိနိုင်လွန်းတဲ့ ကိုယ့်နှလုံးသားကို ကိုယ်သာ အပြစ်တင်နေမိတော့တယ် ကမ္ဘာဆုံးသွားတောင် ဆုံးသေးမယ် မထင်တဲ့ ငါ့အချစ်တွေ ဟိုစဉ်ကလိုပဲ ပျိုရွယ်နေဆဲ သစ်လွင်တောက်ပ လတ်ဆတ်နေဆဲပဲ အားလုံးဟာ အသစ်..အသစ် ဟိုစဉ်ကလိုပဲ မင်းအနမ်းတွေဟာ အသစ်...အသစ် ရီဝေယစ်မူး အထိအတွေ့တွေဟာ အသစ်... အသစ် သံစဉ်ချိုတဲ့ အပြာရောင်အိပ်မက်တွေဟာ အသစ်...အသစ် မင်းအချစ်တွေသာ အသစ်ဖြစ်မလာတာ ဆိုးရွားလွန်းလှတယ် ဥပေက္ခာ နှလုံးသားကို အစိမ်းရောင်ခြယ် သံမဏိလို သဘောထားကို မင်းဦးနှောက်မှာ ကိုင်စွဲလို့ထားမှတော့ ဒီညလဲ တကိုယ်တော် အိပ်မက်ကိုပဲ ငါ ဆက်မက်နေရအုံးမယ်ထင်ပါတယ် post by မိုးနက်ကြယ်စင် at 4:24 AM

မိဘမေတ္တာ

ချစ်သူ





ချစ်သူရေ ...
ရေဝေးရင်ကြာနွမ်းတယ်ဆိုတဲ့စကားဟာကို့
အတွက်များထားခဲ့လေသလား...
မင်းမရှိတော့တဲဒီနေရာဟာကို့အတွက်တော့
အထိကျန်ကမ္ဘာရယ်ပါ ချစ်သူ...
မင်းမရှိတော့တဲ့ ဒီအခန်း
မင်းမလျှောက်တော့တဲ့ ဒီလမ်းလေးတွေမှာ ငါဘယ်လို
သတ္တိတွေနဲ့ ဆက်လျှောက်ရမလဲ?
နားလည်မှု့တွေနဲ့ချစ်ခဲ့ပြီးမှ ကမ္ဘာကြီးတစ်ခုတည်းနဲ့
ရေမြေနေရာတွေခြားခဲ့ရပြီနော်
ရက် လ နှစ် တွေဘယ်လိုပြောင်းပေမဲ့
မင်းနဲ့နှစ်ယောက်အတူဖြတ်သန်းခဲတဲ့
ပျော်ရွှင်ခဲတဲ့အချိန်လေးတွေကို
သတိရနေမိသေးတယ် ချစ်သူရယ်....

အမှတ္တရ...
,ရဲဝင်းနိုင်,

ဓာတ်ပုံအချစ်ကဗျာများ

ဓာတ်ပုံအချစ်ကဗျာများ

Tuesday, November 20, 2012

ဒီလိုပဲ ...အားတင်းပြီး...ဆက်လျှောက်

ပန်းတိုင်မရှိပဲ ခရီးဆက်နေရတဲ့ဘ၀မှာ လမ်းကလဲ အမြဲလိုလိုပျောက်ပျောက်နေတတ်လို့ အားငယ်စိတ်နဲ့ စိုးရိမ်သောကတွေဟာ အိပ်ပျက်ညတွေရဲ့ ခြေရာ ...( ဒီလိုနဲ့ ) ငါ့ဘ၀မှာ အနှုတ်လက္ခဏာဆောင်နေတဲ့ ညတွေ တဖြေးဖြေးနဲ့ များများလာခဲ့ပြီလေ ဧပရယ်ရေ....... ငါတို့တွေ့ခဲ့ကြတဲ့ နောက်ဆုံးနေ့ကလိုပါပဲ မြင်မြင်ရာ နေရာတိုင်းမှာ ခြောက်သွေ့ခြင်းတွေနဲ့ လေးလံထိုင်းမှိုင်း..... အပြိုင်းပြိုင်းကျနေတဲ့ ပင်အိုကြီးတွေ.......... ဖေးကူ ကယ်ဆယ် ကောက်ယူမဲ့သူ ကင်းမဲ့နေတဲ့ မြေပြင်ပေါ်က ရော်ရွက်ဝါလေးတွေ...... နွေရဲ့သရုပ်ကို အစွမ်းကုန် အံထုတ် ဖော်ထုတ် ပြသနေကြလေရဲ့...... ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့ ပစ္စုပ္ပုန်ဆိုတာကြီးကို ခဏလောက်ဖြစ်ဖြစ် ကျွန်တော် မေ့ထားလိုက်ချင်တယ်ဗျာ.. အနာဂတ်ဟာ မိုးလိုစိမ်းစိုနေမလား ဆောင်းလိုပဲ အေးခဲနေမလား ကြိုတင်မမြင်နိုင်သေးတဲ့ အနာဂတ်ကို စိတ်ကူးနဲ့ မှန်းမျှော်ကြည့်ရတာ တခါတခါ ရင်ခုန်စရာတော့ အကောင်းသားဗျ.... ဘ၀ဆိုတာ ရာသီတိုင်းပွင့်တဲ့ ပန်းလိုမဟုတ်ဘူး.... လင်းတလှည့် မှိန်တခါ ကြွေတလှည့် ကြက်တခုန် လောက ဇာတ်ခုံပေါ်မှာ အဖုံဖုံ ကရချည်သေးရဲ့..... နောက်ဆုံးကားလိပ် မချခင်အထိတော့ ငါဟာ ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေဆဲ လူတစ်ယောက်ပါပဲ.. Posted by မိုးနတ်ကြယ်စင် at 5:30 AM 8 comments:

ပြန်မလာနဲ့

လေးနက်တဲ့ ကဗျာတစ်ပုဒ်လို မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့ နူးညံ့တဲ့ စကားလုံးတစ်ချို့ကို ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့ ငါ့မျက်ရည်တွေ မြစ်လိုစီး... ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ မင်းက ကျေနပ်နိုင်မှာလား ချစ်သူ.... ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့... ၀ဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့... နေသာသလိုသာ နေလိုက်ပါ.... ငါက နင့်အတွက် အစကတည်းက ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ... ငါသိတာပေါ့....... နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ ငါ့အပေါ် စိမ်းနေခဲ့တာ... နင့်စိတ်အစဉ်ဟာ.... လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ ယိမ်းနေခဲ့တာ..... တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ အပြစ်မတင်ချင်တော့ပါဘူး.... ဖြစ်တတ်တဲ့ သဘောတွေမို့ ငါနားလည်လက်ခံပေးလို့ ရပါတယ် တခုပဲ..... ငါ့ဘ၀ကို ဆုတ်ဖြဲ... ရက်စက်စွာနဲ့ ငါ့ကို... ချန်ရစ်လို့ ထားခဲ့ပြီးမှတော့... ပြန်ဆက်ဖို့ ကြိုးစားနေတဲ့ ငါ့နှလုံးသားကို မင်း..... ဒဏ်ရာတွေ ထပ်ပေးဖို့ မကြိုးစားပါနဲ့တော့.............. မိုးနတ်ကြယ်စင်ပြန်မလာနဲ့ လေးနက်တဲ့ ကဗျာတစ်ပုဒ်လို မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့ နူးညံ့တဲ့ စကားလုံးတစ်ချို့ကို ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့ ငါ့မျက်ရည်တွေ မြစ်လိုစီး... ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ မင်းက ကျေနပ်နိုင်မှာလား ချစ်သူ.... ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့... ၀ဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့... နေသာသလိုသာ နေလိုက်ပါ.... ငါက နင့်အတွက် အစကတည်းက ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ... ငါသိတာပေါ့....... နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ ငါ့အပေါ် စိမ်းနေခဲ့တာ... နင့်စိတ်အစဉ်ဟာ.... လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ ယိမ်းနေခဲ့တာ..... တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ အပြစ်မတင်ချင်တော့ပါဘူး.... ဖြစ်တတ်တဲ့ သဘောတွေမို့ ငါနားလည်လက်ခံပေးလို့ ရပါတယ် တခုပဲ..... ငါ့ဘ၀ကို ဆုတ်ဖြဲ... ရက်စက်စွာနဲ့ ငါ့ကို... ချန်ရစ်လို့ ထားခဲ့ပြီးမှတော့... ပြန်ဆက်ဖို့ ကြိုးစားနေတဲ့ ငါ့နှလုံးသားကို မင်း..... ဒဏ်ရာတွေ ထပ်ပေးဖို့ မကြိုးစားပါနဲ့တော့.............. Posted by မိုးနတ်ကြယ်စင် at 5:30 AM 9 comments:

Monday, November 19, 2012

အိပ်မက်တွေ ငိုကြွေးတဲ့အခါ ..

အိပ်မက်တွေထဲ လန့်နိုးခဲ့ရ သွေးပျက်နေတဲ့ ခံစားချက်ရဲ့ ရင်ခုန်ခြင်းမဲ့ တေးသွားတစ်ပုဒ် ဘာသာပြန်မရခဲ့ ဘဝရဲ့ ဆိုနာတာ ... စိတ်ပြတင်းပေါက်က ကယောင်ကတမ်းနဲ့ ဝမ်းနည်းခြင်းကို ကဗျာစပ်တယ် .. အလင်းဖျော့  ကြယ်ကလေးတွေရဲ့ ကွဲအက်ကြေ ငိုသံတွေက လမင်းကြီးကို ရောင်ပြန်ဟပ်တဲ့အခါ ... တိတ်ဆိတ် ညတွေထဲ မှောင်မိုက်ခြင်းရဲ့ အသက်ရှူသံတွေ ခြောက်ကပ် မွန်းကျပ်တယ် ။ ။ သက်အောင်

ကျွန်တော့်အိပ်မက်

ဖုန်မှုန့်ပျံ့စင်… ကျွန်တော့်ရဲ့စိတ်ကူးတယဉ်ယဉ်တွင်းဟောင်း အခု..လင်းနို့တွေအောင်းနေပြီမေမေ..။ လွန်ခဲ့တဲ့အနှစ် (၂၀)ကျော် ကျွန်တော်မြင်းရုပ်စီးပြီး၊သစ်သားခွာကြီးနဲ့ခရီးတွေနှင် မေမေ့လက်ခုပ်သံတလွင်လွင်ပေါ့….။ စိတ်မလိုရင်ကောင်းဘွိုင်ဦးထုပ်ကိုဆွဲဖြဲ ဂျစ်ကားတွေတက်နင်း၊ရထား တစ်စင်းလုံးဆောင့်ကန် ကျွန်တော့်ထမင်းပန်းကန်အထူအပါး မေမေခွံ့ကျွေးမှစားခဲ့တယ်..။ မေမေက ဥုံဖွလို့မန်းမှုတ်ရင် ဒုက္ခအပေါင်းဟာတိတ်ဆိတ်ငြိမ်သက် ကျွန်တော့်ရှေ့မှောက်မှာကြောက်ရွံ့စွာလက်ပိုက်ရပ်ကြတယ်..။ “လူကလေးရဲ့အိပ်ချိန်တန်၊ဗျိုင်းရှေ့ကပျံ” တဲ့ မိုးအုံ့နေတဲ့မျက်လုံးနဲ့ မေမေ့ပုခုံးမှာမှီတွယ်ငိုက်မျဉ်း ကျွန်တော်ကလည်းအိပ်ပုပ်ကြီးတယ်… ကျွန်တော်အိပ်တိုင်းမေမေ့ဗျိုင်းကလည်းရှေ့မှာပျံတယ်…။ ကျွန်တော့်အိပ်မက် မေမေ့လည်တိုင်ကိုဖက်လို့ပေါ့…။ ...တာရာမင်းဝေ...

ကျွန်တော်မှတ်မိသမျှ…

မေမေ့မျက်လုံးဟာဆောင်းရာသီဆန်လွန်းတယ် မြူတွေဖုံး၊နှင်းစက်တွေဖုံး နေရောင်တွေလည်းခါးကုန်းအောင်ရုန်းခဲ့ရပေါ့ သစ်ကိုင်းခြောက်ကြီးကမီးတောက်ကလေးကိုမွေးဖွား ပြာအနန္တတိုင်အောင်ထွေးပိုက်ပျိုးထောင်သွားသလို မေမေဟာ… သူ့ကိုယ်သူဖြန့်ခင်းပြီးကျွန်တော့်ကိုလျှောက်နင်းခိုင်းခဲ့တယ်…။ မုသားတစ်လွှာမာယာတစ်ထပ်၊၀တ်ရည်တစ်စက်နဲ့ အို…ခတ္တာရေ… ပုခက်လွှဲသောလက်တွေနဲ့ကျွန်တော့်ကိုစိုက်ပျိုးခဲ့ရုံသာမက သူမ..ကိုယ်တိုင်က.. ကျွန်တော့်အတွက်ဆိုရင်ပုခက်ဖြစ်ပြခဲ့တယ်…။ “အမေ”အဖြစ် စုန်ရေသစ်စီးကြောင်း၊တောင်ကျချောင်းကလေး အေးလို့မွှေးလို့ တည်ခဲ့ပြန်တယ်။ ...တာရာမင်းဝေ...

*ဆွံ့အ .. အလွမ်း*

ဆောင်းရက်တွေကုန်ဆုံးလို့  နွေရဲ့ အလင်းတွေအရည်ပျော်ကျ ငါ့ရင်ထဲက ရင်ကွဲနာအလွမ်းတွေက ပုံဆောင်ခဲံအဖြစ်ကျန်ရှိနေသေးတယ် .. တကယ်တော့ .. နင်နဲ့ငါက နီးရက်နဲ့ .. ဝေး .. အဝေးကို .. ငေးမောမိတယ် .. လေညင်းတွေက တိုးတိတ်စွာ စိတ်ရဲ့ နာမကျန်းမှု့တွေကို ကုစားတယ် .. အချိန်တွေကုန်ဆုံးတယ် .. နေရာတွေ ပျောက်ဆုံးတယ် .. ကြေကွဲခြင်းရဲ့ မျက်ကွယ်ပြုမှု့ တွေနောက် .. နင် နဲ့ ငါ ပုန်းခိုခဲ့မိကြတယ် .. မျက်ရည်စတွေ ခန်းခြောက်သွားစေဖို့  စကားလုံးတွေကို ရှာမရခဲ့ .. နင့်ကို .. ငါ မုန်း တယ် .. ( လိမ်ညာ ခွင့်ပြုပါ ) နာကျင်ပစ်လိုက်ပါ ငါ့ကိုမေ့လိုက်ပါ ကျွမ်းကျင်စွာ ပြုလုပ်ထားတဲ့ ဥပက္ခာပြုမှု့တွေ .. အလွမ်းစိတ်တွေ .. နာကျင်ခြင်းတွေ .. ငါ့သွေးသား.. ငါ့ခန္ဓာထဲ .. ပူလောင်စွာနဲ့ စီးဆင်းတယ် ငါ့ ရင်ခွင်ကို နင် နှုတ်ဆက်သွားတော့ ရင်ဘတ်ကြီးထဲ အလွမ်းတွေ နဲ့ ငါ .. တိုးတိတ်စွာ ကျန်ရစ်ခဲ့ရတယ် .. တကယ်တော့ .. ငါနင့်ကို .. အရမ်း ချစ်တယ် ဆွံ့အစွာ တမ်းတနေမိတယ် .. ^သက်အောင်^

Sunday, November 18, 2012

သူမဆီသို့ လွင့်စင်သွားသောနွေ

လေစိမ်းတွေတိုက်တိုင်း အမှတ်တရတွေကိုအိပ်မက်နဲ့ လွမ်း ဆုံဖူးတဲ့မျက်ဝန်းတွေကိုပဲ တမ်းတမ်းတတစွဲလမ်းမိတယ် ။ တောင်တန်းတွေတောင်အသက်မရှိပဲ တန်ပြန်ပဲ့တင်သံ ရှိသေးတာပဲ နှလုံးသားရှိတဲ့သူတစ်ယောက်ဆီက တန်ပြန်ပဲ့တင်သံ ငါ တမ်းတမိပါရဲ့ ။ နွေပျိုရဲ့ည ကောင်းကင်ဝင်းရိုးစွန်းတန်းကို ကြည့်ရင်း စိတ်ကူးနဲ့ပျော်အိပ်မက်နဲ့ လွမ်း နင့်ပုံရိပ်တွေတမ်းတရင်း လရောင်ချည်တိုင်အောက်က ပြေးမထွက်နိုင်တဲ့ကြယ်လေးလို နင်ငါ့ကို ဖမ်းစားခဲ့ပေါ့ ကောင်မလေးရယ်။ အနေဝေးရေမြေတွေ ခြားနေပေမဲ့ မဖွင့်ဟမိတဲ့စကားလုံးတွေနဲ့အတူ နင့်ရဲ့ အတိတ်မှာ ငါမကျန်ခဲ့ပါရစေနဲ့ နင့်မျက်နှာ ၀င်းပပလေး ငါ ငေးကြည့် နေ ခွင့် လေး ရ ပါ ရ စေ ။ လင်းခေတ်ဒီနို ( 6.6.12 )

စေ . . .

ရိုးတံကျဲကျဲခပ်ဖွာဖွာလွင့်မျှောနေတဲ့ ကောင်းကင်ဟာ အက်ကြောင်းရာတွေထပ်နေတဲ့ ပန်းတစ်ပွင့်လိုပါပဲ ကျွန်တော်ဟာပန်းအကြေတွေ ကြားထဲမှာ လက်ပြနှုတ်ဆက်သွားခဲ့တဲ့ အချစ်ကို ပြုံးပြခဲ့ဖူးတယ် ။ ညဥ့်ဦးယံရဲ့ကြယ်ရောင်ပျပျ အောက်မှာ လေပြေဟာကျွန်တော်ကို ကြေကွဲခြင်းလွင်ပြင်ကနေထွက်ခွါဖို့ နှစ်သိမ့်ပေးခဲ့တယ် ကျေးဇူးတင်ပါတယ်လေပြေ . . . . . ကျွန်တော်နဲ့ကြယ်စင်တွေဟာ ချစ်သူရဲ့အစေအပါးအဖြစ်သာ နေချင်ခဲ့သူတွေပါ ။ ဒီလိုနဲ့ပဲ . . . စွယ်တော်ရွက်တစ်ရွက်မှာ သူ့အတွက်ရေးခဲ့ဖူးတဲ့ ကဗျာ တစ်ဝက်ဟာလည်း အေးစက်စက်စကားလုံးတွေ သီထားတဲ့ ဒိုင်ယာရီတစ်အုပ်ဖြစ်သွားခဲ့ပေါ့ ။ အိပ်မက်ဆိုတာ နေမညိုတတ်တဲ့ကောင်းကင်မှ မဟုတ်တာပဲလေ . . ပြိုကျလာတဲ့ မိုးခါးစက်တွေအောက်မှာ ဥပေက္ခာတွေ ခပ်စိတ်စိတ် ပျိုးလှည့်ခဲ့ပါ ချစ်သူ. . . ။ အလွမ်းညနေနဲ့နေညိုချိန်ဆိုတာ ကိုယ်နဲ့အသားကျပြီးသား ခပ်နွမ်းနွမ်းကံကြမ္မာလေးပဲ. . . . . .. . . ကိုယ်ကျေနပ်သင့်တာပေါ့ ။ လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ နောက်ပြန်မလှည့်ချင်ခဲ့ဘူး ကိုယ်ရဲ့စိတ်စေတသိုက်ဟာ ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . . ချစ်သူ . . . ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပေါ့ ။ မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ ဓားသွားတစ်လက်ဆိုရင် အဲဒီဓားအဖျားထက်မှာ ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ် ကိုယ့်အိပ်မက်ကိုတောင် မင်းစေလိုရာစေနိုင်တယ်ကွယ် ။ လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM )

"သူငယ်ချင်း ချစ်သူ"

နင်ဘာလုပ်မှာလဲ နင်ဘယ်သွားမှာလဲ ခဏခဏမေးမိတဲ့အခါ စိတ်မရှည်တဲ့ဟန်လေးနဲ့ မျက်စောင်းထိုးတတ်တာတွေကို အခု နှမြောနေမိတယ်သူငယ်ချင်လေး...။ ဘာတွေစားမလို့လဲ နင်နဲ့တည့်လို့လား..မေးတဲ့အခါ နင်နဲ့ဘာဆိုင်လဲလို အမြဲပြေတဲ့နုတ်ခမ်လေးကိုလည်း ငါမေ့မရခဲ့တာအခုထိပါပဲ....။ အရာရာပြောလိုက်တိုင်း ဆန့်ကျင် နေတဲ့နင့်ကို ငါမပြောရဲခဲ့တဲစကားနဲ့ ရင်ထဲမှာစောင့်ရှောက်ခဲ့တာပါ..။ သွာတေ့မယ်လို့နုတ်ဆက်တဲ့အခါ ငိုချင်ပါလျှက်မျက်ရည်မကျခဲ့တဲ့နင် မျက်ရည်သုတ်ပေးချင်တဲ့ငါ့ကို နည်းနည်းလေးတော့ကိုယ်ချင်းစာသင့်တာပေါ့ အခုတော့........နင် နဲ့ ငါ.. စာအုပ်ငယ်လေးကိုသာနောက်ပြန်ကြည့်ရင်း နှလုံးသားချင်းပေးဆပ်နေရပြီပေါ့ အကယ်လို့သာ.............. ငါသိတဲ့နေ့ရက်တွေငါရှိတဲ့အရပ်ဆီ ခုတ်မောင်းလာခဲ့မယ်ဆို...... နင်လေ............ မာယာ တွေမသုံးဘဲ အကြင်နာတွေသာဖုံးစေချင်တယ်ဟ စိတ်ကူးတွေနဲ့ငါပြန်မေးချင်ပါတယ် အရင်ကလို ပြန်မဖြေလိုက်ပါနဲ အခု............. နင် ဘယ်အရပ်မှာလဲ..........။ ဘယ်သူ့အနားမှာလဲ...........။ ငါလွမ်နေတာနင်မသိတာလား နှလုံးသာနဲ့ဖြေပေးပါသူငယ်ချင်းချစ်သူရယ်....။ Natural (ဗန်းမော်)

Saturday, November 17, 2012

အပျော်

မနေ့ညက အပျော် ဒီနေ့ထိ ပျော်နေမိတယ်။ မနေ့ညက ကြည်နူးမှု ဒီနေ့ထိ ကြည်နူးမိတယ်။ ဒီအပျော်နဲ့ ကြည်နူးမှု ပျောက်ကွယ်မှာကို စိုးရိမ်မိလို့ ရင်ဝယ်အမြဲ မဖြစ်မနေ ထိန်းချုပ်ရင်းနဲ့ သိမ်းထားတယ်လေး ...... ။ ချစ်ပါတယ် မြတ်နိုးစွာ ဆိုချင်တယ် ယုံတ၀က် မယုံတ၀က် မလုပ်ပါနဲ့ ရူးမိုက်စွာ ချစ်တာပါ။ စွဲလမ်းတယ် မမြင်ရရင် ရူးချင်တယ် တောင့်တတာ နေတိုင်းကို လွမ်းစိတ်နဲ့ ချစ်တာပါ။ အကြိမ်တစ်ထောင်မက ပြောနေရလဲ ရင်ထဲက စကားလုံးတွေ မကုန်ခမ်းနိုင်အောင် ချစ်တာပါ ။ ငါ မင်းကို ဘ၀တစ်ခုလုံးအတွက် သိပ်ချစ်တယ်။ မောင်စေတနာ

လွမ်းချင်း

လွမ်းစိတ်တွေဖြင့် ချစ်နေမိသည်။ ချစ်စိတ်တွေဖြင့် တမ်းတမိသည်။ တမ်းတရင်းဖြင့် မျှော်နေမိသည်။ မျှော်နေရင်းဖြင့် တွေ့ချင်မိသည်။ တွေ့ချင်စိတ်ဖြင့် လွမ်းနေမိသည်။ လွမ်းလွန်းလွန်လို့ လွမ်းကာနေသည်။ မောင်စေတနာ

နင့်ကို ငါ ချစ် တယ်

နင့်ကို ငါချစ်တယ် နေရောင်ခြည်ကို ချစ်သလို လေထုကို ချစ်သလို ရေငွေ့ကို ချစ်သလို ပင်လယ်ကို ချစ်သလို ပန်းတွေကို ချစ်သလို လောကကြီးကို ချစ်သလို ငါ့ကိုယ်ငါ ချစ်သလို နင့်ကို ငါ ချစ် တယ် နင့်လက်ကို ငါတွဲထားတယ်။ တစ်ခါတလေ ဖြတ်တိုက်သွားတဲ့ လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့် တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင် လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။ လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ် ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။ ငါတို့မှာလည်း ငါတို့ ယုံကြည်ချက်တွေ ရှိတယ် ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီကို တွဲလက်နဲ့အတူ ငါတို့ဆုပ်ကိုင်ထားတယ်။ *နိုင်းနိုင်းစနေ*

ပေါင်းစပ်ခြင်း

အကြောင်းအရာက ကဗျာ အအိပ်နှုတ်ခဲ့မျက်လုံးငိုသံနဲ့ ထွန်းချုပ်မဲ့ညအလယ်သန်းခေါင် ပေါင်းစပ်ခြင်းဆိုတဲ့ အကြောင်းမဲ့အလင်းတရားက မနက်တဖန်လင်းစေပြန်ပြီ။ နေရောင်ကို အသေအချာရှောင်ချင်တော့ လမင်းကို ငါအလင်းတဝက်ပေးခဲ့ရတယ်။ တိမ်နက်အသံမှန်စွာနဲ့ ငါ့ရင်မျက်ထန်ရအောင် လမင်းက လှိုင်းမဖြည့်ခဲ့ဘူး။ မထူးပါဘူး ရူးရင်တောင် သိပ်မခမ်းနားလို့ လမင်းအပြုံးကို အကြိုလင့်နေရတဲ့ဘဝ။

ရူ့ထောင့် (ဒေါင့်)

မှန်သလား…မှားသလား ဒီနေရာမှာ ဒီမေးခွန်းဟာ အဖြေမရှိတဲ့ စကား။ အနုပညာ ငါမြတ်နိုးလို့ ဆေးစက်ကျရာ အရုပ်ထင်ဖို့ သရုပ်ပြနိုင်ခဲ့ပေမယ့် ဟန်ဆောင်ခြင်း အတတ်ပညာ ငါမကျွမ်းကျင်ခဲ့လေတော့ “မိတ်ဆွေရေ” မင်းရူ့ထောင့်(ဒေါင့်) မင်းအမြင် လွတ်လပ်စွါ ဝေဖန်နိုင်ပေမယ့် စေတနာအထူးနဲ့ ငါရှုထောင့် ငါ့အမြင် မင်းသိအောင်တော့ လင်းချင်သေးရဲ့………… လောကကြီးကို မင်းအမြင်ခပ်ပါးပါးနဲ့ တစ်ဖက်တည်း မကြည့်ပါနဲ့ လားကွာ “ဗုဒ္ဓနှင့်အနုပညာ ဘာဆိုင်လို့လဲ” ဆိုခဲ့လိမ့်မယ်။ ရှေးပဝေသဏီ လက်ထက်ကပင် “ဆို၊က၊ရေး၊တီး” အနုပညာဂုဏ်ရောင်ဝါကြောင့် ဗုဒ္ဓသာသနာ ထွန်းလင်းပြောင်ခဲ့၏။ တစ်ခေတ်ပြောင်းပေမယ့် ခေတ်ဟောင်းက သာသနာသမိုင်းကိုတော့ “မိတ်ဆွေ” သေချာလေ့လာလိုက်ပါ။ Posted by မြန်မာ့အားမာန်

တိတ်တဆိတ် အလွမ်း

သတိရစိတ်တွေ ဆိတ်ဆိတ်နေမိကာမှ

အလွမ်းတွေ တံခါးလာလာခေါက်နေကြတယ်။

တိုက်ဆိုင်မူ့တွေတိုင်း မျက်လွှာချလို့

လစ်လျှူရှူ့နေပြန်တော့ လွမ်းသက်ရှိုက်သံတို့

ဒီရင်ဘတ်ထဲတသဲသဲနဲ့တိုးဝင်နေကြတယ်။

အမြင့်ကိုရောက်ဖို့ ဝေဟင်ထဲ

ပျံသန်းခဲ့ပြီးကာမှ မြေပြင်ထက်ဆင်းသက်ဖို့

ရင်ခွင်တစ်ခုလုံး နာကျင်ရမယ်ဆိုလည်း

အလွမ်းသင့်နေတာထက် ပိုမယ်မထင်

ကမ်းရှိလျှက် ရွက်လွင့်နေရတဲ့

လှေငယ်ဟာ မုန်းတိုင်းထက်

ရှပ်တိုက်ပြေးသွားတဲ့ အလွမ်းလေပြေနုတွေက

ရင်ခွင်အစုံကို အထိနာစေတယ်။

ရာသီမညီ ချိန်ခါမလင့်

ရွာတတ်တဲ့မိုးကလည်း အလွမ်းသရုပ်ကို

ပီပီပြင်ပြင်ရုပ်လုံးဖော်နေသလိုပါပဲ

အထီးကျန်နေ့ရက်တွေကို အလိုက်မသိ

ဥသြသံနှောလို့ တေးသီငှက်တို့

လွမ်းတေးသီနေပုံက အကျည်းတန်စရာ

တိတ်တိတ်ဆိတ်ဆိတ် ဖြေသိမ့်ရင်း
ဆိတ်ဆိတ်လေး..လွမ်းလို့။
Posted by မြန်မာ့အားမာန်

ခိုင်နုငယ် ၂၄.၄.၂၀၁၀ ၁း၅၄pm

အိပ်မက်

သိပ်ချောက်ချောက်ချားချားကြီးတော့ မဟုတ်ပါဘူး လေရူးတွေတိုက်နေတဲ့နွေဦးလို မငိုဘဲမျက်ရည်ကျနေရုံပါပဲ... ရွက်ဝါတွေကြွေနေသလိုပေါ့... ။ ရှပ်တိုက်ပြေးလွှားနေရတဲ့မြေပြင် မင်းရင်ခွင်ဖြစ်သင့်စေချင်ခဲ့ အိပ်မက်ရဲ့အပြင်ဘက် ခြေတစ်ဖက်မှမချနိုင်သေးသရွေ့တော့ ဦးမော့နေသေးတဲ့မာနတချို့ဟာ ဝေးကွာခြင်းရာသီထဲ စိမ်းဝေဆဲဖြစ်နေဦးမှာ... ။ အီကွေတာရပ်ဝန်းက အမြဲစိမ်းသစ်တောတွေရဲ့အတွင်းဘက် တစ်ချက်လောက်စောင်းငဲ့ကြည့်စမ်းပါ ရွက်ဝါတချို့ စိမ့်ဝင်သွားခဲ့တဲ့မြေပြင် ရင်ခွင်တစ်ခုဖြစ်ခဲ့ရင်။

ကြောင်ကလေးရဲ့မေမေ

ကျွန်တော်ဟာ ကြောင်ကလေးတစ်ကောင်ပေါ့ ကျွန်တော့်ကို မေမေက မွေးခဲ့တယ် တိမ်ပြာသောနေ့တစ်နေ့မှာ မွေးခဲ့တယ်..... ကျွန်တော့်အမွေးအမှင်တွေက တိမ်စိုင်တွေလိုနူးညံ့ ကျွန်တော့်ခိုဝင်ရာ ရင်ငွေ့ဟာနွေးထွေး မေမေကသိပ်ပြီးချစ်စရာကောင်း ကျွန်တော် ဘီစကစ်တွေညာညာပြီးတောင်းတိုင်းပေးတယ်..... တဖြည်းဖြည်းနဲ့ ကျွန်တော့်လက်သည်းတွေချွန်မြလာ ကျွန်တော်ဟာသန်စွမ်း ကျွန်တော့်ခန္ဓာအရောင်ပြောင်းလာ ကျွန်တော် ကမ္ဘာတစ်ခုရှာမယ်....သွားမယ် ဒီလိုနဲ့ ထိုထိုသောအရပ်မှာ ကျွန်တော်ဖြတ်သန်းရာ အချိန်ကာလတွေက ဆန်လွန်း ကျွန်တော့်ကူးခတ်ရာ ပင်လယ်ပြင်ကကျယ်ပြော ကျွန်တော်မက်မောရာ ငါးကလေးသေဆုံး ကျွန်တော့်တစ်ကိယ်လုံးမြားဒဏ်ရာတွေနဲမြင်မကောင်းတဲ့အချိန် မေမေနဲ့ပြန်တွေ့တယ် မေမေကျွန်တော့်ကိုချစ်သေးသလားမေးတော့ မေမေကပါးကို အသာဆွဲလိမ် ကျွန်တော့်အရိုးထဲက “ချွင်” ခနဲ အဲဒီအသံဟာ ဘယ်လောက်ကျယ်ပြန့်ပြီး ဘယ်လောက်သာယာပါသလဲ..... တစ်လောကလုံးအိပ်မောကျနေချိန်မှာ အဲဒီနေ့က ကြောင်ကလေးတစ်ကောင်နိုးလာပါတယ် ပြီးတော့ သူက သီချင်းတစ်ပုဒ်ကို တိုးတိုးဆိုညည်းတယ် မေမေက ကျွန်တော့်မီးဖိုလေးပေါ့.....။ အေးမင်းစော

မှန်ကွဲစများ၏ရာဇ၀င်

တစ်ခါတစ်ခါ... ငါ့ကိုယ်ငါ မမှတ်မိဘူး လူထူးလူဆန်းလိုမင်သက် စိတ်ပျက်လက်ပျက်ကြည့်နေလိုက်ရတာ... ပျော့ညံ့လိုက်တာကွာ (အားမတန် မာန်ချ... တဲ့) တစ်ခါတလေကျ ငါ့ဟာငါတောင်အံ့သြ နှမြောတသ ဖြစ်နေမိသေးတယ်... နေရာလွဲမှားသွားလို့ ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမားနဲ့ ငါ့ရဲ့မာနအတွက်လေ... သေပစ်လိုက်စမ်းပါလား (တလွဲဆံပင်ကောင်းခဲ့တာ မဟုတ်ပါဘူး... ) တစ်ခါတစ်ရံ ပြန်ပြန်မေးယူရတယ် ငါဟာငါဟုတ်သေးရဲ့လား ပထမတန်းစားသတ္တိတွေနဲ့ သူရဲကောင်းတံဆိပ်တွေ အခါခါရ... မိုးမလင်ချင်ကြတော့ဘူး... (အိပ်မက်တွေကချိုတယ်... ) အဲဒါနဲ့... ကာလတွေသာကြာရော... ၀ိရောဓိ တွေနဲ့ ရောယိမ်းလိုက်ရ မှန်တစ်ချပ်လည်းကွဲကျ... ။ (ကျကွဲခြင်းမဟုတ်ပါ...) မနော်ဟရီ Manor Hary

ကလေး... သို့

ကလေးရေ... မုန်တိုင်းတွေဟာမောပန်းလာတယ် ဘယ်မှာလဲ... ခိုလှုံနားစက်ရာတဲ့ မနက်ဖြန်တွေဟာ အိပ်ချင်ယောင်ဆောင်နေကြလေရဲ့။ ကလေးရေ နှုတ်ခမ်းတွေကိုကြားရလား... စကားလုံးများစွာက ခုန်ထွက်လာရဲ့ အသိသညာတွေဟာ... ကွန်ပျူတာတွေလိုပဲ အီလက်ထရောနစ် ခလုတ်တစ်ခု ပိုင်ဆိုင်ထားရမယ်... ။ ကလေးရေ... မျက်ဝန်းတွေကိုဖတ်တတ်ပြီလား... ယောင်မှားသံသယတွေသာရရှိခဲ့ ယုံကြည်မှုတွေဟာ... အိပ်ရာမထနိုင်ကြသေးဘူး မူးယစ်နေတာမျိုးမဟုတ်ဘူးလေ... ။ ကလေးရေ... နှလုံးသားတွေပျောက်နေတယ် ဘယ်သူများခိုးယူသွားပါလိမ့် တစ်ယောက်တည်းကလား... အများကြီးကလား... နှလုံးသားတွေကိုရှာဖွေဖို့ နှလုံးသားများစွာ ဖွင့်ရှာရတော့မှာ။ ကလေးရေ... ပန်းတွေကိုခိုးခူးမထားနဲ့နော် အပျော်ဆိုတာတခဏ... ကြွေကျသွားတဲ့ပန်းပွင့်တွေလိုပဲ ထာဝရမတည်မြဲဘူး ဆူးစူးတတ်သေးတယ်... ။ ကလေးရေ... အိပ်မက်တွေကိုတော့ ချိုးမကွေ့ခဲ့လိုက်ပါနဲ့ ပစ္စုပ္ပန်ရဲ့အရှိတရား ခါးသက်လွန်းလှပါတယ်... တွယ်ငြိနေတာလည်း မဟုတ်ပါဘဲ ခွာချမရနိုင်ခဲ့... ကိုယ်တို့ရဲ့အဆောင်အဖြစ် အိပ်မက်တွေကိုပဲ ချစ်ရတော့မှာ... ။ ကလေးရေ... ခန္တီစတရား... တဲ့ ပညာရှိစကားနဲ့သာဆိုခဲ့ရ သက်သာရာရအောင်လေ... အမှန်က... အားမတန်၊ မာန်ချ... တဲ့ အဲဒါတွေနဲ့ပဲ ကိုယ့်ဘာသာကိုယ်လှည့်စားနေခဲ့ရ တစ်ဘ၀စာမို့သာနော်... ။ ကလေးရေ... သင်ခန်းစာတွေလေ... သင်ခန်းစာတွေ... ပျားရည်ဖွပ်ထားရသလိုပါပဲ အရသာကတော့ချိုပါရဲ့... ဒါပေမယ့်... ဒဏ်ရာတွေက နာကျင်လွန်းတယ်။ မနော်ဟရီ ၀၁.၀၈.၁၉၉၄ Manor Hary

**မပြန်ချင်တဲ့လမ်း**

လှပအိပ်မက်ရှည်တွေနဲ့ ကျဆုံးနေခဲ့ရတဲ့ညများ အပြင်းစားနောင်တတွေကို မျိုချခိုင်းနေတယ်... ။ ရီဝေစွာမူးယစ်လိုက်ပါကွဲ့ ဒီလိုဖြစ်စေချင်ခဲ့တာ မဟုတ်လား ခက်တော့ခက်သားနော်... ခြေချော်လက်ချော် ဆိုတဲ့ ဝေါဟာရ ကံကောင်းခြင်းဘက်ကလည်း လာဦးမှပေါ့... ။ အဲဒါ... ကျုပ်မရလိုက်တဲ့အရာ မအံ့သြလိုက်ပါနဲ့ ... ။ အကြိမ်များစွာလှုပ်နှိုးခဲ့ရ (ကိုယ့်ဘာသာကိုယ်...) နိုးထလိုက်တဲ့အခါမှာ အသားမကျစွာပါဘဲ... စူးရဲတဲ့နေခြည်အောက် နောက်ကျနေခဲ့ပြီထင်ရဲ့ ... ။ ကိုယ်လက်သန့်စင်လိုက်ကြ မှန်ရှေ့ကမခွာနိုင်ကြ ဒီလိုနဲ့ နေ၀င်သွားရ... ကြုံရဦးမယ့်ညတွေမှာ လှပတဲ့အိပ်မက်ရှည်တွေ... ဝေးဝေးနေကြစမ်းပါ... ဒီမှာ... နောင်တ ဟာ ဒဏ်ရာ ရဲ့ အမာရွတ် တဲ့ လမ်းခုလပ်က လှည့်မပြန်ချင်ပါဘူး။ ။

ပိတောက်မျက်ရည်နဲ့ပွင့်တဲ့ ပိတောက်

သစ္စာမရှိဘူး လို့တော့ အပြော မစောလိုက်ပါနဲ့ သခင် ပိတောက်ပင် တစ်သောင်း နရီစဉ် တိမ်းစောင်းလို့ ဗိန်းမောင်းပင် မတီးနိုင်ရအောင် မိုးကြီးပင် ခေါင်နေလည်း ပိတောက် မျက်ရည် ပိတောက် သောက်လို့ အပူထဲ လျှောက်ရဲသူပါကွယ်... ဟော .. ဟိုမှာ လျှပ်နွယ်ပြိုးပြက် မိုးစက်တွေ လေမှာလွင့်လို့ရယ် ... ရနံ့တွေ လှိုင်လှိုင်တက် အပွင့်တွေ ခိုင်ခိုင်ထွက်တော့မယ် အပြိုင်အဆိုင် ရာသီပန်းတို့ကြား ဂုဏ်မာန်တစ်ထောင် စောင့်ကြပ်ကာထားပါတဲ့ နတ်ပန်းတမျှ နတ်ပန်းသွင် မြင်သူပင် ခူးလို့လှမ်းချင်ရဲ့ သခင် မငြူစေချင် အပူတွေမမြင် အားကုန်သာ ပွင့်လိုက်တယ် ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်စွင့်။ Posted by မြန်မာ့အားမာန်

Thursday, November 15, 2012

ငါ့ရဲ့ အပြစ်တွေပါ

နှစ်သိမ့်အပြုံးတွေကို .. ရင်နာစွာနဲ့ ရှာဖွေသိရှိခဲ့ပြီပဲ .. တစ်နေ့မှာ.. ဟန်ဆောင်ချစ်ခြင်းတွေ .. အရေခွံလဲ မှာ သိရက်နဲ့ .. ချစ်သူရဲ့ .. ဟန်ဆောင်အပြုံးတွေကို .. ဖြူစင်စွာ မြတ်နိုးခဲ့မိတဲ့ .. နှလုံးသားတစ်စုံက .. ဘာကြောင့်များ .. ဝမ်းနည်း ကြေကွဲနေဦးမှာလဲ ? အချစ်ကို .. ယုံကြည်ကိုးကွယ်မိကတည်းက .. နောက်ဆက်တွဲ .. သံသယ တွေကို မျက်ကွယ်ပြုခဲ့မိတဲ့ .. ငါ့ရဲ့ အပြစ်တွေပါ .. ။ ။

များများသိသူ



****များများသိသောသူသည် နဲနဲပဲပြော၏
ဟူ၍ ပညာရှိများ ဆိုမိန့်ထားလဲ ခတ်သိမ်းသောတရား၌
ခတ်မဆိပ် အနေမြုံ၍ပါးစပ်ပိတ် ရေငုံနေခြင်းမျိုးသည်
ကိုယ်ကျိုးစီးပွားကိုသာကြည့်ခြင်းမည်၏.......
စနေမောင်မောင်

ရင်ဆိုင်ကြမယ်

ချစ်သူရေ..... မြင်းရထားတွေကို လက်ပြမတားတော့ဘူး ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။ အဝေးကြီးကို ရွေးလျားချင်မှတော့ လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာပေါ့။ ။

ချစ်သူ...သို့

မြေကြီးဖြစ်မှတော့ မိုးလွတ်ပါ့မလား...လို့တွေးမနေနဲ့တေ့ ချစ်သူရေ...တို့တတွေပေခံလိုက်ကြစို့ရဲ့။ မသေချာတာတွေကတော့အများကြီးပဲ ဒါပေမယ့် သေချာတာလေးတွေလည်းရှိတတ်လို့ တို့...စောင့်...ရ ဦးမယ်။ (မကြာခင်မှာ လင်းရနံ့တွေဝေလာမှာပါပဲ ကိုယ်ယုံတယ်) ဘယ်သူမဆို မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။ ။ "တာရာမင်းဝေ"

Monday, November 12, 2012

သီအိုရီ

ခြေတစ်လှမ်း ကုဋေတစ်သန်းတန်စေဖို့.... မင်းခြေလှမ်း မမှားပါစေနဲ့.... အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူတွေရှိမယ် ခြေတွေ့တိုင်း ရေဆေးပေးတဲ့အိုင်တော့ မင်းမဖြစ်စေနဲ့...... ဖောက်ပြန်တတ်တဲ့လူတစ်ယောက်ထက်.... ညဌက်တစ်ကောင်ဟာ........ ပိုပြီး အဖိုးထိုက်ပါတယ်..... ကဲ... မင်းရဲ့  ခြေတစ်လှမ်း ကုဋေတစ်သန်းတန်စေဖို့.... မင်းခြေလှမ်း မမှားပါစေနဲ့.... ရဲရင့်နီ (၂၃.၁၂.၂၀၀၉)

ငါ့....ငါ

ငါ့ လမ်း ငါ ဖောက်.... ငါ့ ခရီး ငါ ဆက်လျှောက်မယ်.... ငါ့ စိတ်နဲ့ ငါတွေးပြီး ငါ့ သမိုင်း ငါ ရေးမယ်..... ငါ့ အမြင်နဲ့ ငါ မို့ ငါ့ အယူဝါဒ ကို ငါ ဆုပ်ကိုင်မယ်..... ငါ့ စည်းနဲ့ ငါ့ ကမ်း ငါ့ လမ်းနဲ့ ငါ လှမ်းမယ်...... ငါ့ အကြောင်း ငါ သိလို့.... ငါ့ဘဝ ငါ ကြည့်မယ်.... ငါ့ အလုပ် ငါ လုပ်လို့.... ငါ ဖြစ်တာ ငါ ခံမယ်.... သေခြာတစ်ခုကတော့ ငါ မှန်တာ ငါ သိဖို့နဲ့.... ငါ ဆိုတာ လူပီသဖို့ဘဲ အရေးကြီးတယ်။။ (၁၀.၀၃.၂၀၁၀)

ခဏလေးများ

ဘဝ ဟာ ဖယောင်းတိုင်တတိုင်လိုဘဲ...... ငါ့ကိုယ်ငါထွန်းညှိ..... တမြိုက်မြိုက်နဲ့ လောင်းကျွမ်းလာလိုက်တာ.... မီးစာတောင်ကုန်လုပြီလေ..... ဘဝဆီမှာ.... ယူရမှာလား..... ပေးဆပ်ရမှာလား ..... စဉ်းစားနေရင်းနဲ့ဘဲ.... တောင်စွယ်မှာတောင်.... နေရောင်ကွယ်လုပြီလေ..... ငါ လူတွေအတွက်.... အလင်းရောင်... ဆောင်ကြဉ်းပေးခဲ့သလား...... ငါ လူတွေအတွက်.... အမှောင်တိုက်... ဆောင်ကြဉ်းပေးခဲ့သလား...... ငါ့အတ္တ ဥခွံငါခွဲ.... ရဲရဲကြီးငါ့ ကိုယ်ငါမေးမယ်..... ငါရေးခဲ့တဲ့ သမိုင်း ရာဇဝင် မရိုင်းခဲ့ဘူး..... ငါပေးခဲ့တဲ့ မေတ္တာ အစွန်းအထင်း မရှိဘူး...... ငါဆိုခဲ့တဲ့ သစ္စာ... ဖောက်ပြန်မှု မရှိဘူး.... ငါ့သိက္ခာ ငါလုံလို့ ငါ့လိပ်ပြာ ငါသန့်တယ်..... သူများတွေ ဝင်ရေးသွားတဲ့ ငါ့သမိုင်း ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.......... ငါဘယ်လို နေသွားတယ်ဆိုတာဘဲ အရေးကြီးတယ်..... ငါဘာတွေ ရ သွားတယ်ဆိုတာ ထားခဲ့လိုက်မယ်..... စိတ်တွေကိုမျောလွင့်မယ်.... အတိတ်တွေကိုမေ့ထားမယ်.... လူ့ ဘဝ ဆိုတာ အိမ်မက်ဘဲဖြစ်တယ်။ ။

“ မှာပါရစေ … ပြောပါရစေ ”

ကိုယ်သေရင် မငိုနဲ့၊ ပါးစိုရုံရှိမှာပေါ့။ သပိတ်မသွတ်နဲ့ လွတ်ပြီးသား၊ ကျွတ်ပြီးသား။ ထမင်းမထုတ်နဲ့၊ သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။ အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။ အပွင့်အခက်ယူမသွားနဲ့၊ ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။ ရက်လည်၊ လလည်၊ နှစ်လည် ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။ ကိုယ်သေရင် မငိုနဲ့ ကြိုကြိုပြီးသေထားသူ။ “ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီပျော်ပျော်သွားမှာ။ ပြီးတော့ ပြောပါရစေ - သာသနာ၊ စာပေ၊ ပရဟိတ လုပ်လက်စတွေကိုဆက်လုပ်ဖို့၊ ဟောဒီချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ်မုချ။ ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ လူသာဆုံးတာကျန်တာမရှုံးဘူး။ မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။ မိုးဟိန်း (သားဂျာနယ်ကျော်)

သူငယ်ချင်းဆိုတာ

ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘ၀ဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။ ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့ ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး ရေးမှတ်ခဲ့မိလဲ... ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ် အမြဲရှိခဲ့သလဲ... ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။ လူ့ဘ၀ဆိုတာ ရထားတစ်စီးလိုပဲ... သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊ ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ် ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ... အချိန်တွေရဲ့ အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ တဖြေးဖြေးကျဲလာခဲ့တယ်။ ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ဘယ်နှစ်ယောက်ရှိလဲ... ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ...နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောက ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။ လူတွေဟာ အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။ အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။ အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။ အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။ အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။ အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။ အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။ သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ .... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....? သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။ သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ ကူးထားတတ်တယ်။ သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။ သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ ပြန်တတ်တယ်။ သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။ သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။ * သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို သူကိုယ်တိုင် ဖွင့်မယ်။ * သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင် သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။ သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။ လောကကြီးတွင်လူတစ်မျိုးရှိသည်..... တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင် ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင် အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင် ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။ အများဆီကသင့်ဘာများမျော်လင့်ထားပါသလဲ့.... အဲဒီအရာတွေကိုအများကိုပြန်ပေးလိုက်ပါ.. .ကိုယ့်အတွက်သူငယ်ချင်းကောင်းမရှိရင်တောင်သူများအတွက်ကောင်းအောင်ကြိုးစားပေးလိုက်ပါ သူငယ်ချင်းဆိုတာ ဆွေမျိုးလည်းမဟုတ်၊ မောင်နှမလည်းမဟုတ်၊ မိသားစုဝင်လည်းမဟုတ်တဲ့ ကိုယ်ရဲ့အရင်းနှီးဆုံး သူစိမ်းတွေပါပဲ။ သူငယ်ချင်း အစစ်အမှန်မျိုး ကိုယ့်ဘေးမှာ ရှိနေရင်တောင် လက်လွှတ်ဆုံးရှုံးမသွားစေနဲ့နော်။ သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားနေလို့ ပဲလေ ။ ငါဒီလို သူငယ်ချင်းတစ်ယောက် မင်းအတွက်ဖြစ်ချင်ပါတယ်။

ရဲရင့်နီ ၏ ဖီလိုဆိုဖီများ

ဘယ်အရာကိုမှ ပုံသေကားချပ်တွက်လို့ မရနိုင်ပါဘူး။ မမျှော်လင့်ထားတဲ့ အဆိုးဆုံး အခြေအနေတစ်ခုကို ရင်ဆိုင်နိုင်ဖို့ အတွက်တော့ ကိုယ့်အတွက် ထောင့်ချိုးလေးတစ်ခုကို ကိုယ်ဟာကိုယ်ဘဲ ချန်ထားနိုင်ခဲ့ရပါမယ်။ ဘဝမှာ ရင်မော့ ခေါင်းကော့ပြီး..... လမ်မလျှောက်နိုင်ရင်နေပါစေ.... ဒူးထောက်.. လက်မြှောက်ပြီး... အရှူံးပေးမနေရဖို့တော့လိုတယ်။ ငါ......... မှားခဲ့ဘူးတယ်...... မှားနေသေးတယ်...... ထပ်မှားနိုင်သေးတယ်........ ဒါပေမယ့်......နောက်ဆုံးမှာ ... အနည်းဆုံးတော့ အရင်ကထက် အမှားတွေနည်းသွားအောင်တော့ လုပ်နိုင်ပါသေးတယ်လေ... ကိုယ့်ရဲ့  အိပ်မက်တွေကို တစ်ကယ်တမ်းအကောင်အထည်ဖေါ်တော့မယ်ဆိုရင်တော့....... ကိုယ့်ကိုယ်ကို မညှာပါနဲ့။ ကိုယ့်ကိုယ်ကို မညာပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကြောင်းကို ကိုယ်ကိုတိုင်ဘဲအသိနိုင်ဆုံးမို့ပါ။ ပထမဦးဆုံးအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖြစ်အောင်လုပ်လိုက်ပါ။ ဒုတိယအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေက..... သူ့ဟာနဲ့သူ ဖြစ်နိုင်သလောက် လိုက်ဖြစ်လာပါလိမ့်မယ်။ ဘာမှမလုပ်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါ။ နောက်ဆုံး ခံတပ် ရေဆန်ကို ဆန်မတက်နိုင်ဘူးဆိုရင်တောင်.... ရေစုန်မှာတော့ မျောပါမသွားစေနဲ့။ ရောက်နေတဲ့ နေရာ၊အဆင့်အတန်းမှာ... တည်မြဲနေနိုင်ဖို့အတွက်တော့ ခြေလှုပ်၊လက်လှုပ်နဲ့.... ရေစီးမှာ မျောပါမသွားအောင်... ရေထဲမှာ နစ်မြုပ်မသွားအောင်.... လုပ်နိုင်ဖို့တော့လိုမယ်။

အမှန်

ငါ့အတွက်တော့ ..... ငါအသက်ရှင်နေသမျှကာလပတ်လုံး...... ငါဟာ ဘယ်သောအခါမှ ဆုံးရှုံးနေမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါဘဝရဲ့  အရာအားလုံးဟာ ငါတစ်ယောက်တည်းရဲ့  လက်ထဲမှာသာရှိနေတယ်လို့ ယုံကြည်ထားလို့ပါဘဲ။

"သူငယ်ချင်း"

သူငယ်ချင်းဆိုတာ...... ဘဝအတွက် .... အမြဲလိုအပ်နေမယ့် ......အရာတစ်ခုပါ။ သင်အဖေါ်မဲ့နေချိန်မှာ... သင့်အနားမှာရှိနေမယ်။ သင်ပျော်ရွင်နေချိန်မှာ..... သင်နဲ့အတူ.... လိုက်ရီမောနေမယ်။ သင်ဝမ်းနည်းနေချိန်မှာ... သင့်ကိုအားပေးနေမယ်....။ သင့်ရဲ့  အနီးဆုံးလူ မဖြစ်နေပေမယ့်လည်း...... ထာဝရ လူအဖြစ်နဲ့တော့ သင်နဲ့အတူတူ အမြဲရှိနေမယ်။ (ဆိုဒ်တစ်ခုမှကူးယူထားသည်)

အပျော်ဆုံးလူ

စံပယ်နှစ်ပွင့် မင်းဆံနွယ်ဆီ ယုယကြင်နာ ကိုယ်တိုင် ဆင်မြန်း လုပ်ပေးရလို့ ကျေနပ်ပီတိဖြစ်ရ၏။ ဤကဲ့သို့ပင် ကြိမ်ဖန်များစွာ လုပ်ပိုင်ခွင့်လေး ပေးသနားရင် ဒီလောကတွင် အပျော်ဆုံး ငါ လူသားတစ်ဦး ဖြစ်လိမ့်မည်။ "မောင်စေတနာ"

Wednesday, August 15, 2012

သိုးကျောင်းသားအချစ်

ကြေကွဲစွာ နားလည်ခဲ့တယ် အချစ်ဆိုတာ ရက်စက်တဲ့ နတ်ဖုရား တောမှာဖွားလို့ ခြင်္သေ့မရဲ့ နို့စို့ပြီး ကြီးပြင်းလာသူပါလားကွယ်။ သူ့ရဲ့ တောက်ပတဲ့ မီးလျှံ ငါ့ကို ရိုးတွင်းခြင်ဆီအထိ လောင်ကျွမ်းစေခဲ့တယ်။ ညမျက်ခုံးအောက်က စူရှမာကြောတဲ့ အကြည့်နဲ့ ကြည့်သူရယ် မင်းရဲ့ သိုးကျောင်းသားရင်ခွင် တစ်ခါလောက် ပြန်ဝင်ပါဦးလား တစ်ခါလောက် နမ်းပါဦးလား ဪသာ်.. အချည်းနှီးအနမ်းဆိုတာလဲ ကြည်နူးမှုကို ပေးစွမ်းတာပါပဲ ရက်စက်တဲ့မိန်းကလေးရယ်..။ သီယိုကရီးတပ်စ် (ဘီစီ ၃၀ဝ-၂၅၀ခန့်) by YinWayKyal | 8/16/2012 06:08:00 AM

Friday, March 9, 2012

အမေ့ရုပ်ရည်

အမေ့ပါးပြင် သနပ်ခါးမရှိပေမယ့်
သားအပေါ်ထား မေတ္တာစွမ်းကြောင့် ချောမောနေဆဲ။
အမေ့ခန္ဓာ ၀ဖြိုးပေမယ့်
သမီးအပေါ်ထား စေတနာစွမ်းကြောင့် ကြည့်ကောင်းနေဆဲ၊၊
အမေ့လက်ဖျား ကြမ်းတမ်းပေမယ့်
မြေးအပေါ်ထား စိတ်ထားစွမ်းကြောင့် နူးအိနေဆဲ။
အမေ့ခြေဖ၀ါး ကွဲအပ်ပေမယ့်
သားသမီးပေါ်ထား သတ္တိစွမ်းကြောင့် လျှောက်လှမ်းနေဆဲ။
အလုပ်များစွာ သားမြေးများကြောင့်
လုပ်နေရလဲ တစ်ချက်မညည်း ပင်ပန်းကြီးလဲ လုပ်နေဆဲပါ
လုပ်လျက်ပဲမို့ အမေရုပ်ရည် ကြမ်းတမ်းနေလဲ
သားတို့တွက်တော့ ကြည့်ကောင်းပါ၏
"မောင်စေတနာ"

Saturday, March 3, 2012

အရိုင်းအချစ်



ငယ်ငယ်ကအရိုင်းအချစ်
အပိုင်းပိုင်းဖျတ်လို့ထားခဲ့ပြီ
ဆင်းစားလို့တွေးတောပြန်ပြောလို့ခက်တဲ့
အတွေးမျိုးနဲ့မင်းကိုငါချစ်ခဲ့မိတယ်
ဒါပေမဲ့...ပြန်ဆင်းစားရင်ရေးရေးလေးတောင
မပေါ်တော့ဘူး.....
မောင်ရဲဝင်းနိုင်"

Thursday, February 23, 2012

ဓာတ်ပုံ

မမြင်တဲအခါ စိတ်ဖြေသာအောင်... ခါခါထက်ခါ ကြည့်မိပါသည်... ရင်မှာလှိုက်ခုံ ချစ်ဓာတ်ပုံကို... ချစ်သူပေးထား ချစ်ကိုပွားမှို့... လွမ်းအားကြွယ်ဝ ဒီတစ်ညဝယ်... ဖွဖွနမ်းကာ စိတ်ဖြေသာသည်... ရင်မှာလွမ်းလို့ ချစ်သူရယ်... ဓာတ်ပုံထဲတွင် ချစ်ရုပ်သွင်ကို... ပြန်မြင်ရဆဲ ငေးနေဆဲမှာ... သက်ပန်ရည်စူး မောင့်ချစ်ဦး၏... ကြည်နူးဖို့စကား အသံကြားချင်သည်... အလွမ်းတစ်ည ရင်နွမ်းလျှချိန်... ချိုမြသံသာ ကြားလိုပါ၍... ရင်ခုန်စွာဖြင့် ချစ်ဓာတ်ပုံရယ်... စကားတက်ရင် ကောင်းလိမ့်မယ်...

Wednesday, February 8, 2012

ခိုတစ်ကောင်ရဲ့သီချင်း

အချိန်ရမယ်ဆို ...
မေတ္တာတရားအကြောင်း ပြောပြမယ်
ဉာဏ်ပညာအကြောင်း ဆွေးနွေးမယ်
စိတ်ဝင်စားမယ်ဆို ...
မကျက်တော့တဲ့ ဒဏ်ရာတွေအကြောင်းပြောလို့
တစ်ဦးအနာကို တစ်ဦးက လျှာနဲ့ရက်ပေးရင်း
အချင်းချင်း ရေငုံနှုတ်ပိတ်ပေးသင့် ပေးရမယ်။

ကိုယ့်အကုသိုလ်နဲ့ ကိုယ်
ခဏ ခဏ ကျကွဲနေတဲ့ကောင်
ဒါတောင် အသံမြည်ခွင့် မရခဲ့ ...
ပိုက်ဆံမရှိတဲ့အကြောင်း
ခိုတစ်ကောင်လို ညည်းမနေချင်ဘူး
အဆင်မပြေမှုတွေကတော့
တောက်တဲ့ တစ်ကောင်လို
ခြေမြဲ လက်မြဲ
ဘ၀က သေပေးမှ ကျေအေးမှာလား။

အမြီးတောင် မကျက်သေးဘူး
ခေါင်းစားလိုသူတွေက ခပ်များများ
အဆီတ၀င်းဝင်း ကိုယ်ကျင့်တရားများနဲ့
ဟီးဟီးထ အရှက်မဲ့ စိတ်ဓါတ်များ
ပါးစပ်ဟောင်းလောင်းနဲ့
သွားကြားထိုးတံ တစ်ပွေ့တစ်ပိုက် ဟန်ရေးပြသူများ
ကိုယ့်ထက်နိမ့်တာတွေကို
မော့မော့ကြည့်ရတာ နာတယ်။

လူညံ့အကြောင်းတွေသိဖို့
ငါကိုယ်တိုင် ညံ့ပေးလိုက်ရခြင်းများ
ကမ္ဘာ့သတင်းစာများနဲ့
တန်ဖိုးမဖြတ်နိုင်တဲ့ မနက်စာများ
ဖွတ်ကျောပေါ် ထင်းခွေပြီးချက်ပြုတ်တဲ့ညစာ
ဘာမှ မရှိရင်တော့
ရေသောက် ဗိုက်မောက် အိပ်နေလိုက်ရုံပဲ
တစိမ်းပြင်ပြင် မျက်နှာတွေကြား
အသွေးတူ အသားတူချင်း နင်းတာ ရွံတယ်

နွမ်းနယ်တဲ့ ဦးခေါင်းကိုထူရင်း
အရေခွံလဲ မြွေတစ်ကောင်လို လူးလွန့်
အကောင်သေးပေမယ့် ဇ,ရှိတယ်ဆိုဆို
မြွေပွေးမှန်းသိအောင် အမောက်ထောင်တယ်ဆိုဆို
လမ်းတွေပျောက်နေသရွေ့
လမ်းတွေလျှောက်နေကြဦးမှာဘဲ
လမ်းဟာ
အကြွေစေ့သံ တချွင်ချွင်နဲ့ ...
အိမ်ပြန်ဖို့ လှမ်းနေဦးမယ်ထင်မယ်။

ပိုက်ဆံမရှိတဲ့အကြောင်း
အဆင်ပြေတာ မပြေတာတွေလည်း
ခိုတစ်ကောင်လို ညည်းမနေချင်တော့ဘူး ...။ ။

"လေပြည်"

တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ

ဟိုးအဝေးမှာ

ကြယ်စင်တွေ..သူတို့စွမ်းသလောက်

မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ

ကျွန်တော်ရော...မေမေ့အတွက်

ဘယ်လို သစ္စာတရားတွေနဲ့

ဘယ်လို မေတ္တာတရားတွေနဲ့

“ လင်း ” ပြခဲ့ပြီးပြီလဲဟင် ...

မေမေ

ကျွန်တော်တို့အရပ်မှာ

နေတွေမပွင့်ဘူး .. လတွေမသာဘူး

အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့

ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ

ဂါရ၀တရား နဲ့ ရိုသေမှုဟာ

လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့

မေမေသင်ကြားခဲ့သမျှ

ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့

ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ

မေမေ

ဒီမြေဒီရေဟာ ကျွန်တော့်အတွက်တော့

တမာခါးတွေစိုက်ပျိုးထားတဲ့ ပူပြင်းစူးရှ

ကန္တာရသက်သက်ရယ်ပါ မေမေ

တခမ်းတနား အဆောက်အအုံတွေနဲ့

မီးရထားဖြူဖြူကြီးတွေနဲ့

သူတို့ဟာ စက်ရုပ်တွေများလားမေမေ

အချိန်တန်အိပ် အချိန်တန်စား

ဘ၀ဟာ နေခြင်းလား... သေခြင်းလား

ဘယ်လို အသိတရားမျိုးတွေနဲ့

ကျွန်တော်ဆက်နေထိုင်ရမလဲဟင် မေမေ

Friday, January 27, 2012

ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းပါ

ကောင်မလေးရေ……..
ငါ့ရင်ခွင်မှာ မင်း တစ်ကိုယ်စာလေးတောင်
ခိုလှုံ ခွင့် မပေးနိုင်ခဲ့ဘူး။
ငါဟာ “တေမိ” မဟုတ်သလို
“အရိယာ”လည်း မဖြစ်သေးပါဘူး။
မင်းခံစားရတဲ့ ဝေဒနာဝါကျတွေအတိုင်း
ဤ သည် မရွေး ငါကိုယ်တိုင်လည်း
ခံစားခဲ့ရဖူးပါတယ်။
ဒါပေမယ့်……….
ဘ၀မှာလိုအပ်ရင် အချစ်ဆိုတာလည်း
တိတ်တိတ်လေး ရှင်သန်ပေးရတယ်။
ကိုယ်တိုင်ဆွဲတဲ့ စည်းမျဉ်းအပြင်ဘက်ကို
ငါဟာ ခြေချော်လက်ချော်လေးတောင်
လျှောက်မကြည့်ဝင့်သူပါကွယ်။
လက်ညှိုးပေါင်းများစွာရဲ့ တံတွေးခွက်ထဲ
ငါကိုယ်တိုင်လည်း မစီးမျောဝံ့သလို
မင်းကိုလည်း မသိမ်းသွင်းချင်ဘူး။
ကောင်မလေးရေ………..
မင်းအိမ်မက်တွေထဲ ငါ့ကိုအလည်မခေါ်ချင်ပါနဲ့
ငါဟာ မင်း မျှော်လင့်တဲ့ အိန်လ်ဂျယ်မဟုတ်ခဲ့ပါဘူးကွယ်။
တကယ်တော့ အချစ်ဆိုတာ
အချစ်ခံရတာထက် ချစ်နေရတာက
ပိုပြီးမွန်မြတ်သန့်စင်ပါတယ်။
ကောင်မလေးရေ….
ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းလိုက်ပါ။

"ခိုင်နုငယ်"

တင်ပြီးသား post များ

3D