သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 10, 2013

“ရွှေမြန်မာတို့သတိထားသင့်သည့် လူက လူကိုမျိုခြင်း”

“ဒီနေရာလေးမှာ မြေမျိုလို့ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုမည်” ဆိုတဲ့ ဆောင်ပုဒ်လေးကို အများနားလည် သဘောပေါက်အောင် အနည်း ငယ်လောက်ရှင်းပြချင်ပါတယ်။ လူတော်တော်များများ နားလည်ထား တာက “လူကို မြေက မျိုတယ်” လို့ဆိုလိုက်တာနဲ့ ဘုရားဟော ကျမ်းဂန်တွေ ထဲက ရှင်ဒေဝဒတ်ကြီး မြေမျိုခံရတာ၊ ဥပ္ပလဝဏ်ထေရီဝတ္ထုထဲက နန္ဒလုလင်မြေမျိုခံရတာ၊ နောက်ပြီး သုပ္ပဗုဒ္ဓဘုရင်ကြီး မြေမျိုခံရတာ စတဲ့ အကုသိုလ်ကံ ကြီးမားလို့ အရှင်လတ်လတ် မြေမျိုခံ ရတာကို ပြေးပြီး မြင်ကြ ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လည်း မိဘကို ပြစ်မှားလို့ အရှင်လတ်လတ် မြေမျို ခံရတဲ့ တကယ်ဖြစ်ရပ်မှန်တွေရှိခဲ့ပါတယ်။

ဒီနေရာလေးမှာ သိစေချင်တာက သက်ရှိထင်ရှားလူတစ်ဦးတစ်ယောက်ကို အရှင်လတ်လတ် မြေမျို မှ မြေမျိုတယ်လို့ ခေါ်တာမဟုတ်ပါဘူး။ အသက်ဝိညာဉ်ချုပ်နေတဲ့ သူသေအလောင်းကောင်ကို တွင်းတူးပြီး မြေကြီး ထဲ မြှပ်ပစ်လိုက်တာဟာလည်း မြေကြီးက လူကိုအကောင်လိုက် မျိုလိုက် တာပါပဲ။ ဒီလို ကမ္ဘာနှင့်အဝှမ်း နှစ်စဉ် တစ်နေ့တစ်နေ့ လူတွေကို မြေကြီးက ဝါးမျိုလာလိုက်တာ ဂဏန်းသင်္ချာ ရေ တွက်ပြဖို့ရာပင် မစွမ်းနိုင်လောက်တဲ့ အထိ ရှိခဲ့ပါပြီ။

ဒါပေမယ့် မြေကြီးက မရေမတွက်နိုင်လောက်အောင် များပြားလှတဲ့ လူတွေကို မျိုသွားလို့ ဘယ်လူမျိုးတွေတော့ မျိုးပြုတ်သွားပြီ၊ ဘယ် ဘာသာဝင်တွေတော့ မျိုးတုံး ပျောက်ကွယ်သွားပြီလို့ မရှိခဲ့ ပါဘူး။ မြေကြီး ကတော့ ယခင်ကလည်းသူသေကောင်တွေ မျိုလာခဲ့သလို နောင်နှစ်ပေါင်း များစွာ တိုင်အောင်လည်း မျိုနေဦးမှာပါပဲ။

နောက်ပြီး ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ သာဓကတစ်ခုကို ပြောပါဦးမယ်။ ကမ္ဘာ့လူသတ်ကောင်လို့ နာမည်ဆိုး နဲ့ ကျော်ကြားခဲ့တဲ့ စစ်အာဏာရှင် ဟစ်တလာဟာ သန်းပေါင်းများစွာသော ဂျူးလူမျိုးတွေကို ကမ္ဘာပေါ်မှ မျိုးတုံးပျောက်ကွယ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် မျိုးတုံးပျောက် ကွယ် သွားခြင်းမရှိတဲ့အပြင် ဂျူးလူမျိုးတွေ ဟာ အစ္စရေးဆိုတဲ့ ဂျူးနိုင်ငံကိုတောင် ထူတောင်နိုင် ခဲ့ကြပါသေး တယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြောလိုရင်းကတော့ လူမျိုးတစ်မျိုးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့်   ပျောက်ကွယ် သွားတယ်ဆို တာမျိုးလည်း မရှိခဲ့သလို၊ မြေက မျိုလို့ မျိုးတုံးသွားတယ်ဆိုတာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် လူက လူကိုမျိုလို့ မျိုးတုံးပျောက်ကွယ်သွားခဲ့ဖူးတဲ့ လူမျိုးတွေကတော့ ကမ္ဘာမှာ ထင်ထင်ရှားရှား များစွာမှ ရှိခဲ့ကြပါတယ်။

ဒီနေရာလေးမှာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ သင်္ကေတကို ဘာသာ တရားနဲ့ပဲ တိုင်းတာပြချင်ပါတယ်။ လူတွေရဲ့ သင်္ကေတကို ဘာသာတရားနဲ့ ဘာလို့တိုင်းတာပြရတာလဲလို့ဆိုရင် လူတွေဟာ များသောအားဖြင့် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာတရားတစ်ခုခု ရှိနေကြလို့ပါပဲ။

(ဘာသာမဲ့ဆိုတဲ့သူလူတွေ ရှိနေကြပေမယ့် ဘာသာတစ်ခုခုကို ယုံကြည်နေတဲ့ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် လွန်စွာမှ နည်းပါးလွန်း လှပါတယ်။)

ဥပမာပြောရရင် မြန်မာနိုင်ငံလို့ ဆိုလိုက်တာနဲ့ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေ ထိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အများဆုံး နေထိုင်ရာ နိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် ကိုလည်း ကမ္ဘာကအသိအမှတ်ပြုထားကြပါတယ်။ တစ်ချိန်က အင်ဒိုနီးရှား နိုင်ငံဟာလည်း ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် ထင်ရှားခဲ့ပါတယ်။

ယနေ့အချိန်ထိလည်း ဘယ်လိုမှငြင်းပယ်လို့မရနိုင်တဲ့ သက်သေအထောက် အထားတွေ ရှိနေတုန်းပါပဲ။ အဲဒီလိုပါပဲ ပါကစ္စတန်နိုင်ငံ ၊ အာဖဂန် နစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေဟာလည်း တစ်ချိန်က ဗုဒ္ဓဘာသာဝင် အများဆုံး နေထိုင်ရာ နိုင်ငံတော်အဖြစ် ရှိခဲ့ကြပါတယ်။ ဗုဒ္ဓဘသာာနဲ့ ပတ်သတ်တဲ့ သမိုင်းကြောင်း အထောက်အထားတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ဟာ ယနေ့အချိန်ထိ အဲဒီနိုင်ငံတွေမှာ အထင်အရှားရှိနေ ကြတုန်းပါပဲ။

ယနေ့အချိန်မှာတော့ အဲဒီနိုင်ငံတွေမှာ နေထိုင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် လူမျိုးတွေ ၊ ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်တွေ ရှိကြသေးရဲ့လားလို့ဆိုရင် အဖြေကတော့ မူးလို့တောင် ရှူစရာမရှိတော့ဘူးလို့ ဖြေရမှာ ပါပဲ။ ဒါဆိုရင် ဒီဗုဒ္ဓဘာသာဝင်လူမျိုးတွေ ဗုဒ္ဓဘာသာဝင်မျိုးဆက်တွေ ဘယ်ရောက် သွားကြကုန်ပါသလဲ ၊ မြေကြီးက မျိုလို့ ပျောက်သွားကုန်ကြတာလား၊ ဒါမှမဟုတ် အခြားဘာသာဝင်လူမျိုးတွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် မှုတွေကြောင့် ပျောက်ချင်းမလှပျောက်သွားကြကုန်တာလား။

အဖြေကတော့ ရှင်းရှင်းလေးပါပဲ၊ မြေကမျိုလို့ မျိုးပြုတ်သွားခဲ့ကြတာ မဟုတ်ဘူး။ “မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်” ဆိုတဲ့ ဆောင်ပုဒ်ထဲက စကားလို လူကလူကိုမြိုလို့ အားလုံးမျိုး တုံးပျောက်ကွယ်သွား ခဲ့ကြတာဖြစ်ပါတယ်။

အားလုံးသတိထားစရာအချက်များပင်ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဖိုးပညော(သပိတ်ကျင်း)၏
စာအုပ်ကောင်းလေးတစ်အုပ်မှ။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ
(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

အဆောက်အအုံပျက်တစ်ခုအတွင်းမှ ရင်နင့်ဖွယ် စုံတွဲအလောင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြီးအတွင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်း တစ်ခုသည် ရင်နင့်ခြောက်ခြားစရာ ဖြစ်လာခဲ့ရသည်။ အထည်ချုပ် စက်ရုံတစ်ခု အပါအဝင် ကုမ္ပဏီများ၊ ရုံးခန်းများ ဖွင့်လှစ်ထားသည့် (၈)ထပ် အဆောက်အအုံကြီးတစ်ခု ဒါကာမြို့တော်တွင် ပြိုကျခဲ့ရာ လူပေါင်းမြောက်မြားစွာ (ယနေ့အချိန်ထိ ၁၀၀၀ ကျော်သွားပြီဟု သတင်းများတွင် ဖော်ပြ) သေဆုံးခဲ့ရပြီး ယခုထိလည်း အပျက်အစီးများအောက်မှ အလောင်းများ ထွက်ပေါ်နေဆဲ ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်သားများသည် အပျက်အစီးများကို ဖယ်ရှားနေရင်း စုံတွဲတစ်တွဲ၏ အလောင်းကို တွေ့ရှိခဲ့ရာ နောက်ဆုံး အချိန်ထိ တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း အသက်ကုန်ခဲ့ရှာကြောင်း ကြေကွဲဖွယ် သိရှိခဲ့ရသည်။


(တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း သေဆုံးခဲ့သည့် စုံတွဲ)

ဖုန်မှုန့်များ၊ သတ္တုစများ၊ အပျက်အစီးများ အောက်တွင် အမျိုးသမီး အလောင်းကို စတင် တွေ့ရှိခဲ့ရပြီး သူမကို တင်းကျပ်စွာ ပွေ့ဖက် ကာကွယ်ရင်း အတူတကွ သေဆုံးသွားသည့် အမျိုးသား၏ အလောင်းကိုပါ ရှာဖွေ တွေ့ရှိလာခြင်း ဖြစ်သည်။ အမျိုးသား၏ အလောင်းတွင် မျက်လုံးမှ သွေးစီးကြောင်းများ ကျဆင်းခဲ့ပြီး ခြောက်သွေ့နေသည်ကိုလည်း ဝမ်းနည်းနာကျင်ဖွယ် တွေ့မြင်ခဲ့ရသည်။ အဆိုပါ စုံတွဲသည် အထည်ချုပ် စက်ရုံ လုပ်သားများဟု ယူဆရပြီး ပြေးမလွတ်နိုင်တော့သည့် နောက်ဆုံးအခြေအနေကို အတူတကွ ရင်ဆိုင်သွားခြင်း ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးများက စိတ်မကောင်းခြင်းကြီးစွာ မှတ်ချက်ပြုခဲ့သည်။

(ပြိုကျသည့် အထည်ချုပ်စက်ရုံပိုင်ရှင်အား ဖမ်းဆီးလာစဉ်)

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း(၁၀၀၀)ကျော် သေဆုံးကာ (၂၅၀၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ကယ်ဆယ်ရေးများသည် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းကပင် ရာနာပလာဇာ နေရာဟောင်း အပျက်အစီးပုံအောက်မှ အလောင်း(၉၄)ခု ဆွဲထုတ်ခဲ့ရသည်။ အထည်ချုပ် စက်ရုံတွင် လုပ်သား ထောင်ပေါင်း အတော်များများ ရှိနေပြီး အနောက်နိုင်ငံများသို့ ကုန်ချော အထည်အလိပ်များ တင်ပို့ရောင်းချလေ့ ရှိသည်။ ယခုဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်တွင် အခြားသော စက်ရုံ မတော်တဆမှုများလည်း ပေါ်ပေါက်ခဲ့ရာ လုပ်ငန်းခွင် လုံခြုံရေးအတွက် ဆန္ဒပြ တောင်းဆိုမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။

(ပြိုကျသည့် အဆောက်အအုံအား ရှင်းလင်းရေး ဆောင်ရွက်နေစဉ်)

ဒေသခံ သတင်းဓာတ်ပုံသမား တက်စ်လီမာ အက်ခ်တားက "ကျွန်တော် ကြိုးစားပြီး အချက်အလက်တွေ ရှာခဲ့ပါသေးတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် အကြောင်းတော့ ကျွန်တော် သေချာမသိဘူး။ သူတို့ ဘယ်သူလဲဆိုတာလည်း မဖော်ထုတ်နိုင်ဘူး။ သူတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ဆက်နွယ်တယ် ဆိုတာလည်း မပြောနိုင်ဘူး။ ဒါပေမဲ့ မြင်ကွင်းကတော့ ကြေကွဲစရာပါ။ နောက်ဆုံးအချိန်လေးမှာ တစ်ယောက်ကိုတစ်ယောက် ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ စုံတွဲလို့တော့ ကျွန်တော် ထင်မိတယ်"ဟု ဝမ်းနည်းစွာ ပြောဆိုခဲ့သည်။


(အထည်ချုပ်စက်ရုံပြိုကျပြီး လူအများအပြား သေဆုံးရမှုအတွက် ဆန္ဒပြနေသူများ)

၎င်းက "ကျွန်တော် တစ်နေကုန် အဆောက်အအုံ အပျက်အစီးတွေ ကြားထဲမှာ သွားလာနေခဲ့တယ်။ အသက်ရှင်လျှက် ကယ်ထုတ်နိုင်သူတွေ ဆေးရုံပို့တာကိုလည်း ကြည့်နေခဲ့ရတယ်။ ဆွေမျိုးသားချင်းတွေရဲ့ စိုးရိမ်နေတဲ့ မျက်ဝန်းတွေကို အကြိမ်ကြိမ် မြင်ရတဲ့နောက် ကျွန်တော် စိတ်ရော၊ ကိုယ်ပါ တော်တော်လေး ချုံးချုံးကျသွားပါတယ်။ နေ့လယ် (၂)နာရီလောက်မှာတော့ ဒီစုံတွဲကို ကျွန်တော် အပျက်အစီးတွေ အောက်မှာ တွေ့လာခဲ့တာပါ။ သူတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းတွေက ကွန်ကရစ်တုံးတွေ အောက်မှာ လုံးဝ ပိမိနေပြီ။ အမျိုးသားရဲ့ မျက်လုံးက စီးကျနေတဲ့ သွေးတွေက မျက်ရည်စီးကြောင်းနဲ့တောင် တူပါတယ်။ ကျွန်တော် အဲဒီမြင်ကွင်းကို မယုံနိုင်လောက်အောင် တုန်လှုပ်သွားမိတယ်။ သူတို့ကို ကျွန်တော် တစ်သက်လုံး သိကျွမ်းခဲ့သလို၊ ကျွန်တော်နဲ့ အရမ်း နီးစပ်ခဲ့ဖူးသလို ခံစားမိသွားတယ်"ဟုလည်း ဆိုသည်။

ယင်းဓာတ်ပုံကို ရိုက်ယူခဲ့သည့် တက်စ်လီမာက "တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ အရေအတွက် သက်သက်နဲ့ စုဖွဲ့ထားတာ မဟုတ်ပါဘူး။ လုပ်အားခ သက်သာမှုကြောင့်တော့ အသက်တွေရဲ့ တန်ဖိုးက သက်သက်သာသာ ဖြစ်နေတယ်လို့ မတွေးပါနဲ့။ အားလုံးဟာ ခင်ဗျားတို့ ကျွန်တော်တို့လို လူသားတွေပါပဲ"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာပေါ်တွင် အဝတ်အထည် တင်ပို့ရောင်းချမှု အများဆုံး နိုင်ငံတစ်ခု ဖြစ်သော်လည်း လုပ်သားများကို အလွန်နိမ့်ပါးသည့် လုပ်ခပေးချေမှုနှင့် အလုပ်ခွင် ဘေးအန္တရာယ် ကျရောက်နိုင်သည့် အနေအထားများကြောင့် ကြီးမားပြင်းထန်သော ဝေဖန်မှုများနှင့် ကြုံနေရသည်။ ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ရာနာပလာဇာ ပိုင်ရှင် အပါအဝင် လူအချို့ကို ရဲများက ဖမ်းဆီးထားပြီး လူများစွာ သေဆုံးစေလောက်သည့် မျက်ကွယ်ပြုမှုအတွက် တရားစွဲဆိုရန် စီစဉ်လျှက်ရှိသည်။


myanmardailynews

ဦးတေဇနဲ.ဦးဇော်ဇော် ခင်ဗျား

Zaw Mintun Zawmintun
ဦးတေဇနဲ.ဦးဇော်ဇော် ခင်ဗျား ================= ဦးတို.နှစ်ယောက်ဟာ မြန်မာနိုင်ငံမှာအချမ်းသာဆုံး ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့မြန်မာတိုင်းရင်းသားတွေဖြစ်ကြတယ်ဆိုတာ တစ်နိုင်ငံလုံး အသိဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေချမ်းသာတာကိုမြင်ချင်တာဟာ ကျွန်တော်တို.မြ န်မာလူမျိုးအားလုံးရဲ့ရင်ထဲကဆန္ဒပဲဖြစ်ပါတယ်။ မြန်မာလူမျိုးအားလုံးဟာလည်းဦးတို.၂ ယောက်ကို လေးစားအားကျနေမယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ ဦးတို. ၂ယောက်အနေနဲ.လည်းမြန်မာနိုင်ငံကိုချစ်တယ်ဆိုတာ ဦးတို.ပြောတဲ့စ ကားတွေကိုနားထောင်ခြင်းဖြင့်သိသာခဲ့ပါတယ်။ ဦးတေဇက မြန်မာလူမျိုးတွေအတွက် အသက်ကိုစတေးကာ စွမ်းစွမ်းတမံလု ပ်ဆောင်ပေးသွားမယ်လို.ဆိုထားခဲ့သလို ဦးဇော်ဇော်အနေနဲ.လည်းသူသေသွားရင် ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုအကုန်လှူသွားမယ် လို.လူသိရှင်ကြားပြောကြားထားသူဖြစ်ပါတယ်။ ဦးတို. ၂ယောက်ဆီကနေ ဒီလိုစကားမျိုးေ တွကြားရတဲ့အတွက်တစ်ချို.ဆိုရင် မျက်ရည်လည်သည်အထိဝမ်းသာ...ပီတိဖြစ်ြ ကတယ်လို.သိထားရပါတယ်။ ဖေ့ဘုတ်လောကမှာလည်း ဦးတို.ကို ချီးကျူးထောပနာသံတွေ သောသောညံသွားခဲ့ ပါတယ်။ အဲလိုဖြစ်လောက်အောင်အထိလည်း ဦးတို.ရဲ့စကားကတိတွေက ထိရောက်ခဲ့ပါတယ်။
ကျွန်တော်တို.အနေနဲ.ဦးတို.လိုတိုင်းရင်းသားဒိတ်ဒိတ်ကြဲစီးပွါးရေး သမားတွေကိုတစ်ခုလောက်တော့ေ တာင်းဆိုချင်ပါတယ်ခင်ဗျား။ ခုမြန်မာနိုင်ငံ အခြေအနေကလည်းဦးတို.မြင်တဲ့ကြားတဲ့အတိုင်း ၇၈၆မွတ်စလင်တွေရဲ့ခြိမ်းခြောက်မှုတွေကို အလူးအလဲ ခံနေရပါတယ်။ မြို.တွေရဲ့အဓိက နေရာတော်တော်များများကို သူတို.က ငွေအားကိုအသုံးပြုပြီး သိမ်းပိုက်နေကြပါပြီ။ စီးပွါးရေးတင်မကပါဘူး၊ဘာသာရေးဘက်မှာရော၊ လူမှုရေးဘက်မှာပါမကျန်သူတို.တွေ သိသိသာသာနေရာယူနေကြပါပြီ။ နောက်လာမယ့် နှစ်၅၀ လောက်ဆိုဘာတွေဖြစ်ကုန်မလည်းဆိုတာ မတွေးရဲလောက်အောင်ပါပဲ။ ကျွန်တော်တို.လိုသာမန်လူတွေအနေနဲ.၇၈၆ တွေကိုတုန်.ပြန် နိုင်တာက ခံစစ်နဲ. ရှောင်စစ်ပဲရှိပါတယ်။ သူတို.ရဲ့ကျူးကျော်လာမှုတွေကို ခုခံမယ်။ ၇၈၆ ဆိုင်တွေကိုအားမပေးဘဲရှောင်မယ်။ သူတို.ရဲ့ဘက်ပေါင်းစုံကကျူးကျော်လာမှုတွေကို တိုက်စစ်မဆင်နိုင်ပါဘူး။ တိုက်စစ်ဆင်ဖို. အတွက်ကတော့ဦးတို.လိုဒိတ်ဒိတ်ကြဲတွေရ ဥာဏအားကို ကျွန်တော်တို.မြန်မာလူထုတစ်ရပ်လုံးရဲ့ကာယအားနဲ.ပေါင်းစပ်ပြီးတန်ပြန်တိုင်စစ် ဆင်မယ်ဆိုရင်အချိန်တိုအတွင်းမှာ အောင်မြင်မှုရမှာဆိုတာသေချာပါတယ်။ ဒီလိုလုပ်တာဟာ တရားသောစစ်ကို ဆင်နွှဲနေဖြင်းဖြ စ်တဲ့အတွက်မုတ်ချအောင်မြင်မှာပါ။ တောင်ကိုရီးယားမှာလည်းဒီလိုနည်းနဲ.ပဲ မွတ်စလင်တွေကို တိုက်ထုတ်ခဲ့တယ်လို. သိထားရပါတယ်။ ဦးတို.ရဲ့ဦးဆောင်မှုနဲ. ကျန်တဲ့ဒိတ်ဒိတ်ကြဲတိုင်းရင်းသားစီးပွါးရေးလုပ် ငန်းရှင်တွေပါပူးပေါင်းပါဝင်လာမယ်ဆိုရင်တော့ ဆိုဘွယ်ရာမရှိတော့ပါဘူး။
အမျိုး၊ဘာသာ၊သာသနာအတွက်ဦးတို.ရဲ့ ပစ္စည်းဥစ္စာတွေသာမက ဦးတို.ရဲ့ကာယအား၊ ဥာဏအား နဲ. အချိန်တွေကိုပါစိုက်ထုတ်ပြီး လုပ်ဆောင်မယ်ဆိုရင်ဦးတို.ရဲ့အလှူဟာ ပိုမိုမြင့်မြတ်တဲ့ အလှူဖြစ်လာမှာဖြစ်ပြီးနတ်၊လူ အားလုံး သာဓုခေါ်မယ့် အလှူဖြစ်လာမယ်ဆိုတာHh အသေအချာပါပဲ။ အရင်ဘ၀ကကောင်းခဲ့လို.ခုဘ၀ကောင်း နေတဲ့ဦးတို.အနေနဲ. ခုဘ၀မှာ အမျိုး၊ဘာသာ၊ သာသနာကိုစောင့်ရှောက်တဲ့အကျိုးကျေးဇူြးေ ကာင့်နောက်ဘ၀မှာလည်းခုလိုဘ၀မျိုးထပ် မံရရှိနိုင်ပါစေလို.ကျွန်တော်တို.တစ်မျိုးသားလုံးက ဆုတောင်းပေးလိုက်ပါတယ်။
by ထိုက်သူ
Ahpyinser Zyk

Galaxy S4 Launch က ရလိုက်တဲ့ သင်ခန်းစာလေး.....

James Mint
Galaxy S4 Launch က ရလိုက်တဲ့ သင်ခန်းစာလေး.....
Galaxy S4 ကို Mar 14 2013 မှာ မိတ်ဆက်ပွဲလုပ်ဖို့ ဆမ်ဆောင်းက အားခဲထားတာ အတော်ကြာခဲ့ပါပီ..... အဆိုပါပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့တာတွေ အများကြီးပါ.... New York Time Square မှာ ပြင်ဆင်မှုတွေ အကြီးအကျယ် လုပ်ခဲ့တာမှာ ကြေငြာဆိုင်းဘုတ်တွေလည်း ပါဝင်ခဲ့ပါတယ်.....
ဒါပေမယ့်လည်း ဆမ်ဆောင်းရဲ့ ကြေငြာဘုတ်တွေအပေါ်မှာ အခန့်သား နေရာယူထားတာကတော့ S4 ကို ကြိုဆိုသလို ဘာလိုလိုနဲ့ သူ့ရဲ့ နောက်ဆုံး ထွက်ကုန်ဖြစ်တဲ့ optimus G ကို ကြေငြာထားတဲ့ LG ပဲ ဖြစ်ပါတယ်......
ဒါတင်ပဲလားဆိုတော့ မဟုတ်သေး..... အစစ အရာရာ ဒေါင့်စေ့အောင် ဆမ်ဆောင်းအနေနဲ့ စီစဉ်ခဲ့ပေမယ့် ပွဲမစခင် ကြိုတင်ရောက်နှင့်နေတဲ့ လူထုကြီးအတွက် တစ်စုံတစ်ရာ စီစဉ်ထားခြင်း မရှိတာပါပဲ..... အေးချမ်းလှတဲ့ ရာသီဥတုအောက်မှာ S4 မိတ်ဆက်ပွဲကို စောင့်မျှော်နေတဲ့လူထုကြီးအတွက် အခမဲ့ လာရောက် ဖြည့်ဆည်းပေးတာကတော့ HTC က သူ့ရဲ့ နောက်ဆုံးထွက်ကု...န်ဖြစ်တဲ့ HTC One အမှတ်တံဆိပ်နဲ့ ချောကလက် ပူပူလေးတွေပဲ ဖြစ်ပါတယ်.... တနည်းအားဖြင့် S4 ကို စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက် ရင်ထဲနွေးထွေးသွားစေဖို့ အခမဲ့ ၀န်ဆောင်မှုပေးခဲ့တာ HTC က ပဲ ဖြစ်ပါတယ်......
ဒါတွေဟာ တိုက်ဆိုင်မှုတွေ မဟုတ်ပဲ ကုန်ပစ္စည်းထုတ်လုပ်သူများရဲ့ စစ်ပွဲပဲ ဖြစ်ပါတယ်...... သို့သော် အဆိုပါ စစ်ပွဲရဲ့ ရလာဘ်အနေနဲ့ Customer ဆိုတဲ့ လူထုအတွက်တော့ ကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ ရရှိစေခြင်းပဲ ဖြစ်ပါတယ်.......
ဒါလေးကိုကြည့်ရင်း ကျွန်တော်တို့ နိုင်ငံမှာလည်း နိုင်ငံရေးသမားတွေဟာ အယူဝါဒ ဘယ်လိုပဲ မတူညီပါစေ၊ Customer ဆိုတဲ့ ပြည်သူလူထုအတွက် ဦးတည်ပီး လုပ်ကြ ကိုင်ကြရင်ဖြင့် အကွဲအပြဲ ဆိုတာတွေထက် နိုင်ငံနဲ့ လူမျိုးအတွက် ချိုမြိန်တဲ့ ရလာဘ်တွေ ရလာမယ်လို့ မြင်မိပါတယ်...... တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ထိပ်တိုက်တွေ့နေမယ့်အစား တစ်ဖက်ရဲ့ လစ်ဟာမှုကို ၀င်ဖြည့်ဆည်းသွားရင်းနဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင်ဖြင့် အနာဂါတ် မြန်မာနိုင်ငံဟာ ရောင်ခြည်သမ်းလာမယ်လို့ မျှော်လင့်မိရပါတယ်.....
အခု လက်ရှိကတော့........... 

10.5.2013 တီဗွီမဂ္ဂဇင်း မြန်မာနဲ့နိုင်ငံတကာသတင်းများ

 
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေ အကြီးအကျယ် ရှိခဲ့ပြီး စိုးရိမ်ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်၊ တောင်ကိုရီးယား သမ္မတ Park Geun-hye ရဲ့ အမေရိကန် ပြည်ထောင်စုခရီးစဉ်အကြောင်း...စသည်

စဉ်တီဗွီသတင်းလွှာ(၀၅-၀၉-၂၀၁၃)

 
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေ အကြီးအကျယ် ရှိခဲ့ပြီး စိုးရိမ်ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်၊ တောင်ကိုရီးယား သမ္မတ Park Geun-hye ရဲ့ အမေရိကန် ပြည်ထောင်စုခရီးစဉ်အကြောင်း...စသည်

အာဖရိကနိုင်ငံတွေက လူနေမှုဘဝများ

 
နယ်စည်းမခြား ဆရာဝန်များက ပေးမည့် အကူအညီကို 
စောင့်စားနေကြသည့် Ndele နေ ဒေသခံများ။ 
နယ်စည်းမခြား ဆရာဝန်များက ပေးမည့် အကူအညီကို 
 စောင့်စားနေကြသည့် Ndele နေ ဒေသခံများ။
10.05.2013
အာဖရိကနိုင်ငံတွေမှာ တချို့ နိုင်ငံ့ခေါင်းဆောင်တွေက နိုင်ငံရေးအာဏာကိုရော၊ ဘဏ္ဍာငွေကြေး အမြောက်အများ ပိုင်ဆိုင်မှုတွေကိုပါ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းတဲ့အနေနဲ့ သားသမီးတွေကို လွှဲပြောင်းပေးတတ်တဲ့ အစဉ်အလာ ရှိကြပါတယ်။ အာဖရိကခေါင်းဆောင်တချို့ရဲ့ သားသမီးတွေဟာ နိုင်ငံရေးသြဇာ အရှိန်အ၀ါနဲ့  စည်းစိမ်ခံစားနေကြပေမယ့် ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီး ချမ်းသာ အောင်မြင်နေကြသူတွေကတော့ ဆင်းရဲသားတွေကို စေတနာနဲ့ မျှဝေပေးနေတာတွေရှိ ပါတယ်။  တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်ဂ်မြို့ ကနေ VOA သတင်းထောက် Anita Powell က သတင်းနောက်ခံဆောင်းပါး ပေးပို့ ထားတာကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍ အဖြစ် ဒေါ်ခင်စိုးဝင်းက စီစဉ်တင်ဆက်ပေးထားပါတယ်။ 

လက်ပံတောင်းအစီရင်ခံစာ ဒေါ်စုကာကွယ်

"Myanmar Constitutional 
Democracy" အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ 
(မေလ ၁၀ ရက်၊ ၂၀၁၃)။
"Myanmar Constitutional Democracy" 
အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်။
 (မေလ ၁၀ ရက်၊ ၂၀၁၃)။
ကိုကျော်ကျော်သိန်း

10.05.2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းဖြိုခွဲခဲ့တဲ့ကိစ္စမှာ ရဲတပ်ဖွဲ့ထဲက တစ်ဦးဦးမှာ တာဝန်ရှိတယ်လို့ သူ မယူဆတဲ့အကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ တဆက်ထဲမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ တွေ့ရှိချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ခုခံကာကွယ် ပြောဆိုခဲ့ပါတယ်။ ရန်ကုန်မြို့မှာကျင်းပတဲ့ အခြေခံဥပဒေနဲ့ ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲတစ်ခုအတွင်း တရားဥပဒေစိုးမိုးမှု ခေါင်းစဉ်နဲ့ ဆွေးနွေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို ဆွေးနွေးပွဲမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းအရေးနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ တစ်ယောက်ယောက်ကို အပြစ်ပေးအရေးယူတာမျိုး မဖြစ်စေချင်တဲ့အပေါ် လူအများအပြားက ဘ၀င်မကျတာကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ရပ်တည်ချက်ကိုတော့ အခိုင်အမာပဲ ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြောခဲ့တာပါ။

"ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ထဲက တစ်ဦးဦးမှာ တာဝန်ရှိတယ်လို့ ကျမမထင်ပါဘူး။ ဖြစ်ခဲ့တာအကုန်လုံးကို ကျမတို့ ထည့်သွင်း စဉ်းစားရပါမယ်။ အခြေအနေကို ကျမတို့ အရမ်းကို သတိထားပြီး စစ်ဆေး လေ့လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့အပေါ် အဓိကစွပ်စွဲချက်ကတော့ ဆန္ဒပြသူတွေအပေါ် မီးလောင်ဗုံးသုံးခဲ့တယ်ဆိုတာပါပဲ။ အဲဒါဟာမမှန်ပါဘူး။ အစီရင်ခံစာကို ဖတ်မယ်ဆိုရင် အဲဒါတွေဟာ မီးလောင်ဗုံး မဟုတ်ဘဲ မီးခိုးဗုံးဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အခြေအနေတစ်ခုအောက်မှာ အဲဒီဗုံးကို အသုံးပြုရင် ဘယ်လိုသက်ရောက်မှုတွေ ရှိမယ်လို့ ရဲတပ်ဖွဲ့ကမသိဘူးဆိုတာ ရှင်းပါလိမ့်မယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နစ်နာသူတွေ ကျေနပ်အောင်ဆိုတဲ့ သဘောသက်သက်နဲ့တော့ လူတွေကို အပြစ်ပေးသင့်တယ်လို့ မထင်တဲ့အကြောင်းလည်း ပြောပါတယ်။ နစ်နာချက်တွေကို နားထောင်ရမယ်၊ ကိုင်တွယ်ဖြေရှင်းရမယ်၊ ဒါပေမဲ့လည်း တကယ်တမ်း အပြစ်မပေးသင့်တဲ့ လူတွေကို အပြစ်ပေးပြီးတော့တော့ နစ်နာချက်တွေကို မကိုင်တွယ်ရဘူးလို့ ဆိုပါတယ်။ တစ်ချိန်ထဲမှာပဲ အပြစ်မပေးသင့်ဘူးလို့ ဘာ့ကြောင့် ကိုယ်ကယူဆတယ်ဆိုတာ နစ်နာသူတွေကို ရှင်းပြရမယ်လို့လည်း ပြောပြီး အစီရင်ခံစာမှာဖော်ပြထားတဲ့ စစ်ဆေး တွေ့ရှိချက်တွေကို ကာကွယ် ပြောဆိုခဲ့ပါတယ်။

"ကျမတို့ကော်မရှင်ရဲ့ တွေ့ရှိချက်တွေဘက်ကနေ ကျမ ရည်တည်ပါတယ်။ ရဲတပ်ဖွဲ့ဟာ လူတွေကို ရည်ရွယ်ချက်နဲ့ ထိခိုက်နာကျင်အောင် လုပ်ခဲ့တယ်လို့ ကျမ မယုံကြည်ပါဘူး။ တရားဥပဒေစိုးမိုးရေးအတွက် ရပ်တည်လုပ်ဆောင်သူတွေကို အပြစ်ပေး အရေးယူသင့်တယ်၊ လက်စားချေသင့်တယ်လို့  မထင်ပါဘူး။" ဆိုပြီး ဒေါ်အော်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလိုပြောဆိုခဲ့တဲ့ ဆွေးနွေးပွဲကို သြစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီ ဥပဒေရေးရာကျောင်းက ကမကထပြု ကျင်းပတာဖြစ်ပြီး၊ "မြန်မာအခြေခံဥပဒေအရ တည်ဆောက်သော ဒီမိုကရေစီ" လို့ဆိုရမယ့် Myanmar Constitutional Democracy ခေါင်းစဉ်တပ်ထားပါတယ်။ ဒီဆွေးနွေးပွဲဟာ ဒီမိုကရေစီကို ဦးတည်သွားနေတဲ့နိုင်ငံတစ်ခုမှာ အခြေခံဥပဒေပိုင်း စဉ်းစားရွေးချယ်စရာတွေနဲ့ ပတ်သက်တဲ့ အသိသုတတွေကို မျှဝေဖို့ ရည်ရွယ်တယ်လို့ စီစဉ်သူတွေကဆိုပါတယ်။

၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ လွှတ်တော်က သဘောတူထားပြီး ကော်မတီ ကော်မရှင်တွေဖွဲ့စည်းရေး စတင် လုပ်ဆောင်နေချိန်မှာ အခုလို ဆွေးနွေးပွဲမျိုးတွေ များများလိုတယ်လို့ ဆွေးနွေးပွဲတက်ရောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ စတင်ရေးဆွဲစဉ်ကတည်းက ပြည်သူလူထုရဲ့ ထောက်ခံမှု၊ အားပေးမှုမရခဲ့ဘူး။ အခုလိုအခြေအနေမှာ ပြည်သူ့လွှတ်တော်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာတဲ့ အခြေအနေမှာ ပြည်သူလူထုတွေက ဒီအပေါ်မှာ အာရုံစိုက်ပါတယ်။ ဒီလို အာရုံစိုက်နေတဲ့အခြေအနေမှာ ဒီလိုအလုပ်ရုံ ဆွေးနွေးပွဲတွေ များများဆောင်ရွက်ပေးဖို့လိုလိမ့်မယ်။ ဒီဆောင်ရွက်မှုတွေထဲက ဒီတစ်ခုဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အထောက်အကူပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အပိုင်းတွေ ပါပါတယ်။ ဒီအပိုင်းတွေကို ပြင်ဆင်နိုင်ဖို့အတွက်ဆိုရင် အခုလို အလုပ်ရုံဆွေးနွေးပွဲတွေမှာ၊ အဖွဲ့အစည်းပေါင်းစုံ အင်အားစုပေါင်းစုံက တက်ရောက်လာပြီးတော့ ဆွေးနွေးကြခြင်းအားဖြင့် ကျနော်တို့ အကျိုး အများကြီး ဖြစ်ထွန်းတယ်လို့ ထင်ပါတယ်။”

မေလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၃ ရက်ကြာကျင်းပတဲ့ ဒီ ဟောပြော ဆွေးနွေးပွဲအတွင်း သြစတြေးလျ လွှတ်တော် အမတ်တွေ၊ အခြေခံဥပဒေ၊ ဒီမိုကရေစီနဲ့ တရားဥပဒေရေးရာဆိုင်ရာ ပညာရှင်တွေက အခြေခံဥပဒေရေးရာ၊ နိုင်ငံတော်ဖွဲ့စည်းပုံ ဆိုင်ရာ၊ စစ်ဘက်ရဲ့အခန်းကဏ္ဍကို အခြေခံဥပဒေမှာ ပြဌာန်းချက်ဆိုင်ရာ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ၊ အမှန်တရားဖော်ထုတ် ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာတွေကို အကျယ်တ၀ံ့ ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။

ဒီပွဲမှာ ဆွေးနွေးချက်တွေအရ ဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ အပြစ်အနာအဆာတွေ၊ စံနှုန်း ချို့ယွင်း အားနည်းချက်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ပိုထင်ရှားလာတယ်လို့ တက်ရောက်သူတွေထဲက သုံးသပ်တာလည်းရှိပါတယ်။

(VOA)   မှ

ဘင်္ဂလားဒေ့ရှ် စက်ရုံအပြိုအပျက်ထဲ အသက်ရှင်နေသူတဦး

စက်ရုံအပျက်အစီးတွေကြားက အသက်ရှင်လျက်အမျိုးသမီးကို ရှာတွေ့ခဲ့စဉ်။ 
(မေလ ၁၀ ရက်၊ ၂၀၁၃)။
စက်ရုံအပျက်အစီးတွေကြားက အသက်ရှင်လျက်
အမျိုးသမီးကို ရှာတွေ့ခဲ့စဉ်။ (မေလ ၁၀ ရက်၊ ၂၀၁၃)။
ဗွီအိုအေ (မြန်မာဌာန)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၇ ရက်တုန်းက ပြိုကျခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦးပျက်တွေ အောက်မှာ အမျိုးသမီးတဦးကို အသက်ရှင်လျက် ကယ်ဆယ်ရေးဝန်ထမ်းတွေ တွေ့ရှိခဲ့ပါတယ်။ အထည်ချုပ်စက်ရုံ အများအပြားတည်ရှိရာ အဆောက်အဦး ပြိုကျသွားခဲ့ရာက သေဆုံးသူ အရေအတွက်ဟာလည်း တစ်ထောင်ကျော်သွားပြီ ဖြစ်ပါတယ်။

အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်း
 တချို့အနီးက ဘိန်းစိုက်ခင်းများကို တွေ့ရစဉ်။  (UNODC) 
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်း တချို့အနီးက 
ဘိန်းစိုက်ခင်းများကို တွေ့ရစဉ်။ (UNODC)
ဗွီအိုအေ (မြန်မာပိုင်း)

10.05.2013
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက် အိမ်နီးချင်းနိုင်ငံတွေကြား နယ်စပ် လုံခြုံရေးကို ပိုမို တင်းကြပ်ဖို့ မြန်မာနိုင်ငံအပါအဝင် အာရှ ၆ နိုင်ငံက သဘောတူ ခဲ့ကြပါတယ်၊ အာရှဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် ထိန်းချုပ်ရေး အတွက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာရှ ၆ နိုင်ငံ ဝန်ကြီး အဆင့် စည်းဝေးပွဲအပြီးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ဖေါ်ပြထား တာဖြစ်ပါတယ်။

ဘိန်းအစားထိုးစိုက်ပျိုးရေးအစီအစဉ်တွေကို ပိုပြီး တိုးမြှင့် ဆောင်ရွက်ပေးဖို့၊ မူးယစ်ဆေးဝါး ကာကွယ်ရေးနဲ့ပါတ်သက်တဲ့ အတွေ့အကြုံတွေကို နိုင်ငံတွေကြား မျှဝေကြဖို့၊ မူးယစ်ဆေးစွဲနေသူတွေကို ကုသမှုနဲ့ အများပြည်သူ သိရှိအောင် ပညာပေးမှုတွေကို ပိုပြီးလုပ်ပေးဖို့ကိုလဲ သဘောတူခဲ့ကြပါတယ်၊ အာရှဒေသအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခုဖြစ်နေတဲ့ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ပူးပေါင်း တိုက်ဖျက်ကြဖို့အတွက်ကို မြန်မာ၊ ထိုင်း၊ Vietnam၊ Laos၊ Cambodia နဲ့တရုတ်နိုင်ငံက ကတိပြု သဘောတူခဲ့ကြပါတယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲကို ၆ နိုင်ငံက
ဝန်ကြီးတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ တာဝန်ရှိသူတွေအပြင်
ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေလဲ
တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့
ဘိန်းထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံး နိုင်ငံတခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်၊
ဒါ့အပြင် အရှေ့တောင်အာရှမှာ စိတ်ကြွဆေးထွက်ရှိမှုကလဲ
အများဆုံးနိုင်ငံတခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ
နောက်ဆုံးအစီရင်ခံစာတခုထဲမှာ ဖော်ပြထားပါတယ်။

အရင်စစ်အစိုးရလက်ထက်က 1999 ခုနှစ်ကနေ 2009 ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်းဟာ အောင်မြင်မှုမရှိခဲ့တဲ့အပြင် 2014 မတိုင်ခင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရမယ်ဆိုတဲ့ စီမံကိန်းကိုလဲ 2019 အထိ အစိုးရက နောက်ထပ် ၅ နှစ်ထပ်တိုးခဲ့ပါတယ်။

1999 ခုနှစ်ထဲက မြန်မာနိုင်ငံမှာ ဘိန်းပပျောက်ရေးကို ဆောင်ရွက်နေပေမဲ့ ဘိန်းစိုက်ပျိုးနေတဲ့ နေရာတွေဟာ ဝေးလံခေါင်ဖျားတဲ့နေရာတွေဖြစ်နေတယ်၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးတဲ့ စီမံကိန်းတွေအောင်မြင်ရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

(VOA)   မှ

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းတင်သွင်းမည်

လွှတ်တော်အဆောက်အဦး 
လွှတ်တော်အဆောက်အဦး
ဒေါ်ခင်မျိုးသက်

10.05.2013
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာ  ဥပဒေမူကြမ်း တရပ်ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းဖို့ လုပ်ဆောင်နေချိန်မှာ  ဒီမူကြမ်းနဲ့ ပါတ်သက်ပြီး နိုင်ငံတကာစံနှုံးတွေ မပြည့်မှီမှာကို စိုးရိမ်ကြောင်း ANNI  အမျိုးသား လူ့အခွင့်ရေး ဆိုင်ရာ အာရှ NGO ကွန်ယက်က ပြောကြားခဲ့ပါတယ်။  ဒီလူ့အခွင့်ရေး ကော်မရှင်ဟာ  အားလုံး အတွက် လုပ်ဆောင်ပေးမယ့် သီးခြားလွတ်လပ်တဲ့ လူ့အခွင့်ရေးကော်မရှင် တရပ်ဖြစ် လာဖို့  လွှတ်တော် အမတ်တွေက မျှော်လင့်နေကြသလို  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ကတော့ လက်ရှိမှာ အခြေနေပေးတဲ့ ဘောင် အတွင်းကနေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက် က တင်ပြပေးထားပါတယ်။

အာရှတလွှား နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်တဲ့ ANNI အာရှဒေသ အမျိုးသား လူ့အခွင့်အရေး ဆိုင်ရာ NGO များကွန်ယက်က  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ရေးဆွဲတင်သွင်းမယ့်  အမျိုးသားလူ့အခွင့်ရေး ဆိုင်ရာ ဥပဒေမူကြမ်း နဲ့ ပါတ်သက်ပြီး ဒါကို လူထုမသိသေးတဲ့ အတွက် ထောက်ပြမှုတွေ မလုပ်နိုင်တဲ့အပေါ် စိုးရိမ်ကြောင်း  လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား ပေးပို့ခဲ့ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ အမျိုးသားလူ့အခွင့်ရေးအဖွဲ့ကို   ကုလသမဂ္ဂက  Paris Principles လို့သတ်မှတ်ထားတဲ့ နိုင်ငံတကာစံနဲ့ အညီဖွဲ့စည်းဖို့ လိုအပ်သလို  အခုလွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြမယ့် ဥပဒေမူကြမ်းအတွက် လူထုကိုချပြဖို့ လိုအပ်တယ်လို့ အဖွဲ့ပြောခွင့်ရ  Joses Kuan ကပြောပါတယ်။

"အခုချပြမယ့် ဥပဒေမူကြမ်း အတွက် လုပ်နည်းလုပ်ဟန်နဲ့ လက်ရှိ အနေအထားအရ ဆိုရင် ပြဿနာဖြစ်လာမယ့် အခြေနေမှာရှိပါတယ်။  ဘာလို့လည်း ဆိုတော့ ဥပဒေမူကြမ်းကို အများသိအောင်ချမပြတဲ့ အပြင်၊  လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရာမှာ အကန့်အသတ်ရှိပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေနဲ့ တိုင်ပင်တာမျိုးမတွေ့ရလို့ ဖြစ်ပါတယ်။"

ဒီဥပဒေမူကြမ်းနဲ့ ပါတ်သက်ပြီး  လူမှုလူ့အဖွဲ့အစည်းတွေနဲ့ လူထုလူတန်းစား အသီးသီးရဲ့ အမြင်ကိုသိရဖို့ လိုအပ်သလို၊  အများ သိလာအောင် မြန်မာဘာသာ နဲ့ရော  တိုင်းရင်းသား ဘာသာတွေနဲ့ ပါရေးသားဖေါ်ပြမှ လူထုအတွက် လူ့အခွင့်အရေး ကော်မရှင်ဖြစ် လာနိုင်မယ်လို့ ထောက်ပြပါတယ်။ ဒီလိုလူထုဆန္ဒသိရဖို့ လွှတ်တော်အနေနဲ့လည်း အထူးကော်မတီတရပ်ဖွဲ့ပြီး လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှုး ဦးစစ်မြိုင် ကတော့ ဒီမူကြမ်းကို အာရှပစိဖိတ်ဒေသတွင်းက သာမက  အနောက်နိုင်ငံတွေ ဘက်က လူ့အခွင့်ရေး အဖွဲ့အစည်းတွေ ဆီကပါ အကြံဥာဏ်တွေ ရယူပြီးမှရေးဆွဲဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီမူကြမ်းနဲ့ ပါတ်သက်ပြီး လွှတ်တော်ကနေ လူထုကို ချပြမယ့် သဘောရှိတယ်လို့ ဆိုပါတယ်။

" ကျနော်တို့ ဥပဒေဆွဲတယ်ဆိုတာက သူတို့ဆီက အကြံဥာဏ်တွေ ယူပြီးမှ ဆွဲတာ၊ ကျနော်တို့ဆီက ဥပဒေကို ချပြတဲ့အခါမှာ အကြံဥာဏ်ပေးပါတယ်။ နောက် APF ကလည်း အကြံဥာဏ်ပေးပါတယ်။ အကြံဥာဏ်တွေကို အလျင်းသင့်သလိုပေးတာရှိပါတယ်။ နောက် ဒီဥပဒေကြမ်းကိုလည်း ကျနော်တို့ရဲ့ ဒုတိယမူကြမ်းကို INGO တွေနဲ့ NGO တွေကို ကျနော်တို့ ချပြခဲ့ပါတယ်။ သူတို့တွေကတော့ ထွေထွေထူးထူး အကြံဥာဏ်ပေးတာမရှိပါဘူး။ မရှင်းလို့မေးတာလောက်ပဲရှိပါတယ်။ ဒီဟာက ကျနော်တို့ချည်းပဲ လုပ်တာမဟုတ်ပါဘူး။ တိုင်ပင်သင့်တာတွေ တိုင်ပင်ပြီးတော့ အကြံယူသင့်တာတွေ ယူပြီးတော့ ဆောင်ရွက်ခဲ့တာပါ။ ဒီဥစ္စာက ကျနော်တို့ လွှတ်တော်ရောက်တဲ့အချိန်မှာ ဥပဒေကြမ်းအဖြစ်နဲ့ဖြစ်တဲ့အချိန်မှာတော့ လွှတ်တော်က ချပြလိုက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။"

လက်ရှိလူ့အခွင့်အရေး ကော်မရှင်ဟာ ၂၀၁၁ ခုမှာ သမ္မတအမိန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး  ဒီကော်မရှင်က  ဥပဒေမူကြမ်းတင်သွင်းတာနဲ့ ပါတ်သက်ပြီး အခုထိ မသိရသေးဘူး လို့  ပြည်ထောင်စု လွှတ်တော်က  ဒေါက်တာအေးမောင်ကပြောပါတယ်။   ဒီကော်မရှင် အတွက် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတခုအတိုင်း ဘတ်ဂျက်ငွေ ချထားပေးတာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့တာ ရှိပြီး၊   ဒီအမျိုးသားလူ့အခွင့်ရေး ကော်မရှင်ဟာ ပါသင့်ပါထိုက်တဲ့ လူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆပေမယ့်  သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်ဖို့တော့ လွှတ်တော် အမတ်တွေက မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ ဖွဲ့တုန်းကလည်း ပြောပါတယ်။ လွတ်လပ်တဲ့ အမှီအခို ကင်းတဲ့ ကော်မရှင် တခုဖြစ်ဖို့လိုတယ်။ သမ္မတရုံးကဖွဲ့တာနဲ့စာရင် သမ္မတရုံးရဲ့ အုပ်ချုပ်မှုအောက်မှာ မဟုတ်ဘဲနဲ့ပေါ့။ မြန်မာနိုင်ငံ တခုလုံးနဲ့ ပတ်သက်တာမျိုး ဖြစ်ဖို့လိုမယ်။ အဲ့တာကြောင့် ပြည်ထောင်စု လွှတ်တော်ကနေ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်လိုဟာမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပေးနိုင်ရင်ကောင်းမယ်ဆိုတာမျိုးလေးကတော့ လွှတ်တော်အမတ်အသီးသီးက ပြောဆိုခဲ့ကြဖူးတာရှိပါတယ်။ တကယ်လို့များ လွှတ်တော်ထဲမှာ ဆွေးနွေးဖြစ်ခဲ့တယ်ဆိုရင်လည်း အဲ့ဒီ့သဘောပေါ့နော် လွတ်လွတ်လပ်လပ် တနိုင်ငံလုံးနဲ့ပတ်သက်တဲ့ ကော်မရှင်တခုရှိသင့်တယ်၊ ရှိအပ်တယ်ဆိုတဲ့မူပေါ့နော်။ မည်သည့်အစိုးရအဖွဲ့ရဲ့ အောက်မှာမှ မရှိဘဲနဲ့လေ။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရအဖွဲ့ က လူ့အခွင့်အရေး ချိုးဖောက်တာရှိရင်လည်း ဝေဖန်ပြရမှာကိုး၊ အများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ ပါနိုင်ရင်တော့ ကောင်းတာပေါ့၊ နိုင်ငံတကာမူကလည်း ရှိဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။"

ဘက်မလိုက်တဲ့ အဖွဲ့အစည်းတရပ်ပေါ်ပေါက်လာဖို့  လွှတ်တော် အမတ်တွေက မျှော်လင့်နေချိန်မှာ  လက်ရှိကော်မရှင် အနေနဲ့ လောလောဆယ် မှာ အခြေနေပေးတဲ့ ဘောင်အတွင်းကနေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေတယ် လို့ ဦးစစ်မြိုင်ကပြောပါတယ်။

"လက်ရှိတော့ ကျနော်တို့ လုပ်နေတာကတော့ ဘယ်ဝန်ကြီးဌာန၊ ဘယ်ဟာရဲ့ လမ်းညွှန်ချက်မှ မဟုတ်ဘူး၊ အဖွဲ့အစည်းတွေထဲမှာရှိတဲ့ ကျနော်တို့ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေအပေါ်မှာ မူတည်ပြီး လုပ်နိုင်တာတွေ၊ လုပ်သင့်တာတွေကို ဆောင်ရွက်နေပါတယ်။ အစိုးရအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသင့်တာ၊ တိုင်ပင်သင့်တာကိုလည်း တိုင်ပင်ဆောင်ရွက်ပါတယ်။ အခုထုတ်ပြန်ချက်တွေကို ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဖော်ထုတ်တာတချို့ကို တွေ့ပါလိမ့်မယ်။ ကျနော်တို့ဆောင်ရွက်နိုင်တဲ့အတိုင်းအတာနဲ့ အခြေအနေ ပေးတဲ့အတွင်းကနေပြီးတော့ လွတ်လွတ်လပ်လပ် လုပ်နေပါတယ်လို့ပဲ ကျနော် ဒီလိုရှင်းပြချင်ပါတယ်။"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ဟာ အခုမူကြမ်းကို လွှတ်တော်ကို တိုက်ရိုက်တင်လို့ မရသေးဘဲ သမ္မတရုံးကို ပထမဆုံး တင်ရအုံးမှာဖြစ်တယ်လို့လည်း အတွင်းရေးမှုး ဦးစစ်မြိုင်ကပြောပါတယ်။

(VOA)  မှ

SSA (S) စခန်း အစိုးရသိမ်းပိုက်

ရှမ်းပြည်နယ် လက်နက်ကိုင်အဖွဲ့တချို့။
ရှမ်းပြည်နယ် လက်နက်ကိုင်အဖွဲ့တချို့။
နိုင်ကွန်းအိန်

10.05.2013
စစ်ရေးအခြေအနေတင်းမာနေတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် ခေါ် ရှမ်းပြည် ပြန်လည်တည်ထောင်ရေး ကောင်စီတပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်ကနေ နမ့်ခမ်းမြို့နယ်ထဲက ရှမ်းပြည်တပ်မတော်စစ်စခန်းတခုကို တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ရှမ်းပြည်တပ်မတော်အရာရှိတွေက ပြောပါတယ်။ ဒီတိုက်ပွဲနဲ့တချိန်ထဲမှာပဲ တရုတ်နယ်စပ်အနီးက မန်ဟီးရိုးတိုက်ပွဲမှာ ဒေသခံရွာသားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေး နေရတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

အခုမြန်မာစစ်တပ်က သိမ်းပိုက်လိုက်တဲ့စခန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက (၇၀၁) တပ်စခန်းပဲ ဖြစ်ပါတယ်။ သောကြာနေ့မနက် အစောပိုင်းလောက်က မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားရာကနေ အခြေချစခန်းကို လက်လွှတ်လိုက်ရတယ်လို့ တောင်ပိုင်းရှမ်းပြည် တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောပါတယ်။

“ညနေပိုင်း ၃ နာရီအချိန်ပိုင်းလောက်မှာ ကျနော်တို့ ဆုတ်ပေးလိုက်ပါပြီ။ အင်အားချင်း မမျှတော့ဘူး။ သူတို့ကတော့ အဲဒီ နောင်မ ကျေးရွာအုပ်စုထဲဝင်သွားပြီ။ တပ်စခန်းတွေ မရှိတော့ဘူးဆိုရင်လည်း ကျနော်တို့ ပျောက်ကျားပုံသဏ္ဍာန်နဲ့ ဆက်ပြီးတော့လှုပ်ရှားမယ်လို့၊ ကျနော်တို့တပ်သားတွေကတော့ အဲဒီလိုအစီရင်ခံထားပါတယ်။ အခြေအနေကတော့ တင်းမာပါတယ်။”
ဒီတိုက်ပွဲတွေကြောင့် နောင်မကျေးရွာအုပ်စုက ကျေးရွာ ၁၉ ရွာက ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေ ရတယ်လို့လည်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောပါတယ်။
“နောင်မတာကျေးရွာအုပ်စုမှာဆိုရင် ၁၉ ရွာရှိပါတယ်။ ရွာတွေအားလုံးတော့ လူတွေမရှိသလောက် ဖြစ်ကုန်ပါပြီ။ နမ့်ခမ်းမြို့နယ်ထဲမှာ ၀င်ပြီးခိုလှုံနေကြပါတယ်။ တချို့က ဘုန်ကြီးကျောင်းမှာ။ တချို့ အမျိုးတော်တဲ့အိမ်မှာ မှီခိုနေကြပါတယ်။ တချို့ဆိုလည်း တရုတ်ပြည်ဘက်ကို တရားမ၀င်တဲ့ အပေါက်ကနေ သွားကြပါတယ်။ လူပေါင်း ထောင်ချီပြီးတော့ တိမ်းရှောင်နေကြပါတယ်။”

တချိန်ထဲမှာပဲ မူဆယ်မြို့နယ် မန်ဟီးရိုးဒေသမှာလည်း တောင်ပိုင်းရှမ်းပြည်တပ်မတော် တပ်ရင်း (၇၀၁) တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ဟာ မနေ့က ညလုံးပေါက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တရုတ် နယ်စပ်နဲ့ကပ်လျှက် မန်ဟီးရိုးတိုက်ပွဲမှာတော့ ဒေသခံရွာသားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ နမ့်ခမ်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“(၇၀၁) တပ်ရင်းပါ။ လက်ကျန်အဖွဲ့တွေပေါ့။ မန်ဟီးရိုးနားမှာတော့ တညလုံးတိုက်ပွဲဖြစ်နေတယ်။ မူဆယ်နားကလေ။ ဒီ မန်ဟီရိုးတိုက်ပွဲကျတော့ နောင်းမတာဘက် ငြိမ်သွားပြီးနောက်ပိုင်း မန်ဟီရိုးဘက်ပြန်စတယ်။ တိုက်ပွဲပြန် ပြင်းထန်တယ်။ တညလုံး ပစ်ကြတယ်။ အဲဒီမှာကျတော့ ရွာသား ၆ ယောက် ကျည်ထိပြီးတော့ သေဆုံးသွားတယ်လို့ ကြားရတယ်။ အဲဒီဘက်က ရွာသားတွေကတော့ တရုတ်ပြည်နဲ့ ခြံစည်းရိုးပဲ ခြားထားတယ်ဆိုတော့ တရုတ်ပြည်ထဲ ပြေးဝင်ကြတယ်။ တရုတ်ပြည်ဘက် လူနာတင်ကားတွေကလည်း မနေ့ညတုန်းက လူနာတွေကို လာသယ်ပေးကြတယ်။ လူနာတင်ကားတွေ ရှုပ်နေတာပဲ။”

မြန်မာစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေနဲ့ ပက်သက်လို့ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်ခဲ့ပေမဲ့လည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။
ဒီလိုဖြစ်တဲ့တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကိုဖြတ်ကူးတဲ့ ကူးတို့ဆိပ်ပိတ်ထားသလို၊ နမ့်ခမ်းမြို့မှာလည်း စိုးရိမ်ပူပန်မှုရှိနေကြတယ်လို့ နမ့်ခမ်း ဒေသခံတဦးက ဆိုပါတယ်။
“ကူတို့ဆိပ်တွေ အကုန်လုံးပိတ်ထားတယ်။ နမ့်ခမ်းမြို့မှာတော့ ဟင်းသီးဟင်းရွက်လာရောင်းတဲ့ သူလည်း မရှိဘူး။ နမ့်ခမ်းမှာတော့ ခြောက်ကပ်သွားတယ်။ အိမ်တိုင်းလိုလို တံခါးပိတ်ထားတယ်။ လူသွားလူလာမရှိဘူး။ ကြောက်နေကြတယ် အားလုံးက။”

တိုက်ပွဲကြောင့် တရုတ်နိုင်ငံ နောင်တောင်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေ အတွက် များသောအားဖြင့် ကူညီထောက်ပံ့မှု အားနည်းနေသေးသလို၊ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံနေကြရပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေမှာပဲ၊ ၀န်ကြီးဦးသိန်းဇော် ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီ အဖွဲ့တွေဟာ မနေ့က မိုင်းလားတပ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို ဆွေးနွေးနေသလို၊ ၀သွေးစည်းညီညွတ်ရေးတပ်ဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီနဲ့လည်း ဒီရက်ပိုင်းတွေမှာ ဆွေးနွေးသွားဖို့အစီအစဉ် ရှိနေပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

“အစိုးရက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့နည်းလမ်းဖွင့်ပေးတယ် ဆိုရင်တော့ ကျနော်တို့ကတော့ ဟထားတဲ့တံခါးကနေ ၀င်ကြည့်မှာပဲ။ ဆွေးနွေးနိုင်သလောက် ဆွေးနွေးသွားမယ်။ အစိုးရက ငြိမ်းချမ်းရေးပျက်ပြယ်သွားပြီလို့ မကြေညာသရွေ့တော့ ကျနော်တို့ ဆက်ဆွေးနွေးသွားမှာပါ။”

တောင်ပိုင်းရှမ်းပြည်တပ်မတော် ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ အဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မီတီတွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လည်း၊ ဒေသတွင်းမှာတော့ မြန်မာစစ်တပ်ကနေ နယ်မြေစိုးမိုးရေး ထိုးစစ်ဆင်မှုပြုလုပ်နေတဲ့အတွက် နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုဟာ အကြိမ် ၈၀ လောက် ရှိနေတယ်လို့လည်း ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြောပါတယ်။
 

(VOA)  မှ

Thursday, May 9, 2013

ဗျူဟာများ ကစားကွက်များနှင့် မြန်မာ့ နိုင်ငံရေးရေချိန်

မြန်မာ့နိုင်ငံရေးအပြောင်းအလဲများသည် နူးညံ့ညင်သာသည်၊ ငြိမ်းချမ်းသိမ်မွေ့ သည်၊ သွေးထွက်သံယို နည်းပါးသည်ဟု ကမ္ဘာနှင့်အ၀ှမ်းက ကောင်းချီးသြဘာ ပေးခဲ့ကြပြီး အမှန်တစ်ကယ် အလုပ်ဖြစ်လိမ့်မည် ဟုလည်း ကြိုတင်ကာ အကောင်းမျှော်ကြည့်ခဲ့ကြပါသည်။ လူရောမူပါ ပြောင်းစေချင်တာ ဖြစ်ပေမယ့် ၊ ဒီလူ ဒီမူ ထက်စာလျင် လူမပြောင်းပဲ မူပြောင်းပေးလျင်ဆိုပြီး အတန်အသင့် မျှော်လင့်ကြည့်ချင်ခဲ့ကြတာလည်း ဖြစ်သည်။ ချောတိုင် တက်ရတာမှန်းသိလည်း အပြောင်းအလဲဆိုတာကို ရသည့်နည်းလမ်းဖြင့် ပြောင်းကြည့်ရမှာပဲဟု တက်ကြည့်မိခဲ့ကြသည်။
ရွေးကောက်ပွဲသည် ပြောစမှတ်တင်စွာဖြင့် အာဏာရှိလူကြီးဟောင်းများ အုံနှင့်ကျင်းနှင့် လွှတ်တော်တွင်းဝင်သွားစေခဲ့သည်။ အရင်က တစ်သွေး တစ်သံ တစ်အာဏာထက်စာလျင် လွှတ်တော်လေး ဘာလေးပေါ်လာသည်၊ မကြံကောင်းမစည်ရာဟုပင် ဆိုအပ်သည့် ၀န်ကြီးဌာနများကို ကိုယ်စားလည်တော်ကြီးများမှ(ဖြေတာ မဖြေတာ ၊ ဝေ့လည်ကြောင်ပတ်လုပ်တာ အသာထား ) ပြန်လှန် မေးမြန်းခွင့်တွေ ဘာတွေ ရလာသည်။
ကိုယ့်ဘက်သားဟု ယူဆရသည့် ကိုယ်စားလည်တော် အနည်းငယ်ဖြင့်လည်း အစိုးရအဖွဲ့ ကို မဖြစ်စလောက်ပဲဆိုဆို အဖြေရခက်သည့် မေးခွန်းတွေနှင့် ပြည်သူကို အသိညဏ် ပွင့်စေလာခဲ့သည်။ နှစ်ပေါင်းများစွာ ဖိသိပ်ခြင်း ခံလာခဲ့ရသည့် ဆန္ဒတွေကို ပြချင်ရင်ပြခွင့်ရလာခဲ့သည်။ အဓိက အတိုက်အခံဟု သတ်မှတ်ထားသည့် အင်အားကြီး ပါတီကြီးပါ ကြားဖြတ်ရွေးကောက်ပွဲ ၀င်လာခဲ့ပြီး ပြည်သူ့  နှလုံးသည်းပွတ် ခေါင်းဆောင်ပါ လွှတ်တော်သို့  ပြည်သူ့ ဆန္ဒအရ၀င်သွားခဲ့ပြီ။
ဘာလိုသေးလို့ လဲ။ ကျွန်တော်တို့  လိုချင်တာတွေ ၊ တောင်းဆိုတာတွေ ရလာပြီမဟုတ်ဘူးလား။ လစာတွေ အထိုက်အလျောက် တိုးပေးတယ်။ ဖုန်းတွေကို လိုင်းကောင်းတာ မကောင်းတာ ခဏထား ၊ မှော်မှန်းထားတာထက်တောင် ပိုမိုလျှော့နည်းသည့် မဖြစ်နိုင်လောက်စရာ ဈေးနှုန်းနဲ့ တောင် ရောင်းပေးခဲ့ပြီးပြီ။ မီးလောင်ဗုန်းတွေ၊ မီးခိုးဗုန်းတွေခဏထားလိုက်ပြီး ကိုယ့်မြေကိုယ် မရောင်းချင်ချင် ရောင်းချင်ချင် သတ်မှတ်ဈေးနှုန်းတစ်ချို့ နဲ့ တော့ လျော်ပေးစေလို့ အရင်တုန်းကလိုတော့ မင်းမဲ့တိုင်းပြည်လို ထင်ရာလုပ်လို့  မရတော့ဘူးလို့  အိမ်နီးချင်းကောင်းဆိုတဲ့ ဆွေမျိုးပေါက်ဖော်ကြီးတွေ၊ မောင်ပိုင်စီးထားတဲ့ ဦးပိုင်တွေကို မီးနီမပြနိုင်သေးရင်တောင် မီးဝါတော့ ပြနိုင်ခဲ့ပြီ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ပါတယ်လို့  အသံကောင်းတစ်ချို့ နဲ့  မြူဆွယ်ပြလာပါတယ်။ အခြေခံဥပဒေကြီးကိုပဲကြံ့ဖွင့်က ဦးဆောင်ပြင်ပေးတော့မယောင်ယောင် ရုပ်လုံးပြင်လာခဲ့ပါတယ်။ နိုင်ငံတကာမျက်နှာပန်းကို ဒေါ်အောင်ဆန်းစုကြည်မျက်နှာပြပြီး အမြင်လှစေခဲ့တယ်။ ပြည်တွင်းမှာတော့ ကျဉ်းထဲကြပ်ထဲ တွန်းပို့ ၊ ပြသနာအတော်များများနဲ့  ချောင်ပိတ်မိစေပြီးဆုတ်မရ စားမရ နဲ့  ပြည်သူ့ ဆီက ကောင်းမွန်တဲ့ပုံရိပ်တွေကို တစတစနဲ့  အမည်းရောင် ချယ်လာခဲ့ပါတယ်။
ကချင်အရေး၊ ရခိုင်အရေး၊ လက်ပတောင်းတောင်အရေး၊ မအူပင်အရေး၊ မိထ္ထီလာအရေး၊ ၉၆၉အရေး၊ မွတ်စလင်အရေးဆိုသောများမြောင်လှစွာသော အရေးတွေကြားမှာ ဘူးခါးကဆူးလိုမျိုး လူထုခေါင်းဆောင်ကို ညပ်စေခဲ့ပါတယ်။ နိင်ငံရေးရေချိန် အသင့်အတင့်သာရှိတဲ့ ပြည်သူတစ်ချို့ ရဲ့  အထင်လွဲမှုတွေနဲ့  ပြိုင်ဘက်အတိုက်အခံခေါင်းဆောင်ကို ထိုးနှက်နိုင်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အတိုက်အခံ အင်အားစုများအကြား အထင်အရှား ကွဲပြဲကြစေဖို့  PR စံနစ်ကို တင်သွင်းဖြန့် ဖြူးခဲ့ပါတယ်။ ၈၈ တွေကို နိုင်ငံရေးဂုဏ်သိက္ခာအရ နိမ့်ဆင်းစေခဲ့ပြီး ပြည်သူရဲ့  အထင်လွဲမှုကို စံနစ်တကျ ဖန်တီးပုံဖော်ခဲ့ကြပါတယ်။ သူတို့ ပဲ ဖြစ်နိုင်တယ်ပြောပြီး မျှော်လင့်ချက်ပေးတယ်။ သူတို့ ပဲ အဲဒါကိုတော့ ပြင်ပေးလို့  မရနိုင်ဘူးလို့  အင်တာဗျူးမှာ ဖြေတယ်။
သမ္မတကြီးဟာ အပြောအဆိုနူးညံ့ငြင်သာပါတယ်။ ယဉ်ကျေးသိမ်မွေ့ ပါတယ်။ ၂၀၁၀ တုန်းက လိမ်ထားတဲ့မဲတွေကြောင့် ဒေါသထွက်နေတဲ့လူထုကို မိဘပြည်သူများခင်ဗျာ ဆိုတဲ့စကားတစ်ခွန်းနဲ့  ပျော့ပြောင်းစေနိုင်တဲ့ အစွမ်းရှိတဲ့သူပါ။ အရင်တုန်းက ဘယ်အုပ်ချုပ်သူကမှ အဖက်လုပ်ပြီး စကားတစ်ခွန်း အဟမခံခဲ့ရတဲ့ပြည်သူတွေ အရေးတယူပြုခံရတဲ့အခါ ကျေနပ်နှစ်သိမ့်ခဲ့ကြတာပါ။
သမ္မတကြီးဟာ ရုပ်သေးအဖြစ် လူပြောများပါတယ်။ နှစ်၂၀ ကျော်ကြာတဲ့ စစ်အာဏာရှင်စံနစ်ရဲ့  အောင်မြင်စွာ နိဂုံးချုပ်နိုင်ဖို့ အခုစာဖတ်နေတဲ့ သွားလေသူကြီးရဲ့  အတော်ဆုံးရွေးချယိမှုဆိုရင် မမှားပါဘူး။ ကျွန်တော်တို့ ဟာ သွားလေသူတွေကိုနားလည်ပေးနိုင်ဖို့  ကြိုးစားခဲ့ကြတယ်။ ကိုယ်လိုချင်တဲ့အတိုင်းအတာထိ မရနိုင်သေးလည်း ကောင်းမွန်တဲ့စံနစ်တစ်ခုပေါ်ပေါက်ဖို့ ပဲ အရေးကြီးတယ်။ တဖြည်းဖြည်းချင်း ပြောင်းကြတာပေါ့လို့  အကောင်းမြင်ပေးကြ၊ စိတ်ရှည်သည်းခံဖို့ ကြိုးစားအားထုတ်ခဲ့ကြတယ်။
အပြောကောင်းတဲ့ သမ္မတကြီးကို ယုံကြည်စောင့်ကြည့်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် တွေ့ ကြုံလာရတာတွေက သမ္မတကြီးဟာပြည်သူထက်ပိုပြီး ကာကွယ်စောင့်ရှောက်ပေးနေရမယ့် ( ဒါမှမဟုတ်) ပေးချင်နေတဲ့ လူတစ်စု၊ အကျိုးစီးပွားတစ်စု ရှိနေတယ်ဆိုတာပါ။ ကချင်အရေး၊ ရခိုင်အရေး၊ လက်ပတောင်းအရေး၊ မိထ္ထီလာအရေး၊ မအူပင်အရေး၊ ဦးဝီရသူအရေး၊ မွတ်စလင်အရေး၊အားလုံးဟာ အုပ်ချုပ်သူတွေ ဘယ်အကွက်ကို ခင်းနေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့အချက်ပါ။
မြန်မာပြည် ပြုပြင်ပြောင်းလဲနေပါပြီလို့  ပြောကြပါတယ်။ စေ့စေ့တွေးကြည့်စရာမလိုအောင် မြင်နေရတာက နည်းည်းမှ ပြောင်းလဲမသွားသေးတာပါ။ တရားဥပဒေစိုးမိုးမှု ဆိုတဲ့ကိစ္စရှိမရှိသိဖို့  ယဉ်ထိန်းရဲ ပါးခေါ်ရိုက်လို့ ရပြီး ၊ လွှတ်ပြီးသား ကိုနေမျိုးဇင်ကို ကြိုက်တဲ့အချိန် ပုဒ်မပြောင်းတတ်ပေးလို့ ရနေတာက အကောင်းဆုံး သက်သေတွေပါ။ မီးလောင်ဗုံး ဟုတ်ဟုတ် မဟုတ်ဟုတ် အပြင်းအထန် ထိခိုက်နာကျင်စေသော ရဲအရေးပိုင်တဲ့ ဥပဒေပုဒ်မ ၃၀၈ အတွက် ဘယ်လိုတာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ အရေးယူ အပြစ်ပေးခြင်းကို မခံခဲ့ရပါဘူး။ တရားမျှတမှုရှိတဲ့ တရားဥပဒေရဲ့  ကာကွယ်စောင့်ရှောက်ခြင်းကို ပြည်သူတွေ မရရှိနိုင်ခဲ့ပါဘူး။ မိထ္ထီလာမှာ ၊ ပဲခုးတိုင်းအနောက်ဘက်ခြမ်း တစ်လျှောက်လုံးမှာ သေကျေ ၊ မီးလောင် ၊ ပျက်ဆီးမှု များစွာအတွက် ထိရောက်တဲ့ နှိမ်နင်းမှုမျိုး မရှိသလို၊ ဇာတ်ထဲကလို ပွဲပြီးမှ ရောက်လာတဲ့ ရဲတွေရယ်၊ လွတ်သွားတဲ့ တရားခံတွေရယ်နဲ့  မြန်မာပြည်ဟာ လူတစ်စုလက်ထဲမှာ ကြေးကြီးကြီး အလဲအထပ် လုပ်ခံနေဆဲ ရှိပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်လို လူတစ်ယောက်အနေနဲ့  ကုလားတွေ သေပါစေ လို့  ဘယ်နည်းနဲ့ မှ ပြောမှာမဟုတ်တဲ့ အခြေအနေမှာ ဘာသာရေးဟာ သွေးခွဲ အသုံးချလို့ အကောင်းဆုံး ပုံရိပ် ဖြစ်ခဲ့ရတာပါ။ ဆိတ်ဖွားကိုတောင် အလိုရှိရင် ဖမ်းလို့ ရနေတဲ့သူတွေကအွန်လိုင်းပေါ်က သွေးထိုး လှုံ့ ဆော်နေတဲ့ အကောင့်ပေါင်းများစွာကို၊ လွှတ်ထားခဲ့ပါတယ်။ ၉၆၉ ကိစ္စကြီးမားလာစဉ်က လွှတ်ထားပေးခဲ့ပြီး ကမ္ဘာနဲ့ ချီပြီး ဗုဒ္ဓဘာသာ နံမည်ပျက်ကာမှ အလွန်အကျွံ စတစ်ကာ တွေ့ ရုံနဲ့  ဖမ်းမယ်ဆီးမယ်ဖြစ်၊ မွေးထား ဥထားတဲ့ခေါင်းကြီးပိုင်းတွေတော့ လွှတ်ထားနေဆဲပါ။ ရဲမင်းဦး လို နိုင်င့ရေးလုပ်တဲ့ ကျောင်းသားတွေကိုတော့ အလိုရှိတဲ့အခါ ဖမ်းဖို့ ၉၆၉ တံဆိပ်က အသုံးတည့်ခဲ့ပါတယ်။
ဂျီဟတ် အသံတွေ ထွက်လာပါပြီ။ အစွန်းရောက်နိုင်ငံတစ်ချို့ က စိန်ခေါ်တုန့် ပြန်လာပါပြီ။ ကျွန်တော်တို့  ပြန်ပေးလိုက်ရမှာက ဘာတွေ ဖြစ်မှာလဲ။ နိုင်ငံရေးကစားကွက် အသာစီးရလိုတဲ့ ရူးကြောင်ကြောင် ခပ်ညံ့အတွေးတစ်ချို့ နဲ့  လိုသလို ထိုးကျွေးလို့ ရအောင်ဒီတိုင်းပြည်က ခင်ဗျားတို့ နဲ့ ပဲ ဆိုင်တာ မဟုတ်ပါဘူး။
အခု တရုတ်အန္တရယ် သတိပြုကြဖို့  သတင်းစာ ခေါင်းကြီးနှစ်စောင် တစ်ရက်ထဲ တိုက်ဆိုင်လွန်းစွာ ပါလာပါတယ်။ နိုင်ငံရေးကစားကွက်တွေမှာ media နဲ့ ပါ လွှမ်းမိုးချုပ်ကိုင်တာ အစဉ်အလာပါ။ တစ်ပူးနဲ့  The Voice ဘာအရောင်တွေ ကိုယ်စီသန်းသလဲပြည်သူအသိဆုံးပါ။ နောက်ထပ်ခေါင်းစဉ်က တရုတ်လာပါတော့မယ်။ နည်းမျိုးစုံနဲ့  လော်ဘီ ဇာတ်လမ်း စပါတော့မယ်။မြှောက်ပေးရင် သွေးထွက်အောင်က တတ်တဲ့ ပြည်သူက ပါပါလိမ့်ဦးမယ်။ မပါပါအောင် သွေးဆောင်ခေါ်ကြပါဦးမယ်။ အဲဒီတော့ကျွန်တော်တို့ က ဘာဖြစ်ကြမှာလဲ။ ကျွန်တော်တို့  တိုင်းပြည်က ဘာဖြစ်ပေးကြရဦးမှာလဲ။
အာဏာရှင်ကြီးများကလည်း ချမ်းသာလျက် ၊ စည်းစိမ်ခံနိုင်လျက်ပါ။ ခရိုနီများကလည်း အလုံးအထည်မပျက် အောင်ပွဲဆင့်လျက်ပါ။ဆင်းရဲမြဲပြည်သူက ဆင်းရဲနေလည်း ခင်ဗျားတို့ ကို နည်းနည်းလေးမှ တို့ မရ ထိမရတဲ့ ၂၀၀၈ ဥပဒေကြီးနဲ့  ကာပေးပြီးသား မဟုတ်လား။ ဘာတွေကို စိုးရိမ်ပူပန် နေကြတာပါလဲ။ ဘာတွေကို မရောင့်ရဲနိုင်ကြသေးတာပါလဲ။ ဘာတွေကို ထပ်မံ အလိုရှိနေကြသေးတာပါလဲ။ ဘာအတွက်နဲ့ များ ဒီလိုမျိုး တိုင်းပြည်အတွက် သိပ်အန္တရာယ်ကြီးတဲ့ ဇာတ်ကွက်တွေ ထပ်ခင်းနေကြရတာပါလဲ။
၂၀၁၅ ကို မျှော်တဲ့သူက မျှော်လင့်ကြတယ်။ အဲဒီအတွက်ပဲ ကြိုကြိုတင်တင် ကွဲကြပြဲကြ ဖြစ်ပြတဲ့သူကပြကြတယ်။ သေသေချာချာကြည့်ကြပါ။ ကျွန်တော်တို့  ၂၀၁၅ ဆိုတာကို ရောက်ဖို့  တိုင်းပြည်ပျက်မတတ် ရင်းကြရ၊ သေကြ ကျေကြ ၊ အများကြီးစတေးကြရပြီးကံမကောင်းရင် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးတွေကို ပေးဆပ်ကြရပါလိမ့်ဦးမယ်။ အဲဒီပွဲ ကျင်းပဖြစ်ရင် အသာထား၊ အဲဒီပွဲ တရားမျှတဖို့ အသာထား၊ အဲဒီပွဲ နိုင်ရင် ရှုံးရင် ဆိုတာ အသာထား အဲဒီအထိရောက်ဖို့ ကို ကြားမှာ ချောက်ကြီးတွေထဲကို ကျွန်တော်တို့ တိုင်းပြည်သက်ဆင်းရဦးမှာပါ။ အန္တရယ်မျိုးစုံ ၊ တရားမဲ့မှု မျိုးစုံကို ကျွန်တော်တို့ ပြည်သူတွေ ကြုံကြရဦးမှာပါ။
အခု သူတော်ကောင်းဆိုတဲ့သမ္မတကြီးပဲဆိုဆို၊ တရားဥပဒေကို ကာကွယ်စောင့်ရှောက်နေပါတယ်ဆိုတဲ့ လွှတ်တော်ကြီးထဲက လူတွေပဲဖြစ်ဖြစ် အစိုးရပဲပြောပြော သေချာတာက သူတို့ အားလုံးက အာဏာရှင် တဖြစ်လဲ ကြီးတွေပါ။ ကာကွယ်စောင့်ရှောက်ကြရမယ့် တူညီတဲ့ ဘုံအကျိုးစီးပွားရှိတဲ့သူတွေပါ။
ခင်းလာမယ့် ဇာတ်ကွက်အလိုက်တွေကိုပဲကရင်း ကျဉ်းထဲကြပ်ထဲ အညပ်ခံမှာလား။ ကိုယ်ကြိုက်တဲ့ ဖာတ်ကွက်ဆီကို အပါခေါ်ဆောင်နိုင်မှာလား။ ဒါမှမဟုတ် ခါတိုင်းလိုပဲ ကျွန်တော်တို့ ဟာ ရနိုးနိုး ပေးနိုးနိုး ကြိတ်ပြီးမျှော်လင့်ကြရင်း၊ ဖြစ်လာသမှ ရင်ဆီးခံရင်း တန်ခိုးရှင်တစ်ပါးပါး ဆင်းကယ်တော့မယောင်၊ မင်းလောင်းပေါ်လာမယောင် ကိုယ့်အနာကိုယ် ပြန်လှည့်စားကြရင်းပဲ နေသွားကြရမှာလား စဉ်းစားကြည့်ကြရမှာပါ။ ရန်သူက အပျော်တမ်း မဟုတ်တာတော့ သေချာပါတယ်။ စံနစ်ကျတယ်၊ အကြံကြီးတယ်၊ လက်ရဲစက်ရဲ ရှိတယ်၊အင်အားတောင့်တယ်၊ ဘာကိုမဆို စတေးရဲတယ်၊ ဦးတည်ချက် ပြတ်သားတယ်။
ဒါကို အပျော်တမ်းအနေနဲ့ သွားရင်ဆိုင်မိရင် ကျွန်တော်တို့ မှာ အထိအခိုက် အကျအဆုံး များပါလိမ့်မယ်။ တိကျကောင်းမွန်တဲ့အကွက်စေ့သော ၊ ပိရိသေသပ်သော ၊ ပရိယယ်ကြွယ်သော ကြိုတင်စီမံချက်ပေါင်းများစွာနဲ့  အသင့်ပြင်ကြရပါလိမ့်မယ်။သူတို့ ခင်းပေးသမျှ အကွက်စေ့ လိုက်ကနေရတာထက် သေသပ်ကျနတဲ့ နည်းဗျူဟာ မဟာဗျူဟာပေါင်းများစွာကို ကြိုတင်ပြင်ဆင်ပြီးသား၊ အကွက်စေ့ ခင်းပြီးသား ဖြစ်နေကြရပါလိမ့်မယ်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဆိုတာမျိုးနဲ့ မရပဲ ၊ ရည်ရွယ်ချက်တူသော လူပေါင်းများစွာ၊ ပညာပေါင်းများစွာ၊ အကြံညဏ်ပေါင်းများစွာနဲ့  ပြည်တွင်းပြည်ပ လူစုံ တက်စုံပေါင်းစည်းမှ ၊ ညီညွတ်မှ ၊ တိုင်ပင်ညှိနှိုင်းပေါင်းစပ် ပြင်ဆင်ကြမှ၊ လိုရာရောက်အောင် လွှင့်လို့  ရပါလိမ့်မယ်။
၂၀၁၅ ကိုရောက်ဖို့  ဘယ်လောက်အန္တရယ်များတဲ့ ခရီးကို ဖြတ်သန်းရမယ်ဆိုတာ နည်းနည်းဖြစ်ဖြစ်တော့ ကြိုတင်တွက်ကြည့်ရုံနဲ့ ကြောက်စရာ ဘယ်လောက်ကောင်းမယ်၊ ခက်ခဲပြင်းထန်မယ်ဆိုတာ ဆ၀ါးကြည့်လို့  ရပါတယ်။ ကျွန်တော်တို့  ရန်သူဟာ အင်မတန် အင်အားကြီးပြီး လိုအပ်ရင် ဘာကိုမဆို စတေးမယ့်သူ ဖြစ်နေလို့ ပါ။ ။
ပြည်ချစ်သူ
9.5.2013

ကလေးရေ...

  ကလေးရေ.....
အတွေးတွေထဲမှာ  ရှင်သန်နေဆဲ
မင်းပုံရိပ်လေးကို  မြင်ယောင်မိတိုင်းပဲ
ညညဆို  ကိုယ့်မှာ  အိပ်လို့မပျော်နိုင်ခဲ့ဘူးကွယ်...

“ ပျော်ရွှင်ခြင်း ”  ဆိုတဲ့
ကလေးနဲ့ပတ်သက်တဲ့  ရင်ခုန်သံကို
ကိုယ့်ရင်တစ်ခုလုံးနဲ့ အပြည့်  စိုက်ပျိုးထားချင်လို့
“ ကြင်နာခြင်း ”  ဆိုတဲ့  မျိုးစေ့လေးကို
ကိုယ့်နှလုံးသားအောက်ခြေမှာ
ကလေးက  လာကြဲပေးပါတော့လားကွယ်.....

ချစ်တယ်.....ချစ်တယ်......ကလေးလေးရယ်.......
ဒါဟာ  ဘယ်အချိန်မှာပဲမေးမေး
မပြောင်းလဲနိုင်တဲ့  အဖြေတစ်ခုဖြစ်သလို
ကိုယ့်အသက်ရှင်သန်နေသရွေ့လဲ
တည်မြဲနေမဲ့  အရာတစ်ခုပါပဲ.....
ကလေးကို  ကိုယ်က  ထားရစ်ခဲ့ဖို့ဝေးလို့
ကလေးက  ကိုယ့်ကို  စွန့်ပစ်သွားမှာကိုတောင်
ကိုယ်က သိပ်ကြောက်နေမိတာပါ  ကလေးရယ်.....

မေတ္တာတရား  ဆိုတာလေ...
သိမ်မွေ့နက်ရှိုင်းပြီး  ထုထည်ကြီးမားလွန်းတာမို့
တခါတခါ  ကလေးနားလည်အောင်  ပြောပြဖို့...
ကိုယ်ဟာ  စကားလုံးတို့  ပျောက်ရှနေတတ်လို့.....
ကလေးကရော......မကြာမကြာ
ကိုယ့်အပေါ်  ဆိုးနွဲ့နိုင်လွန်းတာဟာ
ကိုယ့်ကို  ချစ်လွန်းလို့ပဲလားဟင်....?

ကိုယ့်မှာတော့  စိတ်ကူးယဉ်အိပ်မက်တွေ
မက်ပြီးရင်းမက်.........ဒီလိုနဲ့........  .........
တွေဝေမနေပါနဲ့တော့  ကလေးလေးရယ်
ကိုယ့်နှလုံးသားကို  စီရင်အုပ်ချုပ်
ကိုယ့်ဘ၀ကို  ခြယ်လှယ်မင်းလုပ်ဖို့
ကိုယ့်ရင်ခွင်တံခါးလေး  တွန်းဖွင့်လို့
အထီးကျန်နေတဲ့  ကိုယ့်ဘ၀လေးဆီ
ကလေးလေး......လာခဲ့ပါတော့လားကွယ်......


မိုးနတ်ကြယ်စင်

ကဗျာတိုလေးများ

 အတိတ်တွေမီးရှို့လိုက်ချင်ပေမယ့်

မင်းနဲ့ ပတ်သက်ရင်

အရိပ်တောင် မြတ်နိုးသူမို့

အရိပ်ပျောက်မယ့်

အမှောင်ညရောက်မှာတောင်

စိုးကြောက်မိတယ်

သဲဘုစုခရုလေးရယ် ။

  ***********

 ခံစားချက်ရင်ခုန်သံကို

ကာရံထပ်လို့

ကဗျာဖြစ်မယ်ဆိုရင်

ကြင်နာခြင်းတောတန်းထက်

သံယောဇဉ်မြစ်ပြင်မှာတောင်

နင့်ကိုချစ်ကြောင်းကဗျာစပ်

မိုးတိမ်တွေကြားမှာ

အိန်ဂျယ်တွေဖတ်ဖို့

ကဗျာတွေစပ်နေအုံးမယ် ကောင်မလေးရယ် ။

****************

ချစ်ခြင်းတွေ ချမ်းသာတော့

မုန်းခြင်းတွေ မွဲပြာကျ

ဒါနတွေ ရွာသွန်း

အကုသိုလ်တွေ မိုးခေါင်

အဆိုးတွေရှိနေရင်

အကောင်းတွေနဲ့ပေါင်းတင်လိုက်တော့

ဘ၀ဆိုတာ လှမှလှ ။

****************

 တကယ်လို့များ

အကြောင်းကြောင်းကြောင့်

နင်ထားသွားရင်တောင်

ငါအမှားများလို့ပါလားလို့

ကိုယ့်ကိုယ်ကို အပြစ်တင်ရင်

အချစ်တွေကို အပွန်းပဲ့မခံ

နင်လျှောက်မယ့်လမ်း

ငါ့အသက်ရှူသံတွေ ခင်းကျင်းပေးမယ် ။

****************

လွင်ပြင်လှိုင်းငယ်

မြောက်ကိုရီးယားခြိမ်းခြောက်မှု အောင်မြင်မည်မဟုတ် သမ္မတ Park ပြောကြား

 အမေရိကန်လွှတ်တော် ၂ ရပ် အစည်းအဝေးမှာ တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောကြားစဉ် (၈ မေ ၂၀၁၃) 
အမေရိကန်လွှတ်တော် ၂ ရပ် အစည်းအဝေးမှာ
 တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောကြားစဉ် (၈ မေ ၂၀၁၃)
ဗွီအိုအေ (မြန်မာပိုင်း)

09.05.2013
နျူကလီးယားလက်နက် ကင်းရှင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့အမြင်ကို ကိုရီးယားကျွန်းဆွယ်ကနေ စရမယ်လို့ တောင် ကိုရီးယားသမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) က ပြောလိုက်ပါတယ်။

ဘာသာရေး ပဋိပက္ခ တားမြစ်ထိန်းချုပ်ရေး

 
ဦးကျော်ဇံသာ

09.05.2013
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီ ပွင့်လင်းမှု
တာဝန်ရှိရှိ ဖြေရှင်းလုပ်ကိုင်ကြဖို့
အစကနဦးကာလ နိုင်ငံတကာမှာ တွေ့ကြုံရစမြဲပြဿနာတွေ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်ပါမောက္ခ David Steinberg က ပြောဆိုပါတယ်။ ပွင့်လင်းမှုကို တာဝန်သိမှုနဲ့ ထိန်းချုပ်သွားရမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဦးကျော်ဇံသာ နဲ့ Prof. David Steinberg တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Prof. Steinberg … မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်တာနဲ့ ပတ်သက်ပြီးတော့ ပါမောက္ခကို ကျနော် မကြာခဏ မေးမြန်းခဲ့ပါတယ်။ ဒီလို ဘာသာရေးအသွင်ဆောင်တဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခမျိုးကို ကျနော်တို့ တခါမှ မပြောခဲ့ကြဘူးပါဘူး။ ဒီလို ပဋိပက္ခတွေ ဖြစ်ပွားလာတာဟာ မျှော်လင့်မထားဘဲ ရုတ်တရက် ပေါ်ပေါက်လာတယ်လို့ ဆရာကြီး ထင်ပါသလား။

Prof. David Steinberg ။ ။ ဒီလို လူ့အဖွဲ့အစည်းလိုက် ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ သမိုင်းမှာ ရှိခဲ့ပါတယ်။ ကိုလိုနီခေတ်တုန်းက မူစလင်-ဗုဒ္ဓဘာသာ ပဋိပက္ခတွေ ရှိခဲ့ပါတယ်။ ဗြိတိသျှတို့ စုံစမ်းစစ်ဆေးချက်အရ တချို့ ကိစ္စတွေမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဦးဆောင်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ဆိုတော့ ဒါမျိုးဟာ သမိုင်းနဲ့ချီ ရှိလာခဲ့တာပါ။ ထိုစဉ်တုန်းကတော့ ဒီပြဿနာတွေဟာ စီးပွားရေးအခြေအနေတွေကြောင့် စတင်ခဲ့တာပါ။ မူစလင်အသိုင်းအဝိုင်းဟာ မြန်မာတွေထက် စီးပွားရေအရ ပိုကောင်းနေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီနေ့ကိစ္စမှာတော့ နောက်ထပ်ပြဿနာတခု ရှိနေပါတယ်။ အဲဒါကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လာပါတယ်။ ဒီမိုကရေစီဆိုတာ လူတွေကို လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ဆောင်ခွင့် ပေးရပါတယ်။ ဒီအထဲက တချို့ ကို အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိဘဲ၊ ဒီလို အဓိကရုဏ်းတွေနဲ့ ဆက်စပ်နိုင်ပါတယ်။ ဥပမာပြောရရင် အစိုးရဟောင်းရဲ့  ထိန်းချုပ်ပိတ်ပင်မှုတွေကို လျှော့ပေါ့ပြီး ပြဿနာ စဖြစ်နိုင်တဲ့ကိစ္စကို ဖော်ထုတ်တာတွေ၊ ဆန္ဒပြတဲ့ကိစ္စတွေ၊ ဒါတွေကို ခွင့်ပြုလာတော့ ဒါတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ကိစ္စတွေ ဖြစ်လာစေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာပြည်သူတွေဟာ ဒီလိုထိန်းချုပ်မှု လျှော့ပေးတာနဲ့ မတန်သေးဘူးဆိုတဲ့ သဘောလား။

Prof. David Steinberg ။ ။ ထိုက်တန်ပါတယ်။ ဘာကြောင့် မထိုက်တန်ရမှာလဲ။ ဒါပေမဲ့ တခုရှိတာက လျှော့ပေါ့မှုဆိုတာဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရရှိတာဖြစ်သလို၊ တာဝန်ယူမှုလည်း ဖြစ်တယ်ဆိုတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောလေ့ရှိတဲ့ ဆိုရိုတခုကတော့ ခင်များမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိပါတယ်။ ဒါပေမဲ့ လူတွေပြည့်ကျပ်နေတဲ့ ပြဇာတ်ရုံထဲသွားပြီးတော့ မီးလောင်းနေတယ်ဗျို့ လို့ မဟုတ်ဘဲ သွားမအော်လိုက်ပါနဲ့။ လူတွေ အလုအယက် ထွက်ပြေးကြရင် သေကုန်ကြပါလိမ့်မယ်။ ဒါကြောင့် တာဝန်ယူမှုရှိမှုဆိုတာ လိုအပ်လာပါတယ်။ သတင်းစာတချို့ က ဖော်ပြတဲ့ လူတချို့ ရဲ့  ပြောစကားတွေဟာ ရုန်းရင်ဆန်ခတ် ဖြစ်စေနိုင်တာကို ကျနော်တို့ တွေ့ရပါတယ်။ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ မူစလင်တို့အပေါ် အမြင်စောင်းနေတာကိုလည်း ကံမကောင်း၊ အကြောင်းမလှစွာ တွေ့နေရပါတယ်။ လွန်ခဲ့တဲ့ နှစ်ရာကျော်ကအဖြစ်မျိုး ဖြစ်နေပါတယ်။ ဒါတွေဟာ ဒီမိုကရေစီ ထွန်းကားရေးအတွက် သိပ်အန္တရာယ်များပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီကိစ္စမျိုးကို ထိထိရောက်ရောက် တန်ပြန်ဆောင်ရွက်သင့်ပါတယ်။ ရေရှည်အနေနဲ့ စာသင်ကျောင်း၊ ပညာရေးစနစ်တွေကို ပြုပြင်သင့်ပါတယ်။ ရေတိုအနေနဲ့ မူစလင်တွေကို အရပ်ဖက်၊ စစ်ဖက်တွေမှာ ထိုက်တန်တဲ့ရာထူးတာဝန် ပေးသင့်ပါတယ်။ ကျနော် သိသလောက် စစ်တပ်ရာထူးကြီးကြီးတွေမှာ မူစလင်တွေ မရှိပါဘူး။ အရပ်ဖက်ရာထူးကြီးကြီးမှာလည်း မရှိကြပါဘူး။ ဟို အရပ်သားအစိုးရလက်ထက်တုန်းကတော့ ရှိခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်လည်း ဟိုခေတ်ကို ပြန်ပြီးမေးချင်တာ အဆင်သင့်ပါ။ လွတ်လပ်ပြီး မြန်မာနိုင်ငံရဲ့  လွတ်လပ်ရေး ခေတ်ဦးကာလမှာတုန်းကတော့ တိုင်းပြည်မှာ သဘောထား ကျယ်ပြန့်ခဲ့တယ်လို့ ဆိုရလိမ့်မယ်။ ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းပေါင်းစုံကို လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ခွင့်၊ နိုင်ငံရေးမှာလည်း ပါဝင်ခွင့်တွေကို တွေ့ရပါတယ်။

Prof. David Steinberg ။ ။ ဟုတ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံသဘောက တိုင်းရင်းသားမခွဲ၊ ဘာသာရေးမခွဲဘဲ လူမှုရေးအရ ဘဝအခြေအနေ တိုးတက်ခွင့် ရရှိစေရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ အဲဒီလို မဖြစ်ပါဘူး။ လူမှုဘဝ တိုးတက်ရေးလမ်းကြောင်းဟူသမျှကို စစ်တပ်က ချုပ်ကိုင်လာခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိဆိုရင် လူမျိုးဘာသာမရွေး တိုးတက်ရေး အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပြန်ဖွင့်ပေးသင့်ပါတယ်။ ဒါကို အစောတလင် လုပ်ရပါလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ ဒါကတော့ အာဏာပိုင်တွေက အပေါ်ကနေပြီး ဖိနှိပ်တဲ့သဘောပေါ့။ ပြည်သူလူထုအကြား အချင်းချင်း ဆက်ဆံရေးကြတော့၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကို တွေ့ရပါသလား။

Prof. David Steinberg ။ ။ သေချာပါတယ်။ ရိုဟင်ဂျာတွေအပေါ် ခွဲခြားကြပါတယ်။ ဒါကတော့ ရှင်းပါတယ်။ သူတို့ကို အကြီးအကျယ် ခွဲခြားဆက်ဆံပါတယ်။ သူတို့ကို မြန်မာလို့ မသတ်မှတ်ကြပါဘူး။ ဘင်္ဂလီလို့ သတ်မှတ်ကြပါတယ်။ အင်မတန် liberal ဖြစ်တဲ့ ကျနော့်ရဲ့  ဗမာမိတ်ဆွေတောင်မှ ရိုဟင်ဂျာတွေကို ခွဲခြားပြောဆိုကြပါတယ်။ ဒါကတော့ အဆိုးဆုံးကိစ္စပါ။ ကျန်မြန်မာနိုင်ငံအနှံက မူစလင်တွေကြတော့ သူတို့ဟာ ကုန်သည်တွေ၊ တချို့ လည်း ငွေကြေးတတ်နိုင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ကိုကြတော့ သူတို့ဟာ မြန်မာအမျိုးသမီးတွေကို မူစလင်ဇာတ်သွင်းဖို့ ကြိုးစားနေကြတယ်လို့ လွှဲမှားစွာ စွပ်စွဲနေကြတယ်လို့ ကျနော်ထင်ပါတယ်။ သူတို့ စွပ်စွဲချက် မှန်တယ်လို့ ကျနော် မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလို ပြဿနာဟာ မြန်မာတနိုင်ငံထဲမှာ ရှိတယ်လို့ ဆိုလို့ရမလား။ ကျန်တဲ့နိုင်ငံတွေ ဥရောပမှာလည်း ဒီလို ဘာသာရေးနဲ့ ပတ်သက်တဲ့ အဓိကရုဏ်းတွေ၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်ဆိုတာကို ကြားနေရပါတယ်။

Prof. David Steinberg ။ ။ မှန်ပါတယ်။ ခင်များပြောတာ လုံးဝမှန်ပါတယ်။ ဒီလို ခွဲခြားမှုတွေ အများကြီးရှိနေပါတယ်။ တချို့  အမေရိကန်ပြည်ထောင်စုမှာလည်း ရှိပါတယ်။ ဥရောပမှာ ပိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ အာဖရိကမြောက်ပိုင်းနဲ့ အရှေ့ အလယ်ပိုင်းက အလုပ်သမားတွေ သူတို့ဆီမှာ အများအပြား ဝင်လာကြပါတယ်။ လူမှုအဖွဲ့အစည်းတွေကြားမှာ စီးပွားရေးပြဿနာတွေ ပေါ်ပေါက်လာစေပါတယ်။ ဆိုတော့ ဟုတ်ပါတယ်။ ဒီလို ပြင်းထန်တဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ ဒါတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရရဲ့  အခန်းကဏ္ဍဟာ သိပ်အရေးကြီးပါတယ်။ လူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိပ်ကွပ်ဖို့ မဟုတ်ပါဘူး။ လူတွေရဲ့  သဘောထားအမြင်တွေကို ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။ ပြီးတော့ အဓိကရုဏ်းတွေ ပျံ့ နှံမသွားရလေအောင် စစ်တပ်ကို သုံးရပါလိမ့်မယ်။ ရဲတပ်ဖွဲ့လောက်နဲ့ မလုံလောက်ပါဘူး။ စစ်တပ်မှာ အောက်ခြေအဆင့်အထိ ဒီ တာဝန်တွေအတွက် လိုအပ်တဲ့ လေ့ကျင့်သင်တန်း ပေးထားတာတွေ ရှိရဲ့ လားဆိုတာကို ကျနော် သံသယဖြစ်မိပါတယ်။ ဒီလို လူစုလူဝေးနဲ့ အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းရေးအတွက် အောက်ခြေစစ်တပ်တွေကို ထိထိရောက်ရောက် သင်ပေးထားဖို့လည်း သိပ်အရေးကြီးပါတယ်။ 

ဦးကျော်ဇံသာ ။ ။ ဒီ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လောက် ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်လို့ ထင်ပါသလဲ။

Prof. David Steinberg ။ ။ ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ ဒီ ပဋိပက္ခတွေဟာ မြန်မာပြည်မကြီးရဲ့  အချက်အခြာနေရာတွေအထိ ပျံ့နှံသွားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တခုလုံးကို ကမောက်ကမ ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ တကယ့်ကို ပြင်းထန်တဲ့ကိစ္စပါ။ ဒါကြောင့် ဒီလိုဖြစ်မသွားရလေအောင် အစိုးရအနေနဲ့ လုပ်ဆောင်ရပါလိမ့်မယ်။ ဒီ ကိစ္စတွေမှာ သံဃာတွေ မပါဝင်၊ မပတ်သက်အောင် ကြပ်မတ်ပေးဖို့ သံဃာနာယက ဆရာတော်တွေကို လျှောက်ထားကြရပါလိမ့်မယ်။ ပြီးတော့ ဒီ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံအတွက် အကျိုးဆုတ်ယုတ်စေမယ့်ကိစ္စ ဖြစ်တယ်ဆိုတာ လူထုနားလည်းသဘောပေါက်လာအောင် အသိပညာပေးမှုတွေ အဆင့်ဆင့်ကိုလည်း လုပ်ရပါလိမ့်မယ်။ 

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ ဆရာကြီး ပြောသလိုပဲ အခု မိတ္ထီလာဆိုတာ မြန်မာပြည် အလယ်ပိုင်း အချက်အခြာနေရာလို့ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို မိတ္ထီလာလို နေရာမျိုးမှာကြတော့ ဗုဒ္ဓဘာသာဝင် အသိုင်းအဝိုင်းနဲ့ မူစလင်အသိုင်းအဝိုင်းတို့ဟာ နှစ်ပေါင်းများစွာ အတူယှဉ်တွဲပြီးတော့ နေလာကြတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒီလိုလည်း ပြောကြပါတယ်။ ဆိုတော့ အခုဖြစ်လာတဲ့ကိစ္စမှာကြတော့ ဘေးပတ်ဝန်းကျင်က မလိုလားအပ်တဲ့ အမှောင့်ပယောဂတွေ၊ သွေးထိုးလှုံဆော်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒါကို ဘယ်လိုသုံးသပ်မိပါသလဲ။

Prof. David Steinberg ။ ။ ဒီလို တမင်ကြံစည်မှုတွေ ရှိတယ်ဆိုတဲ့ ယူဆချက် conspiratorial theory တွေက အမြဲတမ်း ရှိနေတတ်ပါတယ်။ တကယ့် လက်တွေ့မှာ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာတော့ ဝါရှင်တန်မှာ ရှိနေတဲ့ ကျနော့်အနေနဲ့ တပ်အပ်မသိပါဘူး။ ဒါပေမဲ့ ဒီလို သွေးထိုးလှုံဆော်မှုမျိုး မဖြစ်ကြရလေအောင် သတိထားကြရမှာပါ။ ဒီ ကိစ္စမှာ ကျနော်ကတော့ ဒေသအတွင်း လူ့အဖွဲ့အစည်းတွေကြားမှာ ပဋိပက္ခ စတင်နိုင်တဲ့ ပြဿနာတွေ၊ မလိုမုန်းတီးမှုတွေ ရှိနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အစိုးရဟာ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေကို ခေါ်ပြီးတော့ သူတို့အချင်းချင်း ထိန်းကြဖို့ကို ပြောကြရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ တိုင်းပြည်အတွက် အန္တရာယ်ရှိတယ်ဆိုတာကို နားလည်းအောင် ပြောရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဒီ ကိစ္စမှာ အစိုးရရဲ့  ကိုင်တွယ်နေပုံနဲ့ ပတ်သက်လို့ ဘယ်လိုသဘောရပါသလဲ။ နိုင်ငံတကာက လက်ခံနိုင်တဲ့ ကိုင်တွယ်မှုမျိုးလို့ ယူဆပါသလား။

Prof. David Steinberg ။ ။ အဓိကရုဏ်းတွေ၊ လုယက်မှုတွေ ဖြစ်လာရင် ဘယ်အစိုးရတွေရဲ့  ကိုင်တွယ်မှုကိုမဆို နိုင်ငံတကာက ဝေဖန်ကြပါမယ်။ အစိုးရတွေနဲ့အနေနဲ့ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်တဲ့ အနေအထားမှာ မရှိကြပါဘူး။ ဆိုတော့ မြန်မာအစိုးရလည်း ဝေဖန်ခံရမှာပါ။ ဒါပေမဲ့ အခုကိစ္စမှာ ကျနော် ကြားရသလောက် ပြောရရင်တော့ ရဲက ဘာမှမလုပ်ဘူး၊ ရဲက ဘာမှမလုပ်ဘူး။ စစ်တပ်ဝင်လာတော့ အခြေအနေ သက်သာလာတယ်လို့ သိရပါတယ်။ ဒါမျိုးကို ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်အောင် ဘယ်အစိုးရကမှ ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ ကျနော့် သဘောကတော့ ဒီပြဿနာဟာ ဘယ်လောက်အကဲဆတ်တယ်။ သမိုင်းနဲ့ချီပြီး အမြစ်တွယ်လာတဲ့ ပြဿနာဆိုတာကို နိုင်ငံတကာက နားလည်းသဘောပေါက်ကြစေချင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် တဆင့်ပြီးတဆင့် အကူအညီပေးကြဖို့နဲ့ တချိန်တည်းမှာ ပြည်သူအားလုံး လုံခြုံမှုရှိအောင် ဆောင်ရွက်ဖို့ ပံ့ပိုးကြစေချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တခုမေးစရာ ကျန်ပါသေးတယ်။ ဗိုလ်ချုပ်နေဝင်း လက်ထက်တုန်းက အဲဒီနှစ်တွေမှာ ဒီလိုပြဿနာမျိုး လုံးဝမရှိခဲ့ပါဘူး။ ဒါကတော့ နှစ်ဖက်စလုံးကို မလှုပ်မရှားနိုင်အောင် ဖိနှိပ်ထားတယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှုကြတော့ အဲဒီခေတ်က ပိုပြီးသာတယ်လို့ ဆိုရမလား။

Prof. David Steinberg ။ ။ ဒါပေမဲ့ အဲဒီပုံစံမျိုးဟာ ဘယ်အတွက်မှ နမူနာယူရမယ့်ပုံစံ မဟုတ်ဘူးလို့ ကျနော် ပြောရပါလိမ့်မယ်။ မှန်ပါတယ် … ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမဆို အာဏာရှင်စနစ်က ရုန်းထွက်ပွင့်လင်းလာပြီဆိုရင် အသေးစား အဓိကရုဏ်းတွေ၊ ရာဇဝတ်မှု ထူပြောလာတာတွေကို ပိုတွေ့လာရတာ မကြာခဏပါ။ မြန်မာတနိုင်ငံတည်းမှာတော့ ဖြစ်တာမဟုတ်ပါဘူး။ ဒါတွေကို ကိုင်တွယ်ဖြေရှင်းရမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး မေးချင်တဲ့ မေးခွန်းကတော့ အခု မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီလို ပဋိပက္ခတွေ အဓိကရုဏ်းတွေဟာ ဘယ်ပုံဘယ်နည်းနဲ့ အဆုံးသတ်ပြေလည်သွားမယ်လို့ ယူဆပါသလဲ။

Prof. David Steinberg ။ ။ ဒါဟာ နှေးနှေးကွေးကွေး သွားရမယ့် ဖြစ်စဉ်တရပ်ပါ။ ပထမအနေနဲ့ကတော့ အဓိကရုဏ်း မဖြစ်ပေါ်အောင် ထိန်းသိမ်းထားရမယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ တခုဖြစ်ရင် တနေရာမှာဖြစ်ရင် နောက်ထပ် ကူးစက်ဖြစ်ပွားမှုတွေ ရှိလာနိုင်ပါတယ်။ အကြမ်းဖက် သံသရာ က ဆုံးတော့မှာ မဟုတ်ပါဘူး။ သူဖက်ကစတာ၊ ငါဖက်ကစတာနဲ့ အပြန်အလှန် တုံ့ပြန်လက်စားချေနေကြလို့ ဆုံးမှာမဟုတ်ပါဘူး။ ဒါကြောင့် စမဖြစ်အောင် ထိန်းထားရပါလိမ့်မယ်။ ပြီးတော့ ပညာပေးမှု၊ လူမှုရေးတန်တူ တိုးတက်ခွင့်၊ မခွဲမခြား ဆက်ဆံမှု၊ ပြန်လည်တည်ဆောက်မှု စတာတွေကို အဆင့်ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ 

(VOA)   မှ


မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း

 အမေရိကန်သမ္မတ Barack Obama နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၇ မေ ၂၀၁၃) 
အမေရိကန်သမ္မတ Barack Obama နဲ့
 တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ 
အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၇ မေ ၂၀၁၃)
ကိုသားညွန့်ဦး

09.05.2013
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အတုယူပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြောက်ကိုရီးယားကို တိုက်တွန်းပြောကြားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

Benghazi အမေရိကန်သံရုံး တိုက်ခိုက်ခံရမှု စစ်ကူတောင်းပေမဲ့ မရခဲ့

 အောက်လွှတ်တော်ကြားနားပွဲမှာ အမေရိကန် သံတမန် Gregory Hicks ပြောကြားနေစဉ် (၈ မေ ၂၀၁၃) 
အောက်လွှတ်တော်ကြားနားပွဲမှာ အမေရိကန် သံတမန်
 Gregory Hicks ပြောကြားနေစဉ် (၈ မေ ၂၀၁၃)
ဗွီအိုအေ (မြန်မာပိုင်း)

09.05.2013
ပြီးခဲ့တဲ့နှစ်တုန်းက လစ်ဗျားနိုင်ငံ Benghazi မြို့မှာ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရစဉ်အတွင်း သူ့အနေနဲ့ စစ်ရေး အထောက်အကူရဖို့ ကြိုးစားခဲ့တယ်လို့ အဲ့ဒီအချိန်က ကောင်စစ်ဝန်ရုံးမှာ ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူက ပြောလိုက်ပါတယ်။

ပါကစ္စတန် ဝန်ကြီးချူပ်ဟောင်း သား ပြန်ပေးဆွဲခံရ


ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲကာလ တွင်း မြို့တွေမှာ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးချထားစဉ်။
ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲကာလ တွင်း
 မြို့တွေမှာ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးချထားစဉ်။

ဗီအိုအေ (မြန်မာဌာန)

09.05.2013
ပါကစ္စတန် နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ ၀န်ကြီးချုပ်ဟောင်း ယူဆွတ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ရဲ့ သားကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားပါတယ်။

ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ် ထွက်ပြေး

ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့ ရှေ့တန်း တပ်စခန်းတခုတွင် တွေ့ရစဉ်။  
ရှမ်းပြည်တပ်မတော် SSA တပ်ဖွဲ့ ရှေ့တန်း
 တပ်စခန်းတခုတွင် တွေ့ရစဉ်။
 နိုင်ကွန်းအိန်
09.05.2013
မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီတပ်ဖွဲ့ရဲ့ နမ့်ခမ်းမြို့နယ်ထဲက တပ်စခမ်းတခုကို မြန်မာ့တပ်မတော်ကနေ ဒီကနေ့နံက်မှာ ၀င်ရောက် တိုက်ခိုက်တာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရှမ်းပြည် တပ်မတော် အရာရှိတွေကပြောဆိုခဲ့ပါတယ်။ အခုဖြစ်တဲ့တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှု များပြားနေ ခဲ့သလို ရာနဲ့ချီတဲ့ ဒေသခံ ရွာသားအနေနဲ့ တရုတ်ပြည်ဖက် ကို စစ်ပြေးဒုက္ခသည်တွေ အဖြစ် တိမ်းရှောင်နေကြရတဲ့ အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

တဖက်နဲ့တဖက် စစ်ရေး တင်းမာနေတဲ့ မြန်မာ အစိုးရတပ်နဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေးကောင်စီ တပ်ဖွဲ့တို့ဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ထဲက ဒီကနေ့နံက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့ပါတယ်။ တောင်ပိုင်းရှမ်းပြည်တပ်မတော်အခြေချတဲ့ နောင်းမတပ်စခမ်းကို မြန်မာစစ်တပ်ဘက်ကနေ စတင် တိုက်ခိုက်လာတယ် လို့လဲ ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

"တိုက်ပွဲကဒီမနက်(၄)နာရီခွဲမှာဆိုရင် မူဆယ်နမ့်ခမ်း အခြေစိုက်ခလရ တပ်ရင်း(၁၄၅) ကနေ အင်အား(၁၀၀)ကျော်နဲ့ လက်နက်ကြီးတွေနဲ့အတူ ကျွန်တော်တို့နမ့်ခမ်းမြို့နယ် နောင်းမကျေးရွာရွှေလီမြောက်ဖက်ပိုင်းမှာရှိတဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုထက်ထိ ကျွန်တော် ဖုန်းပြောနေတဲ့အချိန်အတွင်းမှာ တဖက်နဲ့တဖက်အပြန်အလှန် ပစ်ခတ်နေတုန်းပါဘဲ။ သူတို့ကကျွန်တော်တိုကတပ်စခမ်းထဲဝင်လာတော့ ၀င်လာတဲ့ အချိန်မှာ တပ်ထဲမှာနေရာယူထားတဲ့ ကျွန်တော်တို့တပ်သားတွေက ပြန်လည်ပစ်ခတ်လိုက်ကြတော့ သူတို့မှာ ပြန်လည် အထိနာတဲ့ပုံစံမျိုးရှိပါတယ်။"

အခုဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများနေသလို ရှမ်းပြည်တပ်မတော်ဘက်က တဦး ကျဆုံးပြီး ထိခိုက်မှုအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လဲ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။
အခုဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေကိုတော့ နမ့်ခမ်းမြို့ဒေသခံတဦးက အခုလိုပြောပါတယ်။

"အစိုးရဘက်က (၉)ယောက်သေသွားတယ်။ (၈)ယောက်က မြို့ပေါ် နမ့်ခမ်းဆေးရုံရောက်နေတာအရေးပေါ် သွေးလိုနေတုန်း။ လိုတဲ့သွေးကိုကျတော့ သူတို့ဆီမှာသွေးလှူရှင်ဖွဲ့ထားတာအသင်းရှိတယ်။ ပါရမီ ဆိုတဲ့အဖွဲ့ကို လာတောင်းတယ်သွေး။ "

ဒီလိုတိုက်ပွဲဖြစ်ပွားရတဲ့အခြေအနေနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီလိုဖြစ်ပွါးတဲ့ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ တဘက်ကမ်းမှာ ရှိတဲ့  နောင်မကျေးရွာ အုပ်စု ဝမ်တာဟေး၊ ဟိုဆိုင်း၊ ဝမ်ကွန် စတဲ့ကျေးရွာက ဒေသခံ ၅၀၀ ကျော်ဟာ တရုတ်ပြည် နောင်တောဝ်းဘက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အခုလိုစစ်ပြေးဒုက္ခသည်တွေ တရုတ်ပြည်ဘက်ကိုတိမ်းရှောင်လာမှုကြောင့် တရုတ်ဘက်ကနေလုံခြုံရေးတိုးမြင့် ချထားတယ်လို့လည်း အဆိုပါ နမ့်ခမ်းဒေသခံကဘဲ ဆက်ပြောပါတယ်။

"ထွက်ပြေးတဲ့ရွာတွေကတော့ ရွှေလီမြစ်တဖက်ကမ်းကျတော့ တရုတ်ပြည်ထဲ ၀င်သွားတယ်။ ဒီဖက်မြန်မာခြမ်း ကျတော့ ဇေယျသုခ ဘုန်းကြီးကျောင်းမှာ လာပြီးတော့ ခိုလှုံနေကြတာတွေ့ရတယ်။ ခုမနက်ဘဲ ထွက်ပြေးလာတော့ စားဝတ် နေရေးလဲ အမျိုးတွေရှိတဲ့အိမ်မှာလာနေကြတယ်။ ဘုန်းကြီးကျောင်းမှာ သွားတည်းနေကြတယ်ဗျ။ ဟိုဘက်တရုတ် ကမ်းကျတော့ လေး ငါးရာ(၄၀၀၊ ၅၀၀)လောက်ရှိတယ်။ ခုနကဗုံးတလုံး လဲ တရုတ်ဖက်ကျသွားတာသိရတယ်။ ရွာသားတယောက်ထိတယ်။ တယောက်သေတယ်ဗျ။ တရုတ်ပြည်ဘက်ကျတော့ထွက်ပြေးနေတယ်။ အခုလဲကူတို့ ဆိပ်တွေအားလုံးလဲပိတ်ထားတယ်။ သွားလာခွင့်မပေးဘူး။ အားလုံးပိတ်ထားတယ်။ တရုတ်ဖက်ခြမ်းလဲ လုံခြုံရေး ချထားတယ်။"

တကယ်တော့ အခုလိုစစ်ရေးတင်းမာလာရတာဟာ ဧပြီလကုန်ပိုင်းက အရပ်ဝတ် စစ်ထောက်လှမ်းရေး(၄)ဦး ပျောက် ဆုံးနေမှုနဲ့ပက်သက်ပြီး  မြန်မာ စစ်တပ်ကနေ တောင်ပိုင်းရှမ်းပြည်တပ်မတော်လက်ချက်လို့စွပ်စွဲထားသလို မေလ (၅)ရက်နေ့က ရှမ်းပြည်တပ်မတော်ရဲ့ဒင်းခါး ဆိုတဲ့တပ်စခန်းကို ၀င်ရောက်ရှာဖွေပြီး စခမ်းကိုမီးရှို့ဖျက်စီးရာကနေ ကြီးထွားလာတာပါ။
အခုလို တိုက်ပွဲဖြစ်ပွါးနေတဲ့ အခြေအနေမှာဘဲ ဦးသ်န်းဇော်ခေါင်းဆောင် တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီအဖွဲ့ဟာ  ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိနေတယ်လို့လဲ ရှမ်းပြည်နယ် ၀န်ကြီးစိုင်းအိုက်ပေါင်းကပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် စစ်ပြေးဒုက္ခသည်အရေး ကိစ္စတွေကိုလဲ ဆွေးနွေးသွားမယ်လို့လဲ သတင်းတွေ ပေါ်ထွက်နေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ ခက်ခဲတဲ့ အနေအထားတွေကြောင့် အချိန်ယူဆောင်ရွက် သွားရမယ်လို့လည်း  ငြိမ်းချမ်းရေးအကျိုးဆောင်
ဦးလှမောင်ရွှေ ကပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင် အင်အားတွေ အများကြီးနဲ့ တပြိုင်ထဲ လုပ်လုပ်ရတဲ့ နိုင်ငံမျိုးရှိ တယ်လို့ကျွန်တော် မကြားမိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တော့ ရှေ့တိုးနောက်ဆုတ်တော့ ရှိကောင်းလဲရှိမယ်။ ဒါပေမဲ့သေချာ တာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်သွားနေမယ်။ ဒီလိုဘဲ တိုးတက်မှုနဲ့ဆုတ်ယုတ်မှုကလဲရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ခြုံလိုက်ရင် တိုးတက်မှုရှိရင် ဆက်သွားဖို့ပါဘဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမယ်။ အချိန်ယူအများကြီး ဆက်လုပ်နေရမယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ခေါ် ရှမ်းပြည်ပြန်လည် တည်ထောင်ရေး ကောင်စီအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော် မီတီတွေ နဲ့အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လဲ ဒေသတွင်းမှာတော့ မြန်မာ တပ်မတော် အနေနဲ့ နယ်မြေစိုးမိုးရေးအတွက် ထိုးစစ်ဆင်မှုရှိနေသလို တိုက်ပွဲဖြစ်ပွါးနေဆဲ လို့လည်း တောင်ပိုင်းရှမ်းပြည် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောင်ဆိုင်ကပြောပါတယ်။

(VOA)  မှ

အင်ဒို စစ်သွေးကြွ ၄ ဦး ထပ်မံသေဆုံး

အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးရှေ့ အင်ဒိုလုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။  
 အင်ဒိုနီးရှား နိုင်ငံ မြန်မာသံရုံးရှေ့ 
အင်ဒိုလုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။
ကိုအောင်လွင်ဦး

09.05.2013
အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေ အပါအ၀င် အစွန်းရောက်သူတွေကို နောက်ထပ် လိုက်လံ ဖမ်းဆီးရင်း လုံခြုံရေးအာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက ၂ ရက်အတွင်း စစ်သွေးကြွ ၇ ယောက်အထိ သေဆုံးခဲ့ပါတယ်။ မကြာသေးခင်တုန်းက မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေမှာ မူဆလင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုပြီး မကျေနပ်ကြတဲ့ အစွန်းရောက်သူတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထွက်ပေါ် နေချိန်မှာပဲ စစ်သွေးကြွတွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက လိုက်လံ နှိမ်နင်းနေတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။

Wednesday, May 8, 2013

ဘင်္ဂလားဒေ့ရှ် စက်ရုံပြိုကျမှု သေဆုံးသူ ၈၀၀ နီးပါးရှိ

ကယ်ဆယ်ရေးလုပ်သားတွေက အလောင်းတွေကို ရှာဖွေသယ်ဆောင်လာစဉ် (၇ မေ ၂၀၁၃)

ကယ်ဆယ်ရေးလုပ်သားတွေက အလောင်းတွေကို
 ရှာဖွေသယ်ဆောင်လာစဉ် (၇ မေ ၂၀၁၃)
ဗွီအိုအေ (မြန်မာပိုင်း)
08.05.2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတွေရှိရာ ကုန်တိုက်တခု ပြိုကျရာက သေဆုံးသူ အရေအတွက် တဖြေးဖြေးနဲ့ ၈၀၀ နီးပါးအထိ တိုးလာနေပါတယ်။ အပျက်အစီးတွေကို ဆက်လက် ရှင်းလင်းရာက ထပ်မံတွေ့ရှိရတဲ့ အလောင်းတွေနဲ့ပါဆိုရင် သေဆုံးသူ အရေအတွက်ဟာ ၇၈၂ ယောက်အထိ ရှိသွားပြီလို့ ဒီကနေ့ပဲ အစိုးရတာဝန်ရှိသူတွေက ကြေညာခဲ့ကြတာပါ။

တီဗွီသတင်းလွှာ(၀၅-၀၉-၂၀၁၃)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အတွင်း ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေ အကြီးအကျယ် ရှိခဲ့ပြီး စိုးရိမ်ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်၊ တောင်ကိုရီးယား သမ္မတ Park Geun-hye ရဲ့ အမေရိကန် ပြည်ထောင်စုခရီးစဉ်အကြောင်း...စသည်

အကယ်၍..မင်းများသိရင်

 အခြားသူတွေက မင်းကိုဂရုစိုက်တာမြင်ရင်
ငါကျေနပ်ပါတယ်..
ဒါပေမယ့်..ငါမပျော်ဘူး..။
ငါကိုယ်တိုင် မင်းကိုပြုစုချင်တာ...။
တခြားသူတွေနဲ့ မင်းအဆင်ပြေရင်
ငါကျေနပ်ပါတယ်....။
ဒါပေမယ့် ..ငါ အထီးကျန်တယ်..
အရာရာတွက်ငါရှိချင်နေလို့ပေါ့..။
အခြားသူတွေနဲ့ မင်းစကားတွေဖောင်ဖွဲ့နေတဲ့အခါ
ငါပျော်ပါတယ်...
ဒါပေမယ့်...မင်းများသတိရရင်လေ..စိတ်နဲ့
ငါလွမ်းနေခဲ့ရတယ်...။
အခြားသူတွေကို မင်းကိုးစားတဲ့အခါ
မတားလိုခဲ့ဘူး...
ဒါပေမယ့်..ငါ ဝမ်းနည်းခဲ့တယ်..
မင်းရှေ့မှာမတ်မတ်ငါတယောက်ပဲရှိချင်ခဲ့တယ်...။
အခြားသူတွေက မင်းကို
ချစ်တဲ့အခါ ငါကြည်နူးပါတယ်..
ဒါပေမယ့်..မင်းများငါ့ကိုမေ့သွားမလားစိတ်နဲ့
အမြဲထိတ်ခဲ့ရတယ်...။
အဆတ်ဟောင်းတွေနဲ့
မင်းနူတ်ဆတ်တဲ့အခါ..ငါမုဒိတာပွားခဲ့တယ်..
ဒါပေမယ့်..ငါအမြဲစိုးရိမ်ခဲ့ရတယ်..။
မင်းတတ်ကြွနေတာမြင်တိုင်း
ငါ ဘေးက..ဝမ်းသာခဲ့တယ်..
ဒါပေမယ့်..မင်းအပျော်လွန်သွားမှာ
ငါကြောက်ခဲ့ရတယ်...။
အခြားသူတွေက မင်းကို
ရင်းနှီးလွန်းမှသိတော့ ငါ..ပြုံးနေခဲ့တယ်..
ဒါပေမယ့်..သူတို့တန်ဖိုးမထားကြမှာ
ငါစိုးထိတ်ခဲ့ရတယ်..။
အခြားသူတွေနဲ့ မင်းပျော်နေတိုင်း
ငါမခေါ်ရက်ခဲ့ဘူး..
ငါခေါ်တိုင်း..မင်းငြီးငွေ့သွားမှာစိုးခဲ့တယ်..။
မင်းမလာနိုင်မှန်းသိပေမယ့်
ငါမခေါ်ရက်ခဲ့ဘူး..
ဒါပေမယ့်..ငါအမြဲမျှော်နေခဲ့တယ်..။
မင်းစိတ်ညစ်တယ်လို့ကြားတိုင်း
အဲဒါတွေ ..ငါ ဖြစ်ချင်ခဲ့တယ်..
ဒါပေမယ့်..ငါ့မွန်းကြပ်မူ့တွေ...
မျိုသိတ်ခဲ့တယ်..။
အခြားသူတွေကို မင်းသံယောဇဉ်
မဖြတ်နိုင်ဘူးကြားတော့
ငါကြေကွဲခဲ့တယ်..
ဒါပေမယ့်..ငါပြန်တည်ဆောက်ခဲ့တယ်..။
မင်းရဲ့နိုးထခြင်းမနတ်ခင်းတိုင်းမှာ
ငါ့ကိုအရင်ဆုံးနူတ်ဆတ်ခွင့်မရခဲ့ပေမယ့်
ငါ့ရဲ့နိုးထခြင်းမနတ်ခင်းတိုင်းမှာ
မင်းကို သတိရနေခဲ့တယ်..။
မင်းဖုန်းခေါ်သံတနေ့တခါမကြားရပေမယ့်
ငါတိတ်ဆိတ်နေခဲ့တယ်..
မင်းဘယ်တော့မတ်ဆေ့ခ်ျလာမလည်းစိတ်နဲ့
ခဏခဏငါ့ဖုန်းကြည့်နေခဲ့တယ်။
အခြားသူတွေနဲ့ မင်းစာတွေ
အများကြီရိုက်တာမြင်တိုင်း
ငါ့ inboxမှာမင်းစာများရောက်နေလေမလားစိတ်နဲ့
ငါခဏခဏဖွင့်ကြည့်နေခဲ့တယ်..။
အခြားသူတွေကို မင်းcommentပေးတာတွေ့တိုင်း
ငါ့စာမျတ်နှာတွေမှာ
မင်းcommentပေးလေမလားစိတ်နဲ့
ငါ့ဖွင့်ကြည့်ခဲ့တယ်...။
အခြားသူတွေရေးတဲ့ကဗျာတွေတိုင်း
မင်းကြိုတ်နှစ်သက်တာတွေ့ရတော့
ငါရေးတဲ့ကဗျာတွေ မင်းများဖတ်လေမလားစိတ်နဲ့
ပြန်ပြန်စစ်ခဲ့တယ်..။
မင်းအိပ်ပျော်နေတာကြည့်ပြီး
ကြည်နူးနေပေမယ့်
မင်းများနိုးသွားလေမလားစိတ်နဲ့
ငါ့အသက်ရူသံတိုးတိုးရူခဲ့တယ်...။
ညတွေနဲ့ငါနေသားကျခဲ့တယ်..
လမ်းတွေနဲ့ ငါအဖော်ဖြစ်ခဲ့တယ်..
ခုံတန်းတွေနဲ့ ငါမိတ်ဆွေဖြစ်ခဲ့တယ်..
ကဗျာတွေနဲ့ ငါအကျွမ်းဝင်ခဲ့တယ်..
သီချင်းတွေနဲ့ ငါဖတ်လဲတကင်းဖြစ်ခဲ့တယ်..
မိတ်ဆွေတွေနဲ့ ငါဝေးခဲ့တယ်..
မီးခိုးငွေ့တွေနဲ့ငါ ရင်းနှီးခဲ့တယ်...
အဲဒါ..အားလုံးက
အလွမ်းတဲ့...။
မင်းကိုချစ်တဲ့စိတ်နဲ့
ငါ့အတ္တနဲ့ငါကျွမ်းလောင်ခဲ့တယ်..
မင်းကိုလွမ်းတဲ့စိတ်နဲ့
အဇျတ္တကိုငါ ဖျောက်ခဲ့တယ်...
မင်းကို စိုးရိမ်စိတ်နဲ့
ငါ့အနာကို ငါမနာတတ်ခဲ့ဘူး..
မင်းကို စိတ်မချစွာနဲ့
ငါ့အပူမီးတွေထဲ
ငါပြာကျခဲ့တယ်..
မင်းကို သတိရစိတ်နဲ့
ငါ့ညခင်းတွေ ငါ့ရန်သူသက်မှတ်ခဲ့တယ်..
မင်းကို ပိုင်ဆိုင်ချင်စိတ်နဲ့
တလောကလုံး ငါကျောခိုင်းခဲ့တယ်..
မင်းနဲ့နီးစပ်ဖို့အတွက်
ငါ့တွယ်တာမူ့တွေအလုံးစုံ
ဖြတ်တောက်ခဲ့တယ်...
မင်းအပြုံးတွေမြင်ရဖို့
ငါ့ငိုကြွေးခြင်းတွေ
ငါစွန့်ခဲ့တယ်..
မင်းနဲ့ ..........ဆိုတဲ့စိတ်နဲ့
ငါရှင်သန်နေခဲ့တယ်...။
မင်းများငါဆီတကယ်
ရောက်လာလေမလားစိတ်နဲ့
ငါ့သေခြင်းတရားကိုတောင်
ငါတော်လှန်နေတတ်တဲ့အကောင်...။
မင်းသိလား...
ငါအသက်ငွေ့ငွေ့ကျန်နေရင်တောင်
မင်းရောက်လာခဲ့ပြီဆို..
ငေါတ်ခနဲ့ထထိုင်ပြီး
မင်းကိုတင်းတင်းကျပ်ကျပ်ပွေ့ဖတ်ထားမယ်ဆိုတာ
မင်သိများသိရင်....................။

*မောင်းသစ္စာ*

ဥက္ကံအကြမ်းဖက်မှု သံသယရှိသူ ၁၇ ဦး ဖမ်းဆီး

 ဥက္ကံမြို့က အကြမ်းဖက်မှု အဓိကရုဏ်းဖြစ်ပြီးနောက် တွေ့မြင်ရတဲ့မြင်ကွင်း (၁ မေ ၂၀၁၃) 
ဥက္ကံမြို့က အကြမ်းဖက်မှု အဓိကရုဏ်းဖြစ်ပြီးနောက်
 တွေ့မြင်ရတဲ့မြင်ကွင်း (၁ မေ ၂၀၁၃)
အောင်ရဲ မောင်မောင်
08.05.2013

ပြီးခဲ့တဲ့လထဲ လူအသေအပျောက်တွေ ရှိခဲ့တဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မှာ ဆူပူလှုပ်ရှားသူ ၁၇ ဦးကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ ကျန် ၈ ဦးကိုတော့ ပြန်လွှတ်ပေးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ပြော ပါတယ်။ ဒေသဆိုင်ရာ အခြေအနေ တည်ငြိမ်နေပေမဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသေးတဲ့အတွက် ဒေသခံတွေ ရောင်း ၀ယ်ဖောက်ကားမှုတွေတော့ အဆင်မပြေဘူးလို့ ဥက္ကံမြို့ အနီးအနားနေသူတွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ဧပြီလ ၃၀ ရက်နေ့က ဆွမ်းခံလာတဲ့ ကိုယ်ရင်ငယ်လေးတစ်ပါးကို မူဆလင် အမျိုးသမီးတစ်ဦးက ဆိုင်ကယ်နဲ့ တိုက်မိတဲ့ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ နှစ်ဘက် ဘာသာဝင်တွေအကြား လူအသေအပျောက်ရှိတဲ့အထိ အဓိကရုဏ်းတွေ ဖြစ် ပွားခဲ့တာပါ။

ပဋိပက္ခတွေ ဖြစ်ပွားပြီး ရက်သတ္တပတ် အကြာမှာတော့ အကြမ်းဖက်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့လူတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး သက်လွင် က ပြောပါတယ်။

အခုလို ဖမ်းဆီးထိန်းသိမ်းထားသူ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီးတော့ ကျန် ၁၇ ဦးကိုတော့ စစ်ဆေးဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့လည်း သူက ပြောပါတယ်။

“၂၅ ယောက်ဖမ်းပါတယ်ခင်ဗျ။ ၈ ယောက်ကို ပြန်လွှတ်ပေးလိုက်တော့ ၁၇ ယောက် ကျန်ပါတယ်ခင်ဗျ။ သူတို့ကိုတော့ ကျနော်တို့ ရဲတပ်ဖွဲ့က စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ ရုံးထုတ်တာကတော့ သူ့ သတ်မှတ်ထားတဲ့ ကျနော်တို့ တရားသူကြီးရဲ့ ရမန် တပတ်အတွင်းမှာ ထုတ်နိုင်အောင် ကျနော်တို့လည်း ဒီမှာ တရားစွဲတင်နိုင်အောင် ဆောင်ရွက်နေပါတယ်ခင်ဗျ။ ကိုးကွယ်တဲ့ဘာသာသည် အရေးမကြီးပါဘူး။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ပြစ်မှုကျူးလွန်တယ်ဆိုရင် ကျူးလွန်တဲ့သူကိုတော့ ပြစ်မှုကြောင်းအရ အရေးယူရမှာပဲ ဖြစ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် အခြားဘာသာ ကိုးကွယ်လည်း ပြစ်မှု ကျူးလွန်ရင်တော့ ကျနော်တို့ဘက်က ဖမ်းဆီး အရေးယူရမှာပါပဲ။ ဘာသာကိုးကွယ်တာနဲ့ မဆိုင်ဘူးပေါ့။ ပြစ်မှုကျူးလွန်ရင်တော့ တည်ဆဲဥပဒေကို ဖောက်ဖျက်တယ်ဆိုရင်တော့ ဘယ်ဘာသာဝင်မဆို မည်သူမဆို အဓိကအရေးကြီးတာက ပြစ်မှုကျူးလွန်တာ ပေါ်ပေါက်ဖို့ မှန်ကန်တယ်ဆိုလို့ရှိရင် ကျနော်တို့ ရဲတပ်ဖွဲ့က ဖမ်းဆီးဖော်ထုတ် အရေးယူရမှာပါပဲ။ နိုင်ငံသားတွေကိုယ်စား ကျနော်တို့က ဖော်ထုတ် ဖမ်းဆီးရမှာပေါ့။”

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အစ္စလာမ်ဘာသာဝင် နှစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင်နဲ့ ကိုစမိုင်တို့ဟာ ရန်ကုန်ဆေးရုံကြီးမှာ မေလ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဥက္ကံမြို့အတွင်းမှာ အခြားဆူပူ အကြမ်းဖက်မှု အရိပ်အယောင် တစ်ခုမှ  မရှိဘဲ ဒေသတွင်း အခြေအနေတွေလည်း တည်ငြိမ်နေတယ်လို့ ဒုတိယရဲမှူးကြီး သက်လွင် က ပြောပါတယ်။

မေး။          ။ ရောင်းဝယ်ဖောက်ကားတဲ့ အခြေအနေတွေက ပုံမှန်ပါပဲလား အန်ကယ်လ်။
ဖြေ။           ။ “ပုံမှန်ပါပဲ။ လာကြည့်ပါ။ လာကြည့်လို့ရပါတယ်။ အဲ့ဒါကတော့ ဟိုဟာပေါ့ဗျာ။ 1, 8 ကတော့ ကျနော်တို့ လုံခြုံရေးနဲ့ တိုက်ရိုက်မပတ်သက်ဘူး
ပေါ့နော်။ ဒါကတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ အမိန့်ပါခင်ဗျ။ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အမိန့်မဟုတ်ပါဘူး။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပိုပြီးတော့ သက်ဆိုင်မှာပါ။”

နောက်ဆုံးအခြေအနေအရ ဆူပူမှုတွေရှိခဲ့တဲ့ ဥက္ကံကို လုံခြုံရေးအခြေအနေတွေ ဒီနေ့အထိ တိုးချထားပြီးတော့ စစ်တပ်နဲ့ ရဲတွေကပဲ ဒေသတွင်း လုံခြုံရေးတွေကို အဓိက တာဝန်ယူထားပြီး ဆူပှုမှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးကို ထိန်းသိမ်းနေရတယ်လို့ ဥက္ကံဒေသခံတွေက ပြောပါတယ်။ ဥက္ကံအပါအ၀င် သူနဲ့ဆက်စပ်နေတဲ့ တိုက်ကြီးမြို့မှာလည်း လုံခြုံရေးအခြေအနေတွေ တိုးမြှင့်ထားပြီးတော့ မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ လူစုလူဝေးမလုပ်ရတဲ့ ပုဒ်မ ၁၈၈ ကိုလည်း ဆက်လက်ထုတ်ထားတယ်လို့ ဥက္ကံမြို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုသက်ဦး က ပြောပါတယ်။

“188 က မရုပ်သိမ်းသေးပါဘူး။ အခု အကိုရောက်တဲ့ရွာကလေးဆိုရင် ညဘက်ဆို သူတို့ ရဲတွေလာတယ်ပေါ့လေ။ ရဲတွေလာတဲ့အခါကျတော့ သူတို့က ကြောက်ရွံ့ ထိတ်လန့်တယ်ပေါ့။ တချို့ရွာသားတွေကလည်း အများစုက တိမ်းရှောင်နေကြ တယ်။”

ဥက္ကံအပါအ၀င် တိုက်ကြီးမြို့နယ်မှာ ဆူပူအကြမ်းဖက်မှုတွေမရှိဘဲ ပုံမှန်ရောင်းဝယ် ဖောက်ကားမှုတွေကို နေ့အချိန်မှာ လုပ်နိုင်ပေမဲ့ ညပိုင်းမှာ ဈေးသည်တွေ ဈေးမရောင်းရတော့တဲ့အတွက် အခြေခံ လက်လုပ်လက်စားတွေအတွက် အနည်းငယ် အခက်အခဲတော့ ရှိနေတယ်လို့ ကိုသက်ဦးက ပြောပါတယ်။

“မနက်ကတော့ တည်ဆဲဥပဒေအရ အုပ်စုလိုက်သော်လည်းကောင်းပေါ့ ညနေ ၅ နာရီထိုးပြီဆိုရင် တိုက်ကြီးမှာ အခုဆိုရင် နေ့လည် ၂ နာရီထိုးတာနဲ့ ဈေးဆိုင်တွေက အကုန်ပိတ်ကုန်ကြပြီ။ ၅ နာရီဆိုရင် လူတွေ မရှိကြတော့ဘူး။ ကျန်တာကတော့ မနက် ၅ ညနေ ၅ အပြင်မထွက်ရဘူးပေါ့။ တောသူ တောင်သားတွေကျတော့ စားရေးသောက်ရေးကျတော့ ညနေ ၅ နာရီ ၆ နာရီမှ လုပ်ငန်းခွင်သိမ်းတယ်။ အဲ့လိုမျိုးလူတွေ လှမ်းဆက်ပြန်ရင်လည်း ရပါတယ်ဗျာ။ ဘယ်သူတွေရှိနေတာပဲ။ ဘယ်ဝါတွေရှိနေတာပဲ။ ဒါပေမဲ့ ဘယ်သူက အာမခံမှာလဲဗျာ။ ဒီကြေညာတဲ့ပုံစံကြီးက အများစုပေါ့ အခု ကျနော်တို့ ဒီတိုက်ကြီးမှာဆိုရင် ည ၁၂ နာရီ ၁ ချက်မှာ ညဈေးတန်း ကုန်ဈေးတန်းရှိတယ်။ ကုန်စိမ်းသည်တွေ အများကြီး ဒုက္ခရောက်တယ်။ ကျနော်တို့ ဒီ ညဈေးတန်းလေးရှိတယ်။ ၅ နာရီထိုး ပိတ်ဆိုကတည်းက ညဈေးတန်းဆိုတာက ၅ နာရီလောက်က စဖွင့်တာလေ။ မရှိတဲ့ လက်လုပ်လက်စားသမားတွေကတော့ အများကြီး ဒုက္ခရောက်တယ်ပေါ့။”

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာလည်း ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတုန်းက ဆူပှုအကြမ်းဖက် လုပ်ရပ်တချို့ကို စတင် ဖန်တီးခဲ့သူတွေနဲ့ ကိုယ်တိုင် ကျူးလွန်ခဲ့သူတွေကို အာဏာပိုင်တွေက အရေးယူမှုတွေ ဆောင်ရွက်နေသ လို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေ မတက်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆူပူအောင် လှုံ့ဆော်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့ သူ့ရဲ့ လစဉ်မိန့်ခွန်းတွေမှာ ပြောဆိုနေတာလည်း ဖြစ်ပါ တယ်။

(VOA)  မှ

မြန်မာနိုင်ငံ ဘာသာရေးအကြမ်းဖက်မှု Dalai Lama ဝေဖန်

 တိဘက်ဘုန်းတော်ကြီး Dalai Lama 
တိဘက်ဘုန်းတော်ကြီး Dalai Lama
ကိုသားညွန့်ဦး
08.05.2013

မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးခေါင်းစဉ်နဲ့ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တာဟာ အင်မတန်ကို ၀မ်းနည်းစရာ ကောင်းပါတယ်လို့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) က ပြောပါတယ်။ မူဆလင်လူမှု အသိုင်းအ၀ိုင်းအပေါ်မှာလည်း စိတ်ခံစားမှုတွေ ဖြစ်လာတဲ့အခါမှာ ဗုဒ္ဓမြတ်စွာဘုရားကို သတိရကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာမိခင်တွေ အခြေအနေ ကမ္ဘာမှာ နိမ့်ကျနေဆဲ

 မွေးကင်းစကလေးငယ်တွေကို သူနာပြုက ဂရုစိုက်ကြည့်ရှုနေစဉ် (၂၁ ဧပြီ ၂၀၁၁) 
မွေးကင်းစကလေးငယ်တွေကို သူနာပြုက ဂရုစိုက်ကြည့်ရှုနေစဉ် (၂၁ ဧပြီ ၂၀၁၁)
ဗွီအိုအေ (မြန်မာပိုင်း)
08.05.2013

အမေရိကန်ပြည်ထောင်စုအပါအ၀င် ကမ္ဘာပေါ်က တိုင်းပြည်အတော်များများ မှာ မွေးကင်းစကလေး ကျန်းမာရေးဟာ အတော်ကြီးကို အန္တရာယ်ကြီးတဲ့ အနေအထားမှာ ရှိနေတယ်လို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ Save the Children အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အင်္ဂါနေ့တုန်းက မိခင်များဆိုင်ရာ နိုင်ငံတကာ အစီရင်ခံစာတစ်စောင်ကို Save the Children အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

 အစီရင်ခံစာအရဆိုရင် တစ်နှစ် တစ်နှစ်ကို မွေးကင်းစ ကလေးငယ် တစ်သန်းဟာ မွေးဖွားပြီးပြီးချင်းမှာပဲ သေဆုံးခဲ့တယ်ဆိုပြီး သုံးသပ် ဖော်ပြထားပါတယ်။ အစီရင်ခံစာထဲမှာ မိခင်တွေနဲ့ပတ်သက်လို့ အရည်အသွေး အကောင်းဆုံးအဆင့်တွေကို သတ်မှတ်ဖော်ပြရာမှာ ဖင်လန်နိုင်ငံက ထိပ်ဆုံးမှာရှိနေပြီး၊ ကွန်ဂိုနိုင်ငံက မိခင်တယောက်အတွက် အဆိုးဆုံး အခြေအနေအဖြစ် သတ်မှတ်ဖော်ပြပါတယ်။

မိခင်တွေရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံကို သုံးသပ်ထားရာမှာ မြန်မာနိုင်ငံကတော့ အဆင့် ၁၅၂ နဲ့ အတော်လေး အောက်ပိုင်းမှာ ရှိနေပါတယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့် ရှိတဲ့နေရာမှာလည်း ၄ ဒဿမ ၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဖော်ပြပါတယ်။ အသက် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းမှာလည်း တစ်ထောင်မှာ ၆၂ ဒဿမ ၄ ရှိတယ်လို့ ဖော်ပြထားပါတယ်။

မိခင်တွေရဲ့ အရည်အသွေးမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ နံပါတ် ၈၀၊ ဘင်္ဂလားဒေ့ရှ်က နံပါတ် ၁၃၆ ရှိတာမို့၊ မြန်မာဟာ အာရှမှာ အောက်ဆုံးက လိုက်နေပြီး မြန်မာအောက်မှာ အာဖရိကတိုက်နိုင်ငံတွေ အများစု တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာအထက်မှာ ရှိပေမဲ့၊ မွေးကင်းစ ကလေးငယ် သေဆုံးမှုနှုန်း မှာတော့ အမြင့်ဆုံးမှာ ရှိနေပါတယ်။ အိန္ဒိယမှာ တစ်နှစ်တစ်နှစ်ကို မွေးဖွားစ ကလေးငယ် သုံးသိန်းကျော် သေဆုံးမှု ရှိတယ်လို့ ဖော်ပြပါတယ်။

(VOA)   မှ

မလေးရှားရွေးကောက်ပွဲရလဒ် ကန့်ကွက်ဆန္ဒပြ

 
ဗွီအိုအေ (မြန်မာပိုင်း)
08.05.2013

မလေးရှားနိုင်ငံမှာ အတိုက်အခံတွေက မသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက် ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးမှာ ဖြစ်တဲ့ အကြောင်း ရဲတပ်ဖွဲ့က သတိပေးထားတဲ့ကြားကပဲ လူပေါင်းထောင်သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ

 
ဗွီအိုအေ (မြန်မာပိုင်း)
08.05.2013

တရုတ်အနေနဲ့ Cyber အင်တာနက်ဆိုင်ရာ မသမာမှုတွေလုပ်ပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ စစ်ရေးစီမံကိန်းတွေကို ရယူဖို့ ကြိုးစားတယ်ဆိုတဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန အစီရင်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပါတယ်။

အင်ဒိုနီးရှားရဲနဲ့ ပစ်ခတ်မှုအတွင်း သံရုံးတိုက်ခိုက်ဖို့ ကြံစည်သူအဖြစ် သံသယရှိသူ ၃ ဦးသေဆုံး

 အင်ဒိုနီးရှားရဲတွေနဲ့ သံရုံးဗုံးခွဲဖို့ ကြံစည်သူတွေအဖြစ် သံသယရှိသူတွေကြား ပစ်ခတ်မှုဖြစ်  
အင်ဒိုနီးရှားရဲတွေနဲ့ သံရုံးဗုံးခွဲဖို့ ကြံစည်သူတွေအဖြစ်
 သံသယရှိသူတွေကြား ပစ်ခတ်မှုဖြစ်
ဗွီအိုအေ (မြန်မာပိုင်း)
08.05.2013

အင်ဒိုနီးရှားနိုင်ငံမှာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းသူတွေလို့ သံသယရှိသူတွေကို နောက်ထပ် လိုက်လံဖမ်းဆီးရင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားရာက စစ်သွေးကြွ ၃ ယောက် သေဆုံးသွားပြီး အနည်းဆုံး တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

8.5.2013 မြန်မာနဲ့နိုင်ငံတကာသတင်းများ

အင်ဒိုနီးရှားက မြန်မာသံရုံးအခြေအနေတည်ငြိမ် နေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနပြော၊  မိတ္ထီလာအကြမ်းဖက်မှု  မှာပါဝင်ပက်သက်သူ တွေကို ထပ်မံတရားစွဲဆို၊ ကုလမြို့ပြဆိုင်ရာကော်မတီ အကြီးအကဲနဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း ... စသည်

7.5.2013 မြန်မာနဲ့နိုင်ငံတကာသတင်းများ

 
ရခိုင်ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်၊ အင်ဒိုနီးရှားနိုင်ငံမှာ ဖျော်ဖြေဖို့ ပြင်ဆင်ထားတဲ့ အမေရိကန် Aerosmith ရော်ခ် တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ဖျက်သိမ်း...စသည်

Tuesday, May 7, 2013

စစ်အောင်၊ ဆိတ်ဖွား အလဲဗန်း မကျေနပ်ချက်များနှင့် ကြားဖောက် မောင်ကာဠု”


 
ဖေ့ဘွတ်မှာ လူထုမောင်ကာဠုနဲ့ အေးချမ်းမွန် ရန်စောင်ကြတယ် ဆိုတာတွေ့လိုက်ရတယ်….. ဘယ် လိုများ ရန်စောင်သလဲ ကြည့်ကြည့်တယ်….. ကိုယ်တွေလို အသေအလဲ သတ်မလား မှတ်တယ် အခြောက် များ ခွက်စောင်းခုတ်သလို ညဉ်းက၊ ငါကနဲ့ အဆင့်က တက်ကိုမလာဘူး…… တကယ်တောင့် မောင်ကာဠု ဆို တာ နအဖ လက်ထက် သတင်းစာကို အီးကုန်းစက္ကူ၊ ပစ္စည်းထုတ် စက္ကူဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ တဲ့ အပုတ်ချ ဆောင်းပါးရေးတဲ့ အဆင့်က မတက်နိုင်ဘူး........

ဒါဖြင့် အေးချမ်းမွန်ကကော ဘာထူးလဲမေးရရင်တော့ ဟိုလူ့ဟာ လိုက်ကူး၊ ဒီလူ့ဟာ လိုက်ကူး ခရက်ဒ စ်ပေး ဖို့ဆို ဝက်ရူးပြန်နေလား မှတ်ရလောက်အောင် ဟန်ဆောင်ကောင်းတဲ့ ပေ့ခ်ျတစ်ခုထက် မပိုဘူး…. တစ်ချိန်က ဒီမိုဖက်တီး သူများစတေးတပ်တွေ ပေါ်တင်ခိုးကူးတဲ့ အဆင့်ထက် မပိုဘူး…… အေးချမ်းမွန်နဲ့ မောင်ကာ ဠု ဘာကွဲလဲဆိုတော့ မောင်ကာဠု လူသောက်မြင်ကပ်တယ်၊ အေးချမ်းမွန်က အထာနပ်တယ် လူ ကြိုက် များအောင် နေတယ်….. နှစ်ခုစလုံး ဝါဒဖြန့် ပေ့ခ်ျတွေပဲ……. အတုံးလိုက် အတစ် လိုက်ဖြန့် တာ နဲ့ ပါးပါးလေး ဇောင်းသွင်းတာပဲ ကွာတယ်….. ပေ့ခ်ျနှစ်ခု ကွိုင်တက်တာကလည်း တကယ် တန်းပြော ရရင် စကားများတယ်ဆိုပီး လူအာရုံစိုက်အောင် စွဲယူတယ်၊ တစ်ခုနဲ့တစ်ခု ရောင်တော်ဖွင့်ပေးနေတယ်လို့ ခံစား ရတယ်…… ဒိထက်ပိုပီး စိတ်မဝင်စားမိဘူး…….

အဲ့ဒါကြီးကို တကူးတက အလဲဗင်းက ဆောင်းပါးတွေ ဘာတွေ ရေးတင်လာတာတွေ့တော့ အံ့သြ သွားတယ်…… ဖတ်ကြည့်တော့ သောက်တလွဲ၊ အဓိက ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကို ရှေ့တန်းတင် ထား တယ်…… အတိတ်ဟောင်းက ရန်ကြွေးတွေ ထုတ်လာတယ်….. လူထုမောင်ကာဠုကို လူတွေ မကျေနပ် ချိန်မှာ ဆိတ်ဖွားနဲ့ တစ်တန်းတဲ တန်းဆွဲတင်လိုက်ပီး စစ်အောင်၊ ဆိတ်ဖွား၊ မောင်ကာဠု တစ်ယောက် တည်း ဆိုတဲ့ ပုံစံ ဖော်လာတယ်…….

ဒါဖြင့် သူတို့ဘာလို့ စစ်အောင်အကောင့်ဟာ ဦးရဲထွဋ်လို့ စွတ်စွဲသလဲ မေးစရာ ရှိလာတယ်….. တစ်ချိန် က စစ်အောင်အကောင့်ဟာ ချောက်ကမ်းပါး အစွန်းလေးမှာ မတ်တတ်ရပ်ရင်း လက်နှစ်ဖက်ကို ကားထား တဲ့ ပုံကို တင်ထားတယ်….. အဲ့ဒိအချိန်က ဦးရဲထွဋ်ရဲ့ အကောင့်မှာလည်း အဲ့ဒိဓါတ်ပုံရှိတယ်….. အလဲဗင်း က အယ်ဒီတာ ဝေဖြိုးဟာ အဲ့ဒိအချိန်က အွန်လိုင်းမှာ ကြောင်ပေါက်စလေးများလို အလွန့်ကို စွာတေး လန်နေ ချိန်ပါ…… ဒီမိုဖက်တီးနဲ့လည်း နပန်းသတ်လိုက်၊ တရားစွဲမယ်လုပ်လိုက်၊ ဟိုလူ့ကို ခြိမ်းခြောက်ပီး တရားစွဲမယ် လုပ်လိုက်၊ ဒီလူ့ကို ခြိမ်းခြောက်ပီး တရားစွဲမယ်လုပ်လိုက်နဲ့ လူစွာလုပ်နေချိန် ဖြစ်တဲ့အတွက် အဲ့ဒိတော့ စစ်အောင်ဟာ ဦးရဲထွဋ်ဆိုပီး တစ်ထစ်ချ စွတ်စွဲခဲ့တယ်…..

အဲ့ဒိအချိန်က ဦးရဲထွဋ်ကလည်း အဲ့ဒိဓါတ်ပုံဟာ နိုင်ငံခြား တိုင်းပြည်တစ်ခုက ကမ္ဘာလှည့် ခရီးသွားတွေ သွားလေ့ ရှိပီး ဓါတ်ပုံရိုက်လေ့ ရှိတဲ့အချိန်မှာ သူ့ကို တစ်ယောက်က အဲ့ဒိမှာ သွားရပ်ရဲလားမေးလို့ သွား ရပ် ရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးပါလို့ ဖြေတယ်…… ဒါပေမယ့် သူများကင်မရာနဲ့ ရိုက်တာဖြစ်လို့ ကင်မရာ ပိုင်ရှင် အလွဲသုံးစားလုပ်ရင် မတတ်နိုင်ဘူး၊ ကင်မရာပိုင်ရှင် ဘယ်သူဆိုတာတော့ ထုတ်မပြောချင်ဘူးလို့ ဆိုခဲ့တယ်…….

ကိုစစ်အောင်က ဒီဓါတ်ပုံကို သူအင်တာနက်က ရှာခဲ့တဲ့အကြောင်း၊ မထင်မှတ်ပဲ ဦးရဲထွဋ်ကို ထိခိုက်သွား ခဲ့တာလည်း မက်ဆေ့ခ်ျပို့ တောင်းပန်ထားတဲ့အကြောင်း ရေးခဲ့ပါတယ်….. ဒါပေမယ့်လည်း ဝေဖြိုးဟာ အသေညှိုးပီး စစ်အောင်ကို ဒီအစိုးရလက်ထက်မှာ တရားစွဲမရရင် နောင်တက်လာတဲ့ အစိုးရလက်ထက်၊ ဒါမှ မဟုတ် တရားစွဲလို့ရတဲ့ အစိုးရလက်ထက်အထိ တရားစွဲမယ်လို့ကို ခါချဉ်ကောင် မာန်ကြီးစွာ ကြိမ်း ဝါးခဲ့ ပါတယ်….. ကိုစစ်အောင်နဲ့ သူတို့ဘာတွေ ငြိခဲ့သလဲဆိုရင် ကျွန်တော်မှတ်မိသလောက် ကိုစစ်ေ အာင် ပြောခဲ့တာက ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကြိုးနီစနစ် မပျောက်တဲ့၊ သက်ဦးဆံပိုင် ဘုရင်စ နစ် ဆန်တဲ့ ရုံးတွင်း ဆက်ဆံရေးကို ရေးခဲ့တာပါပဲ.……

ကိုစစ်အောင်က စေတနာနဲ့ နာမည်ကြီး မီဒီယာတစ်ခုအနေနဲ့ အဲ့ဒိလိုပုံစံတွေ ပြုပြင်သင့်တယ်၊ ဒေါက်တာ သန်းထွဋ်အောင်ရဲ့ အခန်းထဲကို ဘယ်သူမဆို ဝင်ရင် ဖိနပ်ချွတ်ဝင်ရတယ်၊ တအားရို့ကျိုးရတယ်….. သူတို့ဝင်သွားတဲ့အချိန်မှာ သူတို့က ဒီအတိုင်း ဖိနပ်စီးပီးဝင်သွားချိန် အလဲဗန်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ဝေဖြိုး ဟာ အခန်းဝမှာ ဖိနပ်ချွတ်ဝင်လာရတယ်…… ဂျာနယ်တိုက်ရဲ့ အယ်ဒီတာချုပ်တောင် ဒီလိုဖြစ်နေ ရင် အောက်ခြေဝန်ထမ်းတွေဟာ အခြေအနေမကောင်းနိုင်ဘူး အစရှိသဖြင့် သုံးသပ်ခဲ့တာမယ် ဝေဖြိုး ဆက် ဆက်ခါ နာကျည်းခဲ့ရတယ်…… ဒေါက်တာသန်းထွဋ်အောင်နဲ့ အဲ့ဒိအချိန်က လာတွေ့ခဲ့တာ ဦးရဲထွဋ် ပဲ၊ သူ့ဟာသူ သူ့စီအီးအိုကို လေးစားတာကို စော်ကားတယ် ဆိုတဲ့ ပုဒ်မတွေနဲ့ ဦးရဲထွဋ်ကို စတွယ်ခဲ့ တာ ပါပဲ……..

ကိုစစ်အောင်အကောင့် ဖေ့ဘွတ်ကနေ ပျောက်သွားပီး ထပ်မံပေါ်လာတာက ဒေါက်တာဆိတ်ဖွား…… ဒေါက် တာ ဆိတ်ဖွားကလည်း စ လာကတည်းက ၁၁ ကိုတွယ်ခဲ့တယ်…. ၁၁ နဲ့ ဆန့်ကျင်ဘက် ဆို တာတွေပဲ ရေးခဲ့တယ်…… အဲ့ဒိအချိန်မှာ ၁၁ က ဝေဖြိုးလည်း စာတတ်သွားပုံရတယ် သူ့ရဲ့ မူရင်း အကောင့် နဲ့ ဖဲ့တာမတွေ့တော့ဘူး…… အခုနာမည်တွေ ပြောင်းထားကြတဲ့ အကောင့်တွေကနေ အဲ့အချိန် တုန်းက တော်တော်တွယ်ခဲ့ကြတယ်……

ဒေါက်တာဆိတ်ဖွားကနေ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ကား Showroom ကိစ္စ၊ အခုအစိုးရရဲ့ ပေါ်လ စီကြောင့် ဒေါက်တာသန်းထွဋ်အောင်ရဲ့ စီမံကိန်း အချီကြီးပျက်ဆီးခဲပီး၊ ငွေအမြောက်အများ ရင်းထားမှု ဆုံးရှုံးခဲ့သည့် ပုဂ္ဂလိက ခံစားချက်ကို ရှေ့တန်းတင်ပီး လက်ရှိ အစိုးရနဲ့ ကားတွေကို ဈေးဖြုတ်ချခဲ့တဲ့ ဝန်ကြီးဦးစိုးသိန်းကို မဲနေမှုမှာ မဖြစ်သင့်ကြောင်း ရေးခဲ့တဲ့အပေါ်မှာ အဆိုပါမျက်နှာဖုံးစွတ်အကောင့်တွေ တော်ေ တ်ာလေး ဝိုင်းတွယ်ခဲ့ကြပါတယ်….. အဲ့ဒိအချိန်ကစပီး ၁၁ လည်း ကံဇာတာညှိုးနေချိန်လို့ ပြောလို့ ရပါတယ်….. လူတွေရဲ့ ဝေဖန်မှုတွေကို တော်တော်လေး စ ခံနေရပီး မှတ်ချက်ဖျက်တာတွေ၊ ဘလော့ တာတွေ ပြုလုပ်လာခဲ့တာပါပဲ……

ဒါဆိုရင် ၁၁ နှင့် စစ်အောင်၊ ဆိတ်ဖွား မကျေနပ်မှုမှသည် ဦးရဲထွဋ် အစွတ်စွဲခံရသည်မှသည် ဦးစိုးသိန်းကို နည်းပေါင်းစုံနဲ့ သိက္ခာချဖို့ ကြံစည်ခဲ့တာတွေဟာ ဘာတွေနဲ့ ပါတ်သက်နေသလဲ သိနိုင်မှာပါ….. ၁၁ ရဲ့ မောင်ကာဠုနဲ့ ပါတ်သက်တဲ့ ဆောင်းပါးမှာ မောင်ကာဠုဆိုဒ်ဟာ သူများမရတဲ့သတင်း၊ ဓါတ်ပုံတွေ ရတယ် အစရှိသဖြင့် စွတ်စွဲထားတာ တွေ့ပါတယ်…… ၁၁ စွတ်စွဲတာတွေ မှန်တာ မှားတာ ကျွန်တော် စိတ်မဝင်စားပါ…… ကျွန်တော်စိတ်ဝင်စားနေတာ သူတို့ပြောတဲ့ သူများမရတဲ့သတင်း၊ သူများမရတဲ့ ဓါတ်ပုံတွေဆိုတာပါပဲ…..

ဒီနေရာမှာ ဖေ့ဘွတ်မှာ ယနေ့ နာမည်ကြီးအောင် နည်းပေါင်းစုံနဲ့ ရေလိုက်ငါးလိုက် လိုက်နေတဲ့ အေ ကာင့် တိတိပပ ဆိုရရင် နှစ်ကောင့်ရှိပါတယ်….. အဲ့ဒိအကောင့်တွေဟာ နာမည်ကြီးမယ့် ပေါ်ပင်ကို အမြဲ လိုလို လိုက်ရေးလေ့ရှိပီး၊ သူတို့လိုချင်တဲ့ဘက်ကို ဇောင်းပေးရေးလေ့ရှိပါတယ်…….. သူတို့ရဲ့ လမ်းေ ကြာင်း နဲ့ ထိပ်တိုက်ဖြစ်လာရင် မည်သူ့ကိုမဆို နည်းပေါင်းစုံနဲ့ နာမည်ဖျက်ဖို့ တွန့်လေ့မရှိပါဘူး….. ဒေါ်စု ရဲ့ ခရိုနီတွေဟာ အပြစ်မရှိဘူးလို့ ယေဘူယျ ဆိုခဲ့တဲ့ စကားကိုတောင် မကျေမနပ်နဲ့ ရေးခဲ့ပေမယ့် လူတွေ လက်မခံချိန်မှာ ချက်ခြင်း မေမေစု၊ အမေစုနဲ့ ပုံပြောင်းခဲ့တာတွေ မှတ်မိသူတွေ ရှိပါတယ်…..

အဆိုပါ ဖေ့ဘွတ်အကောင့်တွေဟာ သူများမရတဲ့သတင်း၊ သူများမရတဲ့ ဓါတ်ပုံ၊ သူများမရတဲ့ ဒေတာ၊ အချ က် အလက်တွေ အတိအကျ ရတတ်သလို၊ သူတို့ရေးတဲ့ ဆောင်းပါးတွေဟာ ရှေ့ပြေးလို ဖြစ်နေတတ်ပီး သိပ်မကြာခင်မှာ ၁၁ မှာ ခေါင်းကြီးပိုင်း အာဘော်၊ စီအီးအိုအာဘော် အနေနဲ့ပြန်လည် ကောက်နှုတ် သုံး သပ် ထားတာမျိုး တွေ့ခဲ့ရပါတယ်…… ဥပမာအားဖြင့် ကားစလစ်ကိစ္စ၊ ဓါတ်ငွေ့ပိုက်လိုင်းကိစ္စ (ဓါတ် ပုံတွေပါ တူနေခဲ့ပါတယ်) ဒေါ်စုရဲ့ ခရုနီကိစ္စ၊ ဝန်ကြီး ဦးစိုးသိန်း ယခင်က နိုင်ငံပိုင် စက်ရုံ အရောင်းအဝယ် ပွင့်လင်းမြင်သာခြင်း မရှိမှု အစရှိတဲ့ ဆောင်းပါးတွေ၊ စာတွေပဲ ဖြစ်ပါတယ်…..

အဆိုပါ အကောင့်တွေရဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်လာတဲ့ အရေးအခင်းတွေပေါ်မူတည်ပီး တရားလက်လွတ် ပြော ဆိုမှု၊ ဆူပူအောင် လှုံ့ဆော်မှု၊ သွေးထိုးမှုတွေနှင့် တာဝန်ယူမှု မရှိခြင်းတို့များစွာ ရှိခဲ့ပါတယ်…… သို့ဖြစ် သည့် အတွက် အဆိုပါ ပုဂ္ဂိုလ်တို့၏ ဆောင်းပါးများအား အယ်ဒီတာ့အာဘော်၊ စီအီးအို အာဘော် အနေနဲ့ သုံးခဲ့တဲ့ အလဲဗန်းက ဘယ်လိုဖြေရှင်းမလဲ စိတ်ဝင်စားမိပါတယ်……

ဒီစာရေးတဲ့အတွက် မောင်ကာဠုလည်း ကာကွယ်ဖို့ စိတ်ကူးမရှိသလို၊ ဦးရဲထွဋ်၊ ဦးစိုးသိန်းနဲ့ ပါတ်သက် လို့ လည်း မည်သို့မျှ မဝေဖန်လိုသလို၊ ကာကွယ်ခြင်း မရှိပါ…… ၁၁ ရဲ့ ကိုယ်ဖြစ်စေချင်သလို မဖြစ်လာ တဲ့ အခြေအနေတွေအပေါ်မှာ မိမိပိုင်တဲ့ မီဒီယာကို လက်နက်သဖွယ် အသုံးပြုပြီး ဒေါသဂတိ၊ မောဟ ဂတိ နဲ့ ဆန္ဒဂတိပြင်းပြင်းနဲ့ မကျေနပ်သူများကို တိုက်ခိုက်ရင်း စာဖတ်သူတွေကို မှိုင်းတွေ ရိုက်သွင်းနေ မှုကြောင့် ရေးခြင်း ဖြစ်ပါတယ်…..

ကျွန်တော့်သဘောက ရှင်းပါတယ် မည်သည့်ဝန်ကြီးမျှ ကာဗာပေးရန် မရှိပါ…… ကောင်းသောသူ ကောင်း ရာ လမ်း သွားမှာပါ၊ မကောင်းသောသူ သူပြုသည့် မကောင်းမှု အကုသိုလ်ကံ များခြင်း နည်းခြင်း အပေါ် တွင် မူတည်ပီး အကျိုးပေး ဘဝ မကူးတတ်ဘူးလို့ ယုံကြည်ပါတယ်…… ထို့အတူ ဝန်ကြီး မကောင်းခြင်း သည် “ယနေ့လိုမျိုးအချိန်တွင်” အစိုးရတစ်ရပ် ဆင်းသွားသည်နှင့် အဆိုပါ ဝန်ကြီးမှာ နောက် အစိုး ရလက် ထက်တွင် ရွေးချယ်ခြင်း မခံရလျင် သာမန်လူဖြစ်သွားမည် ဖြစ်သကဲ့သို့ ၎င်းဝန်ကြီးလက်ထက်က မတရားမှု မှန်သမျှ တရားစွဲမည်ဆိုပါက တရားစွဲနိုင်ခွင့် အပြည့်အဝရှိပေသည်…..

သို့ရာတွင် မီဒီယာဟူသည်မှာ ရေရှည်တည်တံ့နေမည်ဖြစ်ပါသည်…… The easiest thing to find is fault ပါ…. အိမ်နီးခြင်း အရှေ့တောင်အာရှ နိုင်ငံများနှင့် အပြတ်အသတ် ကွာနေတဲ့ အမိနိုင်ငံအတွက် အပြန် အလှန် လက်ညှိုးထိုးနေရင် တိုးတက်နိုင်မှာမဟုတ်ပါ…Teamwork is working together — even when apart လို့ဆိုပါတယ်….. နိုင်ငံတိုးတက်ဖို့ နိုင်ငံသားတိုင်း ကျရာကဏ္ဍမှ စုပေါင်းသွားမှ အားလုံး လူတန်း စားမျှမျှ တိုးတက်လာနိုင်မှာပါ…… ထိုကဲ့သို့ ဒေါသဂတိ၊ မောဟဂတိနဲ့ ဆန္ဒဂတိတို့အား ရှေ့တန်း တင်၍ ရေးနေခြင်းမျိုးမှာ မဖြစ်သင့်ဟု မြင်မိသည့်အတွက် မြင်သမျှကို အများသိစေရန် ရေးရခြင်း ဖြစ်ပါ သည်……
James Mint —

Oppositeyes


တင်ပြီးသား post များ

3D