သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, May 5, 2013

မိမိကိုယ်ကိုခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုသတယ်ဆိုတာ ခံရတဲ့သူအတွက် တော်တော်မသက်သာတဲ့ အလုပ်ပါပဲ.... ဒါကြောင့် အခြေအနေတော်တော်ဆိုးမှသာ ခွဲစိတ်ကုသခံကြသလို ခွဲစိတ်တဲ့အခါမှာလည်း ထုံဆေး.. မေ့ဆေးတွေ သုံးပြီး ဝေဒနာသက်သာအောင် လုပ်ဆောင်ကြရပါတယ်... ဒီလိုလုပ်တာတောင် အသက်နဲ့အများကြီးရင်းရပါသေးတယ်... ဒါပေမဲ့ အဲဒီလိုခွဲစိတ်ကုသတဲ့အလုပ်ကို ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ပြုလုပ်ခဲ့တယ်ဆိုတာကတော့ မယုံကြည်နိုင်စရာပါပဲ... အဲ့ဒီသူကတော့ ရုရှားဆရာဝန် Leonid Ivanovich Rogozov ဖြစ်ပါတယ်...
သူဟာ ၁၉၆၀-၁၉၆၁ ခုနှစ်အတွင်း ဆိုဗီယက်ရဲ့ ခြောက်ကြိမ်မြောက် အန္တာတိကလေ့လာရေးခရီးမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်... အဲ့ဒီအချိန်က အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ Leonid Rogozov ဟာ Novolazarevskaya စခန်းရဲ့ တစ်ဦးတည်းသော ဆရာဝန်လည်းဖြစ်ပါတယ်... ၁၉၆၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မနက်ပိုင်းမှာ Rogozov ဟာ နေထိုင်မကောင်းဖြစ်ပြီး ပျို့အန်ချင်သလိုဖြစ်ကာ ဖျားနာလာပါတော့တယ်... နောက်ပိုင်းမှာ ဝမ်းဗိုက်ညာဘက်အောက်ပိုင်းက နာကျင်မှုကိုပါ ခံစားလာရပါတယ်... သမားရိုးကျကုထုံးတွေအကုန်လုံးနဲ့ ကုသပေမဲ့လည်း မထိရောက်ခဲ့ပါဘူး... ဧပြီ ၃၀ ရက်နေ့မှာတော့ သူ့အခြေအနေက ပိုဆိုးလာပါတယ်... အနီးဆုံး ဆိုဗီယက်စခန်းဖြစ်တဲ့ Mirny ဟာလည်း Novolazarevskaya ကနေ ၁၆၀၀ ကီလိုမီတာ (မိုင် ၁၀၀၀) ဝေးကွာပါတယ်... တခြားနိုင်ငံတွေက အန္တာတိကသုတေသနစခန်းတွေမှာလည်း လေယာဉ်တွေမရှိပါဘူး... နှင်းမုန်တိုင်းသည်းနေတဲ့ အခြေအနေကြောင့် လေယာဉ်တွေဆင်းလို့မရပါဘူး... ဒါကြောင့် Rogozov အနေနဲ့ ကိုယ့်ကိုခွဲစိတ်ကုသဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပါဘူး...
ခွဲစိတ်ကုသမှုဟာ ဧပြီ ၃၀ ည ၁၀ နာရီ မှာစတင်ခဲ့ပြီး အချိန် ၁ နာရီနဲ့ ၄၅ မိနစ်ကြာခဲ့ပါတယ်... ယာဉ်မောင်းတစ်ယောက်နဲ့ မိုးလေဝသပညာရှင်တစ်ယောက်ရဲ့ အကူအညီနဲ့ ခွဲစိတ်မှုကိုလုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်... သူ့ကိုယ်သူထုံဆေးပေးပြီး အူအတက်ကို ခွဲစိတ်ဖြတ်တောက်ခဲ့ပါတယ်... သူ့အနေနဲ့ ကိုယ့်ဝမ်းဗိုက်ကိုမမြင်နိုင်တဲ့အတွက် မှန်ကနေတစ်ဆင့်ကြည့်ပြီး ခက်ခက်ခဲခဲခွဲစိတ်ခဲ့ရပါတယ်... နာရီဝက် မိနစ် ၄၀ လောက်မှာ သူခံစားနေရတဲ့ဝေဒနာတွေ သက်သာစပြုလာပါတယ်... ဒါကြောင့် ခဏအနားယူလိုက် ပြန်ခွဲစိတ်လိုက်နဲ့ ဆက်လက်လုပ်ဆောင်ခဲ့ပြီး သန်းခေါင်ယံလောက်မှာ ခွဲစိတ်ကုသမှုပြီးဆုံးခဲ့ပါတယ်... ခွဲစိတ်ကုသမှုပြီးဆုံးချိန်မှာတော့ Rogozov ရဲ့ ဝေဒနာတွေ ပျောက်ကင်းသလောက်ရှိသွားပါပြီ... ငါးရက်ကြာတဲ့အခါ သာမန်ကိုယ်အပူချိန်ကိုရောက်ရှိပြီး ခွဲစိတ်ပြီး ၇ ရက်အကြာမှာ ချုပ်ရိုးဖြည်ခဲ့ပါတယ်... နှစ်ပတ်အကြာမှာတော့ သူ့ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်ပြီဖြစ်ပါတယ်... ၁၉၆၁ ခုနှစ်မှာ သူဟာ Order of the Red Banner of Labour ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်...
Leonid Rogozov ရဲ့အကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်...
http://en.wikipedia.org/wiki/Leonid_Rogozov
ဒါကတော့ ကိုယ့်ကိုခွဲစိတ်တဲ့သူတွေရဲ့အကြောင်းပါ..
http://en.wikipedia.org/wiki/Self-surgery

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D