သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, May 5, 2013

အရိုးကိုက်၍ အသံမြည်သည့်ကိစ္စ

February 12, 2013Home, ဆောင်းပါး
လေဗျောက်အိုးတို့ မြန်မာ တွေဟာ အတော်ကိုခက်သည်။ ၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေထုတ်ပြန်ပြီး အရေးယူခဲ့စဉ်က အင်မတန် ပေါ်ပျူလာအဖြစ်ဆုံး ပုဒ်မမှာ ဖိုးဝမ်းစီဖိုးတူးဖြစ်သည်။ ဒါကြီးကို အတိုကောက်အားဖြင့် ပုဒ်မ (၄) ဟု ခေါ်တွင်ပြီးသကာလ ခပ် တည်တည်ဖြင့် နှိမ်နင်းနေတုန်း နောင်တွင် ကာလရွေ့လျားလေ သောအခါ ပုဒ်မ (၄)ဆိုသည့် တားမြစ်ချက်ဥပဒေကို ဖီဆန်၍ ပုဒ်မ(၄)၏ ပြောင်းပြန်(ပေးမှလုပ်) ဟုဆိုပြီး သကာလ ပို၍ပို၍ပင် ရေပန်းစားလာခဲ့ပြန်ရာ လာဘ် ပေးလာဘ်ယူကိစ္စတော်ကြီးခမျာ ဘိုးဘိုးအောင် ၀လုံးပမာ(၁)လုံး ဖျက်တိုင်း (၂)လုံးပေါ်ပေါက်နေ ချေတော့သည်။
ဒီကိစ္စကို ရှေးလူကြီးများ အတော်လုပ်သွားခဲ့ပြီးဖြစ်၍ အပြစ်သဘောပြောဆိုရန် အစီ အစဉ်မရှိပါ။ နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနုသည် လွတ်လပ်ရေးရရ ခြင်း စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်၍ ထိုစဉ်ကတည်း က (သန့်ရှင်းသောအစိုးရ)ဆို သည့် ပဋိသန္ဓေစိတ်က တည်ခဲ့ ပါသည်။ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ (အတိုကောက်အခေါ်(စ) သုံးလုံး)ကို ဦးနုက ဖွဲ့စည်းပြီး (၀) (၂)လုံးကို စ(၃)လုံးက ပွတ်ချေ ဖျောက်ဖျက်ရန် Duster ဘောဖျက်ပမာ အသုံးချခဲ့လေသည်။ အောင်မြင်သင့်သလောက် အောင်မြင်သော်လည်း ခေတ် တွေစနစ်တွေ (မရိုးစတမ်း ကြည် နူးပြီးသကာလ (ဖိုးဝမ်းစီဖိုးတူး) ခမျာ လူမသမာတွေလက်ချက် ဖြင့် ဂိုးရှူးခံခဲ့ရှာလေပေတော့ သတည်း။
ထိုရောအခါကျမှ လေ ဗျောက်အိုး (ငမိုက်သား) ကြက်သီးဖိန့်ဖိန့်ထသွားသည်။ ဒါ့ ကြောင့် ဆရာမင်းသုဝဏ်က မြန်မာနိုင်ငံကို ပျဉ်းမငုတ်တိုဖြင့် ခိုင်းနှိုင်းပြီး “ခွဆုံအကွေးသစ် ခေါင်းဆွေး၌ ကျယ်စွာဟောက် ပက် ခြအိမ်ပျက်”ရယ်လို့ ပက် ပက်စက်စက်ဖွဲ့ဆိုပြီး ဟက်ဟက် ပက်ပက် ရယ်သွမ်းသွေးခဲ့လေ သကိုး။ ဆရာကြီးကဗျာရေးစဉ် ကတည်းက ဆရာကြီးကိုယ်တိုင် မမြင်ချင်အဆုံး၊ မကြားချင်အဆုံး ဖြစ်နေသော ပျက်စီးလတ္တံ့အခြေ အနေ အနိဋ္ဌာရုံကို လင်းတရုပ် လိုဖြစ်နေရှာသည့် (ပျဉ်းမငုတ်တို) ဖြင့် တွဲစပ်ဖော်ပြခဲ့လေ၏။ အံ့သြ လေးစားဖွယ်ကောင်းလေစွ။ ထူး ဆန်းလိုက်လေ။
တလောလေးဆီက အင် တာနက်ဖေ့(စ်)ဘုတ်ပေါ်၌ နာ မည်ကြီးရေပန်းစားနေသော ကာ တွန်းဆရာဟာဂျူလီ(ကသာ)နှင့် ဟံသာဝတီသတင်းစာဆရာကြီး ဦးဝင်းတင်တို့၏ ပူစပ်ပူလောင် ဆွေးနွေးခန်းလေးကို RFA လှိုင်းသံမှ လွင့်ပျံ့လာ၍ ကြား လိုက်မိသည်။
ဆရာကြီး၊ ဆရာလေးနှစ်ပါး ဆွေးနွေးခန်းကို ဉာဏ်မီသ လောက် စမြုံ့ပြန်ရချေသော် မြန်ပြည်သားအပေါင်း (အကြံ တွေတအားကောင်းတာကို) မြင် ရမှာဖြစ်သလို မြန်ပြည်သူ အပေါင်းလည်း (သံရည်ပူလောင်း ခံရဘိသကဲ့သို့) ရွှေနားနှစ်ဆူ ခါး တော်မူနိုင်သည့် ကိစ္စရပ်များ ထည့်သွင်းဆွေးနွေးကြလေသည်။RFA လေလှိုင်းသံမှ နတ်နန်း မီးဟုန်းဟုန်းတောက်စေမည့် (သံဆန်းတီးလုံးများ)ပါဝင်ဖွဲ့စည်း ထားချေ၏။
ဆရာဟာဂျူလီ(ကသာ)က နိုင်ငံတော်သမ္မတက ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ဦး ဆောင်သော လာဘ်ပေးလာဘ် ယူ အရေးယူဆောင်ရွက်ရေး ကော်မတီ(၉)ဦးဖြင့် ဖွဲ့စည်းထား သည်ကို ကြားသိရ၍ တော်တော် အမြစ်တွယ်နေပြီဖြစ်သော ထိုကိစ္စကို အောင်မြင်အောင် နှိမ် နင်းမည်ဆိုလျှင် အမြင်သိပါရစေ ဆိုသည့် အနှီမေးခွန်းတော်ကြီးကို ဆရာကြီးအကြိုက်တွေ့သွားပုံရ သည်။
ဆရာကြီးဦးဝင်းတင်က မိမိ သည် အသက်(၈၀)ကျော်လာပြီ ဖြစ်ပြီး လာဘ်ပေးလာဘ်ယူကိစ္စကို မမြင်ချင်အဆုံး၊ မကြားချင် အဆုံး ကြုံခဲ့ရသူပီပီ ယခုတစ်ခါ ထူးခြားတယ်၊ (အမှတ်မမှားရင် ပေါ့)ဟု ငေါ့ထည့်လိုက်သည်။ ဘာပြုလို့လဲဆို (အရေးယူမယ် ဆိုတဲ့ စကားလုံးပါလာတယ်)ဟု ဆော်ထည့်လိုက်ပြန်သည်။
(ဆွေးနွေးခန်းအပြည့်အစုံ မှာ ရင်ခုန်စရာကောင်းလွန်း၍ လေဗျောက်အိုး အချို့ဟာတွေ ချန်လှပ်ပါသည်။) အထူးစိတ်ဝင် စားစရာကောင်းသောအချက်(၁) ချက်မှာ ဆရာဟာဂျူလီ(ကသာ) က ပြောသည် ယခုတလော၌ လာဘ်စားတာကို ရှက်စရာလို့ မမြင်ဘဲ၊ ဂုဏ်တစ်ခုအနေဖြင့် မြင်လာကြကြောင်းပြော။ (ဒီ စကားအတော်ဆန်းပြားပါသည်။) နောက်ထပ်ဆိုပြန်သည်-ရုံးစာ ရေးလေး ဆန်ဖိုး၊ ဆီဖိုး၊ ကွမ်း ယာဖိုးရရေးအတွက် တောင်းရမ်း စားသောက်မိသောကိစ္စကို အရေး ယူဖို့ မီးမောင်းထိုးကြမည်ဆိုလျှင် ဂေါက်ကွင်းများ၌ တစ်နေ့ (၉) သိန်း၊ (၁၀)သိန်းဖိုးအကုန်ခံ၍ လက်ပေးလာဘ်ယူမှုပြုနေခြင်းကို လျစ်လျူမရှုသင့်ကြောင်း ဆွေး နွေးလေရာ ဆရာကြီး ဦးဝင်းတင် ကလည်း အာဏာရှင်နှင့် ပေါင်း စားနေသော ခရိုနီတွေ အခွန် တိမ်းရှောင်သည်ကို ထောက်ပြ သည်။ အောက်ခြေကို ဖိနင်းတာ မျိုးမဟုတ်ဘဲ စိန်ရွှေ၊ ငွေ ကုဋေ ကုဋာချမ်းသာကြွယ်ဝအောင် လာဘ်ပေးလာဘ်ယူပြုတဲ့ကိစ္စ ဘယ်လိုစဉ်းစားကြမလဲဟု ပြော သည်။
ဆရာကြီး ဦးဝင်းတင်က ဆက်ပြောသည်။ ကောင်းတာ လုပ်ရင် ပြီးတာပဲလုပ်လို့မရဘူး ဗျ။ ဓားပြတိုက်ပြီး ဆွမ်းဆန်(၁) ခွက်လောင်းလို့မရဘူးဟု ပြောချ လိုက်ပြန်သည်။ ဆရာဟာဂျူလီ (ကသာ)ကလည်း အချို့အချို့ သော လာဘ်ပေးလာဘ်ယူကိစ္စ တွေမှာ ဆင်ကောင်ကြီးမြင်ပြီး ဆင်ခြေရာရှာဖွေနေသလိုဖြစ်မှာ စိုးရိမ်ကြောင်း နှက်ထည့်လိုက် ပြန်သည်။ ဆရာကြီးနှင့်ဆရာ လေး (၂)ပါး၏ အမြင်တူသုံးသပ် ချက်မှာ လာဘ်ပေးလာဘ်ယူကိစ္စ သီးခြားဥပဒေပြဋ္ဌာန်းရန်၊ အကျင့် ပျက်ဝန်ထမ်းကို ပညာပေးရန် ဆုံးမသတိပေးရန် ပြည်သူလူထု တစ်ရပ်လုံး စိတ်ချမ်းမြေ့စေရန် ဒီကိစ္စကို လူထုလှုပ်ရှားမှုအသွင် ဖြင့် ပူးပေါင်းပါဝင်လာစေရန် စသည်ဖြင့် ရှုမြင်သုံးသပ်သွား သည်။ ပြည်သူပါမှ အောင်ပွဲရဆို သည့်သဘော။
လေဗျောက်အိုး၏ မတောက် တခေါက်အမြင်ကို မရဲတရဲ အသွင်ဖြင့် ပြောရချေသော်- လာဘ်ပေးလာဘ်ယူကိစ္စမှာ ပုံစံ (၂)မျိုးဖြစ်နေသည်။ ပြည်သူလူထု အမှန်တကယ်ခံစားပြီး ရွံရှာစက် ဆုပ်နေသော လာဘ်ပေးလာဘ် ယူ(ပထမအမျိုးအစား)မှာ (ညှိ တာတွေ၊ ညစ်တာတွေ၊ ညှစ်တာ တွေ)နှင့် ဆက်စပ်နေသည်။ ဒါပေသိ သူဌေးဖြစ်ရန်လုပ်ကြ သည့်ကိစ္စမဟုတ်သော်ငြားလည်း အတော့်ကို နာမည်ပျက်လှသော အမျိုးအစားဖြစ်ချေသည်။ တစ်ပဲ ခြောက်ပြားလူတန်းစားအလယ် ၌ အဖြစ်များသည်။ ဒါကြီးကို နာမည်ပေးရမည်ဆိုလျှင် “ဆိုး လိုက်တဲ့ အကြံအစည်၊ အရိုး ကိုက်ဖဲ့အသံမြည်”ဟု ပြောရမလို ဖြစ်နေသည်။
လာဘ်ပေးလာဘ်ယူ(ဒုတိယ အမျိုးအစား)မှာ ပြည်သူလူထု ကိုယ်တိုင်က လိုလိုလားလား လှိုက်လှိုက်လှဲလှဲပေးသော လာဘ် ပေးလာဘ်ယူမှုဖြစ်သည်။ ယူသူ က တောင်းစရာမလို ပေးသူက ချောင်းမြောင်းပြီး မီးဖိုချောင် မလွယ်ပေါက်၌ (ဂယ်ပေါက် ဖောက်ထားသော)နည်းသစ်ဖြစ် သည်။ သူတို့သည် ညောင်စေ့ လောက်ပေး၍ ညောင်ပင်ကြီး လောက် အကျိုးအမြတ်ရှာကြံ ကြသူများဖြစ်သည်။ မည်သူမျှ ခံစားချက်နာကြည်းချက်မရှိနိုင် သော်လည်း အများပိုင်မြေကြီး ခမျာ(ကျယ်စွာဟောက်ပက် ခြ အိမ်ပျက်)ဖြစ်မှန်းတဖြည်းဖြည်းမှ သိကြရပေမည်။ ထိုရောအခါ အချိန်က နှောင်းချေပြီ။ လောဘ၊ ဒေါသ၊ မောဟတွေနှင့်ဆိုသလို (လောဘနှင့်တွေ့ တရားမေ့) တတ်ကြပေသည်။
တကယ်လုပ်ပစ်လိုက်တော့ မည်ဟု ပစ်မှတ်ကို ချိန်ရွယ်ပြီး လျှင် ပစ်ကိုပစ်ရတော့မည်။ (မျက်နှာကြီးဖြစ်လို့)(မျက်နှာနာ လို့)၊ (မျက်နှာပျက်မှာကြောက် လို့)ဆိုသော ဆင်ခြေဆင်လက် တွေရှိတော့မည်မဟုတ်တော့ပေ။Justice is blind ဆိုသလို (တရား ဥပဒေသည် မျက်နှာမလိုက်)ပေ။ သနားကမားရွံစရာလေးတွေကော၊ ရွံစရာကြီးတွေကော၊ များများ ၀ါးတဲ့ဆင်ကြီးတွေကော၊ ပူညံ ပူညံဖြင့်(အရိုးကိုက်တဲ့ အတန်း အစားတွေ)အတွက်တော့ သိပ် မပူမိပါဘူးလေ။ အသံမြည်လည်း မဟာအရှက်တော် အရမ်းကြီး ကွဲမယ့်ကိစ္စမှမဟုတ်တာ။ မဟာ ဆန်လွန်းလှပါတဲ့ အရာရှိမင်းများ မိုးပျံပူပေါင်း၊ ရေခဲချောင်းကို ရောင်းစားရဲကြပါ့မလား။ မဟာ နွယ်ဇနီးမယားတွေကကော ခ၀ါ သည်ကြီးများအဖြစ် အ၀တ် အငှားဖွပ်ရဲကြပါ့မလား။ ဒါမျိုး ကျတော့လည်း ဘယ်ကြည့်ရက် ပါမလဲကွယ်ရို့..။
လေဗျောက်အိုး
The Hot NEWS

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D