သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, May 8, 2013

မလေးရှားရွေးကောက်ပွဲရလဒ် ကန့်ကွက်ဆန္ဒပြ

 
ဗွီအိုအေ (မြန်မာပိုင်း)
08.05.2013

မလေးရှားနိုင်ငံမှာ အတိုက်အခံတွေက မသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက် ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးမှာ ဖြစ်တဲ့ အကြောင်း ရဲတပ်ဖွဲ့က သတိပေးထားတဲ့ကြားကပဲ လူပေါင်းထောင်သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။



အတိုက်အခံ ခေါင်းဆောင် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ဦးဆောင်ပြီး ဒီကနေ့ ဆန္ဒပြမယ့်အစီအစဉ်အတွက် ခွင့်ပြုချက် တောင်းခံထားတာမျိုး မရှိတဲ့အတွက် တရားမ၀င်ဘူးလို့ မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲ အစ္စမေးလ် အိုမာ (Ismail Omar) က သတိပေးထားတာပါ။

မလေးရှားနိုင်ငံရဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေအရ ဆိုရင်တော့ ဆန္ဒပြတာတွေ၊ လူထု စုဝေးပွဲတွေအတွက် စီစဉ်သူတွေက ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့ ပြဋ္ဌာန်း ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကွာလာလမ်ပူမြို့က အားကစားရုံမှာ စုဝေးခဲ့ကြတဲ့ ဆန္ဒပြပွဲမှာတော့ လူပေါင်း ၄၀,၀၀၀ လောက် ပါဝင်ခဲ့တယ်လို့လည်း AP သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။

မလေးရှား ဒုတိယ၀န်ကြီးချုပ်ဟောင်း အန်ဝါ အီဘရာဟင် (Anwar Ibrahim) ကတော့ ဒီဥပဒေဟာ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ကန့်သတ်ထားတဲ့ ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့နဲ့ ရွေးကောက်ပွဲ ရလဒ်ကို စိန်ခေါ်သွားဖို့ အပြင်းအထန် လှုပ်ရှားသွားမယ်လို့လည်း သူက ပြောဆိုထားတာပါ။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ လွတ်လပ်ရေးရပြီးကတည်းက တလျှောက်လုံး တိုင်းပြည် အာဏာရလာတဲ့ အမျိုးသားတပ်ဦး မဟာမိတ်အဖွဲ့ က ထောက်ခံမဲတချို့ လျော့ပြီး ရခဲ့ပေမဲ့လည်း အနိုင်ရခဲ့တဲ့အကြောင်း
ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတာ ဖြစ်ပါတယ်။

(VOA)  မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D