သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, May 6, 2013

မိတ်ဆွေများအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ် ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလားဆ

ရှင်းရှင်းပြောရမယ်ဆိုရင် ကုလား၊ တရုတ် စတဲ့နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ မိတ်ဆွေများအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ် ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလားဆိုပြီး ဆုံးဖြတ်ရန် လိုပါတယ်…..
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်တဲ့ အိန္ဒိယ တိုင်းရင်းသားများ၊ ပေါက်ဖော်တရုတ်များနဲ့ ပါတ်သက်ပီး အနည်းငယ် ပြောလိုပါတယ်…. ကျွန်တော်တို့ဟာ ထိုလူမျိုးတို့အပေါ်၌ သော်လည်းကောင်း၊ ကမ္ဘာပေါ်ရှိ အခြားအခြားသော လူမျိုးတို့အပေါ်၌ သော်လည်းကောင်း၊ ဣဿမစ္ဆရိယ ဗျာပါဒ၊ အာဃာတ တရား သဘောထားများ မရှိပါ…..
နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားများနဲ့ ဆိုးတူကောင်းဖက်၊ အေးအတူ ပူအမျှ နေထိုင်လိုကြပါက ကျွန်တော်တို့က ညီရင်းအစ်ကိုကဲ့သို့ သဘောထားပြီး ကြည်ဖြူစွာ လက်ခံပါမယ်….. နိုင်ငံခြားသားများဟာဆိုရင် ကျွန်တော်တို့ကို မိတ်ဆွေ အိမ်နီးချင်းသဘောထားနဲ့ ကူညီရိုင်းပင်းရန် ဆန္ဒရှိပါက ကျွန်တော်တို့ကလည်း ကတညုတ ကတဝေဒီတရားကို ရိုးသားစွာ စောင့်ရှောက်မယ်…..
ကုလား၊ တရုတ် စတဲ့ နိုင်ငံခြားသားတွေကို သတိပေးလိုတာက ကျွန်တော်တို့ရဲ့ နိုင်ငံတွင်းရေးမှာ သူတစ်ထူးက စစ်တုရင်အရုပ်လုပ်ပီး ကစားခြင်းကို မခံရအောင် သတိထားဖို့ ဖြစ်တယ်…. ဘာကြောင့်လည်းဆိုတော့ အချို့သော သူတို့ဟာ ယခုအခါ၌ ကုလား၊ တရုတ်စတဲ့ နိုင်ငံခြားသားများနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ကတုန်းကတိုက် လုပ်ပါလိမ့်မယ်……
ကုလား၊ တရုတ် နိုင်ငံခြားသားတွေကို သူတို့သည် မမှန်သော ကတိ၊ မမှန်သော ကမ်းလှမ်းခြင်းအမှုများကို ပြုပါလိမ့်မယ်….. အဲဒိအတွက် သူတို့ရဲ့ အလှည့်အပါတ်ကို မခံရအောင် သတိထားသင့်ကြပါ… ရှင်းရှင်းပြောရမယ်ဆိုရင် ကုလား၊ တရုတ် စတဲ့ နိုင်ငံခြားသားတို့ဟာ ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ မိတ်ဆွေများအဖြစ်နဲ့ နေထိုင်မလား၊ ဒါမှမဟုတ် ရန်သူများအဖြစ်နဲ့ နေထိုင်ကြမလားဆိုပြီး ဆုံးဖြတ်ရန် လိုပါတယ်….. သူတစ်ချိန်တည်းမှာ ရန်သူနဲ့ မိတ်ဆွေ နှစ်မျိုး မဖြစ်နိုင်ပါ……
ဗိုလ်ချုပ်အောင်ဆန်း (ဖဆပလ ဥက္ကဌ)
၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင် ဟောခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်……
James Mint

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D