သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, May 9, 2013

ပါကစ္စတန် ဝန်ကြီးချူပ်ဟောင်း သား ပြန်ပေးဆွဲခံရ


ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲကာလ တွင်း မြို့တွေမှာ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးချထားစဉ်။
ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲကာလ တွင်း
 မြို့တွေမှာ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးချထားစဉ်။

ဗီအိုအေ (မြန်မာဌာန)

09.05.2013
ပါကစ္စတန် နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ ၀န်ကြီးချုပ်ဟောင်း ယူဆွတ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ရဲ့ သားကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားပါတယ်။



ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းရဲ့သား ဖြစ်သူ  အလီ ဟေဒါ ဂီလာနီ (Ali Haider Gilani) ဟာ မူလ်တန် (Multan) မြို့ထဲမှာ ကျင်းပမယ့် လူထုစုဝေးပွဲကိုအသွား လမ်းမှာသေနတ်သမားတွေက ၀င်ရောက် တိုက်ခိုက်ပြီး  ပြန်ပေးဆွဲ ခဲ့တာဖြစ်ပါတယ်။  တိုက်ခိုက်မှုအတွင်း မစ္စတာ ဂီလာနီရဲ့ လူတဦး သေဆုံးခဲ့ရပါတယ်။ အခုလို ပြန်ပေးဆွဲခဲ့ တာအတွက် တာလီဘန်တွေဘက်ကတော့ သူတို့ လုပ်ဆောင်တာလို့ မကြေငြာသေးပါဘူး။

တချိန်ထဲမှာပဲ စနေနေ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ အသေခံဗုံးခွဲသမား အများအပြားနဲ့  တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ်လို့ တာလီဘန်တွေက ပြောကြားခဲ့ပါတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ပါကစ္စတန်နိုင်ငံ သမိုင်းမှာ ပထမဦးဆုံး အရပ်သား အစိုးရတရပ် သက်တမ်းပြည့် အုပ်ချုပ်နိုင်ခဲ့ပြီး နောက်အစိုးရတရပ်ကို လွှဲပြောင်းပေးနိုင်ဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

အခုလွှတ်တော် ရွေးကောက်ပွဲတွေမှာ အရင်ဝန်ကြီးချုပ်ဟောင်း  နာဝပ်ဇ် ရှာရစ်ဖ် (Nawaz Sharif) ပဲ အနိုင်ပြန်ရဖို့  ရှိနေပါတယ်။  သူဟာ အာဏာပြဿနာအပြင် စီးပွါးရေး စိန်ခေါ်မှုတွေနဲ့ တာလီဘန်သူပုန်တွေ အရေးကို ဖြေရှင်းဖို့ ကျိုးစားနေတဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့ရဲ့ မအောင်မြင်မှုတွေကို ထောက်ပြနိုင်မယ့်သူလို့ အများကမြင်ပါတယ်။

တာလီဘန်တွေဟာ ဒီမိုကရေစီလမ်းလျှောက်လှမ်းနေတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို ပြစ်မှတ်ထား တိုက်ခိုက်နေတဲ့ အပြင်  ဒီသီတင်းပါတ်ထဲမှာပဲ  ဂျမီရတ် အူလီမာ အီး အစ္စလန် ပါတီ ကို ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ တာပါ။  ရွေးကောက်ပွဲ မဲဆွယ်နေချိန်အတွင်း တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁ရာကျော်သေဆုံးပြီး အများအပြား ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဗွီအိုအေ မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D