သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, May 6, 2013

အထူးလိုင်းကားများပေါ်၌ ခရီးသည်များ အပူဒဏ်ပိုမိုခံစားနေရ

Monday, May 6, 2013
ပြည်သူ့အော်သံ
ယခုနှစ်နွေရာသီကာလတွင် သာမန်နှစ်များထက် အပူဒဏ်ပိုမိုလွန်ကဲနေပြီး ခရမ်းလွန် ရောင်ခြည်ကျရောက်မှုသည်လည်း အမြင့်ဆုံး အချိန် ၌ ရောက်ရှိနေသည့် အတွက် ခရီးသွားပြည်သူများသည် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစား နေကြရကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း၌ ပြေးဆွဲနေသောယာဉ်လိုင်းများကို အားကိုး၍ ရုံးဆင်းရုံးတက် တာဝန်ထမ်းဆောင်နေကြရသော ဝန်ထမ်းများ၊ စက်ရုံလုပ်သား များနှင့် ဈေးသည် များသည် ယခုအခါ လိုင်းကားများပေါ်၌ လူတိုးသည့်ဒဏ်နှင့် အပူဒဏ်ကို ပူးတွဲ၍ ပိုမိုခံစားနေကြရသည်။
အပူဒဏ်ကို အဆိုးရွားဆုံးခံစားနေကြရသောပြည်သူများသည် အထူးလိုင်းကား များနှင့် ဒိုင်နာကားများကိုသာ နေ့စဉ်အားကိုး၍ သွားလာ နေကြရ သူများဖြစ်သည်။ အထူးကားများသည် ရုံးဆင်းရုံးတက်ချိန်များ၌ တစ်ပေကျော်ခန့်သာရှိသည့် အလယ် လျှောက်လမ်း၌ ခရီး သည် များကို ကျောချင်းကပ်နှစ်တန်းအပြင် ကျောချင်းကပ်၍ လွတ်နေသည့်နေရာတွင် ခရီးသည်တစ်တန်းကို ထပ်ထည့်သဖြင့် လူများပိုမို ကျပ် ကာ ခရီးသွားပြည်သူများ သာမန်အချိန်ထက် အပူဒဏ်ကို ဆိုးရွားစွာခံစားနေရသည်။
ရုံးဆင်းရုံးတက်ဝန်ထမ်းတစ်ဦးက ''လူပိုတင်တာ အဆိုးဆုံးက အထူးကားတွေပဲ။ အထူးစစ်ဆေးရေးနဲ့ စစ်တယ်ဆိုတာလဲ ဘာမှအရေး ယူမှုမရှိဘူး။ မတ်တတ်ရပ် လူပိုတင်ချင်ရင်လဲ သုံးယောက်တွဲခုံကို နှစ်ယောက်ထိုင်ခုံပြောင်းလိုက်ပေါ့။ အခုတော့ ဘယ်လို တိုင်တိုင် ဘယ်လို အော်သံထည့်ထည့် ဘာမှထူးမလာဘူး။ ဒီလိုရာသီဥတု ပူနေတဲ့အချိန်မှာတော့ စစ်ဆေးအရေးယူ သင့်တယ်''ဟု ပြောပြ သည်။
အထူးကားများသည် သက်ဆိုင်ရာယာဉ်လိုင်းများ၏ စည်းကမ်းထုတ်ပြန်ချက် အရ မတ်တတ်ရပ်ခရီးသည်တင်ဆောင်ခြင်း မပြုလုပ်ရဟု စည်းကမ်း ချက်ထုတ်ပြန် ထားသော်လည်း ယာဉ်နောက်လိုက်များက စည်းကမ်းဖောက်ဖျက်၍ မတ်တတ်ရပ် ခရီးသည်များကို ရုံးဆင်းရုံး တက်ချိန် များတွင် ပိုမိုတင်ဆောင်လာနေသည့်အတွက် ယခုလိုအပူဒဏ်ပူပြင်းနေသည့် ကာလများတွင် သက်ဆိုင်ရာများက ပိုမိုကြပ်မ တ်ကာ စစ်ဆေးအရေး ယူပေးသွားရန် တင်ပြလိုက်ရပေသည်။
Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D