သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, May 6, 2013

လေးလအတွင်း မီးလောင်မှု ၉၂၉ ကြိမ်၊ ကျပ်သန်း ၂,၈၀၀ ကျော် ဆုံးရှုံး

Monday, May 6, 2013
မြန်မာနိုင်ငံတဝှန်း ဇန်နဝါရီမှ ဧပြီလအထိ မီးလောင်မှု ၉၂၉ ကြိမ် ဖြစ်ပွား
ခဲ့သဖြင့် ကျပ်သန်းပေါင်း ၂,၈၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီး
ဌာနမှတဆင့် သိရသည်။
ထို ကာလအတွင်း မီးလောင်မှုများမှာ မီးဖိုမီး ၂၅၅ ကြိမ်၊ ပေါ့ဆမီး ၃၀၀ ကြိမ်၊ အလိုအလျောက်မီး ၂၁ ကြိမ်၊ လျှပ်စစ်မီး ၁၂၇ ကြိမ်၊ မသမာသူရှို့မီး ၁၁၉ ကြိမ်၊ တောမီး ၁၀၅ ကြိမ်၊ မိုးကြိုးပစ် ၂ ကြိမ် ဖြစ်ပွားခဲ့၍ အိမ်ခြေ
အဆောက်အဦ ၃,၇၇၃ လုံး၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင် ၃၈ လုံး၊ သေဆုံးသူ လူဦးရေ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၆၆ ဦး၊ မီးဘေးဒုက္ခသည် ၁၂,၁၄၂ ဦးနှင့် တိရိစ္ဆာန် ဆုံးရှုံးမှု ၂,၅၀၂ ကောင် ရှိခဲ့သည်။
“မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့ရတဲ့ မီးလောင်မှုတွေကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါ သတိမပြု၊ ဂရုမစိုက်မိတဲ့ ပေါ့ဆမီး ဟာ ၆၅ ရာခိုင်နှုန်းကျော် ရှိတယ်” ဟု ၆၇ နှစ်မြောက် မီးသတ်တပ်ဖွဲ့ နေ့တွင်
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က မှတ်ချက်ပြု ပြောဆို
သွားသည်။
လေးလ အတွင်း မီးလောင်မှု ကြိမ်ရေ အများဆုံး ဖြစ်ခဲ့သည့် မန္တလေးတိုင်း
တွင် ၁၃၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁,၀၃၆ ဒဿမ ၇၅ သန်းဖိုး ဆုံးရှုံးခဲ့
ရသည်။
ဒုတိယမြောက် ကြိမ်ရေ အများဆုံးလောင်ကျွမ်းမှု ဖြစ်ခဲ့သည့် ရန်ကုန်တိုင်း
တွင် ၁၀၅ ကြိမ် လောင်ကျွမ်း၍ ကျပ် ၁၉၇ ဒဿမ ၀၄ သန်းဖိုး ဆုံးရှုံးခဲ့
ရသည်။
“မီးလောင်မှုတွေ အများအားဖြင့်က လျှပ်စစ်နဲ့ ပတ်သက်တဲ့ မီးလောင်
မှုတွေ ဖြစ်တယ်။ မီးသတ်တပ်ဖွဲ့တွေက တအိမ်တက်ဆင်း စစ်ဆေး
တာတွေ ဆော်သြတာတွေ လုပ်နေတဲ့ကြားက ပေါ့ဆမှု တွေရှိနေတုန်းပဲ၊ မီးမမှန်တာ တွေ၊ မီးပြတ်တဲ့အချိန်မှာ မီးကို ပြန်မပိတ်တာကနေ မီးလောင်မှု
ဖြစ်တယ်။ အရည်အသွေး မပြည့်မီတဲ့ ဝါယာကြိုးတွေ၊ လျှပ်စစ် ပစ္စည်း
ကိရိယာတွေ သုံးလို့ မီးလောင်မှု ဖြစ်တာ များတယ်” ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးမှူး ဦးကြည်ဝင်း က ပြောသည်။

ကြိမ်ရေ အနည်းဆုံး ဖြစ်ခဲ့သည့် ကယားပြည်နယ်တွင် ၂ ကြိမ် လောင်
ကျွမ်း၍ ကျပ် ၂ ဒဿမ ၇၈ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။
နေပြည်တော်တွင် ၉၂ ကြိမ် လောင်ကျွမ်း၍ ကျပ် ၂၄ ဒဿမ ၃၇ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။

ကျန် ပြည်နယ်နှင့်တိုင်းများအလိုက် လေးလတာအတွင်း မီးလောင်ကျွမ်းမှု ကြိမ်ရေနှင့် ဆုံးရှုံးရမှု တန်ဖိုးမှာ ကချင်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၃၅ ဒဿမ ၆၄ သန်းဖိုး၊ ကရင်ပြည်နယ်တွင် ၁၆ ကြိမ် ကျပ် ၁၈ ဒဿမ ၁၃ သန်းဖိုး၊ ချင်းပြည်နယ်တွင် ၁၂ ကြိမ် ကျပ် ၁၅၇ ဒဿမ ၉၇ သန်းဖိုး၊ စစ်ကိုင်းတိုင်းတွင် ၉၂ ကြိမ် ကျပ် ၂၅၀ ဒဿမ ၈၈ သန်းဖိုး၊ တနင်္သာရီ
တိုင်းတွင် ၂၉ ကြိမ် ကျပ် ၆၂ ဒဿမ ၂၇ သန်းဖိုး၊ ပဲခူးတိုင်းတွင် ၈၃ ကြိမ် ကျပ် ၁၉၂ ဒဿမ ၆၂ သန်းဖိုး၊ မကွေးတိုင်းတွင် ၈၆ ကြိမ် ကျပ် ၂၇ ဒဿမ ၉၃ သန်းဖိုး၊ မွန်ပြည်နယ်တွင် ၃၆ ကြိမ် ကျပ် ၆၇၂ ဒဿမ ၄၈ သန်းဖိုး၊ ရခိုင်ပြည်နယ်တွင် ၆၄ ကြိမ် ကျပ် ၃၄ ဒဿမ ၅၃ သန်းဖိုး၊ ရှမ်းပြည်နယ်
တွင် ၇၈ ကြိမ် ကျပ် ၆၂ ဒဿမ ၈၃ သန်းဖိုးနှင့် ဧရာဝတီတိုင်းတွင် ၆၃ ကြိမ် ကျပ် ၂၄ ဒဿမ ၄၇ သန်းဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ယခင်နှစ်က အလားတူ လေးလ ကာလနှင့် နှိုင်းယှဉ်ပါက မီးလောင်မှု ကြိမ်ရေ ပိုမို များပြားလာခဲ့သော်လည်း ဆုံးရှုံးမှု တန်ဖိုးမှာ ထက်ဝက်
လျော့နည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း မီးလောင်မှု ၅၆၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၅,၄၇၂ ကျော် ဖြစ်
ခဲ့ရသည်။
==========================================
ပုံစာအညွှန်း
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ကိုယ်မင်းကိုယ်ချင်း ရပ်ကွက် ကိုယ်မင်းကိုယ်ချင်းလမ်း ၅ နောက် အမှတ် ၅၄ ဗဟန်းမြို့နယ်ရှိ RC ၂ ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ပွားစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D