သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, May 7, 2013

ပွကြီးတွေကတော့နေရာမရွေးအကြမ်းဖက်

....................................
အကြမ်းဖက်တိုက်ပွဲတွေကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၃၀ ခန့် သေဆုံး
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံဟာ နိုင်ငံရေး၊ လူမူရေး မတည်ငြိမ်မူတွေနဲ့ အတူ လမ်းမတွေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတဲ့ အတွက် လွန်ခဲ့တဲ့ (တနင်္ဂနွေ ညဉ့်နဲ့ တနင်္လာနေ့) ၂ ရက်တာ အတွင်း လူပေါင်း (၃၀) နီးပါးခန့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
သေဆုံးသူ အများစုဟာ နိုင်ငံရဲ့ အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ထဲက တက်ကြွ လူပ်ရှာသူတွေ ဖြစ်ကြပြီး ကုန်လွန်ခဲ့တဲ့ ၂ ရက် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်း ပစ်ခတ်စဉ်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ထုတ် The Independent သတင်းစာမှာတော့ သေဆုံးသူ ၃၁ ဦးရှိတယ်လို့ ဖေါ်ပြပြီး The Daily Star သတင်းစာမှာတော့ ၂၃ ဦး အထက်မှာ သေဆုံးခဲ့တယ်လို့ ဖေါ်ပြပါတယ်။
New Age သတင်းစာမှာတော့ သေဆုံးသူ ၂၄ ဦးရှိတယ်လို့ ဖေါ်ပြပြီး အဲဒီအထဲမှာ ဒက္ကားမြို့တော်မှာ သေဆုံးသူ (၁၀) ဦး၊ နာရာဂန်ဂျီမြို့မှာ (၈) ဦး၊ စစ်တကောင်းမြို့မှာ (၅) ဦးနဲ့ ဘာဂါဟက်မြို့မှာ (၁) ဦး ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။
ရာပေါင်းများစွာသော လူတွေဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးး အတွင်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ကတော့ သူတို့ အဖွဲ့ထဲက ဒက္ကားမြို့ မူတီဂျေးလ် ( Motijheel) ဧရိယာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နှိမ်နှင်းမူကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၀၀၀ ခန့်ရှိပြီး မြောက်များစွာသော သူ့အဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေတယ်လို့ ပြောဆိုပါတယ်။ ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီး မိုဟိန်ဒူလ် ခန် အလမ်ဂီယာ ပြောတာကတော့ ဒက္ကားမြို့မှာ သေဆုံးသူဟာ (၉) ဦးဘဲ ရှိတယ်လို့ ပြောပါတယ်။
မနေ့ညဉ့်ကလည်း ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ BGB ( နယ်ခြားစောင့်တပ်ဖွဲ့)၊ RAB ( အထူးတန်ပြန် မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့) နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒက္ကားမြို့ပေါ်က စီးပွားရေး အရ အရေးပါတဲ့ ရပ်ကွက်တွေကို ရှင်းလင်းခဲ့ရာမှာ အနည်းဆုံး လူ (၁၀) ဦးသေဆုံးခဲ့တယ်လို့ ဆေးရုံ သတင်းရပ်ကွက်တွေကို ကိုးကားပြီး သတင်းစာတွေက ဖေါ်ပြပါတယ်။
ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ရာနဲ့ချီတဲ့ သင်္ကာမကင်းခံရသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစ္စလာမ်မစ် Hefajat –e- Islam ဘာသာရေး အဖွဲ့တို့ကြား နိုင်ငံ အနှံ့အပြားမှာ တိုက်ခိုက်မူတွေ အပြန်အလှန် ပေါ်ပေါက်နေတဲ့ အတွက် ခရီးသွားလာရေး လုပ်ငန်း တွေဟာလည်း ရပ်တန့်နေပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေနဲ့ အတူ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဝင်တွေဟာ ဆန္ဒပြပွဲ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်တွေ၊ ဘဏ်တွေ၊ ဘတ်စ်ကား တွေကို မီးတင်ရှို့ခဲ့ကြပါတယ်။
အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဟာ ဘင်္ဂလာဒေခ်ျ့ အစိုးရကို အချက် (၁၃) ချက်ပါတဲ့ တောင်းဆိုချက်ကို တောင်းဆိုထားပြီး အစိုးရက အဲဒီတောင်းဆိုချက်တွေကို ပယ်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ တနင်္ဂနွေနေ့က ဒက္ကားမြို့တော်ကို လေးဘက် လေးတန်က ၀ိုင်းပြီး ဆန္ဒပြ တောင်းဆိုမူတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲကို အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဝင် သိန်းချီပြီး ပါဝင်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကို အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီက ထောက်ခံထားပြီး အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ဝင်တွေ သေဆုံးသွားတဲ့ အတွက် မနက်ဖြန် မေလ ၈ ရက်နေ့က စပြီး (၂) ရက်တာ အထွေထွေ သပိတ် ခေါ်ထားပါတယ်။
ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တာဝန်ရှိသူတွေက အစ္စလာမ်မစ် Hefajat –e- Islam အဖွဲ့ အကြီးအကဲ Allama Shafi ကို ဒက္ကားကနေ သူ့နေရပ် စစ်တကောင်းမြို့ကို လေယာဉ်နဲ့ အတင်းအကျပ် ပြန်ပို့လိုက်ပြီ အထွေထွေ အတွင်းရေ့းမှူး Junaid Babunagari ကိုတော့ မနေ့ညက ဖမ်းဆီးလိုက်ပါတယ်။
ခုလို ဖြစ်ပျက်နေတဲ့ အပေါ် ဘင်္ဂလာဒေခ်ျ့က သာမန်ပြည်သူတွေ အကြားမှာ အထူး စိုးရိမ်မူတွေလည်း တိုးပွားနေပါတယ်။

narinjara

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D