သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, May 5, 2013

သမ္မတ နဲ့ ၁၈ ပါတီ တွေ့ဆုံခြင်း အစအဆုံး

(၁)
၅ - ၅ - ၂၀၁၃ ရက်နေ့ နိုင်ငံရေး ပါတီ ၁၈ ပါတီ နှင့် နိုင်ငံတော် သမ္မတ တွေ့ဆုံပွဲတွင် ပြောကြားချက် များ
ဒီတွေ့ဆုံပွဲမှာ ထူးခြားတာကတော့ သမ္မတ ကစပြီး ပေါ့ပေါ့ပါးပါး နဲ့ ပွင့်ပွင့် လင်းလင်းပြောဆိုကြ တာဖြစ်ပါ တယ် ။ နေရာကတော့ သမ္မတ ရဲ့ လယ်တောအိမ်မှာပါ ။

နိုင်ငံတော် သမ္မတ
ကျနော် ကပဲ စပြီးဖွင့်လိုက်ပါမယ် ။ ကျနော်တို့ မျှော်မှန်းထားတာတွေနဲ့ လုပ်ကိုင်ထားတာတွေ ကိုပြောပါ မယ် - - -
ပါတီ အသီးသီး နဲ့ မတွေ့ရတာလည်းကြာပါပြီ အခုလိုတွေ့ရတော့ ၀မ်းမြောက်ပါတယ် ။ ပါတီအသီးသီးက တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုယ်စိတ်နှစ်ဖြာ လန်းဖြာပါစေလို့ ဆုတောင်းရင်းနှုတ်ခွန်းဆက်ပါတယ် ။
ဒီမိုကရေစီ ခရီးလည်း ၂ နှစ်ပြည့်ခဲ့ပါပြီ ။ ၂ နှစ်ဆိုတော့ နုနယ်လှပါသေးတယ် ။ လမ်းလျှောက် တတ်ကာ စ ကလေး တစ်ယောက်လို စိမ်ခေါ်မှုတွေကြားမှာ လျှောက်လှမ်းနေရတာပါဘဲ ။
အရင်တုံးကလည်း ဒီမိုကရေစီအတွေ့အကြုံနည်းပါးလှပါတယ် ။ ဒီ ၂ နှစ်မှာ စမ်းတ၀ါးဝါးနဲ့ ကျင့်သုံးရင်း နိုင် ငံရေး အပြောင်းအလဲ အသွင်ကူးပြောင်းရေးတွေကို ပြုလုပ်လာရင်း မြန်မာနိုင်ငံဟာ မျှော်လင့် ချက်ရှိတဲ့နိုင် ငံတစ်နိုင် ငံဖြစ်လာခဲ့ပါတယ် ။
ဆောင်ရွက်ရမဲ့လုပ်ငန်းတွေဟာလည်း အစိုးရတစ်ရပ်နဲ့သာမရပါဘူး ။ ပါတီတွေ ၊ အင်အားစုတွေ ၊ လွှတ်ေ တာ် ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ တပ် နဲ့ ပြည်သူ အားလုံးပါဝင်ဆောင်ရွက်လို့ ထိုက်သင့် တဲ့ရလာဒ်ေ ကာင်းတွေ ရလာတာပါ ။
အမျိုးသားအကျိုးစီးပွါး / လူမှုရေး ရှင်သန်မှု အခက်အခဲတွေ စိန်ခေါ်မှုတွေလည်းရှိပါတယ် ။
ပွင့်လ င်း လာတဲ့လူ့အဖွဲ့အစည်းမှာ လှုပ်ရှားမှုမျိုးစုံကိုလည်း ရှာဖွေလာကြပါတယ် ။
ဒီနိုင်ငံဟာ တစ်ချိန်ထဲမှာတင် စတိတ်ဘေလ်ဒင် - နေးရှင်းဘေလ်ဒင် - ပိစ်ဘေလ်ဒင် - ( State Building , Nation Building , Peace Building ) သုံးမျိုးကိုတစ်ပြိုင်နက်လုပ်နေရတဲ့အချိန်လည်းဖြစ်ပါတယ် ။
အမျိုး သားရေးမျှော်မှန်းချက်တွေနဲ့ နယူးမြန်မာ - မြန်မာနိုင်ငံတော်သစ် တည်ဆောက်ဖို့ လွတ်လပ်မျှ တတဲ့ မျှော်လင့်ချက်တွေနဲ့ တန်းတူရည်တူယှဉ်ပြိုင်ခွင့်ရှိတဲ့ နိုင်ငံတော်သစ်ပေါ်ထွန်းဖို့ အမျိုးသားရေး ပန်းတိုင် တစ်ခု ကို ရှေးရှုပြီး အားနည်းချက်တွေပြုပြင် - စိန်ခေါ်မှုတွေကိုကျော်ဖြတ် ဖို့ ကျန်တာတွေ ကေ တာ့ ခင်ဗျားတို့ ပြောတာတွေ နားထောင်သွားပါ့မယ် ။

(၂ ) ဦးခင်မောင်ဆွေ
ငြိမ်းချမ်းရေးမရဘဲတိုင်းပြည်တိုးတက်အောင်မလုပ်နိုင်ဘူး ။
ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အခါကြီးသင့်ပါပြီ ။
ဒီအချိန်မှမရရင် နောင်အနှစ် (၂၀) ပြန်ကြိုးစားနေရမယ် ။
ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ - ဗဟိုအစိုးရရဲ့ တာဝန်တွေခွဲဝေဖို့ - တာဝန်ယူတာဝန်ခံမှုနဲ့
တာဝန်ခွဲဝေမှုတွေတိုးတက်ဖို့ လို ပါတယ် ။
တောင်သူတွေလယ်ယာမြေမှတ်ပုံတင်ဖို့ ခက်ခဲနေသေးပါတယ် ။

(၃) ဦးခွန်ထွန်းဦး ရှမ်းမြောက်မှာ အဖွဲ့အစည်းတွေနဲ့ဆွေးနွေးတော့ သူတို့ကတိုက်ဖို့ မစဉ်းစားပါဘူး လာတိုက်ရင်တော့ ပြေးစရာမရှိလို့ပြန်တိုက်ရမှာပါတဲ့
၂၀၁၂ ကလည်းပြောင်းခိုင်းတယ် အခုလည်းပြောင်းခိုင်းတယ်
မိုးတွင်းရောက်တော့မယ် စစ်ထိုးရင် အားးလုံးအခက်အခဲတွေဖြစ်ကုန်မယ် ။
“ ၀ ” “ KIA” “ ရခိုင်” “ ရှမ်းနီ ” တည်ငြိမ်ဖို့လည်းလိုပါတယ် ။
နိုင်ငံမဲ့တိုင်းရင်းသားတွေမဖြစ်စေလိုပါဘူး ။
နယ်စပ်ဒေသ က တိုင်းရင်းသားတွေ တစ်ဖက်နိုင်ငံကို အားကိုးနေရတာမျိုးမဖြစ်စေလိုပါဘူး ။

(၄) ဦးစိုင်းအိုက်ပေါင်း - တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့လုပ်ပိုင်ခွင့်တွေကို
ဗဟိုအစိုးရက တိုးမြှင့်ပေးစေချင်ပါတယ် ။
ဥပမာ - သစ်မာတန်ချိန်တစ်သိန်း ကျော် ထုတ်ယူသုံးစွဲခွင့်ပေးတာမှာ
ရှမ်းပြည်နယ်အစိုးရအနေနဲ့ မသိရပါဘူး ။
သဘာဝပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းဖို့ဆိုတာမျိုးကိုတော့ ရှမ်းပြည်နယ်အစိုးရက တာဝန်ယူရမှာပါ ။ ငြိမ်းချမ်းရေးမြန်မြန်ရဖို့ ဗဟိုအစိုးရက ဦးဆောင်ပေးဖို့တိုက်တွန်းပါတယ် ။ အမတော်ကြေး ချေးငွေကိစ္စမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၁၅ မြို့နယ်ကို ၅.၅ ဘီလီယံရပြီး ကျန်မြို့နယ် ၄၀ မှာ ၁.၅ ဘီလီယံ ဆိုတော့အရနည်းပါတယ် ။

(၅) ကိုငယ်ပီး - ပြည်ထောင်စုအဆင့်ကိုပီပီပြင်ပြင်မြင်ချင်ပါတယ် ။
ဘာသာရေးဘတ်ဂျက်တွေကိုလည်း မျှမျှတတ ဖြစ်စေချင်ပါတယ်

(၆) ဦးစောသိန်းအောင် - ရပ်ကျေးအုပ်ချုပ်ရေးတွေက ရံပုံငွေမလောက်လို့ ဒေသခံတွေဆီမှာ ကောက်ခံ မှုတွေ ဟာ မကြေမလည်ဖြစ်ရင် ငြိမ်းချမ်းရေးကိစ္စအထိ ထိခိုက်ပတ်သက်ပါတယ် ။
DKBA နဲ့ BGF တွေ သင့်မြတ်ဖို့ ကျေး၇ွာတွေမှာ တပ်သိမ်းလယ်မြေတွေပြန်လည်တောင်းခံတဲ့အခါ ခြိမ်းခြောက် မှုအချို့ပါ တွေ့ရ ပါတယ် ကူညီဆောင်ရွက်ပေးစေချင်ပါတယ် ။

(၇) ဦးစောထွန်းအောင်မြင့် - စတိတ်ဘေလ်ဒင် နဲ့ နေးရှင်းဘေလ်ဒင် နှစ်ခုဟာ ပိစ်ဘေလ်ဒင်မှာ အခြေခံပါတယ် ။ ဒီအချိန်ငြိမ်းချမ်းမှဖြစ်မယ် ။
ဒုတိယယအချက်အနေနဲ့ မိတ္ထီလာ နဲ့ ဥက္ကံကိစ္စတွေမှာ ပြည်တွင်းပြည်ပ အမြင်မလှပါဘူး ။
ဘာသာရေးပိုင်းက ၀ိုင်းပြီးပူးပေါင်းဆောင်ရွက်စေချင်ပါတယ် ။
တတိယအချက်ကတော့ ပါတီငယ်လေးတွေ လုပ်ချင်သလောက် လုပ်ဖို့ အခက်အခဲလေးတွေရှိပါ တယ် ။ ရံပုံငွေအခက်အခဲတွေရှိနေတော့ မြင်ထားတာလေးတွေကို လုပ်ဖို့ကိုင်ဖို့ ခက်ခဲစေပါတယ် ။
တတ်နိုင်သလောက် ကူညီပေးစေချင်ပါတယ် ။

(၈) ရခိုင်ဒီမိုကရေစီပါတီ - တရားဥပဒေစိုးမိုးဖို့ပါဘဲ ။ ရခိုင်အပါအ၀င် အခြားဒေသတွေမှာ စပြီးဖြစ်တာနဲ့ အရေးယူနိုင်ဖို့ ရခိုင်မှာ သူတို့အပြောအရ ( ရိုဟင်ဂျာ ) ပြည်ပမှာ ပါကစ္စတန်အစ္စလာမ်မစ်ရိုဟင်ဂျာလန်း လို့ သုံးနှုန်းတာ ကြေညာပြီး လက်နက်ကိုင်တွေရှိလာတာ - ပြည်တွင်းက ပါလီမန်မှာ ရိုဟင်ဂျာရှိလားဆို တဲ့မေး ခွန်းမေးတဲ့ အမတ်တွေရှိလာပြီး မရှိဘူးငြ်းတာတောင် စာမဖတ်ပေမဖတ် ၀န်ကြီးလို့ ပြောဆိုပြီး တုံ့ပြန် တာ အတွင်းအပြင်ပူးပေါင်းတိုက်ခိုက်တာ အပ်နဲ့ထွင်ရမဲ့ကိစ္စ ပေါက်စိန်နြ့မပေါက်ရလေအောင် ပထ မ အဆင့်နဲ့ တင်အရေးယူရပါလိမ့်မယ် ။
မြန်မာ့ဆိုရှယ်လစ်ခေတ်မှာတောင် လူမျိုး ရိုဟင်ဂျာဆိုရင်ဖမ်းခဲ့ပါတယ် ။
(((( အဲဒီအချိန်မှာ သမ္မတက ရယ်လျှက် အခု ခင်ဗျားကဘဲ ရိုဟင်ဂျာ လို့သုံးနှုန်းတော့ ခင်ဗျားကို အရင် ဖမ်း ရ မယ် ))) လို့ ပြောပါတယ် - စကားချပ်

(၉) ဦးကောင်းမြင့်ထွဋ် - လက်ပတောင်းတောင်ပြဿနာဟာကွန်မြူနစ်ဟောင်းတွေရဲ့လက်ရာ လို့ ကျနော် တို့ ပါတီက သုံးသပ်ထားပါတယ် ။ ကျနော်နဲ့လည်းရင်းနှီးပါတယ် ။ အဲဒီကခေါင်းဆောင်တွေကို ကပ်ပစ တီမြှင့်တင်ပေးဖို့လိုအပ်ပါတယ် ။
ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း အခုလိုမျိုးရင်းနှီးခွင့်ရချင်ပါတယ် ။
မုစ်လင်မ်ခေါင်းဆောင်အချို့ ကျနော့်ကိုလာရောက်တွေ့ဆုံတာမျိုးတွေရှိပါတယ် ။
ထောင်နဲ့ချီနေတဲ့ မုစ်လင်မ်ထု ကလည်း ထိတ်လန့်နေတာ၇ှိပါတယ်
သူတို့တွေကြားညှပ်မခံချင်ကြပါဘူး ။ သမ္မတကိုဖြိုဖို့ထောင်ထွက်တွေကချနေတယ်လို့မြင်ပါတယ် ။
အခင်းဖြစ်တဲ့ဒေသတွေကို နိုင်ငံရေးပါတီတွေကိုစေလွှတ်ပြီးသွားရောက်ပြောဆိုဖျောင့်ဖျစေချင်ပါ
တယ် ။ နိုင်ငံရေး သမားတွေကပိုပြီးအပြောကောင်းပါတယ် ။

(၁၀) ဦးနေမျိုးဝေ - စတိတ်ဘ်ေလ်ဒင်း နေးရှင်းဘေလ်ဒင် ပိစ်ဘေလ်ဒင် သုံးမျိုးကို ရုပ်ပိုင်းဆိုင်ရာ ဖော်ဆောင် ဖို့ နောင်တော် ဦးရီးတော် ပါတီခေါင်းဆောင်တွေပြောသွားတာ တော်တော် လေးပြည့်စုံတော့ ကျနော် က စိတ်ပိုင်းဆိုင်ရာ ရှုထောင့် ကနေ ချဉ်းကပ်ပြပါမယ် ။
ကျနော်ပြောတဲ့အခါ ဥပမာလေးတွေပေးပါ့မယ်
(ဥပမာ - ၁) က “၀”ကိစ္စပါ ။ “၀” တိုင်းရင်းသားတွေဟာ မြန်မာဘက်ကို ယိမ်းနေလား တရုပ် ဘက်ကို ယိမ်း ချင် လားဆိုတဲ့ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက် အဲဒါနြ့ ပတ်သက်လို့ ဒါပြီးရင် ၀န်ကြီးဦးစိုးသိမ်း ကို ကျနော် “၀” နယ်မှာ ရေးထားတဲ့ စာတမ်းလေး ပေးခဲ့ပါမယ် ။

(ဥပမာ -၂) မုစ်လင်ကိစ္စ ကုရ်အာန်ကျမ်းကိစ္စပါ - - ရခိုင် မိတ္ထီလာ ဥက္ကံ ကိစ္စတွေ - ဒီကိစ္စက လူမျိုးရေး မဟုတ်ပါ ဘူး ဘာသာရေး အခြေခံပါတယ် ။ ဟိန္ဒူ ကုလားတွေနဲ့ပြဿနာမဖြစ်ပါဘူး ။
ကုရ်အာန်ကျမ်းကိုလည်း စာမျက်နှာ ၁၁၃၀ ကျနော်အစုံဖတ်ပြီးပါပြီ - ဘာသာပြန်သူတွေက အလ်ဟား အလ္လာ မက် ဃာဇီမုဟမဒ်ဟာရှင် မက္ကဆူအမခါန်း ဆိုတဲ့ပုဂ္ဂိုလ်တွေပါ ကျနော် နဲနဲဖတ်ပြပါ့ မယ် ။ ရဟူဒီ၊ခရိယာန် ဓမ္မဆရာများသည်လည်းကောင်း ဘုန်းကြီးရဟန်းများသည်လည်းကောင်း လူတို့၏ဥစ္စာ ပစ္စည်း များ ကို မတရားသောနည်းလမ်းများဖြင့် စားသုံးကြကုန်၏ -- ဒါမျိုးက ဘာသာခြားတွေနဲ့ မုစ်လင်မ်တွေ ပဋိပက္ခ ဖြစ်စေတဲ့ စာပိုဒ်ပါ ။
နောက်တခါ - မိမိတို့၏၏ဥစ္စာပစ္စည်းများဖြင့်သော်လည်းကောင်းအသက်ဇီဝိန်များဖြင့်သော်လည်းကောင်း စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို ပြုကြလေကုန် ။
နောက်တခု - ယခုသော် အသင်တို့သည် ကာဖိရ်သွေဖီ ငြင်းပယ်သော သူတို့နှင့်တွေ့ကြသောအခါ လည် ဂုတ် များကိုခုတ်ဖြတ်ကြလေကုန် -
အဲဒီမှာ မုစ်လင်မ်ဆိုတာ အလ္လာဟ်ရှင်မြတ်ရဲ့ အမိန့်ကို ယုံကြည်နာခံသူ ကာဖိရ်ဆိုတာ အလ္လာဟ် ရှင်မြတ် အမိန့်ကိုသွေဖီငြင်းဆန်သူ မုနာဖစ်က် ဆိုတာကတော့ မုစ်လင်မ်အယောင်ဆောင် ကိုပြောတာပါ
ဒါမျိုးစာပေကို ထည့်သွင်းသင်ကြားခွင့်ပိတ်ပင်ဖို့လိုပါတယ် ။ ဒါမျိုးသင်ကြားခွင့်ရတဲ့ကလေးသူငယ်တွေရဲ့ စိတ် ထဲမှာ မုန်းတီးစိတ်တွေ ဖြစ်လာစေပါတယ် ။

( ဥမာ - ၃ ) လက်ပံတောင်းတောင်ကိစ္စ မှာလည်း ဆူပူလှုံ့ဆော်တဲ့ လူတွေကြောင့်လို့ မမြင်သင့်ပါဘူး ။ မီးရှို့တဲ့ သူတွေကြောင့်မီးလောင်ရတယ်လို့မမြင်သင့်ပါဘူး ။ လောင်စာကြောင့်မြင်သင့်ပါတယ် ။ ကွန်က ရိတွေ သံချောင်းတွေကို မီးရှို့ကြည့်ပါမလောင်ပါဘူး ။ သစ်သားတွေ ကောက်ရိုးတွေကို မီးရှို့ရင်လောင် ပါ တယ် ။
မီးလောင်စေတဲ့လောင်စာကိုလည်းငြိမ်းသတ်ရပါမယ် ။
တရုတ်ဓါတ်ငွေ့ပိုက်လိုင်းလျော်ကြေးကိုကြည့်ပါ တောခြုံအုံကြားမှာတောင် တစ်ဧကကို သိန်း ၅၀ လောက် ရ ပါတယ် ။ ပိုက်လိုင်းမြှုပ်ပြီးရင်လယ်ပြန်စိုက်လို့ရပါတယ် ။
လက်ပတောင်းမှာကျတော့ လုံးဝအရှင်းဖယ်ရှားပေးရတာကို ၅ သိန်းနဲ့ အဆင်မပြေပါဘူး မြေအစားပြန်ပေး ရင်ပေး ပါ နို့မဟုတ်ရင် သိန်း ၅၀ လောက် ပေးလျော်သင့်ပါတယ် ။
ကြည့်မြင်တိုင်တို့ စမ်းချောင်းတို့လောက်က အတော် ဆုံးး ဆံသဆရာတွေ ၀ပ်ရှော့ဆရာတွေကို ဆည် တည်း ရွာသစ် တို့ ၀က်မှေး၇ွာသစ်တို့ကို ပို့ကြည့်ပါ ထမင်းငတ်နိုင်ပါတယ် ။
ဒေသခံတောသားတွေဟာ အလုပ်ပြောင်းဖို့ အတော် ဆုံးဆံသဆရာ ၀ပ်ရှော့ဆရာမဟုတ်ပါဘူး ပိုက်ခက် ပါ တယ် ။

( ဥပမာ - ၄ ) နိုင်ငံလုံးချီမြေသိမ်းယာသိမ်းကိစ္စတွေမှာ အချို့က ပြောပါတယ် - အစိုးရဟောင်း လက်ထက် မှာ လုပ်ကိုင်ခဲ့တာတွေကို အစိုးရသစ်က ကာဗာပေးရမယ်ဆိုတဲ့ကိစ္စပါ ။ အခုကျနော်တို့တွေ့ရှိထားတာက အစိုး ရဟောင်းရဲ့ ခွင့်ပြုချက်တွေကိုပါကျော်လွန်ဖောက်ဖျက်ပြီးလုပ်ကိုင်ထားတာပါ ။ တောင်သူတွေ လက် ထဲမှာ ၄၈၀၀၀၀ တန်မြေတိုင်းတဲ့ ဂျီပီအက်စ် စက်တွေဝယ်ထားပြီး တိုင်းထွာနေကြ လို့တောင် သူတွေ သိကုန် ပါပြီ ။
ဒါ့ကြောင့် စနစ်တကျ ပြန်လည်တိုင်းထွာရင်မိပါလိမ့်မယ် ။
စက်ကရိယာမရှိရင် တောင်သူတွေက ကူညီနိုင်ပါတယ် ။

( ဥပမာ - ၅ ) ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးကိစ္စကတော့ - ဖွဲ့စည်းပုံ ပါ ဥပဒေပြုဇယား(၁) က ကိစ္စ အ ချို့ ကို ဇယား (၂) ကို ရွှေ့ရင် အတော်အတန် ပြေလည်နိုင်ပါတယ် ။ အသေးစိတ်လည်း အကြံပေးပါဦးမယ် ။
(ဥပမာ - ၆ ) ဖိအားပေးဖြေရှင်းတဲ့နည်းအစား မက်လုံးပေးဖြေရှင်းတဲ့နည်းကို ကိစ္စတိုင်းမှာ စဉ်းစားစေ လိုပါ တယ် ။
( ဥပမာ - ၇ ) ရပ်ကျေးနဲ့ မြို့နယ် အုပ်ချုပ်ရေးတွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဘယ်လိုမှ တိုင်တန်းမ ရတော့တဲ့ အခါ စိတ်ရူးပေါက်တွေးပြီး လူသတ်ဂိုဏ်းဖွဲ့ရှင်းရမလားတောင်ဖြစ်ကုန်စေပါတယ် ။ အောက်ချေ အုပ်ချုပ်ရေးဟာ အစိုးရကို ထိခိုက်စေပါတယ် ။

(၁၁) ကော်မ၇ှင်ဥက္ကဌကြီးဦးတင်အေး - ရိုဟင်ဂျာလို့ ပါတီမှတ်ပုံလာတင်ရင်မပေးပါဘူး ။
ရိုဟင် ဂျာ တစ်ယောက် ပါတီမှာရှိရင် ထုတ်ခိုင်းပါမယ် ။ မထုတ်ပယ်ရင် ပါတီကို ဖျက်သိမ်းခိုင်းပါမယ် ။

(၁၂) သမ္မတကြီး ပြန်လည် ဆွေးနွေးခြင်း - ( မှတ်ချက် တော်တော် ရှည်ရှည်ဝေးဝေးဆွေးနွေးပါတယ် ထူးခြားချက်များကိုသာ တင်ပြပါမည် )
- နေပူခံပြီး ဘယ်သူမှဆန္ဒမပြချင်ဘူး ထမင်းငတ်လို့ ဖြစ်တယ် ဆိုတာကို လက်ခံတယ်
- ဘယ်သူမှ ( နှစ်ဘက် ) သေနတ်အလေးကြီးထမ်းပြီး လမ်းမလျှောက်ချင်ဘူး တုတ်ကောက်လေးကိုင်ပြီး စတိုင် နဲ့လမ်းလျှောက်ချင်တယ် ဆိုတာ လက်ခံ
- စီးပွါးဖွံ့ဖြိုးရေးမှာ အရင်းအနှီး / နည်းပညာ နဲ့ / လူ့စွမ်းအားအရင်းအမြစ် လူ့စွမ်းအားအရင်းအမြစ်ကို လေ့ကျင့်ပေး လို့ရတယ်
- ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေလာဖို့အရာမှ အခက်အခဲရှိတယ် သူတို့က ကိုယ့်နိုင်ငံကို ချစ်လို့လာမှာ မ ဟုတ် ဘူး - အကျိုးအမြတ် / အကာအကွယ် / အာမခံ ဒါတွေတွက်လာမယ်
- ထားဝယ်ရေနက်ဆိပ်ကမ်း G To G လက်မှတ်ထိုးဖို့ မေလလယ်မှာ လုပ်မယ်
- ကုန်ကြမ်းအတိုင်းရောင်းချတာတွေအစား တန်ဖိုးမြှင့်ထုတ်ကုန်အထိ ထုတ်လုပ်မယ်
- အသေးစား နဲ့ အလတ်စား စက်မှုလက်မှုတွေ အားပေးမယ်
- အများကြီးမလုပ်နိုင်တောင် ဖောင်ဒေးရှင်းချခဲ့ချင်တယ် ။ ချခဲ့နိုင်ရင်ကျေနပ်တယ် ။

အခမ်းအနားအပြီး - အလွတ်တမ်းများ -
ဦးစိုးသိန်း - အားလုံးကို သေချာမှတ်သားထားပြီး မကြာမီ အကောင်အထည်ဖော်သွားမည် -
သမ္မတကြီး သဘောထား တိုက်ရိုက်လွှင့်ဦးမည် မကြာမီမျှော် - - -

မှတ်တမ်းတင်သူ
နေမျိုးဝေ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D