သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up

Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, May 6, 2013

ဆူပူလှုံ့ဆော်နိင်လောက်သည့် အရည်အချင်းမရှိဟု ဖဖ်းဆီးခံမိသားစုဝင်များ ရှင်းလင်း

Photo: ဆူပူလှုံ့ဆော်နိင်လောက်သည့် အရည်အချင်းမရှိဟု ဖဖ်းဆီးခံမိသားစုဝင်များ ရှင်းလင်း
Monday, May 6, 2013

မေ(၂)ရက်နေ့က မန္တလေးတွင် ဆူပူဖြစ်ပွားစေရန်လှုံ့ဆော်သူများဟုယူဆ၍ အမှတ်(၈)ရဲစခန်းမှ ပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆိုခံထားရသောလူငယ်(၃)ဦးမှာ နိုင်ငံရေးအရှုပ်အရှင်းကင်းရှင်း၍ ၄င်းတို့နေထိုင်ရာ ရပ်ကွက်အတွင်း၌ ကောင်းမွန်စွာလုပ်ကိုင်စားသောက်သူများဖြစ်သည်ဟု သိရှိသည်။

ဆူပူမှုဖြစ်ပွားရန် လှုံ့ဆော်သူများအဖြစ် ဖမ်းဆီးခံထားရသူ လူငယ်(၃)ဦးမှာ အောင်မြေသာဇံမြို့နယ်မှ အောင်မျိုးကျော်၊ရဲဝင်းအောင်နှင့် ဖြိုးကိုဝင်းတို့ဖြစ်ပြီး အဖမ်းခံရချိန်၌ အရက်သောက်သုံးထားကြောင်း သိရှိရသည်။

“သားက သောက်တာစားတာကလွဲလို့ ဘာမှမလုပ်တက်ပါဘူး။ အဲနေ့ ည(၉း၃၀)နာရီအထိ အိမ်မှာ ရှိပါ တယ်။ကျွန်တော့်အနေနဲ့ သွားတာလာတာတော့ သားကိုအပြစ်တင်မိပါတယ်။ ဒီပုဒ်မကြီးနဲ့ စွဲချက်တင်ထား တာဆိုတာကို သိရတော့ အံ့သြမိပါတယ်။ ရပ်ကွက်ထဲမှာ စုံစမ်းလို့ရပါတယ် နိုင်ငံရေးကို ဘယ်သူမှ မလုပ်ပါ ဘူး။ သူတို့တွေနောက် ကောက်ကျတာနဲ့ ရဲဆွဲခံရတဲ့ သဘောပါ။”ဟု ဖြိုးကိုဝင်း၏ ဖခင်ဖြစ်သူ ဦးမောင်ထူးက ပြောသည်။

သက်ဆိုင်ရာက ဖမ်းဆီးထားသူ(၃)ဦးမှာ တွင်ခုံလုပ်ငန်းလုပ်ကိုင်ကြပြီး ပညာအရည်အချင်း မူလတန်း အောင်ရုံသာရှိကြောင်း ၎င်းတို့အနေဖြင့် ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်နိင်သည့် အရည်အချင်း ၎င်းတို့၌ မရှိကြောင်း တရားခံဟု စွပ်စွဲခံထားရသူ အောင်မျိုးကျော်၏ မိသားစုဝင်တစ်ဦးမှ မေလ(၅)ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“ကျွန်တော်ညီလေးမှာ နိုင်ငံရေးအသိလည်းမရှိပါဘူး စိတ်ဓာတ်လည်း မရှိပါဘူး။ ကျွန်တော်တို့မိသားစုရဲ့ဘ၀က
တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ဒီလိုမျိုး ဖြစ်သွားတယ်ဆိုတော့ တော်တော်အံ့သြရပါတယ်။ သူ့အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမို့လို့ပါ။ ကလေးတွေအတွက် ဒီပုဒ်မကြီးက အရမ်းကိုကြီး လွန်းပါတယ်။ ဒါလေးတွေကို ပြန်လည်လေ့လာချင့်ချိန်ပြီး ပြန်လည်သုံးသပ်ပေးကြပါလို့ ပြောချင်ပါတယ်။” ဟု ရဲဝင်းအောင်၏အစ်ကိုဖြစ်သူက ပြောသည်။

အဆိုပါ လူငယ်(၃)ဦးအား ဆူပူမှုဖြစ်ပွားစေရန်လှုံ့ဆော်သူများအနေဖြင့် ချမ်းအေးသာစံ အမှတ်(၈)ရဲစခန်းက ပုဒ်မ ၅၀၅(ခ)ဖြင့် တရားဆွဲဆိုထားပြီး မေ(၃)ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်ကာ
မေ(၇)ရက်နေ့သို့ ရုံးချိန်းပေးထားကြောင်း သိရသည်။

ဆူပူမှုဖြစ်ပွားစေရန်လှုံ့ဆော်သူများဟု ယူဆခံထားရသူများ၏ မိသားစုဝင်များက  မေလ(၅)ရက်နေ့ မွန်းလွှဲ(၁း၀၀)နာရီခန့်က ပြုလုပ်သည့် သတင်းစာရှင်းလင်း၌ ပြောကြားခြင်း ဖြစ်သည်။

မောင်ယဉ်ကျော်-မန္တလေး (မြစ်မခ)
http://www.myitmakhamediagroup.com/detail.php?newid=4534

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D