သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label ဗီဒီယို. Show all posts
Showing posts with label ဗီဒီယို. Show all posts

Wednesday, September 11, 2013

လက်တလော နာမည်ကြီးနေသည့် မိုင်လီဆိုင်းရပ်စ် ၏ ကိုယ်လုံးတီး MTV (Video)

MTV၏ ဂီတဗီဒီယို ဆုပေးပွဲ ဖျော်ဖြေမှု ဂယက်ကြောင့် ဝေဖန်မှုများရော၊ လူစိတ်ဝင်စားမှုများပါ ရရှိခဲ့သည့်နောက် မိုင်လီဆိုင်းရပ်စ်သည် ထူးထူးခြားခြား စံချိန် တစ်ရပ်ပါ ထပ်မံ ရရှိလာကြောင်း သိရှိရသည်။ သူမ၏ အသစ်ထွက်ရှိမည့် Bangerz အယ်လ်ဘမ်မှ သီချင်းတစ်ပုဒ်၏ ဖြတ်ပိုင်းဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ရာ တစ်ရက်အတွင်း ကြည့်ရှုသူ အများဆုံး စံချိန်တင်သွားခဲ့သည်။

Tuesday, September 10, 2013

ပါရမီရှင် မွန် ကိုရင်

လောကမှာ အသက်အရွယ် အတော်ငယ်စွာနဲ့ တကယ့် အသက်အရွယ် ရင့်ကျက်သူတို့လို လူ့အရေး၊
လောကအရေး ဟောပြောနိုင်တယ်ဆိုတာ တကယ့် ပါရမီရှင်တွေရဲ့ အစွမ်းလို့ ပြောရပါမယ်။

အခု ဗီဒီယိုမှာ မြင်ရမယ့် ဗုဒ္ဓဘာသာ ကိုရင် ငယ်လေးက တရားပေးနေတာကို အံ့ဖွယ်တွေ့ရပါလိမ့်
မယ်။ ကိုရင်ငယ်ကလေးက မွန်ဘာသာ စကားနဲ့ ဗုဒ္ဓတရားဒေသနာတွေကို ရဟန်းတော်၊ မထေရ်ကြီး
တပါး ကဲ့သို့ ဟောပြောပို့ချနေတာပါ။

Thursday, August 1, 2013

ဝါတွင်းကာလမှာ ကျွန်တော်တို့ မြတ်ဗုဒ္ဒဘာသာဝင်သူတော်စဉ်အပေါင်းတို့ အား-ဝါတွင်း၎လရဟန်းသံဃာတော်တို့ အာရုံဆွမ်းအလူဗီဒီယိုဖိုင်ကလေးပါ






 
ကြည်နူးစရာ မြန်မာဓလေ.နှင်. သံဃာတော်တွေက လောဘ၊ဒေါသ၊မောဟ ကင်းတဲ. ဆွမ်းတနပ်အတွက် အလှူခံနေကြစဉ်။ (လွန်ခဲ.တဲ. မိုးဦးရာသီမှာ ရန်ကုန်ကို ရောက်တုန်းရောက်ခိုက် ဒါနဆွမ်းလောင်းအသင်းကြီးတွေရဲ. နေ.စဉ် ကောင်းမှုတို.ကို သဒ္ဒါပွားနိုင်ကြစေရန်မှတ်တမ်းတင်ခဲ.ပါသည်။ )

Wednesday, July 31, 2013

ရဲမင်းဦးနှင့် ကျန်ရှိနိုင်ကျဉ်းများ လွတ်ရေး ဆူးလေ၌ သံဃာအချို့ ဆုတောင်း

လှုပ်ရှားတက်ကြွသူ ရဲမင်းဦးအပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအ
တွက် ဆူးလေစေတီတော်မှာ ဇူလိုင်၃၁ရက်နေ့က သံဃာတော်အချို့က ၁၄ကြိမ်မြောက် ဆုတောင်းခဲ့
ကြပါတယ်။

Sunday, July 21, 2013

ကြည့်ဖြစ်အောင်ကြည့်ပါ

******************
ဒီ Video File ကိုကြည့်ပြီး မျက်ရည်တောင် စို့မိပါတယ် ....
သူများတွေလို လူ့ အခွင့် အရေးပါပေးပါဆိုပြီး သူမပြောပါဘူး..
ထမင်းစားရတာ နပ်မမှန် ဘူးဆိုတဲ့စကားက နားထဲက မထွက်တော့ဘူး
...

Wednesday, July 3, 2013

အမှိုက်ပုံမီးရှို့ပြီး ရဲကား မှန်ခွဲမှုကြောင့် မင်းအုပ်စိုးကို ထောင် ၃လ၊ ငွေ ၆သိန်းပေးရန် တရားရုံးအမိန့်ချ

 
ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုးဟာ ရန်ကုန်မြို့ ဖိုးစိန်လမ်းထဲမှာ အမှိုက်ပုံကိုမီးရှို့မှု၊ မီးသတ်နဲ့အတူပါလာတံ ရဲကားကို ဖျက်စီးမှုတွေနဲ့ အပြစ်ရှိကြောင်း ဗဟန်းမြို့နယ်တရားရုံးက ဇူလိုင် ၃ရက်နေ့မှာ ထောင်ဒဏ် ၃လနဲ့ ငွေဒဏ် ၆သိန်း ချမှတ်လိုက်ပါတယ်။
 by Kamayut Media

Sunday, June 16, 2013

Friday, May 31, 2013

31.5.2013


ဒီကနေ့ အစီအစဉ်မှာတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ကိုယ်စားတွေကြား တွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးသွားပြီး သဘောတူညီချက်တချို့ လက်မှတ်ရေးထိုးတဲ့သတင်း၊ လာရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး လူ ၂၀ ကျော်ကို အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေး နေတယ်ဆိုတဲ့ သတင်းနဲ့

Tuesday, May 28, 2013

တီဗွီသတင်းလွှာ (၀၅-၂၈-၂၀၁၃)

 
ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံအတွက် ရေအကူအညီနဲ့ မြစ်ကြီးနားမြို့မှာ KIO နဲ့ မြန်မာအစိုးရအကြား ဆွေးနွေးပွဲ ပြင်ဆင်နေတဲ့ အခြေအနေအပါအ၀င် အမေရိကန်ရောက် သဘင်အနုပညာရှင် မန္တလေးသိန်းဇော်နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်း စတဲ့...

မွတ်စလင် ရဲတိုက်ဖြစ်စဉ် နှင့် ပတ်သက်၍ စိန့်မေရီကျောင်း၏ သတင်းထုတ်ပြန်ချက်


 

စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ်အမြတ်ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။

နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။

မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။

မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။

ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။

ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ ၊အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ်သော အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေ သည့်ကြားမှပင် ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။ ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။

အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။ ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။




ယခုသတင်းMedia များတွင်ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့် ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။



 .. www.MyanmarExpress.net

Saturday, May 25, 2013

မွတ်ဆလင် နှစ်ဦးမှ စစ်သားတစ်ဦးကို လူရှေ့တွင် ရက်ရက်စက်စက် သတ်ပြ မှု ဗြိတိန်တွင်ဖြစ်ပွား၊ မြန်မာနိုင်ငံတွင် ၉၆၉ အဖွဲ့ ကဲ့သို့ပင် ဗြိတိန် EDL အဖွဲ့ဝင်များ ဆန္ဒပြ










လူ(၂)ဦးသည် တာဝန်ချိန် ပြင်ပတွင် မြို့ထဲ အေးအေးလူလူ သွားလာနေသည့် စစ်သားတစ်ဦးအား မြို့လယ်ခေါင်တွင် ဓားနှင့်ထိုးသတ်ပြီး ခေါင်းဖြတ်ရန် ကြိုးစားခဲ့သည်။


ဗြိတိန်နိုင်ငံတွင် အကြမ်းဖက်မှုအဖြစ် ယူဆနိုင်သည့် နေ့ခင်းကြောင်တောင် လူသတ်မှု တစ်ခုကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြောင်း သိရှိရသည်။ လူ(၂)ဦးသည် တာဝန်ချိန် ပြင်ပတွင် မြို့ထဲ အေးအေးလူလူ သွားလာနေသည့် စစ်သားတစ်ဦးအား မြို့လယ်ခေါင်တွင် ဓားနှင့်ထိုးသတ်ပြီး ခေါင်းဖြတ်ရန် ကြိုးစားခဲ့သည်။ လန်ဒန်မြို့တော် အရှေ့တောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော ခြောက်ခြားဖွယ် အကြမ်းဖက်မှုအတွင်း သံသယ တရားခံ (၂)ဦးကို ရဲများက ပစ်ခတ် ဖမ်းဆီးခဲ့ရသည်။ အာရပ်ဘာသာဖြင့် "အလ္လာသည် မြင့်မြတ်ပေသည်"ဟု ကြွေးကြော်မှုဖြင့် နေ့ခင်းကြောင်တောင် လူသတ်ပွဲ ဆင်နွှဲခဲ့သူ တစ်ဦး၏ လက်ထဲတွင် သားလှီးဓားကြီး တဝင့်ဝင့်နှင့် ရမ်းကားနေပုံကို မျက်မြင်သက်သေများက မှတ်တမ်း ဗီဒီယို ရိုက်ယူထားခဲ့သေးသည်။

(အကြမ်းဖက်လူသတ်ပြီးနောက် ပတ်ဝန်းကျင်ကို အော်ဟစ်ပြောကြားနေသည့် လူသတ်သမား)

၎င်းတို့သည် မီးဖိုချောင်သုံးဓားများ၊ သားလှီးဓားကြီးများဖြင့် မြို့လယ် လမ်းမပေါ်တွင် သောင်းကျန်းနေခဲ့ခြင်း ဖြစ်သည်။ အသတ်ခံရသော စစ်သားမှာ ၎င်း၏ တန်းလျားနှင့် ကိုက်(၂၀၀)မျှ အကွာ၊ မူလတန်းကျောင်းလေး တစ်ခုအနီးတွင် အသက်ဆုံးရှုံးသွားခဲ့ခြင်း ဖြစ်သည်။ လူထူထပ်စွာ သွားလာနေသော နေရာတွင်ပင် လူသတ်မှု ကျူးလွန်ခဲ့သူ တစ်ဦးက လမ်းလယ်ခေါင်တွင် "မင်းတို့ပြည်သူတွေ ဘယ်တော့မှ မလုံခြုံ မငြိမ်းချမ်းစေရဘူး။ မျက်လုံးတစ်လုံးအတွက် တစ်လုံး၊ သွားတစ်ချင်းအတွက် တစ်ချောင်း ပြန်ပေးဆပ်စေရမယ်"ဟု လန်ဒန်တောင်ပိုင်းသား လေသံ ပီပီသသဖြင့် အော်ဟစ်နေခဲ့ကြောင်းလည်း သိရှိရသည်။


(အကြမ်းဖက်လူသတ်သမား နှစ်ဦးနှင့် အသတ်ခံရသည့် စစ်သား၏ရုပ်အလောင်း)

၎င်း၏ လက်တွင် သွေးအလူးလူး အခြေအနေဖြင့် ခြောက်ခြားဖွယ် မြင်ကွင်းကြောင့် လူအများ အံ့ဩ တုန်လှုပ်ခဲ့ရသည်။ အကြမ်းဖက်သမား တစ်ဦးသည် ဖြတ်သွားဖြတ်လာ စစ်သား တစ်ဦးကို အဆက်မပြတ် ဓားဖြင့် ဆင့်ထိုးကာ လူလယ်ခေါင်တွင်ပင် ခေါင်းဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တုန်လှုပ် ခြောက်ခြားနေသော ဖြတ်သွားဖြတ်လာ လူများကိုလည်း ယခုဖြစ်စဉ်အား ဓာတ်ပုံရိုက်ထားရန် အော်ဟစ် တောင်းဆိုခဲ့သေးသည်။ အသားရောင်ရင့် အနွယ်ဝင်ဖြစ်သော ထိုသူနှစ်ဦးသည် အသက်(၂၀)ကျော် အရွယ်များ ဖြစ်ကြပြီး ခြောက်ခြားဖွယ်ရာ လူသတ်မှု ကျူးလွန်ပြီးနောက် ရဲများ ရောက်လာသည်ကို သွေးအေးအေးနှင့် စောင့်နေခဲ့ကြသည်။


(အကြမ်းဖက်သတ်ဖြတ်ခံရသည့် စစ်သား၏အလောင်းအား လမ်းမပေါ်တွင် တွေ့ရပြီး
လူသတ်သမားနှစ်ဦးက အနီးအနားမှ လူများနှင့် စကားပြောဆိုနေစဉ်)

ရဲများ မရောက်လာမီ လူတစ်ဦးက ၎င်းအား ဗီဒီယိုရိုက်နေသူ တစ်ယောက်ရှေ့တွင် "ခွန်အားကြီးမားတဲ့ အလ္လာအရှင်မြတ်ကို တိုင်တည်ပြီး ကျွန်ုပ်တို့ ကျိန်ဆိုတယ်။ ဒီလုပ်ရပ်ကို လုပ်ဆောင်တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က နေ့တိုင်း သေဆုံးနေရတဲ့ မွတ်ဆလင်တွေ အတွက်ပဲ။ ဒီဗြိတိန်စစ်သားဟာ မျက်လုံးတစ်လုံးအတွက် တစ်လုံး၊ သွားတစ်ချောင်းအတွက် တစ်ချောင်း ပေးဆပ်လိုက်ရတာပါပဲ။ ဒီနေ့ဖြစ်ရပ်ကို အမျိုးသမီးတွေ မြင်လိုက်ရတဲ့ အတွက်တော့ ကျုပ်တို့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မြေမှာ ကျုပ်တို့ အမျိုးသမီးတွေက ဒီလိုဖြစ်ရပ်တွေကို မြင်နေ တွေ့ရနေရကျပဲလေ"ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် ၎င်းတို့နှစ်ဦးကို ပစ်ခတ် ဖမ်းဆီးပြီးနောက် ကုသမှုခံယူစေကာ ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ တင်ပို့ခေါ်ဆောင်သွားခဲ့သည်။

(အကြမ်းဖက်သတ်ဖြတ်ခံရသည့် စစ်သား၏အလောင်းအား လမ်းမပေါ်တွင် တွေ့ရပြီး

လူသတ်သမားနှစ်ဦးက အနီးအနားမှ လူများနှင့် စကားပြောဆိုနေစဉ်)

(အကြမ်းဖက်သတ်ဖြတ်မှုတွင် ပါဝင်သည့် လူသတ်သမားတစ်ဦးအား အနီးမှဖြတ်သွားသည့် အမျိုးသမီးတစ်ဦးနှင့်အတူ တွေ့ရစဉ်)

ရဲများ မရောက်လာမီ ဓားကိုင်ထားသော အကြမ်းဖက်သမား တစ်ဦးကို Cub Scout ခေါင်းဆောင် အမျိုးသမီး အင်းဂရစ် လွိုင်ယူ ကန်းနက်က ကန့်ကွက်ပြောဆို အငြင်းပွားနေသည့် ဓာတ်ပုံများကိုလည်း သတင်းဌာနများက ဖော်ပြခဲ့သေးသည်။ "မင်းက လူအများကြီးနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေတာ။ မင်းပဲ ရှုံးမှာပေါ့"ဟု အကြမ်းဖက်သမားအား ကန်းနက်က ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ် နောက်ပိုင်းတွင် ဝူးလ်ဝစ်ခ်ျရှိ တော်ဝင် လက်နက်ကြီးတပ် စစ်တန်းလျားနှင့် အနီးရှိ မူလတန်းကျောင်းတို့ကို ယာယီ ပိတ်ထားလိုက်ရသည်။


(အကြမ်းဖက်လူသတ်သမားနှစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့စဉ်)

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က "အကြမ်းဖက်မှုနဲ့ ကျွန်တော်တို့ကို ချိုးနှိမ်လို့ မရပါဘူး။ ကျွန်တော်တို့ ပြိုလဲသွားမှာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုကို ကျွန်တော်တို့ ဆက်ပြီး ရင်ဆိုင်မှာပါ။ ခင်ဗျားတို့ ဘဝကို ဆက်ရှင်သန်ပါ။ ဆက်နေထိုင်ပါ။ ပြီးတော့ အကြမ်းဖက်သမားတွေ ဘယ်တော့မှ အနိုင်မယူနိုင်ဘူး ဆိုတာကို လက်တွေ့ ပြလိုက်စမ်းပါ"ဟု ပြည်သူများအား မိန့်ခွန်း ပြောကြားခဲ့သည်။ ကင်မရွန်သည် ယခုဖြစ်စဉ်ကြောင့် ပြင်သစ် သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးနှင့် ဆွေးနွေးနေမှုကို ချက်ချင်း ရပ်ဆိုင်းခဲ့သည်။


(အကြမ်းဖက်လူသတ်မှုဖြစ်ပွားရာပြ မြေပုံ)

ပြဿနာသည် ထိုမျှနှင့် မပြီးသေးဘဲ ညပိုင်းတွင် အသတ်ခံရသည့် စစ်သားကြောင့် မကျေမနပ် ဖြစ်ကာ အုံကြွလာသော လန်ဒန် လူထုအချို့နှင့် ရဲတပ်ဖွဲ့တို့ကြား ထိပ်တိုက် တွေ့ခဲ့ရသေးသည်။ အင်္ဂလိပ် ကာကွယ်ရေး အဖွဲ့ချုပ် (EDL)ဟု အမည်ပေးထားသည့် လှုပ်ရှားသူများက မျက်နှာဖုံးများ ဝတ်ဆင်ကာ ဝူးလ်ဝစ်ခ်ျရှိ ဘီယာဆိုင်တစ်ခု ရှေ့တွင် စုရုံးပြီး ဆူပူမှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းဆန္ဒပြမှုကို ရဲများက နံပါတ်တုတ်များ၊ ဒိုင်းများ အသုံးပြုကာ လူစုခွဲခဲ့ရသည်။ လတ်တလောတွင် လန်ဒန်လူထု အနေဖြင့် ယင်းကိစ္စကြောင့် လုံခြုံရေး ကဏ္ဍအတွက် စိုးရိမ်သောကမကင်း ဖြစ်နေကြောင်းလည်း သိရှိရသည်။


.
. www.MyanmarExpress.net

တီဗွီသတင်းလွှာ (၀၅-၂၅-၂၀၁၃)

 
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဂျပန်စီးပွားရေးလုပ်ငန်းရှင်များနဲ့ အတူရန်ကုန်ရောက်၊လက်ပန်းတောင်းတောင်ရပ်တန့် ရေးဆန္ဒပြပွဲ ၆လပြည့်ဆုတောင်းပွဲ....စသည်

Friday, May 24, 2013

တီဗွီသတင်းလွှာ (၀၅-၂၄-၂၀၁၃)

ဒီကနေ့ အစီအစဉ်မှာတော့    ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ နှစ်ပေါင်းလေးဆယ်လောက် အတွင်း ပထမဆုံး ဂျပန်ဝန်ကြီး ချုပ်တဦးရဲ့ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်လာတဲ့သတင်း၊ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံချက်မှာ ရင်းနှီးမြုတ်နှံဖို့ ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေကို ထိုင်းဝန်ကြီးချုပ် Yingluck က တိုက်တွန်းလိုက်တဲ့ သတင်း၊

Thursday, May 23, 2013

Oklahoma လေဆင်နှာမောင်း ကယ်ဆယ်ရေး

 
Published 23.05.2013

အမေရိကန်ပြည်ထောင်စု Oklahoma မြို့ဆင်ခြေဖုံးအရပ်ဖြစ်တဲ့ Moore မှာ တနင်္လာနေ့တုန်းက လေဆင်နှာမောင်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးမှု တွေ နဲ့ ရင်ဆိုင်ခဲ့ရ တဲ့ ဒေသခံတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဆောင်နေပါတယ်။ Oklahoma မြို့ အလယ်ပိုင်းမှာ အချင်းဝက် ၂ မိုင်နီးပါးအကျယ် နဲ့ အမြင့်ပေ ၁ သောင်းနီးပါးရှိတဲ့ လေဆင်နှာမောင်းကြီးတိုက်ခတ် ခဲ့တာကြောင့် လူအသေအပျောက်နဲ့ ကြီးကြီးမားမား ထိခိုက်ဆုံးရှုံး ပျက်စီးမှုတွေရှိခဲ့တာပါ။ ဒီအကြောင်း ဗွီအိုအေသတင်း ထောက် Zlatica Hoke သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခကပြောပြပေး မှာပါ။

မြန်မာ့စီးပွားရေး IMF ခန့်မှန်းချက်

 Published 23.05.2013
မန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာငွေကြေးပိုင်း ရှေ့အလားအလာဟာ ကောင်းမွန်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်း လိုက်ပါတယ်။ IMFရဲ့ လေ့လာသုံးသပ်ရေး အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံမှာ သီတင်းတစ်ပတ် နီးပါးကြာ လာရောက်ပြီး မြန်မာ့စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့ နှစ်စဉ်လုပ်နေကျ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာတွေ၊ လေ့လာသုံးသပ်တာတွေ လုပ်ခဲ့ပြီးတဲ့နောက် အခုလို ခန့်မှန်းပြောဆိုလိုက်တာပါ။ IMF လေ့လာသုံးသပ်ရေးအဖွဲ့က တွေ့ရှိချက် တွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံးချုပ်မှာ မနေ့က သတင်းစာရှင်းလင်းပွဲကျင်းပါတယ်။ ကိုကျော်ကျော်သိန်းက ကိုယ်တိုင်သွားရောက်ပြီး သတင်း ပေးပို့ထားပါတယ်။ 


 

ကြာသပတေးနေ့  မြန်မာတီဗွီသတင်း

Published 23.05.2013

မိတ္ထီလာမြို့ အရေးပေါ် အခြေအနေ သက်တမ်းတိုးဖို့ လွှတ်တော်က အတည်ပြု၊ မိထ္ထီလာ အဓိကရုဏ်းအပေါ် ဥပဒေကြောင်းအရ ကိုင်တွယ်ဆောင်ရွက်ပုံတွေနဲ့ပတ်သက်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ချက်၊ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှု အခြေအနေနဲ့ ပတ်သက်ပြီး IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ပြောဆိုချက်။

နေ့စဉ်တီဗွီမဂ္ဂဇင်း မြန်မာနဲ့နိုင်ငံတကာသတင်းများ

မိတ္ထီလာမြို့မှာ ကြေညာထားတဲ့ အရေးပေါ် အခြေအနေကို ၂ လ သက်တမ်း ထပ်တိုးဖို့ လွှတ်တော်အတည်ပြု၊ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှု IMF ပြောဆို၊ အမေရိကန် Oklahoma ပြည် နယ် လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးနဲ့ ပြန် လည် ထူထောင်ရေး  အခြေအနေ စသည့်  
သမ္မတ ဦးသိန်းစိန် နဲ့ အမေရိကန် လွှတ်တော် အမတ်တွေတွေ့ဆုံ၊ သမ္မတရဲ့ အမေရိကန် ခရီးစဉ်အပေါ်  သုံးသပ်ချက်၊ အမေရိကန်ရဲ့ ပိတ်ဆို့အရေး ယူမှု အပေါ် ပြည်တွင်းကုန်သည်တွေ သဘောထား၊  ပြည်တွင်း မီဒီယာတိုးတက်ရေးအတွက်  စိန်ခေါ်အကဲစမ်းမှုများ ... စသည်

 
သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၊ ၈၈ မျိုးဆက် ခေါင်းဆောင် မင်းကိုနိုင် ၊ ကိုကိုကြီးတို့နဲ့ တွေ့ဆုံမေးမြန်းခန်း၊ မြန်မာ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စသည် ...

Tuesday, May 21, 2013

Published 22.05.2013

 

  
သမ္မတ ဦးသိန်းစိန် အမေရိကန် ခရီးစဉ် အပေါ် မင်းကိုနိုင် အမြင်

Published 21.05.2013

သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ သဘောထား မှတ်ချက်အမြင်တွေကို ၀ါရှင်တန် ဒီစီ ဗွီအိုအေ စတူဒီယိုကို ဖိတ်ခေါ်ပြီး ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

တင်ပြီးသား post များ

3D