သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label အထိမ်းအမှတ်. Show all posts
Showing posts with label အထိမ်းအမှတ်. Show all posts

Wednesday, August 7, 2013

ရှစ်လေးလုံး ငွေရတု တွင် အထိမ်းအမှတ်ပွဲ၊ အမှတ်တရပဲ ကျင်းပခြင်းထက် ပညာရေး၊ ကျန်းမာရေးအတွက် လှူဒါန်းရန် မေသင်္ကြန်ဟိန်းပြောဆို

.သေချာတာကတော့ ငွေကျပ် သိန်းသုံးထောင်ဝန်းကျင်ဆိုတဲ့
ငွေကြေးက အခြေခံလူတန်စားတွေအတွက်တော့ ထိထိရောက်ရောက် ပြုလုပ်ပေးနိုင်တာတွေက အများကြီးပါ။


အဆင်းရဲဆုံး တိုင်းပြည်ကနေ ငွေကြေးအကုန်အကျအများဆုံး ပွဲတွေ ကျင်းပနေကြတာကို ငေးကြည့်ရင်း ...

Sunday, August 4, 2013

ညအော်သံ

ညအော်သံ

သူငယ်ချင်းရေ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညရဲ့ အသံကို ကြားရလား ၊
လူသေအလောင်းကောင်လို အေးစက်လို့ တောင့်တင်းလို့ ပေါ့ ။

အခုလို ညဥ့်နက်နက်တွေမှာ
လေထုထဲ ပဲ့တင်ထပ်နေတဲ့ အသံတွေ
ကြားမိသူတိုင်း ကြက်သီးမွေးသီးထစေခဲ့တဲ့ အသံတွေ
ဘယ်လိုလုပ် မေ့လို့ ရနိုင်ပ ။

Friday, July 19, 2013

၁၉-၇-၂၀၁၃ အာဇာနည်နေ့ အခမ်းနားမြင်ကွင်းပုံများ

၆၆နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
 ၆၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့

မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ

19.7.2013-ll1မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် (၆၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ပတ် သက်သော ကိုယ်ရေး အတ္ထုပတ္တိများ ဟောပြောခြင်း၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပ ခဲ့ကြကြောင်း သိရသည်။

(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်မည်

(၆၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များအား ဖိတ်ကြားခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မူ လွှတ်တော်ကိုယ်စားလှယ် များအား တက်ရောက်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ်ဖိတ်ကြားခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြော ကြားသည်။

အာဇာနည်နေ့ နယ်မြို့တွေမှာ ကျင်းပ

ပြည်မြို့ 
ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ၆၆ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်။
 (ဇူလိုင် ၁၉၊ ၂၀၁၃)၊ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ၆၆ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်။ (ဇူလိုင် ၁၉၊ ၂၀၁၃)၊
မအေးအေးမာ
19.07.2013
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် တခုဖြစ်တဲ့ မန္တလေးမြို့အပါအဝင် တခြားမြို့ တော်တော်များများ မှာလည်း အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ဂါရဝပြုပွဲတွေ ဆွမ်းကျွေးပွဲတွေ စီတန်းလမ်းလျှောက်ပွဲတွေလုပ်ပြီး အောက်မေ့သတိရမှုကို ပြသခဲ့ကြပါတယ်။ အခုလို မြို့တော်တော်များများမှာ ကျင်းပခဲ့ကြတဲ့
အာဇာနည်နေ့ပွဲတွေအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုစည်းတင်ပြပေးထားပါတယ်။

အာဇာနည်နေ့ ရန်ကုန်မှာ ထူးထူးခြားခြားဂုဏ်ပြု

၆၆ နှစ်မြောက် အာဇာနည်နေ့ 
လွမ်းသူ့ပန်းခွေချရန် အာဇာနည်ကုန်းသို့ရောက်လာသော ဗိုလ်ချုပ်အောင်ဆန်း၏သမီး
 ဒေါ်အောင်ဆန်းစုကြည်။၆၆ နှစ်မြောက် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချရန် အာဇာနည်ကုန်းသို့ရောက်လာသော ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်။
အောင်ရဲ မောင်မောင်
19.07.2013
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရနိုင်ခဲ့တဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပါတယ်။ စစ်အစိုးရအုပ်ချုပ်မှု ကာလတလျှောက်လုံးမှာ
ခမ်းခမ်းနားနား မကျင်းပဖြစ်တော့တဲ့ အခြေအနေကနေ အခုလို ပြန်ကျင်းပဖြစ်လာတဲ့အခါ ရန်ကုန်မှာ သွားလာ လှုပ်ရှားနေရတဲ့ ပြည်သူတွေအကြား အထူးအဆန်းလို ဖြစ်ရတယ်လို့လည်း ပြည်သူတွေ ကပြောပါတယ်။ ဒီ အကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်က ဗွီအိုအေ သတင်းထောက်ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

Thursday, July 18, 2013

၁၉-၇-၂၀၁၃ ၆၆ကြိမ်မြောက် ၁၉ဇူလှိုင် အာဇာနည်နေ့ အမှတ်တရ ဓါတ်ပုံဆလိုက်ရှိုး ဇာတိမာန်သီချင်းလေးနဲ့  တည်းဖြတ်တင်ထားပါတယ်။


အလင်းရောင်ကြယ်များမှ

" သမိုင်း တွင်ခဲ့ သည့် အာဇာ နည် ခေါင်းဆောင်ကြီး များ ၏ ဈာပန မှတ် တမ်း၊ ရုပ်ရှင်"

Photo: " သမိုင်း တွင်ခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏
ဈာပနမှတ်တမ်း၊ ရုပ်ရှင်"
Thursday, July 18, 2013

၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သော “နိုင်ငံတော် 
လုပ်ကြံမှုကြီး” သည် စစ်ပြီးခေတ် မြန်မာ့ နိုင်ငံရေး သမိုင်းတွင် အလွန် 
အရေးပါသော အဖြစ် အပျက်ကြီး တစ်ခု ဖြစ်သည်။ “၁၉ ဇူလိုင်၊ မမေ့ နိုင်” 
ဆိုသလို ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီး များ လုပ်ကြံ 
ခံခဲ့ရသည်။ ၆၆ နှစ် တိုင်ခဲ့ပြီ ဖြစ်သော အာဇာနည်ခေါင်း
ဆောင်ကြီး တို့ ကျဆုံးခဲ့မှု (အာဇာ နည်နေ့)အတွက် ပြည်သူတို့မှာ 
လွမ်းဆွတ်နေကြ ဆဲဖြစ်သည်။

မြန်မာ့လွတ်လပ်ရေး သမိုင်း တွင် အရုပ်ဆိုး၊ အကျည်းတန် စေခဲ့သည့် အဖြစ်အပျက်
 မြင်ကွင်းတစ်ခု ဆိုလျှင် မမှား။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အတူ 
ဖြစ်တည် ခဲ့သော အာဇာနည်နေ့အား နိုင် ငံ တည်တံ့သရွေ့ နိုင်ငံသူ၊ နိုင်ငံ 
သားများ၏ ရင်ဝယ်အရိပ်ထင်ရှိနေမည်မှာ အမှန်။

ထိုစဉ်အချိန်က အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်းအနားအား ဂျူဗလီဟော
 အဆောက်အအုံကြီး ၌ ခေတ္တပြင် ဆင် ထားရှိခဲ့ပြီး ပြည်သူ လူထု ဂါရဝပြုနိုင် 
ခဲ့ပုံကို ဆရာကြီး ဒဂုန်မြင့်စိုးက သမိုင်းမှတ်တမ်း ရုပ်ရှင် 
ရိုက်ကူးခဲ့သည်။ “အဲဒီတုန်းက အဘ အသက်က ငယ်သေးတော့ ဝါသနာအရ လိုက်ရိုက်တာ။ 
အလောင်းတွေ သယ်သွားတာ ကစပြီး ဂူသွင်းတဲ့ အထိ မပင်မပန်းနိုင်ဘဲ ရိုက်ခဲ့တာ။ 
အဘက ပထမတုန်းက လိုက်ရိုက်ခဲ့တာ ဝါသနာ အရပေမယ့် တကယ်တမ်း ကျတော့ ဒီရိုက်ကူး 
မှုဟာ နိုင်ငံနဲ့ လူမျိုး ရေးနဲ့လည်း ပတ်သက်တော့ စိတ်ထဲ မှာ ဝမ်းနည်းပြီး 
စိတ်တော့ မကောင်း ဘူး။ အဘဘဝ အတွက် အမှတ်တရ၊ နိုင်ငံတော် အတွက် မှတ်တမ်း 
ရာဇဝင် သမိုင်းကားကြီး ငါရိုက်ခဲ့ပါ လား ဆိုတဲ့ အသိက အသက်ကြီးလာ လေလေ 
ပိုသိလာခဲ့လေပဲ။ ရိုက်ကူး လို့ပြီး သွားပြီ ဆိုတာနဲ့ အေဝမ်း ရုပ်ရှင် 
ကုမ္ပဏီမှာပဲ ဖလင် ကူးဆေးတာရော၊ တည်းဖြတ်တာရော၊ အသံဖမ်း တာရော အကုန်လုံး အဘ 
လုပ်ခဲ့တာ” ဟု ဆရာကြီး ဒဂုန် မြင့်စိုး က ငယ်ရွယ်နုပျိုစဉ်က အာဇာ နည် 
ခေါင်းဆောင် ကြီးများ၏ ဈာပန အခမ်းအနားသို့ ကိုယ်တိုင် ကိုယ်ကျ သတင်း 
မှတ်တမ်းရိုက်ကူး ခဲ့ပုံကို ရှင်းပြခဲ့သည်။ အာဇာနည် ၉ ဦး၏ ဈာပနကို 
ရုပ်ရှင် အနုပညာရှင် တို့က ဝမ်းနည်း စွာ သတင်းရိုက်ကူး 
မှတ်တမ်းပြုခဲ့ကြသည်။

နိုင်ငံတော် အတွက် သမိုင်းဝင် သည့် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားကြီး ကို 
ရန်ကုန် မြို့လယ်ရှိ ရုပ်ရှင်ရုံကြီး ၄ ရုံတွင် တစ်ပြိုင်တည်း ပြသခဲ့သည်။ 
ထိုကာလက ရုပ်ရှင်ရုံ များ သည် တစ်နေ့လျှင် ၄ ပွဲသာ ပြသပြီး တနင်္ဂနွေ 
တစ်ရက်သာ ၅ ပွဲပြသနေ ချိန်ဖြစ်သည်။ အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကြီး 
ပြသနေသည့် အချိန်တွင် ၅ ပွဲပြသ ခဲ့သည်။ အပျော် တမ်း မှတ်တမ်း 
ရိုက်ကူးခဲ့ရာကနေ မှတ်တမ်း ရုပ်ရှင်ဖြစ်ခဲ့သလို လာ ရောက် ကြည့်ရှုကြသည့် 
မြန်မာ ပြည်သူ များက ထိုနေ့၊ ထိုအဖြစ် အပျက် အတွက် ယူကြုံး မရ ဝမ်းနည်း 
ခံစားကြသည်။ အာဇာနည် ခေါင်း ဆောင်ကြီးများ ဈာပန ကို ရိုက်ကူး ခဲ့သည့် 
ဆရာကြီး ဒဂုန်မြင့်စိုးသည် ရုပ်ရှင် နယ်မြေမှာမွေး၊ ရုပ်ရှင် နယ်မြေမှာ 
ကြီးပြင်းသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင် လောကအပေါ် 
သံယောဇဉ် ကြီးသူ လည်းဖြစ်သည်။

မြန်မာပြည်သူ့ ပြည်သား များသာမက ကမ္ဘာကပါ စိတ်ဝင်တစား ရှိကြသည့် ဗိုလ်ချုပ် 
အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်း အနား မြင်ကွင်း 
ရုပ်ရှင်သည် သမိုင်းမှာ မှတ် ကျောက် တင်နိုင်ခဲ့ သည်။ အဆိုပါ 
သမိုင်းဝင်သည့် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကြီးကို ၆၆ နှစ်မြောက် အာဇာနည်နေ့
 တွင် ပြသရန် မြန်မာ နိုင်ငံသူ နိုင်ငံသားများက ဆန္ဒရှိကြသည်။ ပွင့်လင်း 
မြင်သာသော ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေချိန်တွင် ပြည်တွင်း 
ရုပ်သံမီဒီယာ များအနေဖြင့် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် သီချင်းများ 
၊ဈာပန မှတ်တမ်း ရုပ်ရှင် များ စသည်တို့ကို ထုတ်လွှင့် ပြသ သင့်ကြောင်း 
တိုက်တွန်း လိုက်ရ ပါသည်။
ထွဋ်မြတ်
Popular Journal၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သော “နိုင်ငံတော် လုပ်ကြံမှုကြီး” သည် စစ် ပြီးခေတ် မြန် မာ့ နိုင်ငံရေးသမိုင်းတွင် အလွန်အရေးပါသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်သည်။ “၁၉ ဇူလိုင်၊
မမေ့ နိုင်” ဆိုသလို ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံခဲ့ရသည်။ ၆၆ နှစ် တိုင်ခဲ့ပြီ ဖြစ်သော အာဇာနည်ခေါင်းဆောင်ကြီး တို့ ကျဆုံးခဲ့မှု (အာဇာ နည်နေ့)အတွက် ပြည်သူတို့မှာ လွမ်း ဆွတ်နေ ကြ ဆဲဖြစ်သည်။

အာဇာ နည်နေ့ မှာ ရင်သိမ့် သိမ့်တုန်အောင် ၀မ်းနည်းခြင်း အထိမ်း အမှတ် ဥသြဆွဲ သံ နားဆင် ချင်သူ

Photo: အာဇာနည်နေ့မှာ ရင်သိမ့်သိမ့်တုန်အောင် 
ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲသံ နားဆင်ချင်သူ
Thursday, July 18, 2013

၁၉၄၇ခုနှစ်၊ဇူလိုင်လ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး 
အစည်းအဝေး ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင် များ 
မြန်မာနိုင်ငံရှေ့ဆက်လုပ်ငန်းစဉ် များအတွက် အစည်းအဝေးပွဲ ကျင်းပနေစဉ် 
နယ်ချဲ့လက်ပါးစေတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်နှင့်တကွ 
အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ကြရသည်။ ထိုအချိန် မှစပြီး 
ဇူလိုင်၁၉ရက်နေ့ကို ပြည်သူအပေါင်းက အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြပြီး 
ထိုနေ့ရောက်တိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ် 
သတိရသောအားဖြင့် အထိမ်းအမှတ်များပြုလုပ်ကာ အာဇာနည်နေ့ အခမ်းအနားများ 
ပြုလုပ်ခဲ့ကြသည်။ ခေတ်ကာလများ ရွှေ့လျားလာသည့်နောက်ပိုင်း လူငယ်များက 
အာဇာနည်နေ့ဆိုသည်ကို သမိုင်းထဲတွင်သာ ရှိတော့ပြီး တေးသံရှင် Rဇာနည်နှင့် 
ရောထွေးစွာ အမှတ်မှားနေကြသည် ကိုလည်း တွေ့ရသည်။ ထိုသို့သော အကြောင်း 
အရာများကို စေ့ ငုကြည့်ဖို့ရာ တေးသံရှင်Rဇာနည်နှင့် တွေ့ဆုံပြီးRဇာနည်နဲ့ 
အာဇာနည်နေ့ ခံစားမှု၊ သားလေးဖစ်ဖစ်တုန် အပေါ်မှာ Rဇာနည်၏ အာဇာနည်နေ့လက် 
ဆင့်ကမ်း အမွေ သဘောထားတွေကို မေးဖြစ်ခဲ့ကြသည်။

”အာဇာနည်နေ့ဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် 
ကြိုးပမ်းခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတဲ့နေ့။ 
အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးသွားတဲ့အတွက် စိတ် မကောင်း ဖြစ်မိတာပေါ့။
 တစ်ခုရှိတာက သူတို့ရဲ့ကြိုးစားအား ထုတ်ခဲ့မှုကြောင့်ကျွန်တော်တို့ မြန်မာ 
နိုင်ငံကြီးက သူ့ကျွန်ဘဝကနေ လွတ်မြောက် ခဲ့ရတယ်။ အဲဒါကိုတော့ 
အမြဲတမ်းအမှတ်ရမိတယ်”
အရင်နဲ့မတူ ကွာခြားသွားတဲ့ အာဇာနည်နေ့”ဥသြသံတွေမကြား ရတော့ဘူး။ ကျွန် 
တော်တို့ လူမှန်းသိတတ်စမှာ တီဗီက စပေါ်တာ။ အဲဒီမတိုင်ခင် က ရေဒီယိုပဲ 
အားကိုးရတယ်။ ရေဒီယိုကနေ ကြေညာထားတယ်။ ပြီးတော့ ကျွန်တော်တို့က 
ဗဟန်းမှာနေတာဆိုတော့ အာဇာနည်နေ့ရောက်ရင် ဥသြဆွဲသံ ကြားရတယ်။ 
အလေးပြုသံတို့ကြားရင် စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ 
`အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု´ဆိုတဲ့ အသံကြားရင် 
ကျွန်တော်တို့ကပါ အိမ်ကနေလိုက်ပြီး အလေးပြုကြတယ်။ ကျွန်တော်တို့ငါးတန်းနှစ်
 အထိပေါ့။ အဲဒီနောက်တော့မရှိတော့ဘူး။”
မျှော်လင့်မိတဲ့ အာဇာနည်နေ့”တကယ်ကိုအသိမှတ်ပြု လေးစား ထိုက်တဲ့ သူတွေကို 
ဂုဏ်ပြုတဲ့အစဉ်အလာလေးကို နောင်လာနောက်သားတွေ လက်ထက်မှာလည်း 
မပျောက်ပျက်စေချင်ဘူး။ ခုဟာက အဲဒါကြီး ပျောက် ကွယ်သွားတဲ့အခါကျတော့ 
ကျွန်တော်အဆိုတော် Rဇာနည်ပဲ တစ်ကိုယ်တော်ရှိုးလုပ်တဲ့နေ့လိုလို၊ 
မွေးနေ့လိုလိုဖြစ်နေတာတွေ မဖြစ်စေချင်ဘူး။ အိမ်က လူကြီးတွေ အပေါ်မှာလည်း 
တာဝန်ရှိတယ်။ ဒီနေ့၊ဒီရက်ဟာ ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ 
ကျဆုံးတဲ့နေ့ဆိုတာမျိုးကို မိဘတွေကလည်း သားသမီးတွေ ကို သွန်သင် 
မှတ်သားစေသင့်ပါတယ်”

သားကို ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောပြပေး

”ကျွန်တော်က သူ့ကို ဗိုလ်ချုပ်အောင်ဆန်း၊ဒေါ်အောင်ဆန်း စုကြည်စ သဖြင့် 
ပြထားတယ်။ ဘွားဘွားစုရဲ့ဖေဖေက ဗိုလ်ချုပ်အောင်ဆန်းလို့ လည်း ပြောပြထားတယ်။ 
အဲဒါနဲ့ အန်တီစုနဲ့တွေ့တဲ့အခါ သူကသွားမေး တယ်။ `ဘွားဘွားစု 
ဗိုလ်ချုပ်အောင်ဆန်းကော´တဲ့။ အဲဒါ ကျွန်တော်တို့ လည်း လုံးဝ သင်ပေးမထားဘူး။
 သူက ကျွန်တော့်ကို ပါပါးလို့ခေါ်တော့ သူ့ကို ဘွားဘွားစုရဲ့ပါပါးက 
ဗိုလ်ချုပ်အောင်ဆန်းလို့ပြောပြထားတာကို သူက အန်တီစုနဲ့တွေ့တော့သွားမေးတာ။ 
သားလေးကိုတော့ သူအရွယ်ရ လာတာနဲ့ အမျှ အဲဒီလို နေ့ထူးနေ့မြတ်တွေကို မမေ့ 
မလျော့ရှိအောင် သင်ပြပေးသွားမှာပါ”


ရဲရဲ
Popular Journal၁၉၄၇ခုနှစ်၊ဇူလိုင်လ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး အစည်းအဝေး ခန်းမ၌ ဗိုလ်ချုပ်အောင် ဆန်းနှင့် အစိုးရအဖွဲ့ဝင်များ မြန် မာနိုင်ငံရှေ့ဆက် လုပ်ငန်းစဉ်များအတွက် အစည်း အဝေးပွဲ ကျင်းပနေစဉ် နယ်ချဲ့လက်ပါးစေတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြ ရသည်။ ထိုအချိန် မှစပြီး ဇူလိုင်၁၉ရက်နေ့ ကို ပြည်သူ အပေါင်းက အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြပြီး ထိုနေ့ရောက်တိုင်းမှာ

အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဂါရဝ အစီအစဉ်များ ထုတ်လွှင့်မည်

မြန်မာ့ ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ ဇူလိုင် ၁၉ ရက်တွင် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပမှုနှင့် အာဇာနည်နေ့နှင့် ဆက်စပ်သည့် သတင်း အစီအစဉ်များကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ ထိုနေ့ နံနက် ၇ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားအား တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ် သည်။

Wednesday, July 17, 2013

နှစ်လနာရီ ခါရာသီရွေ့ပေမယ့် ....

အာဇာနည်နေ့မှာ ကျဆုံးလေပြီးတဲ့ ခေါင်းဆောင်ကြီးတွေကို တစ်နိုင်ငံလုံးကပြည်သူတွေက အလေးပြုဖို့ အတွက် ဥသြဆွဲသံ ပြန်လည်ထုတ်လွှင့်ဖို့ အစီအစဉ်မရှိဘူးလို့ မြန်မာအစိုးရက ပြောဆိုလိုက်ပြီးတဲ့နောက်
မှာတော့ အာဇာနည်နေ့နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ပြည်သူတွေအကြား မြင့်တက်လာပါတော့တယ်။

အာဇာနည်နေ့ ဥသြသံ ရယူသူ ၈၀၀ ကျော်ရှိပြီ ဟုဆို

မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်အာဇာနည်ခေါင်း ဆောင် ကိုးဦး ကျဆုံးခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့ (၆၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြု ဥသြသံကို Android ဖုန်းများ၌ ဖွင့်လှစ်နိုင်မည့် Application ကို ရယူသူ ၈၀၀ကျော် ရှိနေပြီဖြစ်ကြောင်း ယင်း Application ကို ပြုလုပ်သူ ကိုမိုးစက်က ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ မြန်မာ့အသံက ပြန်လွှင့်မယ်

နှစ်အတော်အတန်ကြာ နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြဖို့ ပျက်ကွက်ခဲ့တဲ့ အာဇာနည်နေ့မှာ ၁၉၄၇ ခုနှစ်က ဇူလိုင်လ ၁၃ ရက်နေ့ က ရန်ကုန်၊ မြို့တော်ခန်းမမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်း ကောက်နှုတ် ချက်တွေကို ယခုနှစ် ၆၆ နှစ် မြောက် အာဇာနည်နေ့မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ မြန်မာ့ရေဒီယို တို့က ထုတ်လွှင့်ပါတော့မယ်။

အာဇာနည်ခေါင်းဆောင်များ ကျဆုံးချိန် မြန်မာ့အသံက ဥဩမဆွဲဘဲ ထုတ်လွှင့်မှု ခေတ္တရပ်မည်

“ကျနော်တို့ အယ်ဒီတာတွေ တိုင်ပင်ထားတာကတော့ ဒီအချိန်မှာ ကျနော်တို့ သီချင်းရယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန် ကောက်နှုတ်ချက်လေးတွေပေါ့။ ဇူလိုင် ၁၃ ရက်နေ့မှာ မြို့တော်ခန်းမ မှာပြောတဲ့ မိန့်ခွန်း အဲဒီမိန့်ခွန်း ကောက်နုတ်ချက်လေးတွေနဲ့ တွဲပြီးတော့ ပရိုဂရမ်တွေ တခုလုပ်ထား ပါတယ်။ အဲဒီ အစီအစဉ်လေးကို ကျနော်တို့ လွှင့်မှာ။

Thursday, July 11, 2013

ဒွေးအမှတ်တရ

နေ့တိုင်း သတိရနေတာလား ..
ဟင့်အင်း မဟုတ်ပါဘူး ..
အချိန်တိုင်း သတိရနေတာလား ..
ဟင့်အင်း .. မဟုတ်ပါဘူး ..
ဘာတော်စပ်လို့လဲ ..
ဟင့်အင်း ဘာမှမတော်စပ်ပါဘူး ..
သေချာတာတခု က တွေးလိုက်တိုင်း မဖြေနိုင်ပါဘူး ..

Saturday, July 6, 2013

အာဇာနည်နေ့ - လွမ်းဆွတ်ဖွယ် ဥသြဆွဲသံ


အာဇာနည်နေ့  - ဇူလိုင်လ (၁၉) ရက်နေ့ ၊ နံနက် (၁၀) နာရီ (၃၇) မိနစ်အချိန်မှာ တစ်မိနစ်ကြာ တစ်နိုင်ငံ
လုံး နေရာအနှံ့  ကြားသိစေဖို့  ဥသြဆွဲပေးဖို့  တာဝန်မှာ တိုင်းပြည်အုပ်ချူပ်သူ အစိုးရ၏ တာဝန်ဖြစ်သည်။

Monday, June 24, 2013

ရင်နစ် ဖွယ် အပြန် ခရီးနှင့် အပူ မီး ကိုငြိမ်း သူများ

Photo: ရင်နစ်ဖွယ်အပြန်ခရီးနှင့် အပူမီးကိုငြိမ်းသူများ<br />
Monday, June 24, 2013</p>
<p>မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ 
လေဆိပ်ဆိုက်ရောက်ဧရိယာထဲ၌ နိုင်ငံ ရပ်ခြားမှ ပြန်လည်ရောက်ရှိလာကြသော 
မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက် ပျော်မြူးနေကြသော 
မိသားစုဝင်များ၏ ပျော်ရွှင်ဖွယ်ရာမြင်ကွင်းလေးအား မြင်ရပြန်တော့ မိမိကိုပါ 
ထိုပီတိ ကလေးကူးစက်၍ ပျော်ရွှင်ကြည်နူးသလို ခံစားမိပါသည်။</p>
<p>အော်…“သွားလမ်းသာ၍ လာလမ်းဖြောင့် ကြသူများပါတကား” ဟုတွေးမိသလို 
အခြားတဖက် လူမသိသူမသိလေဆိပ်၏ နောက်အပေါက် ပစ္စည်းအ ဟောင်းများ ထားရှိရာနေရာ 
ညောင်ပင်အိုကြီး၏ အရိပ်အောက်ရှိ လေဆိပ်သုံး ထော်လီတစ်စင်းပေါ်တွင် 
အထပ်ထပ်ထုတ်ပိုးထားသော အခေါင်းသေတ္တာတစ်လုံးနှင့်အတူ ဘေးဝဲယာတွင် 
အော်ဟစ်ငိုကြွေး ပူဆွေး နေကြသော မိသားစုတစ်စု အော်… “သွားလမ်းသာခဲ့ပေမယ့် 
ရင်နင့်ဖွယ်အပြန်ခရီး” နဲ့ မိသားစုဝင်တွေ မျက်ရည်တွေနှင့် ဆီးလို့ကြိုနေသော
 မြင်ကွင်းကလေးသည် မိမိတို့၏ နှလုံးသားကို စူးနစ်ကြေကွဲစေခဲ့လေ ပြီ။ 
ထိုမြင်ကွင်းလေးအား ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်တော့ချေ။</p>
<p>၂.၆.၂ဝ၁၃ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ရက်စက်စွာ 
အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် ကွယ် လွန်ခဲ့ရသော ကိုဇော်ဝင်းထိုက် အသက် (၃၁)
 နှစ်၏ ရုပ်အလောင်းအား မိဘဆွေမျိုး ညီအစ်ကို မောင်နှမ များ၏နေရပ် 
မှော်ဘီမြို့နယ်သို့ ပြန်လည်သယ်ဆောင်၍ သင်္ဂြိုဟ်လိုသည့်ဆန္ဒကြောင့် 
မလေးရှားနိုင်ငံရှိ ကပုန်း (၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ 
လူမှုရေးသမားများ၏ စီစဉ်ဆောင်ရွက် ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ 
ပြန်လည်သယ်ဆောင်ခဲ့ရာ ၂၂.၆.၂ဝ၁၃ ရက်နေ့ နံနက် (၉းဝဝ) နာရီတွင် 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး 
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ရုပ်အလောင်းအား သယ်ဆောင်၍ 
နေရပ်သို့ ပြန်လည်ပို့ဆောင်ကူညီပေးခဲ့သည်။</p>
<p>ယင်းနေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် ကွယ်လွန်သူ၏ 
နေရပ်ဇာတိဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ 
မြို့ချောင်းကျေးရွာရှိ သုဿန်တွင် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ခဲ့သည်။ ထိုသို့
 သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ ၏ မိဘဆွေမျိုး ညီအစ်ကို မောင်နှမများ 
ရပ်မိ/ဖများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေး သမားများ၊ ကပုန်း 
(၇)ရက်သားသမီး နာရေးကူညီမှုအသင်း(မလေးရှား)မှ လူမှုရေးသမားများတို့သည် 
ကွယ်လွန်သူ၏ နေအိမ်မှ သုဿန်သို့ ခက်ခက်ခဲခဲ စုပေါင်းညီညာစွာဖြင့် 
ဝိုင်းဝန်းသယ်ဆောင်၍ မီးသင်္ဂြိုဟ် ပေးခဲ့ပြီး မိသားစုဝင်များ၏ အပူမီးအား 
မျှဝေခံစားခဲ့ကြသည်။</p>
<p>ယခုကဲ့သို့သော ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံ၏ 
သားကောင်းရတနာများ ရင်နင့်ဖွယ်ရာ ကြွေလွင့်ရခြင်းသည် မိသားစုအတွက် 
ကြီးမားသော ဆုံးရှုံးမှုဖြစ်သလို တိုင်းပြည်အတွက်လည်းများစွာ နစ်နာခဲ့ရသည်။ 
ထို့ကြောင့် ကိုဇော်ဝင်းထိုက် အသက် (၃၁) နှစ်၏ “ရင်နစ်ဖွယ်ရာအပြန်ခရီး” 
တွင် ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် မိသားစု၏ အပူမီးကို 
မျှဝေခံစားရင်း မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲခဲ့ရတော့သည်။ 
ကမ္ဘာသူ/သားအားလုံး ပျော်ရွှင်ဖွယ်အပြန်ခရီးတွင် မိသားစုနှင့် အတူ 
ဆုံဆည်းနိုင်ကြပါစေ။</p>
<p>Kyaw Thu</p>
<p>Thit Htoo Lwin
မြင်ကွင်းထဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေဆိပ်ဆိုက်ရောက်ဧရိယာထဲ၌ နိုင်ငံ ရပ်ခြားမှ ပြန်လည်ရောက်ရှိလာကြသော မိမိတို့၏ မိသားစုဝင်များအား ဝမ်းသာအားရ ပွေ့ ဖက်နှုတ် ဆက် ပျော်မြူးနေကြသော မိသားစုဝင်များ၏ ပျော်ရွှင်ဖွယ်ရာမြင်ကွင်းလေးအား မြင်ရပြန်တော့ မိမိကိုပါ ထိုပီတိ ကလေးကူးစက်၍ ပျော်ရွှင်ကြည်နူးသလို ခံစားမိပါသည်။

Thursday, June 20, 2013

မြန်မာပြည်သူ/သားတွေ အားလုံးချစ်တဲ့သမ္မတကြီး ဦးသိန်းစိန်ဆိုတာ သူပေါ့

သူ ပေါ့..............။
ဒုတိယ ဘုရားသခင်လည်းမဟုတ်ပါဘူး.။

သူပေါ့............။
သူများတွေလို ထောက်ခံမူ့  အများကြီးလည်းမရပါဘူး။

အမေစုအတွက်မွေးနေ့မင်္ဂလာ ဆုပန်လွှာ

မွေးရပ်မြေခြား တိုင်းတပါးသားနဲ့
ပျော်ပါးနေစဉ် မေ့ကာနေတဲ့
သူတို့ အမေ ကျန်းမာစေ ... ။

တင်ပြီးသား post များ

3D