သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label အနုပညာအတတ်ပညာရှင်တို့ရဲ့သတင်း. Show all posts
Showing posts with label အနုပညာအတတ်ပညာရှင်တို့ရဲ့သတင်း. Show all posts

Thursday, October 23, 2014

ဆင်ဆာဖွင့်ပြီးနောက်ပိုင်း မြန်မာဇာတ်ကားတွေမှာ လိင်အသားပေးပြကွက် များလာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ်ဟုဆို


မြန်မာ ဗွီဒွီယို ဇာတ်ကားတွေကို ဆင်ဆာ အဖွဲ့က ပြန်လည် စိစစ်ရတာက မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ကားတွေ များလာတာကြောင့် ထိန်းကြောင်း ပေးတဲ့ သဘောသာ ဖြစ်တဲ့ အကြောင်း ဆင်ဆာဘုတ် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။
မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်ကစပြီး ဆင်ဆာအဖွဲ့ထံ တင်ပြပြီးမှ ထုတ်လုပ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

Sunday, September 29, 2013

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများအကြောင်း၊သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

တရုတ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့်

တရုပ်ပြည်ရောက် စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့် (ဓာတ်ပုံ- Thet Mon Myint's facebook) 
တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် ပိတ်ပွဲအခမ်းအနားမှာမြင်တွေ့ရတဲ့ သရုပ်ဆောင်
စိုင်းစိုင်းခမ်းလှိုင်နဲ့ သက်မွန်မြင့်တို့ပါ။

Friday, September 27, 2013

Miss Tourism Queen International 2013 ပြိုင်ပွဲတွင် မြန်မာသီချင်းဖြင့် ဖျော်ဖြေမည်ဟု ခင်လပြည့်ဇော်ဆို

Miss Tourism Queen International 2013 ပြိုင်ပွဲတွင် မြန်မာသီချင်းဖြင့်ဖျော်ဖြေမည်ဟု ခင်လပြည့်ဇော် တရုတ်နိုင်ငံ Xianning မြို့ တွင် ကျင်းပပြုလုပ်မည့် Miss Tourism Queen International 2013 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ် စားပြုအဖြစ်သွားရောက် ယှဉ်ပြိုင်မည့် Miss Myanmar ခင်လပြည့်ဇော် က အဆိုပါ ပြိုင်ပွဲတွင် မြန်မာ သီချင်းဖြင့် ပါဝင်တင်ဆက်သွားမည်ဟု ပြောသည်။

သရုပ်ဆောင် မင်းခန့်ကျော်ကို သရဝဏ် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက တရားစွဲမည်

သရဝဏ်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ သရုပ်ဆောင် မင်းခန့်ကျော်ကို နှစ်ဦးသဘောတူ စာချုပ်ဖြင့် ရိုက်ကူးပေးရန် အပ်နှံထားသော ဗီဒီယိုဇာတ်ကား ငါးကားကို အချိန်မီအပ်နှံခြင်း မရှိဘဲ ရှောင်လွှဲနေသည့်အတွက် ပုဒ်မ-၄၂၀ (လိမ်လည်မှု) ဖြင့် ကျောက်တံတား တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး၏ မန်နေဂျာက The Voice သို့ ပြောကြားသည်။

Thursday, September 26, 2013

ဇာဂနာ ကျန်းမာရေး ဆိုးရိမ်ရ၊ လက်တလော ရူးကြောင်ကြောင်ဖြစ်နေပြီး အချိန်မရွေး အသက်ထွက်နိုင် ဟု ဆို

လူရွှင်တော် ဇာဂနာ (ဦးသူရ) ဟာ မနေ့ညက အဆုတ်ရောင်ရမ်းပြီး အမော ဖောက်လာတာကြောင့် နေအိမ်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဦးဇာဂနာ အနားမှာ အနီးကပ် ပြုစုပေးနေတဲ့ ကိုဇော်သက်ထွေးက ဧရာဝတီကို ပြောပါတယ်။

သေဘို့တစ်နေ့ထက်နီးလာပြီဆိုတာသိတော့သိမှာပါ ကိုဇာဂနာ

Photo:
ဇာဂနာ(မောင်သူရ)သည် ကျန်းမာရေးအခြေအနေကြောင့် ယနေ့ အောက်ဆီဂျင်ဘူးဖြင့် အသက်ရှုနေရကြောင်းသိရသည်။
ဇာဂနာ ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လူရွှင်တော် အရိုင်းကှို ဆက်သွယ်မေးမြန်းခဲ့ရာ "ဒီမနက်မှသိတာ ၊ ဖေ့ဘုတ်ပေါ်မှာတွေ့လိုက်တာ၊ အသက်ရှုမဝဘူး၊ အဆုတ်ေ၇ာင်နေတယ်လို့ ပြောတယ်။ အခု အောက်ဆီဂျင်ပေးထားတယ်။ 

နက်နက်ရှိုင်းရှိုင်းမှား ခဲ့တဲ့ မိုးဟေကို

လတ်တလောမှာ မိုးဟေကိုက ဒါရိုက်တာ နေသူရိန် ရိုက်ကူးတဲ့ "ထားခဲ့ရမှာ စိုးတယ် " ဇာတ်ကားကို နေမင်းနဲ့အတူ သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားလေးမှာ မိုးဟေကို က ကင်ဆာရောဂါသည် တစ်ယောက် အဖြစ် သရုပ်ဆောင်ထား ပါတယ်။ နောက်ပိုင်းမှာ ကိုယ်ရိုက်ချင်တဲ့ ဇာတ် ရုပ်တွေကိုပဲ ရိုက်ဖြစ်နေကြောင်း မိုးဟေကိုက ပြောပါတယ်။

ထိပ်ဆုံးမှာ ပြေးနေတဲ့ ကြည်ပြာ နဲ့ မိုးစက်ဝိုင်

မယ်စကြာဝဠာပွဲတက်ဖို့ ပြိုင်ဘက် ၂၀ ထဲမှာ ထိပ်ဆုံးမှာ ပြေးနေတာကတော့ ကြည်ပြာ နဲ့ မိုးစက်ဝိုင် တို့ ဖြစ်ပါတယ်။

နာမည်ကြီးရန်အတွက် Sexy photo၊ Sexy pose များ ဆက်ရိုက်သွားမည့် အင်ဂျင်နီယာတစ်ဦး

ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို 
ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပုံတွေကိုသာ ရိုက်ကူးနေပေမယ့်၊ 
သရုပ်ဆောင်ပိုင်းကို ပိုပြီး သဘောကျ ပါတယ်ဆိုတဲ့ ဇွန်သဉ္ဖာက “ဿွာနတ္တ”ဆိုတဲ့ ဗီဒိယို ဇာတ်ကားကို 
ခေါင်းဆောင်မင်း သမီးအဖြစ် ရိုက်ကူးထားပြီး တခြား ဗီဒီယို ဇာတ်ကား အနည်းငယ်မှာလည်း 
ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။

Tuesday, September 24, 2013

မိုးထဲလေထဲမှာကုန်းတစ်တန်ရေတစ်တန်ခရီးဆန့်ပရဟိတပေးဆပ်တဲ့အလှမယ်နန်းခင်ဇေယျာ

အလှမယ်ဆိုတာဘဲလဲ။အလှစစ်ဆိုတာဘာလဲ။တကယ်တော့

လူမူဘ၀ထဲမှာအလှစစ်နဲ့ အလှမယ်အစစ်ကတော့စိတ်ထားလှမူနဲ့ 
အဲ့ဒီလှသောစိတ်ထားနဲ့ လူမူပရဟိတ(အများကျိုး)သယ်ပိုးရွက်ဆောင်
မူပြုသူသာ။ခုတော့ပေါ်ပြူလာကအလှစစ်နဲ့ အလှမယ်ကိုဂုဏ်ပြုလိုတဲ့
အတွက်ဒီကနေ့ Nang Khin Zay Yar ဖေ့ဘုတ်မှာဖေါ်ပြမူကိုထပ်ဆင့်မျှ
ဝေဂုဏ်ပြုလိုက်ပါရစေ..။

ဆယ်လီနာဂိုမက်ဇ်ကို ရုရှားအစိုးရ ပြည်ဝင်ခွင့်ပိတ်ပင်

Photo: ဆယ်လီနာဂိုမက်ဇ်ကို ရုရှားအစိုးရ ပြည်ဝင်ခွင့်ပိတ်ပင် 
Tuesday, September 24, 2013

ရုရှားနိုင်ငံသည် လိင်တူချစ်သူများအား ဖိနှိပ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားရာ လိင်တူချစ်သူများကို အားပေးရပ်တည်သည့် ဆယ်လီနာကို ယခုလို ပြည်ဝင်ခွင့်ပိတ်ခဲ့ခြင်းဟု သိရှိရရုရှားတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲအစီအစဉ်တစ်ခုတွင် ပါဝင်ရန် ပြင်ဆင်နေသော ဆယ်လီနာဂိုမက်ဇ်ကို ရုရှားအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည်။ ယခင်က ကွန်မြူနစ်စနစ် ကြီးမားစွာ ဩဇာလွှမ်းမိုးခဲ့သည့် ရုရှားနိုင်ငံသည် လိင်တူချစ်သူများအား ဖိနှိပ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားရာ လိင်တူချစ်သူများကို အားပေးရပ်တည်သည့် ဆယ်လီနာကို ယခုလို ပြည်ဝင်ခွင့်ပိတ်ခဲ့ခြင်းဟု သိရှိရသည်။ ဆယ်လီနာအနေဖြင့် ရုရှားတွင် ဖျော်ဖြေပွဲပြုလုပ်စဉ် Gay အခွင့်အရေးအတွက် စည်းရုံးမှုများ ပြုလုပ်မည်ကို အစိုးရက စိတ်ပူနေခြင်း ဖြစ်သည်။ အစောပိုင်းက Come And Get It စတား အဆိုတော်မင်းသမီးသည် Stars Dance ကမ္ဘာလှည့်ဖျော်ဖြေပွဲကို မော်စကိုနှင့် စိန့်ပီတာစဘာ့ဂ်တို့တွင် ကျင်းပရန် စီစဉ်ထားခဲ့သည်။

Gay အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး Change.org ကို ထူထောင်သူဖြစ်သည့် ဂျွန်ဘက်ကာသည် ဆယ်လီနာ၏ ဖျော်ဖြေပွဲ အစီအစဉ်တွင် Gay များအတွက် ထောက်ခံစကားပြောရန် ပန်ကြားခဲ့သည့်နောက် ရုရှားအစိုးရက ယင်းအစီအစဉ်အတွက် ကြိုတင် ကာကွယ် တားမြစ်ခဲ့ခြင်းဖြစ်သည်။ ဘက်ကာက "ဆယ်လီနာရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ပယ်ချလိုက်တာဟာ ဒီကိစ္စမှာ ရုရှားအစိုးရက အရမ်းကို အထိမခံဖြစ်နေတာ သိသာစေပါတယ်။ သူတို့က ဆယ်လီနာလို ကြယ်ပွင့်တစ်ယောက်က Gay အခွင့်အရေးအတွက် လှုံ့ဆော် စကားပြောမှာမျိုးကို ကြောက်နေတာပါ" ဟုဝေဖန်ခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇွန်လက နိုင်ငံအတွင်း ရိုးရာအစဉ်အလာ သဘာဝနှင့် မကိုက်ညီသည့် လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတိုင်းအတွက် ဝါဒဖြန့်မှု၊ စည်းရုံးလှုံ့ဆော်မှုတို့ကို တားမြစ်သော ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုထားခဲ့သည်။ 

Planet Myanmar Network
ရုရှားနိုင်ငံသည် လိင်တူချစ်သူများအား ဖိနှိပ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားရာ လိင်တူချစ်သူများကိုအားပေးရပ်တည်သည့်ဆယ်လီနာကိုယခုလို ပြည်ဝင်ခွင့်ပိတ်ခဲ့ခြင်းဟုသိရှိရရုရှားတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲအစီအစဉ်တစ်ခုတွင် ပါဝင်ရန် ပြင်ဆင်နေသော ဆယ်လီနာဂိုမက်ဇ်ကို ရုရှားအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည်။ ယခင်က ကွန်မြူနစ်စနစ် ကြီးမားစွာ ဩဇာလွှမ်းမိုးခဲ့သည့် ရုရှားနိုင်ငံသည် လိင်တူချစ်သူများအား ဖိနှိပ်သည့်

Monday, September 23, 2013

Star Model Int’L နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ခင်ဝင့်ဝါက ငွေကျပ်သိန်း ၃၀ ပေးဆောင်၍ ရုပ်သိမ်း

Miss Supranational ပြိုင်ပွဲတွင် ဆု လေးဆုဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါသည် Star model Int’l နှင့် ချုပ်ဆိုထားသည့် စာချုပ...်ပါ စည်းကမ်းချက်အချို့ကို
ဖောက်ဖျက်ခဲ့သဖြင့် ငွေကျပ် သိန်း ၃၀ လျော်ကြေး ပေးအပ်၍ ရုပ်သိမ်းလိုက်ကြောင်း ခင်ဝင့်ဝါက မဇ္ဈိမသို့ပြောကြားလိုက်သည်။

အခွင့်အရေးရတိုင်း မယူဘူးဆိုတဲ့ မိုးဟေကို

လတ်တလောမှာ မိုးဟေကိုက ဒါရိုက်တာ နေသူရိန်ရိုက်ကူးတဲ့ "ထားခဲ့ရမှာစိုးတယ်" ဇာတ်ကားကို နေမင်းနဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားလေးမှာ မိုးဟေကို က ကင်ဆာရောဂါသည် တစ်ယောက် အ...ဖြစ် သရုပ်ဆောင်ထားပါတယ်။ နောက်ပိုင်းမှာ ကိုယ်ရိုက်ချင်တဲ့ ဇာတ် ရုပ်တွေကိုပဲ ရိုက်ဖြစ်နေကြောင်း မိုးဟေကိုက ပြောပါတယ်။

ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ.

၂၇ကြိမ်မြောက်အရှေ့တောင် အာရှဆီးဂိမ်း အားကစားပြိုင်ပွဲအတွက် ပေါ်ပြူလာဂျာနယ်က တင်ဆက်နေကျဖြစ်တဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး အားကစား ကဏ္ဍအနေနဲ့ ဒီတစ်ပတ်မှာတော့ ကြက်တောင်ရိုက်အား ကစားနည်းကို ရွေးချယ်ဖြစ်ခဲ့ကြပြီး ဒီကြက်တောင်ရိုက်အားကစား နည်းအတွက် ကူညီ သရုပ်ဆောင်ပေးဖို့ မင်းသမီးကို စဉ်းစားတဲ့ အခါမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင်

Sunday, September 22, 2013

“အောင်ပဒင်..အင်ပဒေါင်း” ဇာတ်ကားမှ အသုံး အနှုန်းများ အတွက် မတောင်းပန် ပါက တရားစွဲမည်

လွန်ခဲ့သည့် ခြောက်လခန့်ကတည်းက ဖြန့်ချီခဲ့သည့် နေတိုးပါဝင် သရုပ်ဆောင်ထားသော
“အောင်ပဒင်...အင်ပဒေါင်း”
ဇာတ်ကားတွင် ပါဝင်သော အသုံးအနှုန်းများ၊ အပြုအမူများနှင့် ပတ်သက်၍ မတောင်းပန်ပါက ကယန်း
စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ နှင့် ကယန်းအမျိုးသားပါတီတို့မှ တရားစွဲဆိုမည်ဖြစ်ကြောင်း ကယန်းစာ
ပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ကိုခွန်ကလဲ့မင်းက ပြောသည်။

Saturday, September 21, 2013

သိသိကြီးနဲ့ မှားတဲ့အမှားတော့ “မိုး” ဘဝမှာ မရှိဘူးဆိုတဲ့ မိုးဟေကို

နောင်မှနောင်တ မရတတ်ဘူး။ လူဆိုတာတော့ အမှားနည်းအောင် ကြိုးစားကြတာချည်းပဲ။ အမှားနဲ့တော့မကင်းကြဘူးပေါ့။ အဲဒီထဲမှာ အမှားတွေ လုပ်ခဲ့ရင်လည်း အမှား နည်းအောင် နောင်မှာနောင်တမဲ့ အောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး တော့နေတယ်။ ကိုယ်ကိုယ်တိုင်မသိ လို့မှားခဲ့တဲ့အမှားကို သူများထောက် ပြမှသိတယ်။ ဪ ဒါအမှားလား၊ အဲဒီအချိန်ကျမှသိတယ်။

Miss Supranational Myanmar နဲ့ ကောလဟာလ

မကြာသေးခင်က  ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပတဲ့ Miss Supranational ပြိုင်ပွဲကို မခင်ဝင့်ဝါ အနေဲ့  
မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့အပေါ် ကောလဟာလ တွေ ဖြစ်ပေါ်နေတဲ့ အတွက် Miss Supranational Myanmar Organization က သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ အခုလို ဖော်ပြထား ပါတယ်။ 

Friday, September 20, 2013

ခင်လပြည့်ဇော် ဘီကနီဖြင့် ရန်ကုန်တွင် စာနယ်ဇင်း အကြို မိတ်ဆက်ပွဲ ပြုလုပ် (ဓာတ်ပုံ - ၆ ပုံ)

Xinning China မှာ ကျင်းပမယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို မြန်မာပြည်ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် မော်ဒယ်ခင်လပြည့်ဇော်ကို စက်တင်ဘာလ ၂၀ရက်နေ့ မနံက်၁၀နာရီက ရန်ကုန်မြို့ Central Hotelမှာ စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ ပြုလုပ်။

Thursday, September 19, 2013

နိုင်ငံခြားခိုးကူးခွေဖမ်းဆီးနေမှုကြောင့် အစည်းအရုံးအပေါ် အထင်မလွဲစေလိုဟု ဦးလူမင်းဆို

မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ရောင်းချနေသော မြန်မာဇာတ်လမ်း၊ မြန်မာ သီချင်းခိုးကူးခွေများကိုသာ ဖမ်းဆီးနိုင်ရေးအတွက် အဓိက ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေများကို ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ဖိအားပေးတိုက်တွန်းခဲ့ခြင်းမရှိခဲ့သလို သက်ဆိုင်မှုလည်း မရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလူမင်းကပြောကြားလိုက်သည်။

တင်ပြီးသား post များ

3D