သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label ဆင်ခြင်စရာ. Show all posts
Showing posts with label ဆင်ခြင်စရာ. Show all posts

Thursday, October 23, 2014

ဘုရားပွဲနဲ့ မော်ဒယ်ဂဲလ် (သတိပြုဆင်ခြင်ဖွယ်ရာ)

ဆရာရေ မြန်မာပြည်မှာ ဒါမျိုးကြီးတွေ တရားဝင် လုပ်လို့ရနေပြီလားဟင်လို့ နံနက်ခင်း တစ်ခုမှာ အတူ လက်ဖက်ရည်ဆိုင် ထိုင်ဘက် ဘော်ဒါကြီး တစ်ယောက်က အင်တာနက် ဖွင့်ထားတဲ့ သူ့ဖုန်း လာထိုးပြတယ်။ ဖတ်လိုက်တော့ စတီးရောင် ပြောင်လက်လက် တိုင်တစ်လုံး ကိုင်ပြီး ပတ်ကနေတဲ့ မြန်မာပြည်က Sexy အကျဆုံးလို့ နာမည်ကြီးတဲ့ မော်ဒယ်ဂဲလ် သုံးယောက် ပုံတွေ ထိပ်ဆုံးကပါတဲ့ သတင်း တစ်ပိုဒ်။

ဒီမှာ ဒီမှာ မောင် မဲပြာနဲ့ မ ကလျာ

ခါးသီး ကြမ်းတမ်း နိမ့်ကျ လွန်းလှတဲ့
ဘဝတွေကိုတောင် ဘာကြောင့် ...
လှံစိုက်ချင် ကြတာလဲ
မတရားမှုတွေနဲ့ ဘေး ဒုက္ခ
အန္တရာယ်ကို တရား မျှတမှု လို့
ခံယူပြီး နှုတ်ပိတ်ခြင်းနှင့်
လက်ခံ ယူရမှာ လား
တခါ လာလည်း မဲပြာ ပုဆိုး ဒီ အချိုးနဲ့
နောက်တိုးတဲ့ မ ကလျာ လျှို့ဝှက်စွာ
ဆွေးနွေး တိုင်းရင်းသား ပြည်သူ့အရေးကို
သူလေ မေ့နေပြီ သလား
တိုင်းပြည် ကောင်းစားရေး ဆိုတာ

Saturday, September 28, 2013

ကလေး သူငယ် အဓမ္မ ပြုကျင့်မှု ဘယ်လို ကာကွယ် ဖြေရှင်းမလဲ


ဇွန် ၂၂ရက်က စမ်းချောင်းမြို့နယ်၊ ရွှေလောင်းလမ်းထိပ် ဓမ္မာရုံတွင်ပြုလုပ်သည့်
မုဒိမ်းမှုရှုတ်ချပွဲတစ်ခု (ဓာတ်ပုံ – 7 Day Daily / ဂျေမောင်မောင် (အမရပူရ))
မြန်မာနိုင်ငံ တ၀န်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် အဓမ္မပြုကျင့်မှု ဖြစ်ပွားတာတွေဟာ
အခုနှစ်ပိုင်းအတွင်း များပြား လာတာ တွေ့ရပါတယ်။
သတင်း မီဒီယာတွေ၊ အင်တာနက် လူမှုကွန်ရက် စာမျက်မှာတွေမှာလည်း အများအပြား ရေးသား
ဖော်ပြကြပါတယ်။

Friday, September 27, 2013

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ်္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။
အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆေးရုံတွင် စစ်ဆေးပြီးနောက် နှစ်တန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း အမှုဖွင့်

  နှစ်တန်းကျောင်းသူတစ်ဦးကို ဆေးရုံသို့ ပြသခဲ့ရာတွင် အဓမ္မပြုကျင့်ခြင်းခံထားရကြောင်း မှတ်ချက်ပေးခဲ့သဖြင့် ပြစ်မှု ကျူးလွန်သူအား အရေးယူပေးရန် အဖွားဖြစ်သူက စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံဆိပ်ကမ်းရဲစခန်း၌ အမှုဖွင့် တိုင်တန်းထားသည်။

Thursday, September 26, 2013

“သိန်းတစ်ရာ မမက်သော တောသူမ”

ပြည်ကြီးတံခွန်မြို့နယ်၊ ဇဇရပ်ကွက်မှာ ဒေါ်တင်တင်အေးအမည်ရ ကန်စွန်းရွက်သည်ကြီးတစ်ယောက် ရှိပါတယ်။ ကရင်/ခရစ်ယာန်ပါ။ သူ့အမျိုးသားကတော့ ဗမာ/ဗုဒ္ဓ။ သမီးလေးနှစ်ယောက်ရှိပါတယ်။
သမီးအကြီးမ မဖြိုးဖြိုး (၁၆) နှစ်အရွယ်မှာ မူဆလင်ကုလား ပိုးပိုး(ခ) ဇော်ကြီး (.....) နှစ်ရဲ့ အနိုင်ကျင့်မှုကို ခံလိုက်ရပါတယ်။ ဒေါ်တင်တင်အေးက ရဲတိုင်ပါတယ်။ ကုလားကို 17.5.2013 မှာ ဖမ်းလိုက်ပါတယ်။ ကြံရာပါ ဒေါ်နွဲ့ကိုဖမ်းထားပြီးမှ အာမခံပေးထားပါတယ်။ ဇွန်လမှာ ဒေါ်နွဲ့သမီးနှင့် ကုလားတစ်ယောက်က ဒေါ်တင်တင်အေးကို သိန်း(၅၀) ပေးပါတယ်။ ကြေအေးဖို့ပါ။ ဒေါ်တင်တင်အေးက “လူတွေကို ဟင်းရွက် ကန်စွန်းလို သဘောထားပြီး ရောင်းဝယ်လို့မရဘူး” လို့ ဆိုကာ ငြင်းဆန်ခဲ့ပါတယ်။

နာမည်ကြီးရန်အတွက် Sexy photo၊ Sexy pose များ ဆက်ရိုက်သွားမည့် အင်ဂျင်နီယာတစ်ဦး

ဇွန်သဉ္ဖာက မှော်ဘီ GTC ကနေ B.E ရော M.E ပါဘွဲ့များပါ ရယူခဲ့ပြီးမှ မော်ဒယ်လ် လောကကို 
ဝင်ရောက်လာသူလည်း ဖြစ်ပါတယ်။ ပေါ်တင်ကျလွန်းတဲ့ Sexy ဓာတ်ပုံတွေကိုသာ ရိုက်ကူးနေပေမယ့်၊ 
သရုပ်ဆောင်ပိုင်းကို ပိုပြီး သဘောကျ ပါတယ်ဆိုတဲ့ ဇွန်သဉ္ဖာက “ဿွာနတ္တ”ဆိုတဲ့ ဗီဒိယို ဇာတ်ကားကို 
ခေါင်းဆောင်မင်း သမီးအဖြစ် ရိုက်ကူးထားပြီး တခြား ဗီဒီယို ဇာတ်ကား အနည်းငယ်မှာလည်း 
ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။

Monday, September 23, 2013

ချက်ကြီးနဲ့ ပြိုင်ဘယ်သူနိုင်(မှတ်ချက်-၁၈ နှစ်ပြည့်မှ ကြည့်ပါ) ဆီဒိုးနားဟိုတယ် ဗွီဒီယိုဖိုင် ၂ ထက်တွေ့

နာမည်ကြီးနေသည့် ဆီဒိုးနားဟိုတယ် ဗွီဒီယို အပိုင်း(၁) ထွက်လာပြီး ရုပ်ရှင်သရုပ်ဆောင်လား၊ လူကြီးသား လား မကွဲပြား ကြောင်း ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်များမှ သိရှိရသည်။ ဆီဒိုးနားဟိုတယ် (အပိုင်း-၁) ခေါင်း စဉ်ဖြင့် နာမည်ကျော် ဒေါက်တာချက်ကြီး ဘလော့တွင် ဖော်ပြထားပြီး

Saturday, September 21, 2013

နာမည်ကြီးဟိုတယ်အခန်းတွင်း ကင်မရာကိစ္စပျံ့နှံ့မှုသတင်း

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်တည်းခိုခန်းများရှိ အိပ်ခန်းများ၌ ဗီဒီယိုကင်မရာများအား ထားရှိကာ အဆိုပါ ဗီဒီယိုဖိုင် များကို အင်တာနက်နှင့် လူမှုကွန်ရက်အတွင်း၌ ပျံ့နှံ့သွားပါက ကာယကံရှင်များမှ အဆိုပါကိစ္စအား ကျေနပ်မှု မရှိပါက တရားစွဲဆိုပိုင်ခွင့်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊  ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Friday, September 20, 2013

ဆီဒိုးနားတွင် လျှို့ဝှက်ကင်မရာဖြင့် ဇာတ်ကား မဟုတ်မှန်ကြောင်း ငြင်းဆို

ဆီဒိုးနားဟိုတယ်တွင်လျှို့ဝှက်ကင်မရာတပ်ဆင်ပြီးရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်
တစ်ခုဖြန့်နှံ့လျက်ရှိပြီးအချိန်ကိုက်ဆီဒိုနားဟိုတယ်၏ Website အား Hack ခံရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီးဆီဒိုးနားဟိုတယ်ရဲ့ အိုင်တီဌာနမှ Website Hack ခံရခြင်းမဟုတ်ကြောင်းပြောပါတယ်။

Tuesday, September 17, 2013

မိန်းကလေးတွေ ဘာကြောင့်ကိုယ့်ကိုယ်သတ်သေတာလဲ

Photo: Zayar Hlaing
ထွက်ပေါက်ကို မြန်မြန်မြင်တွေ့လိုသည့် ချစ်မြတ်နိုးသည် သူ့လက်ထဲရှိ ဆေးထုပ်ငါးထုပ်ထဲမှ နှစ်ထုပ်ကို ဖွင့်ဖောက်လိုက် သည်။ ထို့နောက် ဆေးမှုန့်တွေကို သူ့ပါးစပ်ထဲ လောင်းထည့်ပစ် လိုက်သည်။ အစတုန်းကတော့ ဝယ်ထားသည့် ဆေးထုပ် ငါးထုပ် စလုံးကို သောက်လိုက်ဖို့ ရည်ရွယ်ထားသည်။ သို့သော် အနက် ရောင်ဆေးမှုန့်၏ ဆိုးရွားသည့်အနံ့၊ ခါးလွန်းသည့် အရသာ ကြောင့် နှစ်ထုပ်ကိုသာ ဖောက်သောက်ဖြစ်ခဲ့သည်။ ချစ်မြတ်နိုး သောက်ခဲ့သည့် ထိုဆေးမှုန့်က အခြားမဟုတ်။ ကြွက်သတ်ဆေး။

မြန်မာတွင် သေကြောင်းကြံစည်မှု တစ်နှစ်လျှင် လူ ၁၂၀၀ ဝန်းကျင်ခန့်ရှိ

မြန်မာ နိုင်ငံတွင် မိမိကိုယ်ကိုယ် သတ်သေ သူများမှာ တစ်နှစ်လျှင် ၁၂၀၀ ခန့်ရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် လူတစ် သိန်းလျှင် နှစ်ဦးနှုန်း မိမိကိုယ် ကိုယ် သတ်သေလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ် ပြန်ခဲ့သည့်စာရင်းဇယားများကို ကိုးကားပြီး စိတ်ကျန်းမာ ပညာ ဌာနမှ တာဝန်ရှိသူတစ်ဦးကပြော ကြားခြင်းဖြစ်ပြီး အဆိုပါစာရင်း များအရ ၂၀၁၁ခုနှစ် တစ်နှစ်လုံး စာနှင့် ၂၀၁၂ခုနှစ် နှစ်ဝက်စာ အထိတွင် မိမိကိုယ်ကိုယ်သတ် သေသည့်နှုန်းထားမှာ လူတစ်သိန်း တွင် နှစ်ဦးနှုန်း သတ်သေလျက် ရှိကြောင်း သိရသည်။

Sunday, September 15, 2013

ယဉ်ကျေးမှုနှင့် အနာဂတ် မြန်မာ နိုင်ငံ.....

Photo: ယဉ်ကျေးမှုနှင့် အနာဂတ် မြန်မာ နိုင်ငံ.....

လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String 
Attach ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ 
သီးသန့်  သာ ဖြစ်သည့် Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် 
တစ်နေ့  တခြား ထွန်း ကား လာကြောင်းတွေ့ရှိရသည်။
သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် 
မန္တလေး မြို့  များရှိ
ငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ 
သော် လည်း ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း 
အများ ဆုံး တွေ့ ရသည်။
အိမ် ထောင် ရှိ သူ တွေ မှာ အများ ဆုံး တွေ့ ရတတ် တယ်။ ကုမ္ပဏီ တွေ ၊ 
နိုင်ငံခြား အလုပ်ရှင်
တွေ နဲ့  တွဲ လုပ် ရတဲ့ လုပ်ငန်း တွေ မှာ အများ ဆုံး တွေ့ ရတတ်တယ်။ ပါတီ 
တွေ ၊ ဧည့်ခံ ပွဲ
တွေ က များ တော့ အများစု က ဒီပွဲ တွေ မှာ ပျော် ပါး ရင်း Sex ကို လက် သိပ် 
ထိုး ပေးတတ် ကြ
တယ် ၊ အချိန် တန် ရင် တော့ အိမ် ပြန် ပေါ့ .. ဟု ခရီးသွား လာရေး ဧဂျင် စီ 
တစ်ခု မှ မန်နေဂျာ
တစ်ဦး က FNG ကို ပြောသည်။
၉၀ ပြည့် လွန် နှစ် ပိုင်း များ က လက်မထပ် ဘဲ အတူ နေ ယဉ် ကျေးမှု မှာ မြန်မာ
 နိုင်ငံ တွင် စတင်
ထွန်း ကား လာခဲ့ ပြီး အရွယ် ရောက် ပြီး သူ အမျိုး သမီး များ ၏ ၅ ရာ ခိုင် 
နှုန်းမှာ လက်မထပ် ဘဲ
အတူ နေ ဘ၀ ဖြင့် အချိန် ကာ လ တစ် ချို့  ကို ဖြတ် သန်း ခဲ့ ကြသည်။
သမုဒယ အယုအယ များ ပါဝင် မှု နည်း သည့် လိုဘ ပြည့် လိင် ဆက်ဆံ မှု တွင် ကောင်း
 ကျိုး ဆိုး
ကျိုး များ ရှိ သော် လည်း ထင်သာ မြင်သာ ရှိသည့် နောက် ဆက် တွဲ အနေဖြင့် 
လူမှုရေး အကျိုးဆက်
များ ရှိလာ နိုင် သည် ဟု ကျွမ်းကျင် သူ များ က ထောက် ပြ ကြသည်။
No String Attach ဟု ခေါ်သည့် လွတ်လပ် သည် လိင်ဆက် ဆံ မှု ဦးစား ပေး ပုံစံ 
အတူနေ ပျော်
ပါး မှု မြန်မာ နိုင်ငံ တွင် အမျိုး သား များ ထက် အမျိုး သမီး များ က ပို 
ပြီး စိတ် ၀င် တစား ရှိ ကြ သည်
ဟု သိရသည်။

နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့နှင့် 
ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့သည့် ယဉ်ကျေးမှုဖြစ်သော်လည်း 
မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံကြသေးပေ။ 
လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် 
မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တဆက်တည်း ပါလာမည်ကို 
ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ တိုးတတ် လာတယ်ပဲပြောမလား။ 
ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ 
လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ 
ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို 
လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။

"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်းစုံတွဲတွေ 
တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင်
 လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် 
သူများဖြစ်သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် 
ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေအရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် 
ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ 
တက္ကသိုလ် တတ်နေသော ကျောင်းသူ၊ ကျောင်း သားများ အခြင်းခြင်း ချစ်ကြိုက်ပြီး 
လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။



အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား 
အချင်းချင်း စာသင်ခန်း အလွတ်များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း 
ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ 
ဝတ်ထားတယ်။ အကောင်တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ 
ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ 
စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။

ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "( ) 
တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု
 ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း 
ကျောင်းသူကျောင်းသားများ အသွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် 
တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် 
စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ 
ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ 
ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း 
ဝတ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို 
သည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ 
စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ 
လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ 
သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတတ် ပြုမှုလည်း ရှားပါးလာ သည်။ 
"ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ 
ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ 
တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု
 ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တပင်။ 
တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ 
၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် 
သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ 
အင်တာနတ်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ 
ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် 
သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် 
လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး 
အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ 
သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ 
အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူများအနေဖြင့် အဆောင်များတွင် နေကြပြီး
 အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက 
တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ 
ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" 
ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက 
ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ 
အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း 
တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့
 လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ 
အဆောင်များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။


ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတတ်သူ 
အမျိုးသမီးအချို့မှာ ရည်း စားနှင့် တအိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ 
"နှစ်ယောက်အတူတူအိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ 
မသိဖို့ပဲ။ ဒါပေမဲ့ တကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ 
အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား 
ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တကယ် တရားဝင် လက်ထပ်မည့် 
ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော 
အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူအနေခြင်း ဆိုသည်မှာ 
မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် 
လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ 
ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း 
ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် 
ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ 
ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ 
ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရားဝင်ဆေးဆိုင်ပေါင်း 
ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး 
သုံးဆွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။

မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက 
ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်ကိုတော့ ကမ္ဘာကြီးတွင် 
လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိသည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် 
လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ်များစွာ မကြာမီ 
မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ 
လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် 
စိုးရိမ်နေကြရပြီဖြစ်သည်။

ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ 
အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြေ သ်ာလည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများကပင်
 ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ 
အပျိုစင်ကို တန်ဖိုးထားတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ်မီ 
လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လိင်မထပ်မီ 
လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ 
အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ 
ဆက်ရှိနေဦးပါမည်။

” ယောင်္ကျား တွေ ရဲ့  သဘော မှာ လိင် ဆက်ဆံ ပျော် ပါး ဖို့  က လွယ် ကူ ပြီး 
မိန်း ကလေး တွေ မှာ တော့
ဆန္ဒရှိ ရင် တောင် မလွယ် ဘူး .. ဒါကြောင့် ရင်းနှီး ပြီး ယုံကြည် စိတ် ချ 
ရသူ တွေ နဲ့  တွေ့ တဲ့ အခါ
No String Attach ပုံ စံ ဖြစ် သွား ကြ တာ ထင်တယ် ” ဟု ခောတ် ပညာ တတ် 
အမျိုးသမီး အချို့ 
က ခန့် မှန်းကြသည်။
လိင်ပိုင်း ဆိုင်ရာ ဦးစား ပေး ချစ်ကြိုက်မှု ပုံ သဏ္ဍန် သည် အိမ်ထောင် ရှိ သူ 
များ တွင် အများ ဆုံး တွေ့ 
ရတတ် ပြီး ခင်ပွန်း (သို့  မဟုတ်) ဇနီး မယား ခရီး သွား နေသည့် အခါ ဆိတ် 
ကွယ် မှု ရသည့် အခါ များ
တွင် နှစ် ဦး နှစ်ဖက် သဘော တူ ညီ ပါ က ခဏတာ ချစ် ဇာတ် လမ်း ဖွင့် ကြသည် ဟု 
သိရသည်။
No String Attach လိင် ပိုင်း ဆိုင်ရာ ဦးစားပေး ချစ်ကြွမ်းဝင် မှု ပုံစံ ကို
 တွေ့ ကြုံ ဖူးခဲ့ သည့် အမျိုး
သမီး တစ်ဦး က ” ယောင်္ကျား ကိုလည်း ကျွန်မ ဘာ မှ မျက်စေ့ ဒေါက်ထောက် ကြည့် 
နေတာ မရှိ ဘူး၊
သူ လည်း ခရီးသွား တယ် ဆိုတာ တစ်ခြား တစ်ယောက် နဲ့  တွေ့ ချင် တွေ့ေ န မှာ
 ပဲ ၊ ကျွန်မ လည်း
သွေးသား ဖျေဖြောက် မှု တစ်ခု ပဲ ” ဟု ဆိုသည်။
အနောက် နိုင်ငံ များ နှင့် အာရှ နိုင်ငံ များ တွင် ထို ယဉ်ကျေးမှု မှာ 
အမြစ်တွယ် ပြီး ဖြစ်နေသော်လည်း
မြန်မာ နိုင်ငံ အတွက် မူ အတန် ငယ် စိမ်း နေသေး သည်။
လိင်ပိုင်း ဆိုင်ရာ စိတ် ပညာ ကျွမ်း ကျင် သူ များ က မူ လိင် ကိစ္စ ကို ဖုံး 
အုပ်ထား တာ ထက် စာရင်
အထိုက် အလျှောက် ဖြေလျှော့ ပေး တာ က စိတ်ကြည် လင် မှု ရရှိ ပြီး ၊ စိတ် ကျ 
ဆင်း မှု ကို ဟန့်
တား နိုင်တယ် ဟု သုံး သပ် ကြသည်။
အနာဂတ် မြန်မာ နိုင်ငံ တွင် နိုင်ငံ ခြား မှ ရင်းနှီး မြုပ် နှံ မှု မြင့် 
မား လာ ပြီးပွင့် လင်း လူ့ အဖွဲ့  ဆီသို့ 
ဦး တည် သွား လျှင် ထို ကိစ္စ မှာ ကျွဲ ကူး ရေပါ ၊ ပါ လာ နိုင် ဖွယ် ရှိသည်။

http://myawadynews.blogspot.com/2013/09/blog-post_2693.html
လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့် Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တခြား ထွန်း ကား လာကြောင်းတွေ့ရှိရသည်။
သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် မန္တလေး မြို့  များရှိ
ငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ သော် လည်း ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း အများ ဆုံး တွေ့ ရသည်။

Friday, September 13, 2013

လက်မထပ်ခင် အတူနေထိုင်မှု

ခေတ်မီပွင့်လင်းလာတဲ့ လူမှုအဖွဲ့အစည်းမှာ လက်မထပ်ခင် အတူနေတာတွေ များလာတဲ့အပေါ် လူတွေရဲ့ ကွဲပြားတဲ့ အမြင်တွေကို စုစည်းထားတာပါ။
ဒီအစီအစဉ်မှာ မကြားဝံ မနာသာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ စကားလုံးတွေ ပါဝင်နိုင်တယ်ဆိုတာကို ကြိုတင် အသိပေးအပ်ပါတယ်။

Tuesday, September 10, 2013

၁၇ နှစ်သမီးကို အသက် ၃၀ ကျော် အိမ်နီးချင်းက ခိုးပြေးသဖြင့် အမှုဖွင့်

http://filmfanatic.org/reviews/wp-content/uploads/2007/03/Crush3.JPG
photo from:google
၁၇ နှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်ကို အသက် ၃၄ နှစ်အရွယ် အိမ်နီးချင်းအမျိုးသားက ခိုးပြေးသည် ဟု ဆိုကာ အမှုဖွင့်တိုင်တန်း မှုတစ်ခုအား ကွမ်းခြံကုန်းရဲစခန်းက စက်တင်ဘာ ၈ ရက်တွင် အမှုဖွင့် ဆောင်ရွက်ပေးနေရသည်ဟု တိုင်းရဲဌာနမှ သတင်းထုတ်ပြန်သည်။

တရက်အတွင်း အမျိုးသား၉၁၉ ယောက်နဲ့ အိပ်ပြီး စံချိန်သစ်တင်တဲ့အမျိုးသမီး

အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ်တင်လိုက်ပါတယ်။ (နာမည်က မြန်မာစကားလုံးနဲ့ ဆိုရင်တော့ နာမည်နဲ့ လူနဲ့ လိုက်ပါတယ်နော်။ လီဆာစပတ်ခ်)

Monday, September 9, 2013

အမျိုးသမီး ငယ်၏ ဓါတ်ပုံများ ကို photoshop ဖြင့် ပြုပြင် ပြီး ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်သူ အား တရားစွဲ တော့မည်

ပဲခူးတိုင်း ဒေသကြီး ၊ပြည်မြို့။ ဆံတော် ရပ်ကွက်၊ လမ်းရှည် လမ်း အိမ်အမှတ် (317) တွင်ေ နထိုင်ေ သာ (ဘ) ဦးညွန့်တင် (မိ) ဒေါ်သင်းသင်းခိုင် ၏ သမီး ဖြစ်သူ မကေခိုင်ဝင်း (ခ) ကျင်ကျင်း ၏ အင် တာနက် fb ဓါတ်ပုံများ ကို ယူပြီး သားနှင့်မယား မကြားဝံ့၊ မနာသာ သော စာသားများ ကို ရေး သားခြ င်း တစ်ကိုယ်လုံး ပေါ်ပုံများ ကိုဖြတ် ၊ညှပ် ၊ကပ် ပြုလုပ် ထား ခြင်း၊ အမျိုးသမီး ငယ် ၏ မိခ င် နှင့် အတူ ရိုက်ကူး ထားသော ဓါတ်ပုံ ကိုလည်း မဟုတ် မမှန်၊ စာသားများ ရေးသား ထားခြင်း၊ေ မာ င်ဖြစ် သူ နှင့် ရိုက်ထား သော ပုံ ကိုလည်း မဟုတ် မမှန် စာသားများ ရေးသား ထားခြင်း နှင့် ၄င်း ကိုင်ဆောင်သော ဟမ်းဖုန်း နံပါတ်၊ အိမ် ဖုန်းနံပါတ် များ ကို အင်တာနက် စာမျက်နှာ ပေါ်တွင် life page ထောင်ကာ ဆက်သွယ် ရန် ဟု ဆိုပြီး ကြော်ငြာ ထားခဲ့သည်။

အမျိုးသမီးများ မုဒိန်းကျင့်ခံရမှုမှ ကင်းဝေးစေဖို့ မှတ်စရာများ

မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။သူတို့ဆီကအကြမ်းဖက်မှုဖြစ်စေနိုc.်..တဲ့အချက်အ လက်
တွေကိုလေ့လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်းဖြစ်ပါတယ်…

မြန်မာတို့ရဲ့ မှားယွင်းနေတဲ့ ဓလေ့စရိုက်များ

ကျွန်ုပ်တို့ ကမ္ဘာမြေကြီး ပေါ်တွင် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ၊ ရိုးရာပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ တည်ရှိ နေထိုင်ကြပါတယ်။
ဒါကြောင့် နိုင်ငံ တစ်နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း အစဉ်အလာတွေ မပျက်စီး၊ မယိုယွင်းဖို့က အဲ့ဒီနိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အပေါ်မှာ မူတည် နေပါတယ်။ မိမိနိုင်ငံရဲ့ အမျိုးဂုဏ်၊  ဇာတိဂုဏ်ကို မိမိတို့ကသာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အမေကျော် ဒွေးတော် လွမ်းဆိုသလို ကိုယ့်နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း အစဉ်အလာတွေကို ဖျောက်ပြီး အခြား

တင်ပြီးသား post များ

3D