သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Monday, September 30, 2013

ကိုယ်ကြပ် ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

jeanကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ
ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

ပြိုင်တူပြီးတာဟာ ချစ်တင်းနှောခြင်းရဲ့ အကောင်းဆုံးအရသာလား(+18)


“ဇာတ်သိမ်းခန်း ရာဇ၀င်” တင်လိုက်တဲ့အခါမှာ “ရွှေစွန်”ဆိုတဲ့ နာမည်ဝှက်နဲ့ တစ်ယောက်က အင်္ဂလိပ်လို လှမ်းမေးလာပါတယ်။ အင်္ဂလိပ်စာ အခက်အခဲ ရှိသူများအတွက် နည်းနည်း ခက်မှာမို့လို့ သူနဲ့ ပြောဖြစ်တာလေးကို မြန်မာစကားနဲ့ ပြန်တင်ဆက်လိုက်ပါတယ်။
သူ့စာကိုတော့ ဘာသာပြန်ပြမနေတော့ပါဘူး။ လိုရင်းကိုပဲ ရေးပြပါ့မယ်။ သူက မေးလာတာက သူက သူ့အဖော်နဲ့ ချစ်တင်းနှောတဲ့အခါ သူ့အဖော်က အရင် ဇာတ်သိမ်းသွားလေ့ ရှိတယ်။ သူက နောက်ကျမှ ဇာတ်သိမ်းတယ်။ သူက ဆယ်မိနစ်လောက် ကြာတယ်။ သူငယ်ချင်းတွေကို မေးကြည့်တော့ ပြိုင်တူ ဇာတ်သိမ်းတာကမှ ချစ်တင်းနှောခြင်းရဲ့ အနှစ်သာရ ပြည့်စုံတာလို့ ဆိုကြတယ်။ အဲဒါ ဟုတ်လားလို့ မေးလာတာပါ။

အားလုံး အသွားသတိ အစားသတိရှိပေးကြပါ..*

့  မြန်မာနိုင်သားအပေါင်းတို့)

ဒီပုံလေးက တရုတ်ပြည် ဟွဖုန်းသွားတုန်းကရိုက်ခဲ့တဲ့ ပုံလေးပါ
ဒီလို ကြက်ခြေထောက် ကြက်အသဲအမြစ် ကြက်အတောင်ပံ တွေကို ပလပ်စတစ်တွေနဲ့  ပါကင်ထုတ်ပိုးပြီး စီးပွားရေးအသွင် လုပ်နေကြပေမယ့် ကျနော့်အမြင်တော့ ကျန်းမာရေးနဲ့  လုံးဝညီညွတ်လိမ့်မယ်လို့  မထင်မိပါဘူး..

Friday, September 27, 2013

စပျစ်သီးမှ ကုသပေးသော ရောဂါများ

စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ သူ့ မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။
၁။ ပန်းနာ ပျောက်ကင်းစေခြင်း ပန်းနာရင်ကြပ်နဲ့ လည်ေ ချာင်းတစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေ ပါတယ်။ အထူးသဖြင့် စပျစ်သီး ခြောက် စားသုံးခြင်းက များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။ 

Thursday, September 26, 2013

ခေါင်းကိုက်စေတဲ့ အကြောင်းရင်းခံများ

ခေါင်းကိုက်ခြင်းဟာ တစ်ခါတစ် ရံမှာ နာတာရှည် အာရုံကြောပြဿနာတွေကြောင့် ဖြစ်ပွားရပြီး အလယ် အလတ်ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကတော့ အမျိုးသမီးတွေ မှာ ပိုးအဖြစ်များပြီး စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။

Tuesday, September 24, 2013

မြန်မာနိုင်ငံသားများအနေဖြင့် မအိုချင်လျှင် ဆေးလိပ်သောက်ပါ

ကင်ဆာရောဂါဖြင့် သေဆုံးသူ ငါးဦးလျှင် တစ်ဦးမှာ အဆုတ်ကင်ဆာ ကြောင့်ဖြစ်ပြီး သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ ခန့်မှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နေကြောင်း ကျန်းမာရေး ဦးစီးဌာန၊ ကင်ဆာရောဂါ တိုက်ဖျက်ရေး စီမံချက်၏ ထုတ်ပြန်ချက်အရ သိရသည်။

ပျိုမေတို့အတွက် အသုံးဝင်သောငှက်ပျောသီး

ပျိုမေတို့ လက်ရှိ သုံးနေတဲ့ အလှကုန်တွေ အများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေ ပဲ ဖြစ် ပါတယ်။
ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိ စေတာမို့ ဝက်ခြံပျောက် အလှကုန် တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာ အတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွ ဖြစ်ခြင်းများကို တားဆီး ပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေ မှာလည်း ထည့်သွင်း အသုံးပြုကြ ပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်း တစ်ယောက် ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေ သေးတာမို့ ဖော်ပြ လိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက် ဖောရောင်မှုမရှိစေရန်

ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်ဖောရောင်မှု အဖြစ်များပါတယ်။ ဒီလို ဖောရောင်မှု မဖြစ်စေဖို့ နေထိုင်မှု ပုံစံပြောင်းလဲ ပေးသင့်ပါတယ်။

သင့်ကလေးစိတ်ဓာတ်ကျနေတာ သင်ဘယ်လိုသိမလဲ

စိတ်ဓာတ်ကျတဲ့ ရောဂါဟာ အသက်အရွယ် မရွေးဖြစ်နိုင် ပါတယ်။ ကလေးငယ် တစ်ယောက်  အနေနဲ့လည်း သူ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ လိုက်လျော ညီထွေမဖြစ်ဘဲ အကြောင်း မျိုးစုံကြောင့် စိတ်ဓာတ်ကျတာမျိုးဖြစ်တတ်ပါတယ်။ ကလေးငယ်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ကျ ဝေဒနာကို မိဘတွေ အနေနဲ့ ခပ်စော စော သိရှိနားလည်နိုင်ဖို့ လိုပါတယ်။ ဖော် ပြပါလက္ခဏာတွေက သင့်ကလေးငယ် အတွက် ကူညီနိုင် ပါလိမ့်မယ်။

ပျိုမေမေးတဲ့ နားဖာချေး

မေး။ ။ ဒေါက်တာရှင့်... နားဖာချေး မထွက်အောင် လုပ်လို့ ရပါသလား။
သမီးက နားဖာချေးထူမှာလည်းကြောက်တယ်..နားမသန့်မှာလည်းကြောက်တယ်။
နားမသန့်စင်လို့ အလှပျက်မှာ ပိုစိုးရိမ်မိပါတယ်။ သမီးသိလိုတာက နားဖာချေးဆိုတာ မထုတ်ရင် ပိတ်သလားဆရာ။ မထုတ်လို့ရော မရဘူးလားဆရာ။ နောက်ပြီး နားဖာချေး အလိုအလျောက် ထွက်လာစေတဲ့ ဆေးရည်တွေကိုရော သုံးသင့်ပါသလား။
မိချော (တောင်ဥက္ကလာ)

ဖခင်ကောင်းဟုတ်မဟုတ် ကပ်ပယ်အိတ်အရွယ်အစားက သက်ဆိုင်နေဟုဆို

ဖခင်ကောင်းပီသမှုနှင့် ကပ်ပယ်အိတ် အရွယ်အစား ဆက်စပ်နေဟုဆို
အများအားဖြင့် ကပ်ပယ်အိတ် အရွယ်အစား သေးငယ်သော ဖခင်များသည် ကလေးအနှီးလဲခြင်း၊ အစာခွံ့ခြင်း၊ ရေချိုးပေးခြင်း စသည်တို့တွင် ပိုမို၍ စိတ်ပါလက်ပါ လုပ်ဆောင်တတ်ကြောင်း အီမိုရီ တက္ကသိုလ်မှ သုတေသီများက ထောက်ခံပြောဆိုခဲ့သည်။

မနက်စာနဲ့ညစာဘာကိုလျှော့စားသင့်သလဲ

Photo: မနက်စာနဲ့ညစာဘာကိုလျှော့စားသင့်သလဲ
 Tuesday, September 24, 2013

မနက်စာကိုများများ စားသုံးပေး သူတွေဟာ ညစာများများ စားသူတွေ ထက်စာရင်ပိုပြီးကိုယ်အလေးချိန်ကျဆင်းတဲ့အပြင်ခါးပတ်လည်အဆီ တွေလဲ လျော့ပါးနိုင်တယ်လို့ သုတေ သနတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီသုတေသနကိုTelAvivUniversityမှသုတေသနအဖွဲ့က ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မနက်ခင်းစာ ကို ပိုစားပေးပြီး ညစာကိုလျှော့စား ပေးခြင်းလို အစားအစာကို timing လုပ်ပေးခြင်းဟာ အဝလွန်ခြင်းကို ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ချောကလက်ကိတ်၊ ကွတ်ကီးအစရှိတဲ့ အချိုပွဲတွေပါ ထည့်သွင်းစားသုံးတဲ့ မနက်ခင်းစာ ဟာ အင်ဆူလင်၊ သွေးတွင်းအချို ဓာတ်နဲ့ သွေးတွင်းအဆီ ဓာတ်တွေကိုထိန်းချုပ်ပေးနိုင်ပါတယ်။ဒါ့အပြင် နှလုံးသွေးကြောရောဂါ တွေနဲ့ သွေးတိုး ရောဂါတွေကိုလည်း လျော့ပါးစေနိုင် ပါတယ်။
လေ့လာမှုခေါင်းဆောင် ပါမော က္ခ Dr.Daniela Jakubowicz နဲ့ အဖွဲ့ဟာအဝလွန်နေတဲ့ အမျိုးသမီး ၉၃ယောက်ကို လေ့လာခဲ့ပြီး မနက် စာနဲ့ညစာ စားသုံးမှုတွေကို လေ့လာ ခဲ့ပါတယ်။

လေ့လာမှုဟာ ၁၂ပတ် ကြာမြင့်ခဲ့ပါတယ်။ လေ့လာမှုအဆုံး မှာတော့ big breakfast လို့ခေါ်တဲ့ မနက်ခင်းမှာ အစားအစာတွေကို ပိုမိုစားသုံးပေးသူတွေဟာ ပျမ်းမျှ ကိုယ်အလေးချိန် ၁၇.၈ပေါင်ကျ ဆင်းပြီး ခါးအဆီတွေလဲ ကျဆင်း ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ညစာပို စားသုံးသူတွေကတော့ ကိုယ်အလေး ချိန် ၇.၃ပေါင်တက်ခဲ့ပြီး ခါးပတ် လည်အတိုင်းအတာ ၁.၄လက်မတိုး ခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
Dr.Daniela Jakubowicz ကတော့ မနက်ခင်းစာကို ပိုမိုစားသုံး ပေးခြင်းဟာ အစာစားသုံးမှုကို မြင့် တက်စေတဲ့ဟော်မုန်း ghrelin ကို နည်းပါးစေပြီး အင်ဆူလင်၊ ဂလူး ကို့စ်နဲ့၊ အဆီဓာတ်တွေကို သွေးထဲ မှာပိုမိုထိန်းချုပ်နိုင်စေတယ်လို့ ရှင်းပြ ခဲ့ပါတယ်။
ဒီလေ့လာမှုကိဲု Journal of Obesity မှာ ဖော်ပြထားတာဖြစ်ပါ တယ်။


note :ငြိမ်းအေး/healthupdatejournal)
နှင်းဆီဖူးလေးများ-Love BUDS
မနက်စာကိုများများ စားသုံးပေး သူတွေဟာ ညစာများများ စားသူတွေ ထက်စာရင်ပိုပြီးကိုယ်အလေးချိန်ကျဆင်းတဲ့အပြင်ခါးပတ်လည်အဆီ တွေလဲ လျော့ပါးနိုင်တယ်လို့ သုတေ သနတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီသုတေသနကိုTelAvivUniversityမှသုတေသနအဖွဲ့က ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မနက်ခင်းစာ ကို ပိုစားပေးပြီး ညစာကိုလျှော့စား ပေးခြင်းလို အစားအစာကို timing လုပ်ပေးခြင်းဟာ အဝလွန်ခြင်းကို ထိန်းချုပ်နိုင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

တစ်ကယ်ချစ်ရင် "မနမ်းပါနဲ့ "

Photo: တစ်ကယ်ချစ်ရင် "မနမ်းပါနဲ့ "
Tuesday, September 24, 2013

သင့်ရဲ့ချစ်သူဖြစ်ဖြစ်၊ကလေးလေးတွေကိုဖြစ်ဖြစ်
တစ်ကယ်ချစ်ရင်နှုတ်ခမ်းချင်းထိပြီး နမ်းတာမျိုးမပြုလုပ်သင့်ပါဘူး။
ကလေးတွေမှာဆိုရင်တော့ ပိုလို့ တောင်ဆိုးပါတယ်။

ဘာဖြစ်လို့ လဲဆိုတော့ "ဘက်တီးရီးယားအမျိုးကွဲ၅၀၀"
(အကောင်ရေမဟုတ်ပါ)လောက်ဟာ လူတစ်ယောက်ရဲ့ပါးစပ်နားမှာအမြဲ
ရှိနေတာကြောင့်အခြားတစ်ဦးဦးနှင့်နှုတ်ခမ်းချင်းနမ်းတဲ့အချိန်မှာ
အလွယ်တကူ ကူးဆက်နိုင်ပါတယ်။

လျှာဟာလည်းအဓိကကူးစပ်ပေးသူဖြစ်ပြီး အားလုံးသော ဘက်တီးရီးယား
တွေရဲ့ ထက်ဝက်လောက်ကသင့်လျှာပေါ်မှာရှိနေနိုင်ပါတယ်။

ဒါ့ကြောင့် သင်ချစ်တဲ့တစ်စုံတစ်ဦးကို တစ်ကယ်ချစ်ရင် မနမ်းပါနဲ့ ....×

ZK(ကနောင်)
Scientist Myanmar
သင့်ရဲ့ချစ်သူဖြစ်ဖြစ်၊ကလေးလေးတွေကိုဖြစ်ဖြစ်
တစ်ကယ်ချစ်ရင်နှုတ်ခမ်းချင်းထိပြီး နမ်းတာမျိုးမပြုလုပ်သင့်ပါဘူး။
ကလေးတွေမှာဆိုရင်တော့ ပိုလို့ တောင်ဆိုးပါတယ်။

Monday, September 23, 2013

နဂါးမောက်သီး

နဂါးမောက်သီး(Dragonfruitသည့်သွေးတိုးရှိသောသူများဆီးချိုရှိသောသူများအတွက်စားသင့်သောအသီးနှံများစွာထဲ့မှအသီးဖြစ်ပါသည်။ပင်ကိုယ်အသီး၏အစွမ်းမှာသွေးအတွင်းရှိသကြားဓာတ်ကိုလျော့ချနိုင်စွမ်းရှိသည့်အပြင်ကင်ဆာဖြစ်စေနိုင်ခြင်းကိုလည်းကာကွယ်မှု့ပေးသောအသီးလည်းဖြစ်ပါသည်။အဆီအဆိမ့်များသောအစားသောက်များများစားမိပါကဌင်းအသီးကိုစားပေးခြင်းဖြင့်ဝစေနိုင်သောကိုလက်စထရော့များကိုခြေဖျတ်လျှော့ချပေးနိုင်သဖြင့်ဝခြင်းကိုကာကွယ်နိုင်ပါတယ် ။

"သံပရာသီး"

သံပရာဟာ ယနေ့သဘာဝကို အခြေခံတဲ့ အလှကုန်အတော်များများမှာ ပါဝင် ပါတယ်။ မိမိ ကိုယ်တိုင်လည်း သံပရာသီးနဲ့ ကိုယ့် အလှအတွက် အသုံးပြုနိုင်တာတွေ ရှိပါတယ်။ အဲဒီထဲက တချို့ကတော့တံတောင် နဲ့ ဒူးတွေမည်းနေရင်

Saturday, September 21, 2013

Ectopic Pregnancy သားအိမ်ပြင်ပမှာ သန္ဓေဘာလို့တည်ရသလဲ

ဆရာရေးထားတဲ့ သားအိမ်ပြင်မ သန္ဓေတည်ခြင်းအကြောင်း ခုဘဲတွေ့လို့ ဖတ်ပြီးပါပြီဆရာ။ ဆိုင်ကယ်စီးရင် သန္ဓေသား ထိခိုက်သလား။ ကိုယ်ဝန် ဘယ်နှစ်လထိ စီးနိုင်လဲဆိုတာလေးတော့ ပြောပြပေးပါဆရာ။

အများဆုံးဟာ ဘာလို့ဖြစ်သလဲ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေ (၄) ခုရှိပါတယ်။

Thursday, September 19, 2013

အသဲကျန်းမာရေး ထိခိုက်စေသော နေထိုင် စားသောက်မှု ပုံစံ

၁။ အိပ်ယာဝင်နောက်ကျ၍ အိပ်ယာထ နောက်ကျခြင်း။
၂။ မနက်တွင် ဆီးမသွားခြင်း။
၃။ အလွန်အကျွံ စားသောက်ခြင်း။
၎။ မနက်စာ လွတ်ခြင်း။

Tuesday, September 17, 2013

မြွေစိမ် အရက်အန္တရာယ်

မြွေကို အရက်နဲ့ စိမ်သောက်တာက ကျန်းမာရေး အတွက် အကျိုးရှိ တယ်လို့ ယူဆ ကြပါတယ်။ တကယ် လို့ အဲ့စိမ်ထား တဲ့ မြွေက အသက် ပြန်ရှင်လာပြီး ထပေါက် တာမျိုးက တရုတ်ပြည်မှာ တကယ် ဖြစ်ခဲ့ပါတယ်။

Monday, September 16, 2013

အစာအိမ်နာရောဂါပိုး၏ အန္တရာယ်

အစာအိမ်နာများ ယခင်အခါက ခွဲစိတ်ကုသဖို့ သို့မဟုတ် နာတာရှည် အစာအိမ်နာ အဖြစ် သတ်မှတ်ကာ
စားဆေး လက်မလွှတ်ရအောင် ဆေးခန်း၊ ဆေးရုံ ခပ်စိပ်စိပ် သွားပေးရတဲ့ ရောဂါမျိုးဟာ အစာအိမ်အနာ ဖြစ်အောင် အစာအိမ် ရောဂါပိုး ဟယ်လိုကိုဘက်တာပိုင်လိုရီ (Helicobacter Pylori) ကြောင့် ဖြစ်ရကြောင်း တွေ့ရှိ လာကြပါတယ်။ သူတို့ဟာ အလွန်သေးငယ်တဲ့ ဗက်တီးရီးယား ပိုးလေးတွေ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ် ပေါင်း ၁ဝဝဝ ကျော် ကတည်းက အီဂျစ် မံမီဆေးစိမ် အလောင်းများမှာ တွေ့ခဲ့ရတယ်။ အစာအိမ်ပိုးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အသည်းရောင် ဘီပိုး၊ စီပိုး၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကဲ့သို့ ကင်ဆာ ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ (Class Carcinogen) အဖြစ် သတ်မှတ် လာကြတယ်။ ၁၉၈၃ ခုနှစ်မှာ ဒေါက်တာ ဂျေးရော်ဘီဝါလင်နဲ့ ဒေါက်တာ ဘယ်ရီဂျေမော်ရှယ် တို့က အစာအိမ်ပိုးကို စတင် တွေ့ရှိပြီး ၂ဝဝ၅ ခုနှစ်က  ဆေးပညာ နိုဘယ်လ်ဆု ရခဲ့ပါ တယ်။

အမျိုးသမီးများ ဆီးသွားခြင်းအကြောင်း သိကောင်းစရာ

မကြာခဏ ဆီးမသွားပါနှင့်
 
မကြာခဏ ဆီးသွားလွန်း တာကြောင့်  ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်း တတ်ပါတယ်။ ဆီး မကြာခဏ သွားတတ်တဲ့ အမျိုးသမီးတွေဟာ ဆီး ကုန် စင်အောင် မစွန့်ထုတ်နိုင် တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။

တင်ပြီးသား post များ

3D