ရုရှားနိုင်ငံသည် လိင်တူချစ်သူများအား ဖိနှိပ်သည့် ဥပဒေတစ်ရပ်ကို
ပြဋ္ဌာန်းထားရာ လိင်တူချစ်သူများကိုအားပေးရပ်တည်သည့်ဆယ်လီနာကိုယခုလို
ပြည်ဝင်ခွင့်ပိတ်ခဲ့ခြင်းဟုသိရှိရရုရှားတွင်ပြုလုပ်မည့်
ဖျော်ဖြေပွဲအစီအစဉ်တစ်ခုတွင် ပါဝင်ရန် ပြင်ဆင်နေသော ဆယ်လီနာဂိုမက်ဇ်ကို
ရုရှားအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည်။ ယခင်က ကွန်မြူနစ်စနစ်
ကြီးမားစွာ ဩဇာလွှမ်းမိုးခဲ့သည့် ရုရှားနိုင်ငံသည် လိင်တူချစ်သူများအား
ဖိနှိပ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားရာ လိင်တူချစ်သူများကို
အားပေးရပ်တည်သည့် ဆယ်လီနာကို ယခုလို ပြည်ဝင်ခွင့်ပိတ်ခဲ့ခြင်းဟု သိရှိရသည်။
ဆယ်လီနာအနေဖြင့် ရုရှားတွင် ဖျော်ဖြေပွဲပြုလုပ်စဉ် Gay အခွင့်အရေးအတွက်
စည်းရုံးမှုများ ပြုလုပ်မည်ကို အစိုးရက စိတ်ပူနေခြင်း ဖြစ်သည်။ အစောပိုင်းက
Come And Get It စတား အဆိုတော်မင်းသမီးသည် Stars Dance
ကမ္ဘာလှည့်ဖျော်ဖြေပွဲကို မော်စကိုနှင့် စိန့်ပီတာစဘာ့ဂ်တို့တွင် ကျင်းပရန်
စီစဉ်ထားခဲ့သည်။
Gay အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး Change.org ကို ထူထောင်သူဖြစ်သည့် ဂျွန်ဘက်ကာသည် ဆယ်လီနာ၏ ဖျော်ဖြေပွဲ အစီအစဉ်တွင် Gay များအတွက် ထောက်ခံစကားပြောရန် ပန်ကြားခဲ့သည့်နောက် ရုရှားအစိုးရက ယင်းအစီအစဉ်အတွက် ကြိုတင် ကာကွယ် တားမြစ်ခဲ့ခြင်းဖြစ်သည်။ ဘက်ကာက "ဆယ်လီနာရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ပယ်ချလိုက်တာဟာ ဒီကိစ္စမှာ ရုရှားအစိုးရက အရမ်းကို အထိမခံဖြစ်နေတာ သိသာစေပါတယ်။ သူတို့က ဆယ်လီနာလို ကြယ်ပွင့်တစ်ယောက်က Gay အခွင့်အရေးအတွက် လှုံ့ဆော် စကားပြောမှာမျိုးကို ကြောက်နေတာပါ" ဟုဝေဖန်ခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇွန်လက နိုင်ငံအတွင်း ရိုးရာအစဉ်အလာ သဘာဝနှင့် မကိုက်ညီသည့် လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတိုင်းအတွက် ဝါဒဖြန့်မှု၊ စည်းရုံးလှုံ့ဆော်မှုတို့ကို တားမြစ်သော ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုထားခဲ့သည်။
Planet Myanmar Network

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...