~~~~
လေကြမ်းမှာလည်း တွယ်ကပ်ခဲ့ဖူး
မိုးကြမ်းမှာလည်း ထစ်ချုန်းခဲ့ဖူး
ဝင်္ကပါဓါးခုတ်ပွဲမှာလည်း ပါဝင်ခဲ့ဖူး
အစဉ်တဆက်ခရီးတွေထဲ တဖျပ်ဖျပ်လွင့်
အဆိပ်ရည်များနှင့် ပွင့်ဖူးသော မိန်းမငယ်
နေကွယ်ရထားကို ခိုးစီးခဲ့ဖူး
တောင်စွယ်ဓါးကို ရှောင်တိမ်းခဲ့ဖူး
နွေနဖူးကို သိုက်တူးခဲ့ဖူး
အစဉ်အလာ ခေါက်ရိုးတွေထဲ
အစီစဉ်မကျမှုများနှင့် ၀င့်ကြွားသော
မိန်းမငယ်
သူ၏ဆံနွယ်များ ငါ့အား အတိတ်စိမ်းပေးခဲ့ဖူး
ကြမ်းမယောင်နှင့် နုခဲ့သောလက်ဖ၀ါးများ
ငါ့အား ခါယမ်းခဲ့ဖူး
ချောင်းရိုးပေါ်က ဘုရားတွေကြား
ငါ့ပင်နီလွယ်အိတ်လေးကို ၀ှက်ပေးခဲ့ဖူး
အစီအရင်မကောင်းတဲ့
သပ်ရိုက်လျှိုသွင်းမှုတွေထဲ
မျက်ရည်အဖြိုင်ဖြိုင်နဲ့
ငိုကြွေးနှုတ်ဆက်သော မိန်းမငယ်
ညိုမဲစွဲနေတဲ့ မျက်နှာ
အရှိုးရာအထပ်ထပ် ကျောပြင်
အမာရွတ်တွေနဲ့ ဘဝ
တပ်ဦးက လောကဓံ…ဆုလာဘ်က သေဒဏ်
ငါ့အတွက်ဒီမိန်းမငယ် ပူဆွေးမပေါ့
ပူဆွေးနေတဲ့ မိန်းမငယ် ငါ့အတွက်
ပူဆွေးမပေါ့
ကျော့ကွင်းတွေကို ဆွဲဖျက်
သွေးရူးသွေးတမ်းပြေးလွှား နာကျင်မှုတွေနဲ့
အပြီးမသတ်ရသေးတဲ့ ငါယုံကြည်သော ငါ့သမိုင်း
ထို မိန်းမငယ်ထံမှာ
ခါးသက်မွှေးမြနေလိမ့်။ Kyawthiha


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...