”ကျွန်တော်
ကတော့ ကျွန်တော့် စိတ်ကို အတတ် နိုင်ဆုံး အရိုးရှင်းဆုံး ထားတယ်။
ကိုယ့်အနုပညာ အလုပ်က သတ်သတ်၊ နိုင်ငံတိုင်းမှာ ရှိတဲ့ လူတိုင်း လူတိုင်းက
ကိုယ့်နိုင်ငံ ကိုထားသင့်တဲ့ နိုင်ငံ ချစ်စိတ်ကလည်း သတ်သတ် ထားပြီးတော့
ဒီအရာနှစ်ခုစလုံးမှာ ဘယ်အရာကိုပဲ လုပ်လုပ် အတတ်နိုင်ဆုံး စိတ်ကို
အရိုးရှင်း ဆုံးထား လုပ်တယ်။ ပြည်သူ အတွက်၊ ပရိသတ် အတွက် မော်ဒယ်
တစ်ခုလိုမျိုး တင်ပြနေတယ်။ အနု ပညာရှင် ပိုင်း ရဲ့လူတွေက ကိုယ့် ရဲ့ပရိသတ်
ပြည်သူ လူထု အတွက် ကိုယ် လုပ် လိုက်တဲ့ အရာကို အားကျပြီး အမြင် မမှားဖို့
ရည်ရွယ်ချက်တွေ မမှားဖို့ ကို ရှေ့ကနေပြီးတော့ သေသေချာချာ နဲ့ စမတ်ကျကျ
လျှောက် လှမ်းနိုင်ဖို့ က အရေးကြီး တယ်။ ကလေး လူကြီး အထိုက် အလျောက်
ရှိတာပဲ။ နိုင်ငံ တစ်နိုင်ငံမှာ အနုပညာ ဆိုတာ မရှိ မဖြစ် ဆိုတာ လက်ခံပါတယ်”
ဟု ၄င်းကဆိုသည်။”သီချင်း တစ်ပုဒ်ကို အဓိက ရေးဖြစ်တဲ့ အကြောင်းအရာ ဆိုရင် ကိုယ် တတ်နိုင်တဲ့ အားနဲ့ ခံစားမှု၊ တတ်ကျွမ်းမှု၊ နည်းပညာ အားလုံး ပေါင်း ပြီးတော့ တတ်နိုင်သလောက် အားစိုက် ရေးထားတာပါ။ ကိုယ် ဖန်တီး လိုက်တဲ့ အနုပညာ တစ်ခုကို ပရိသတ်က ကြိုက်တယ်၊ လက်ခံတယ် လို့ တုံ့ပြန်တာ ခံရရင် ကျေနပ် ပီတိ ဝမ်းသာလည်း ဖြစ်ရပါ တယ်” ဟု ၄င်းက ပြောသည်။
အနုပညာကို ဖျော်ဖြေရေးလို့ သတ်မှတ်ကြတဲ့ သူ ရှိသလို ဝါဒဖြန့် အနုပညာရပ် တစ်ခုလို့လည်း မြင်ကြခြင်း အတွက်
”အမျိုးမျိုးတော့ ထင်ကြေး ပေးကြမှာပဲ။ ကိုယ် ဥာဏ်မီရင် မီသလာက်ဖွဲ့ ဆိုလို့ ရပါတယ်။ အနုပညာ ဆိုတာ ပေါ်ပြူလာ ဖြစ်ဖို့ တစ်ခု အတွက်လောက် ပဲ ယူဆတဲ့ ဥာဏ် အဆင့်နိမ့်တဲ့ သူက အဲဒီလောက်ပဲ စဉ်းစား မိကြမှာပေါ့။ ဒီ အနုပညာ ဆိုတာက နိုင်ငံ တစ်နိုင်ငံမှာ ကမ္ဘာကြီးမှာ ဘယ်လို ကောင်းအောင် လုပ်နိုင်လဲ စဉ်းစားနိုင်တဲ့ သူက ရင်ထဲမှာ အဓိပ္ပာယ် ရှိကြမှာပါ”ဟု လင်းလင်း က ပြောသည်။
ထူးထူး


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...