သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 2, 2013

IRONCROSSသံမဏိကြက်ချေခတ်-ရော့ခ် တေးဂီတတွင်နာမည်ကြီးတေးရေးဆရာ ကေအေတီ (KAT) ကွယ်လွန်သွားပြီဗျာ

နာမည်ကျော်တေးသီချင်းများ ရေးဖွဲ့ခဲ့သော တေးရေးဆရာ ကေအေတီသည် လွန်ခဲ့သော ၁ နာရီက သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသောကြောင့် ပေါ်ပြူလာဂျာနယ်မှ မိသားစုနှင့် ထပ်တူဝမ်းနည်းရပါသည်။တေးရေး ကေအေတီ အခုပဲ ကွယ်လွန်သွားပါပြီတဲ့။
ဒီဇိုင်း မျိုးဆွေသန်း (ဆရာကျောင်း) အတည်ပြုပါပြီ။ အင်မတန် ဝမ်းနည်းမိပါတယ်။ အခုပဲနှလုံးရောဂါနဲ့ရှင်ပါကူဆေးရုံမှာကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာနဲ့ အသိပေးအပ်ပါတယ်။
From:Nay Min

Facebook ပေါ်တွင် ရှောင်ရှားရမည့် မိန်းကလေး အတင်းပြောသည့် ယောက်ျားများနှင့် မနာလိုကဲ့ရဲ့တတ်သည့် မိန်းမများ စာရင်း

ကိုယ်ပိုင် Facebook Wall ပေါ်တွင် ဆင်းရဲ/ ချမ်းသာ မှုကို လွတ်လပ်စွာရေးသားလိုပါသလား၊ အောက်ဖော်ပြပါ  ယောင်္ကျားဖြစ်ပြီး မိန်းကလေးတစ်ယောက်အကြောင်း အတင်းပြောတတ်သည့် မဟာပုရိသများ နှင့် မိန်းကလေးချင်း မနာလို ကဲ့ရဲ့တတ်သူများ ကို သတိပြုရှောင်ရှားပါ။


かぐや姫 ဟားဟားဟား လို့ရီလိုက်ချင်သေးတယ် ရှမ်းမရယ်။ နင့်ကိုဝေဖန်လည်းဝေဖန်ချင်စရာပဲ။ ဖေ့စ်ဘုတ်သုံးနေတဲ့လူတွေကထမင်းစားပြီးကြီးလာတာ စဉ်းစားသုံးသပ်တတ်တယ်။ နင်ပေါက်ကရပြောတိုင်းယုံပြီး အားပေးအားမြှောက်လုပ်ရအောင်ချီးစားပြီးကြီးလာတဲ့လူတစ်ယောက်မှမရှိဘူး။ နင့်ပြောပုံအရ ရေသည်မလိုမွဲတေနေတဲ့လူက social network ကိုတနေကုန်တနေခန်းထိုင်သုံးပြီးfun page ပါထောင်ထားရလောက်အောင် မြန်မာပြည်ရဲ့အောက်ခြေလူတန်းစားတွေအတော်အဆင့်မြင့်နေပြီလား။ လိမ်ရင်လည်းပိပိရိရိလိမ်စမ်းပါ။ ခုတော့ရှေ့ဖုံးနောက်ပေါ်နဲ့ ရှက်တတ်ရင်လဲသေလိုက်တော့။

Oishi Erigon Honey နန်းမီမီမိုးစက် ရယ်ငါတို့ကအရူးတွေဆိုတော့နင်ပြောသမျှယုံတာပေါ့နော် သိလား နောက်ထပ်ပြောင်ပြောင်မြောက်မြောက်သနားစရာစကားလုံးတွေရှာထားအုံးနော် နင်ကဆင်းရဲတယ်ဆိုတော့ ငါတို့ကကုန်းကောက်စရာတောင်မရှိတော့ဘူးးးး သနားလိုက်တာဟယ် ကျွတ်ကျွတ်


Okkar Aung ဟားဟား ကလေးမ or အစိမ်းဝတ်ကိုယ်တော်
ဓာတ်ပုံတွေ လိုက်ကြည့်မိမှ ဘာကို လော်ဘီလုပ်ချင်လို့ ဖွင့်ထားတဲ့ အကောင့်လဲ သိတော့တယ်
အကြံပိုင်ပါ့ မောင်မိုးစက်ရယ်

Bruno Gwan နင်ကဆင်းတာဆင်းရဲတယ်အင်တာနက်တော့သုံးနိုင်တယ်နော်တစ်နေ့တစ်နေ့

U Khine Thin KYi  ဒီလောက်ဆင်းရဲတာကို i series ကိုင်နိင်တယ်ဆိုတော့ ညဘက်ကြရင်အလုပ်ရှိသေတယ်ထင်တယ်နော် ညဘက်ဘာလုပ်လဲညီမ

Tint Naing  နန်းမီမီမိုးစက်ကြောင့်ထွက်ပေါ်လာ သော အံ့သြ သော အသံများ ( အယ် ဟုတ်ရားးးး အို ဟေ ဟင် သေချာရဲ့လား ဟေ ကောင်းလှချည်လား ဟားးးး ) နာတို့ကအဝေး ရောက်တွေဆိုတော့ သိဘူးရယ် မြန်မာပြည်မှာ အကြော်ရောင်း ရင် iPad ကိုင်နိုင်ပြီဆိုရင် ချစ်သူရေ ပြန်လာပြီး အကြော်ရောင်း မယ်

Myo Han Htun   အကိုလည်း ညီမကို အားကျလို့ ဆင်းရဲချင်ယောင်ဆောင် အုံးမှ။ ဒီတစ်ပတ် တနင်္ဂနွေနေ့ ထိုင်းက မြှောင်းဘေး Slam area နေရာတွေက မုန့်ဆိုင်လေးတွေမှာ ဝင်ပြီး ကူရောင်းပေးတာတို့၊ ထိုင်းက ကြက်ဥဖုတ် အထမ်းသည်ဘေးထိုင်ပြီး ဓါတ်ပုံရိုက်ပြီး သနားအောင် ရေးဦးမယ်။ ပြီးရင် ညီမလို Like 24,000 ကျော်လောက်ကို စိတ်ကူးနဲ့ မှန်းရမယ်။ အကို့ကို သနားပြီး ဂရုဏာစိတ်တွေ တဖွားဖွား ပေါ်လာအောင်လို့ပါ။

Shwe Wunn Yan ညည်း ဟာ ညည်း အ ကြော် ရောင်းး ရောင်းး ဘာ ရောင်းးးး ငါ တို့  က စိတ် မ ဝင် စားး ဘူးးးး...ညည်း စောက် ပို တွေ လုပ် နေ တာ ကို စောက် မြင် ကတ် လို့  ပြော နေ တာ...ညည်း က ဆင်းး ရဲ တယ် ဆို ပြီး ဖေ့ ဘုတ် ပဲ သုံးးး နေ တာ လားးး...??ဘ ဝ တိုးး တတ် ရေးး တွေ ကို မ လုပ် ဘူးး လားးး?? ဆင်းး ရဲ တာ ကို အ ထပ် ထပ် ပြော ချင် ရင် ချမ်း သာ အောင် လုပ် လိုက် ဦးးး.ဒါ မှ မီ မီ ဘဝ က အ ရမ်း ဆင်း ရဲ ပါ တယ် .န ဂို က..ဒါ မဲ့ ဘ ဝ တိုး တတ် ရေး တွေ ကို ကြိုး စား ခဲ့ လို မီ မီ ချမ်း သာ တဲ့ ဘ ဝ မှာ နေ နိုင် ပါ ပြီ ပေါ့...ဖတ် ရ တဲ့ သူ တွေ လည်းး သူ တောင် ဒီ ဘ ဝ က ဒီ လို ဖြစ် အောင် လုပ် တယ် ဆို ပြီးး စိတ် ဓာတ် ခွန် အားး ရ မယ်.,အ ခု ဟာ က ဘာ ဆို ဘာ မှ ဘ ဝ တိုးး တတ် ရေးး ကို မ လုပ် ဘဲ အားး ရှိ ဆင်းး ရဲ ပါ တယ် ပဲ ပြော နေ တာ က တော့.ဖေ့ ဘုတ် ပေါ် က လူ တွေ ကို အာ ရုံ နောက် တာ ပဲ...ငါ ပြော တာ ရှင်းး လားး တော့ မ သိ ဘူးးးးးး

April Zar Zar  မိန်းကလေးဖြစ်ပြီး မရှက်ဘူးလားအဲ့လိုမဟုတ်တာတွေပြောနေတာ
ကိုယ်ကရုပ်အဆိုးကြီးလည်းမဟုတ်ဘူး
ဘာလို့အဲ့လိုတွေလုပ်နေတာလဲ နာမည်ကြီးချင်လို့လား LIKE များချင်လို့လား
ကိုယ့်ထမင်းကိုယ်စား ပြီး သူများပြောတာတွေကိုမခံပါနဲ့
ဒါမှမဟုတ် ဆက်ပြီးလိမ်နေဦးမယ် ဆိုရင်
စိတ်ကျန်းမာရေးဆေးရုံလေးဘာလေး သွားပြကြည့်ဦး
နင့်ဦးနှောက်ကပုံမှန်မဟုတ်လို့အဲ့လို အရူးအတွေးအခေါ်တွေ အရူးလုပ်ရပ်တွေလုပ်နေနိုင်တာပေါ့
အကြော်ရောင်းရတယ်လို့ပြောနေတာ ကိုယ့်မိဘသိက္ခာတွေ ပါ ထိခိုက်တယ်ဆိုတာနားမလည်ဘူး
မြန်မာမိန်းကလေး ရှက်တတ်ပါစေ

Hnin Wai Wai Kyaw အကြံပေးမယ်နော်ညီမ။ အခုလိုဆင်းရဲတာကိုခဏခဏထုတ်ပြောနေမဲ့အစား ဒီစာမျက်နှာ ရဲ့ရည်ရွယ်ချက် အတိုင်း ကဗျာ တွေပဲ တင်ပါလား။ Facebook မှာ ဆင်းရဲတာ ချမ်းသာ တာ ဘယ် သူမ ဂရုမစိုက်ပါဘူး။ ပီး တော့ တခါ ပြော ပီးရင်လဲ တော်ပြီပေါ့ ။ ဆင်းရဲ တယ် ဆိုရင် Facebook မှာ အ ချိန်ကုန်မဲ့အစား အလုပ်ပိုလုပ်ပီးမိဘကို တဖက်တလမ်းကကူညီပါလား။ အခုညီမ က အပြောနဲ့အလုပ် မညီ တော့ အမ တို့လဲ ယုံရခက်ပါတယ်။ လူတွေ စိတ်ဝင်စားအောင် သနား အောင် အချိန်ကုန်ခံပီး ရှေ့ကလိမ် နောက်ကပေါ် တွေ သိပ်မလုပ်ပါနဲ့။ Facebook မှာ နာမည်ကြီးလို့လူတွေ စိတ်ဝင်စားခံရလို့ ညီမ ဘာမထူးလာမှာမဟုတ်ဘူး။

Lazy Skyအမ နန်းမီးမီးမိုးစက်ရှင့်

အမ အရင်တုန်းကကဗျာရေး တာကိုကြိုက်ပါတယ် ဒါပင်မဲ့ ကဗျာသမား တစ်ယောက်အနေနဲ့ ဆင်းရဲရဲ ချမ်းသာသာ ဖတ်တဲ့ လူတွေက ဂရုစိုက်မှာမဟုတ်ပါဘူး! အမအမြင်မှာတော့ ပွင့်ပွင့်လင်းလင်းပြောပင်မဲ့ သူများတွေ အမြင်ကျတော့ စပွန်ဆာ ရှာနေသလိုဖြစ်နေတယ် အမနောက်ထပ် ဆင်းရဲတယ် ဆင်းရဲတယ် ဆိုပြီး ထပ်ခါထပ်ခါမပြောပါနဲ့လားဗျာ Coz ဘယ်သူမှလည်း အယုံအကြည်မရှိသလို ဂရုစိုက်မှာမဟုတ်ပါဘူး အမုန်းပွားရုံသက်သက်ပဲ ရှိမှာပါ

Thiri XM  နာလဲ အကြော်ရောင်းမယ်ကွ... ရောင်းကိုရောင်းမယ် ... အကြော်ရောင်းရင်း Apple ကထုတ်သမျှအကုန်ဝယ်မယ် ... FB ပေါ်တက်
အကြော်ရောင်းတာကို ပရိုမိုးရှင်းလုပ်မယ်..အားပေးကြပါ FB ကသူငယ်ချင်းအပေါင်းတို့.. နန်းမီမီမိုးစက်လို ဆင်းရဲချင်လွန်းလို့ပါ .... ခစ် ခစ် .........

ThainGe Win   ဖြူစင်သလိုလို ခလေးလိုလို ဘာလိုလိုနဲ့လုပ်စားမနေနဲ့ ။အဖြစ်မရှိပဲ ဒီလောက်ထိ အပြောအဆိုခံနေရတာ ရှက်တတ်ရင်လဲသေသင့်တယ်.......ငါ့ သူငယ်ချင်း ရှမ်းမလေးတွေ ရှိပါတယ် နင့်လိုအကျင့်တစ်ယာက်မှ ကိုရှိဘူး ။100မှာ 1ယောက်ဆိုတာ နင်ထင်တယ်

 Mwak Lao ဒါပေမယ့် ဒီရှမ်းမလေးက ရှမ်းစကားမတတ်ဘူး နန်းနာမည်ကို အလွဲသုံးစားလုပ်နေတာလားညီမလေးရယ်..ကိုယ်ဘယ်သူလဲ..အဖေအမေက ဘာလို့ဒီနာမည်ပေးထားတာလဲ..ကိုယ့်စကားကိုယ်မတတ်တာ ရှက်ဖို့ကောင်းတယ်ညီမလေးရဲ့ ... တကယ့်ရှမ်းဆိုရင်ရှမ်းလိုတတ်အောင်လဲ သင်အုံးနော်..

Venus Pouk Sa  နန်းမီမီမိုးစက် ရဲ့ ဝမ်းမနာသားနဲ့သမီးတို့ရယ် ngar dox bar tar comment pay yin pay mal unlike lote yin lote mal arr lone lote paing kwint shi tal !koe nay yar ko nay tat ag kyint hter own! မနာလိုဖြစ်ရအောင် သူ့မှာမနာလိုဖြစ်စရာဘာတစ်ကွက်မှမရှိဘူး

Myat Noe Chel  သောက်ပိုတွေလုပ်နေတာလေတယ်အကြော်ရောင်းချင်fb ပေါ်လာမရောင်းနဲ့လမ်းဘေးရောင်းလေတယ်

Eithinzarphyo Eithinzarphyo ဆင်းရဲတာကိုခဏခဏမပြောပါနဲ့အမရယ်

Susan Mone တကယ်‌မသိလို့ ‌မေးကြည့်‌တာပါlike‌တွေအများကြီးရ‌တော့ဘာထူးခြားလဲဟင်‌ ‌သြော်‌ လူသိများတာ‌ပေါ့‌နော်‌ ဒါ‌ပေမယ့်‌ဒီလို လူသိတာကြီးက‌တော့အထာမကျပါဖူးမမရယ်‌
.
Panpyoe Alinker  ရူးများနေတာလားမသိ အဲသူမ

Phyoenandar Tun   တော်ပါပေတယ် အော် ခေတ်ကြီးနှယ် လိမ်တဲ့လူကမှန် လိမ်တာသိလို့ သိကြောင်းပြောမိတဲ့သူက အမှားပေါ့ ညီမလေးကိုဝေဖန်တာကလဲ မလိမ်သင့်ဘဲလိမ်တာကိုအမြင်မတော်လို့ပါကွယ် မနာလိုလို့မဟုတ်ဘူးနော် မနာလိုရလောက်အောင်လဲ ငါ့ညီမက ဘာမှမှမဟုတ်တာကွယ် သနားလဲသနားပါရဲ့ စိတ်ထားကောင်းတယ်ဆိုပြီးလူချီးကျူးခံချင်တာလား

Su Myat Sandarဘာလို့များ အတင်း ဆင်းရဲ ချင်နေတာလားဟင်.. အပေါင်္မှာ နန်းမီမီမိုးစက် cmt ထားတာတွေ့လို့ပါ.. အကြော်တောင် နာမည်တံဆိပ် မရှိတဲ့ အကြော်..ဘာညာ လူတွေက စဉ်းစားဥာဏ်ရှိတယ် ညီမရဲ့ ။အင်တာနက်သုံးတဲ့ သူတော်တော်များများ.. ဦးနှောက်ရှိကြပါတယ်.. ညီမ မျက်နှာလေးက ချစ်စရာလေးပါ.. Page တစ်ခုထောင်ပြီး မလိမ်သင့်ဘူးနော်.. ပြီးတော့ ဝေဖန်နေတဲ့ သူတွေက မနာလိုလို့ မဟုတ်ဘူးနော်.. အမြင်မတော်လို့ ပြောကြတာ.. ဒီအတိုင်း ဆင်းရဲတာ မပါဘဲ ကဗျာတွေ ရေးရင်လည်း ချစ်ကြမှာပါ.. အခုဟာက အတင်းကို ဆင်းရဲတယ်ပဲ ပြောနေတော့.. လူတွေ အမြင်မှာ ကန့်လန့်ဖြစ်ပီပေါ့ကွယ်..

အတင်း ဆင်းရဲ ပါသည် ပြောနေလို့ မန့်လိုက်ပါသည်။

Lyrics Mo Ko အဲ့အိမ်မှာ အဲ့အင်္ကျီတစ်ထည်နဲ့ပဲတွေ့တယ် အော်ဘာလို့တရက်ထဲအပြီးရိုက်ခဲ့တာလဲ
............အင်္ကျီလဲလဲပြီးရိုက်မှ သူများယုံမှာပေါ့ လုပ်ချင်ရင်လဲ ပိပိရိရိ လုပ်ပါ.

.
 www.MyanmarExpress.net

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စု မှ ကိုယ်တိုင်ငြိမ်းချမ်းအောင် ဘာတစ်ခုမှ မလုပ်နိုင် ပဲ အစိုးရလုပ်တာ သိသာတိုးတက်ပြောင်းလဲမှုမရှိ ဟု ဖင်ပိတ်အော်နေသော်လည်း ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးအောင်မြင်မှုအား အမေရိကန် နှင့် ကုလ ကြိုဆို


ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စု မှ ကိုယ်တိုင်ငြိမ်းချမ်းအောင် ဘာတစ်ခုမှ မလုပ်နိုင် ပဲ အစိုးရလုပ်တာ သိသာတိုးတက်ပြောင်းလဲမှုမရှိ ဟု ဖင်ပိတ်အော်နေသော်လည်း ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးအောင်မြင်မှုအား အမေရိကန် နှင့် ကုလ ကြိုဆိုလိုက်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ နှစ်ဖက်ဆွေးနွေးပွဲ ရလဒ်ကို အမေရိကန်ပြည်ထောင်စု အစိုးရက ကြိုဆိုပါကြောင်း အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Ms.enPsaki က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတွင် မေလ ၃၁ ရက်နေ့ က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံး နိုင်ငံရေးအရာရှိ Ms. Erin E.Webster က အတည်ပြုပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီချက် ခုနစ်ရပ်အနက် ကချင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း အချိုးညီဖွံ့ဖြိုးရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကေအိုင်အိုနှင့် အစိုးရတို့စကားဝိုင်းတွင် အဖြေရှာခြင်းနည်းကို ဆက်လက်ကျင့်သုံးသွားရန် အမေရိကန်ပြည်ထောင်စု အစိုးရက ထောက်ခံပါကြောင်း Ms. Erin E. Webster က ပြောကြားသည်။

“(ဆွေးနွေးပွဲနောက်ပိုင်း) အခြေအနေတွေကိုလည်း နီးနီးကပ်ကပ် ဆက်လက် စောင့်ကြည့်သွားပါမယ်” ဟု Ms.enPsaki က ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ် တိုးတက်လာသော်လည်း ပဋိပက္ခကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးသူများ နှင့်ပဋိပက္ခ နယ်မြေတွင် နေထိုင်ရသူများထံ အရေးပေါ် အကူအညီများ၊ အစားအသောက်နှင့် နေထိုင်ရေး ကဲ့သို့သော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ရာတွင် ကေအိုင်အိုနှင့် အစိုးရ နှစ်ဖက်စလုံးက ကူညီဆောင်ရွက် ပေးစေလိုကြောင်း မစ္စစ် Psaki က တောင်းဆိုသည်။

ကချင်လက်နက်ကိုင်အဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား သဘောတူညီမှု ရခဲ့တာအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ပြန်လည်သွေးစည်းရေးမှာ ပထမဆုံးခြေလှမ်းတရပ်အဖြစ် ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲမှာ ကျင်းပတဲ့ ပထမဦးဆုံးအကြိမ် ၃ ရက်ကြာ ဆွေးနွေးပွဲတွေနောက်ပိုင်း၊ ရလာတဲ့ ရလဒ်အတွက်ကြိုဆိုကြောင်း  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ  အက်ဒွါဒို ဒူဘွေး (Eduardo del Buey) ကပြောပါတယ်။

“မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကြား ၂၀၁၁ ခုနှစ်ကစပြီး  တိုက်ပွဲတွေဖြစ်ပွားနေရာက ပထမဆုံး မြန်မာပြည် တွင်း တွေ့ဆုံဆွေးနွေးမှုတွေကနေ  ဒီကနေ့ သဘောတူညီမှုတွေ ရလာတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။  ဒီဆွေးနွေးပွဲမှာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ  အထူးအကြံပေး  ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ တရုတ်သံရုံးတာဝန်ခံနဲ့၊  တခြား  မြန်မာတိုင်းရင်းသား အဖွဲ့တွေက  ကိုယ်စားလှယ်တွေနဲ့အတူ  အကဲခတ်လေ့လာသူအနေနဲ့ တက်ရောက် နိုင်ခဲ့သလို၊  ဒီဆွေးနွေးပွဲကနေ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အခြေခံခြေလှမ်းတရပ်အဖြစ် အချက် ၇ ချက်ပါ သဘောတူညီမှုတွေရခဲ့တဲ့အထိ နှစ်ဘက်စလုံး မဆုတ် မနစ်ကြိုးစားမှုနဲ့ လုပ်ရဲတဲ့သတ္တိအတွက်ပါ ချီးကျူးလိုက်ပါတယ်။” 

ကချင်ဒေသတွင်းမှာ တိုက်ပွဲတွေ တဖြည်းဖြည်း လျော့ပါးလာစေဖို့ နဲ့  မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေဖို့အတွက် အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာနိုင်တဲ့အထိ ကုလသမဂ္ဂကရော  အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးကပါ ကူညီထောက်ပံ့မှုတွေ ဆက်ပေးနေမယ်လို့လည်း  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ 



ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မေလ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးရန် အတွက် နှစ်ဖက်သဘောတူညီချက် ခုနစ်ချက်ကို လက်မှတ်ထိုးနိုင်ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ကို လေ့လာသူအဖြစ် တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကန့်ကွက်သဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးအကြံပေး ကိုယ်စားလှယ် ဗီဂျေနမ်ဗီးယားနှင့် တရုတ် သံတမန်ကိုယ်စားလှယ် အဖွဲ့ကိုသာ တက်ရောက်ခွင့်ပြုခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆု မရရှိထားသော   သမ္မတကြီး ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအောင်မြင်မှုများသည် ဆုရထားပြီး ဘာမှ ငြိမ်းချမ်းအောင်မလုပ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှယ်ဖွယ်လိလိ ဖြစ်ရပ်များဖြစ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက သုံးသပ်ကြသည်။

 .. www.MyanmarExpress.net

ကသာမြို့တွင် မွတ်ဆလင်များ ကိုယ့်ဗလီ ကိုယ်မီးရှို့

၁၊၆၊၂၀၁၃ရက်နေ့ည ၁၁နာရီ၁၀မိနစ်အချိန်က ကသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြှိုမဗလီအား မီးကွင်း ပစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်၊ ဖြစ်ပွားပုံမှာ ည၁၁နာရီ၁၀မိနစ်အချိန်တွင် အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ ဓါတ်ဆီထည့်ထားသော ပလပ်စတစ်ဗူးတွင် အ၀တ်မီးစာ တပ်၍ လမ်းမပေါ်မှ ဗလီအတွင်းသို့ ပစ်သွင်း သွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်၊ထိုသို့ ပစ်သွင်းမှုကြောင့် မြို့မဗလီ(ဗလီကြီး)၏ မြောက်ဘက် တိုင်တစ်လုံး မီးဟပ်သွားခဲ့ပြီး မြို့ခံ မူဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရပါသည်၊ ဖြစ်ပွားရာဗလီသို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းအောင်ကျော် ၊မြှိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်အောင်မြင့်နှင့် ခရိုင် ဒ/နမှ ရဲအုပ်မျိုးခိုင်နှင့် တပ်ဖွဲ့ဝင်များ၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များအပြင် လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ထွန်း တို့ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရပါသည်၊ယခုဖြစ်ပွားမှုနှင့် ပါတ်သက်၍ သက်ဆိုင်ရာမှ မီးကွင်းပစ်ခဲ့သည့် ဆူပူုပြဿနာ ဖန်တီးလိုသူများကို စုံစမ်း ဖေါ်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးမှ ပြောကြားခဲ့ပြီး ဘာသာရေး အကြမ်းဖက်မှုမလိုလားသူ မြို့ခံဗုဒ္ဓဘာသာဝင်များဝင်များမှ အဖွဲ့ပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး လုံခြုံရေးကို ယခုထက် ပိုမို တိုးမြှင့်ပေးကြရန် လိုလားနေကြောင်း သိရပါသည်၊ယခုရက်ပိုင်းအတွင်း ကသာမြို့ခံ ခမရ(၃၀၉)မှလည်း ညစဉ် လှည့်ကင်းများ ဆောင်ရွက်လျှက်ရှိနေပြီး ဘာသာရေး အဓိကရုန်းများ မဖြစ်ပွားစေရန် ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့သည့် ရခိုင်ပြည်နယ် ကုလား-မြန်မာ အဓိကရုဏ်းတွင်လည်း မွတ်ဆလင်များက ၎င်းတို့အိမ်များကို မီးရှို့ထွက်ပြေးကြသဖြင့် ရခိုင်ပြည်သူတို့၏ နေအိမ်အများအပြား မီးစွဲလောင်ကျွမ်းခဲ့ရသည်။

.. www.MyanmarExpress.net
 

ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနား၌ နိုင်ငံတော်သမ္မတကြီး ပြောကြားခဲ့သည့် မိန့်ခွန်း


နေပြည်တော် ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲ ရုံ (၁)  သုဝဏ္ဏ၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်၍အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး  ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ  တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။  အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကား ပြောကြားရာ၌ ကျွန်တော်တို့ အစိုးရအနေနဲ့ (၂) နှစ်တာ သက်တမ်းကာလအတွင်း ပြည်သူများရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများနဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။

 တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက် ရာမှာ အောင်မြင်မှုများ ရှိသကဲ့သို့ မမျှော်လင့်တဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများနဲ့လည်း ရင်ဆိုင်တွေ့ကြုံ ခဲ့ရပါတယ်။ သို့သော်လည်း ဒီအခက်အခဲနဲ့ စိန်ခေါ်မှုများကို မိမိတို့ တာဝန်ယူစဉ်ကာလ အတွင်း ပြည်သူများရဲ့ ဆန္ဒနဲ့အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးဟာ ခွဲခြားလို့ မရတဲ့ ကွင်းဆက်ဖြစ်ပါတယ်။ နိုင်ငံရေး တည်ငြိမ်မှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံရေးလည်း တည်ငြိမ်မှာ ဖြစ်ပါတယ်။ သို့မှသာ မိမိတို့ သွားလိုတဲ့ ဒီမိုကရေစီပန်းတိုင်ကို ရှေ့ဆက်ပြီး တက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခြေခံကောင်းတွေ ရှိပါတယ်။ နိုင်ငံ အကျယ်အဝန်းနဲ့ လူဦးရေ သင့်တင့်မျှတစွာရှိပြီး ရာသီဥတု ကောင်းမွန်ခြင်း စိုက်ပျိုးမြေ များ အလုံအလောက်ရှိခြင်း၊ လုပ်အားများလည်း အပြည့်အဝရှိသည့်အပြင် သစ်တော၊ သားငါး၊ သတ္ထု၊ ရေနံ၊ သဘာဝဓါတ်ငွေ့စတဲ့ သဘာဝ အရင်းအမြစ်များလည်း ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံး စာရင်းဝင် (LDC) နိုင်ငံ ဖြစ်နေပါတယ်။ ဒီဘဝက လွတ်မြောက်အောင် ကျွန်တော်တို့ ကြိုးစားကြရပါမယ်။ လောလောဆယ်မှာ တိုင်းပြည်ချမ်းသာရေးထက် ဆင်းရဲနွမ်းပါးမှုနှုန်း လျှော့ချနိုင်ရေးဟာ ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စဖြစ်တာကြောင့် ကျွန်တော်တို့ အစိုးရ တက်လာလာချင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း စီမံချက်ကို ပညာရှင် များနဲ့ တိုင်ပင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ထဲမှာ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသေးစား ပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လုပ်ငန်း (၂) ရပ် ပါဝင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ကျေးလက်နေပြည်သူများဟာ လူဦးရေးရဲ့ (၇၀) ရာခိုင်နှုန်းခန့်ရှိပြီး လယ်ယာလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းပေါ်တွင် အခြေပြုနေရတဲ့ လက်လုပ်လက်စားများ ဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်များမှာလည်း ရရာလုပ်ငန်းပေါ်မှာ တည်မှီပြီး တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ နေ့စားလုပ်သားများ၊ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းမရှိလို့ အငှားလုပ်ကိုင်ပြီး မိမိရှာဖွေရမျှကို ပိုင်ရှင်သို့ ခွဲဝေပေး နေရတဲ့ လုပ်သားများ၊ ငွေအရင်းအနှီးမရှိလို့ နေ့စဉ်၊ လစဉ် မတန်တဆ အတိုးကြီးပေးပြီး ငွေချေးငှား ရင်းနှီးစားနေရတဲ့ သူများဟာ အဆင်းရဲဆုံး သူများ ဖြစ်နေပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် သမဝါယမအသင်းအဖွဲ့ အဆင့်ဆင့် ထူထောင်ပြီး သူတို့လိုအပ်နေတဲ့ ငွေကြေးအရင်းအနှီး၊ ပစ္စည်းအရင်းအနှီးနဲ့ ဈေးကွက်တို့ကို ဖန်တီးပေးခြင်းအားဖြင့် ပုံမှန်ဝင်ငွေများ ရရှိလာပြီး နေနိုင်စားနိုင်သည့်အဆင့်မှ ပညာရေး၊ ကျန်းမာရေးအတွက်ပါ လိုက်လျောညီထွေ ယှဉ်တွဲတိုးတက် လာနိုင်မှာ ဖြစ်ပါတယ်။

ယခု သမဝါယမဝန်ကြီးဌာနအောက်မှာ အသင့်ဖွဲ့စည်းပြီး ရှိနေတဲ့ သမဝါယမအသင်း အဆင့်ဆင့်နဲ့ အသေးစားငွေကြေး (Microfinance) လုပ်ငန်းတို့ဟာ ကျွန်တော်အထက်က ပြောကြားခဲ့တဲ့ ငွေကြေးအရင်းအနှီး၊ ပစ္စည်းအရင်းအနှီးနဲ့ ဈေးကွက်တို့ကို ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ထိရောက်တဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း ချီးကျူးပြောကြားလိုပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်တွင်းပြည်ပမှ ရရှိတဲ့ ထောက်ပံ့ငွေ ချေးငွေ အကူအညီများဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အပြင် အကြောင်းကြောင်းကြောင့် လယ်ယာဆုံးရှုံးခဲ့ကြတဲ့ တောင်သူလယ်သမားများအတွက် ဥပဒေနဲ့အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အသေးစားငွေကြေးလုပ်ငန်းဟာ ပြည်သူတွေ လတ်တလော သက်သာချောင်ချိစေရုံ သာမက နောင်အနာဂတ်မှာ ပြည်သူတွေ မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်အောင် မျှော်မှန်း ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် ပြည်သူတွေအပိုင်းကလည်း မိမိတို့ရရှိတဲ့ ချေးငွေများကို မိမိတို့ရဲ့ လုပ်ငန်းများမှာ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုကြဖို့နဲ့ သတ်မှတ်ကာလစေ့တဲ့အခါ ချေးငွေများကို မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်ပါတယ်။

တစ်ဦးချင်းတာဝန်ယူမှု၊ ဝိုင်းကြီးချုပ် အဖွဲ့စနစ်ဖြင့် တာဝန်ယူမှု၊ သမဝါယမ အသင်းများက တာဝန်ယူမှုတို့ဖြင့် ပေါင်းစပ်ပြီး ချေးငွေများဆုံးရှုံးမသွားရအောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီအသေးစား ငွေချေးလုပ်ငန်းဟာ တချို့နိုင်ငံတွေမှာ အောင်မြင်နေသလို ဆုံးရှုံးမှုများလည်း ကြုံတွေ့ရတဲ့အတွက် အောင်မြင်မှု၊ ဆုံးရှုံးမှုတွေကို လေ့လာပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ လုပ်ငန်းဖြစ်အောင် သတိပြုဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။

သမဝါယလုပ်ငန်းဟာ တိုင်းပြည်ရဲ့  ဒုတိယ စီးပွားရေးမဏ္ဍိုင် ဖြစ်ပါတယ်။။ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ပြီး သမဝါယမ အသင်းတွေကို အဆင့်တိုးမြှင့် ဖွဲ့စည်းသွားကြရပါမယ်။ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ စက်မှုလယ်ယာ စတဲ့ သမဝါယမ အသင်းများ ထူထောင်ပြီး တိုင်းပြည်ရဲ့စီးပွားရေးကို  ထောက်ကူပေးရမှာ ဖြစ်ပါတယ်။ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ သမဝါယမ အသင်းတွေ အောင်မြင်နေတာကို နမူနာယူပြီး မိမိတို့နိုင်ငံမှာလည်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အတိတ်က သမဝါယမ အသင်းများရဲ့ ကောင်းမွေ ဆိုးမွေတွေကို သင်ခန်းစာယူပြီး မိမိတို့ လက်ထက်မှာ အခြေခံလူတန်းစားများဘဝ မြင့်တက်လာအောင်၊ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့နည်းကျဆင်းသွားအောင် တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ထောက်ကူ ပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြား လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝ မြှင့်တင်ရေးအတွက် အသေးစားချေးငွေ ထုတ်ပေးခြင်းနှင့် သမဝါယမအသင်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက တိုင်းဒေသကြီးအတွင်း ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အတွင်းရှိ သမဝါယမ အသင်းများသို့ ပံ့ပိုးချေးငွေများကို ပေးအပ်ကြသည်။

ဆက်လက်၍ ဗဟိုသမဝါယမအသင်းနှင့် သမဝါယမဘဏ်လိမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက သမဝါယမဝန်ကြီှးဌာန၊ ဗဟိုသမဝါယမ အသင်းနှင့် သမဝါယမဘဏ် လီမိတက်တို့ ပေါင်းစပ်၍ အရစ်ကျ စနစ်ဖြင့် ပံ့ပိုးပေးသည့် လယ်ယာသုံး စက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ အနှေးယာဉ်ဆိုက်ကားများနှင့် အပ်ချုပ်စက်များအား သမဝါယမ အသင်းများသို့ ပေးအပ်ခဲ့ပြီး ပိတောက်ကွေ့သယ်ယူပို့ဆောင်ရေး သမဝါယမအသင်းမှ အသင်းဝင် ဦးမြင့်ရွှေက ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၄၄) မြို့နယ်၊ သမဝါယမ အသင်းပေါင်း (၅၇၇) သင်း၊ အသင်းသားဦးရေ (၃၉၆၀၉)  ဦးအတွက် ပထမအကြိမ် တာဝန်ကျေ ပြန်လည်ပေးဆပ်ပြီး ဖြစ်သဖြင့် ဒုတိယအကြိမ် ထပ်မံထုတ်ချေးငွေ အဖြစ် ထုတ်ချေးငွေ ကျပ် (၂၃၃၆၆ ဒသမ ၄) သိန်းကို ထုတ်ချေး ပေးခဲ့သည်။

ထို့အတူ မြို့နယ်ပေါင်း (၃၈) မြို့နယ်ရှိ အသင်းပေါင်း (၁၁၄) သင်းသို့ စုစုပေါင်းငွေကျပ် (၉၂၆၈ ဒသမ ၂၀၁၅) သိန်း တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာ (၂၀၉) စီး၊ မော်တော်ယာဉ် (၅၃) စီး၊ အနှေးယာဉ် ဆိုက်ကားစီးရေ (၁၈၀) နှင့် အပ်ချုပ်စက် (၆၈၃) လုံးတို့အား အရစ်ကျ စနစ်ဖြင့် ပံ့ပိုးပေးခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ဝင်း အတွင်း ခင်းကျင်းပြသထားသည့် သမဝါယမ ဝန်ကြီးဌာန၏ လှုပ်ရှားမှုဓာတ်ပုံပြခန်း၊ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ သမဝါယမအသင်းများ အဆင့်မြှင့်တင်ရာတွင် လိုအပ်သည့် စက်ကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများနှင့် နည်းပညာများဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့သည့် အငှားယာဉ်မောင်းများနှင့် အနှေးယာဉ်လုပ်သားများအား တွေ့ဆုံ၍ နိုင်ငံတော်က မတည်ရင်းနှီးပေးသဖြင့် ရရှိလာသည့် အခွင့်အရေးကို မိမိလူမှု စီးပွားဘဝ အကျိုးရှိအောင်၊ ပြည်သူများလည်း အကျိုးရှိအောင် ဆောင်ရွက်သွားကြရန်နှင့် အသင်းက မတည်ပေးသည့် အရင်းအနှီးများကိုလည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ မှန်မှန်ပေးဆပ်သွားရန် စသည်ဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှာကြားသည်။

သမဝါယမဝန်ကြီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အတွက် ဦးတည်ချက် (၂) ရပ်နှင့် လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းစဉ် (၅) ရပ်တွင် တစ်ခု အပါအဝင်ဖြစ်သည့် အသေးစားချေးငွေ လုပ်ငန်းကို ဆောင်ရွက်ရာတွင် ပြည်သူများအတွက် လတ်တလော သက်သာချောင်ချိမှု ရရှိစေရုံသာမက နောင် (၄) နှစ်၊ (၅) နှစ်အတွင်းတွင် ငွေချေးရန် မလိုအပ်တော့ဘဲ မိမိဘာသာ ရပ်တည်လာနိုင်အောင် (Sustainable Development ဖြစ်အောင်) အထိပါ မျှော်မှန်းဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

လိုအပ်ငွေများ စုဆောင်းရရှိနိုင်ရေးအတွက် Microfinance Bank ဖွင့်လှစ်ထူထောင် သွားမည်ဖြစ်ပြီး နိုင်ငံတကာမှာ အကူအညီများနှင့် ချေးငွေများ ရရှိရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အတူ နိုင်ငံ့စီးပွားရေးကို ထိရောက်စွာ အထောက်အကူ ပြုနိုင်ရန်နှင့် အသင်းသားများ၏ လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရန်အတွက် သမဝါယမ အသင်းများကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နေပြည်သူလူထု (၇၀) ရာခိုင်နှုန်းရှိသဖြင့် မြို့နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်နိုင်ရန် အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင်ရေးဆပ်ကော်မတီကို သီးခြားဖွဲ့စည်းထားပြီး မြို့ရော ကျေးလက်ပါ အလုပ်အကိုင်ရ ရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း သမဝါယမ ဝန်ကြီးဌာန အစီအစဉ်ဖြင့် အသေးစားချေးငွေများ ထုတ်ချေးပေးသကဲ့သို့ သမဝါယမအသင်း ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် ရပ်ကွက်/ ကျေးရွာများတွင် လုပ်ငန်း အမျိုးအစားအလိုက် အစုအဖွဲ့များ ဖွဲ့စည်းပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသေးစားချေးငွေလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ယင်းအစုအဖွဲ့များကိုလည်း သမဝါယမအသင်းများ အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး အသေးစားချေးငွေလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

From : .. သမ္မတရုံး
 

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ်

အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။
 အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု၏ နောက်ဆက်တွဲ ရင်နင့်ဖွယ်ဖြစ်ရပ် အင်တာနက်ပေါ်မှ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမှုများကြောင့် အသက်ကို 
စတေးခဲ့ရသည့် ရင်နင့် သနားစရာ မိန်းကလေး တစ်ဦး၏ ဖြစ်ရပ်ကို The 
Sun သတင်းဌာနက ဖော်ပြခဲ့သည်။ အသက်(၁၅)နှစ်သာ ရှိသေးသော အမန်ဒါ မိုက်ချယ်လ်တော့ဒ်သည် ဗန်ကူးဗားရှိ သူမ၏ နေအိမ်တွင် ဗုဒ္ဓဟူးနေ့က သေဆုံးနေသည်ကို တွေ့ရသည်။ ရဲများက အမန်ဒါသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းဟု သတ်မှတ်ခဲ့ပြီး သူမသည် အင်တာနက်ပေါ်မှ အနိုင်ကျင့် စော်ကားမှုများကို မခံမရပ်နိုင်သည့်အဆုံး ယခုလမ်းကို ရွေးသွားခြင်းဟု ကောက်ချက်ချခဲ့သည်။

အမန်ဒါသည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက အဖြူအမည်း ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက်တွင် လွှင့်တင်ကာ သူမ၏ စိုးရိမ်ထိတ်လန့်နေရသော ဘဝကို ရင်ဖွင့်ခဲ့ဖူးသည်။ ထိုဗီဒီယိုထဲတွင် စကားလုံးဝ မပြောသော အမန်ဒါသည် ကတ်ပြားများဖြင့် စာရေးကာ သူမ၏ သောကကို ဖွင့်ဟခဲ့သည်။ နောက်ကြောင်းပြန် စုံစမ်းမှုများအရ အထီးကျန် ပျင်းရိမှုကြောင့် Chat Roomများတွင် ဝင်ရောက် စကားပြောရင်း အမန်ဒါနှင့် လူတစ်ဦး တွေ့ဆုံခဲ့သည်။ ထိုသူက ပတ်ချွဲနှပ်ချွဲဖြင့် အမန်ဒါအား အပေါ်ပိုင်း ဗလာကျင်း ကိုယ်ဟန်ပြရန် တောင်းဆိုခဲ့သည်။
ငယ်ရွယ်နုနယ်သေးသော မိန်းကလေးသည် ယင်းကို အယုံလွယ်ကာ တစ်ကြိမ် လိုက်လျှောမိသွားခဲ့သည်။ ယင်းတစ်ကြိမ်သည်ပင် သူမဘဝအတွက် ဆိုးရွားသော သက်ရောက်မှုများ ဖြစ်ပေါ်လာရန် လုံလောက်သွားစေခဲ့သည်။ နောက်တစ်နှစ်မျှ အကြာတွင် ထိုသူက အမန်ဒါအား Facebookမှ ဆက်သွယ်လာကာ အလားတူ ပြုလုပ်ပြရန် တောင်းဆိုခဲ့သည်။ အမန်ဒါက ငြင်းဆန်ချိန်တွင် ပထမတစ်ကြိမ်က သူမ၏ ပုံရိပ်များကို အမန်ဒါ၏ မိတ်ဆွေများ၊ အတန်းဖော်များ၊ ဆွေမျိုးများထံသို့ ယုတ်ယုတ်မာမာ ဖြန့်ဝေပစ်ခဲ့သည်။

"ကျွန်မ ဓာတ်ပုံကို ဘယ်တော့မှ ပြန်မရတော့ဘူးလေ"ဟု ရေးထားသော ကတ်ပြားတစ်ချပ်ကို အမန်ဒါက သူမလွှင့်တင်ခဲ့သော ဗီဒီယိုတွင် ကိုင်ဆောင် ပြသခဲ့သည်။ မကြာမီမှာပင် သူမသည် ကျောင်းအသစ်တွင် ဆယ်ကျော်သက် တစ်စုက ဝိုင်းဝန်းရိုက်နှက်ပြီး ယင်းမြင်ကွင်းကို ဗီဒီယိုရိုက်ယူသည့် အခြေအနေနှင့်လည်း ကြုံခဲ့ရပြန်သည်။ ဆိုးရွားသော၊ အထင်သေး စက်ဆုပ်ခံရသော အခြေအနေများစွာကို ကြုံလာရပြီးနောက် အမန်ဒါသည် သူမ၏ ဘဝကို အစွန်းချွတ်ဆေး တစ်ပုလင်း သောက်သုံးခြင်းဖြင့် အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။

သို့သော်လည်း သူမ မသေခဲ့ချေ။ ဆေးရုံပေါ်တွင် သူမ သက်သာလာချိန်တွင် အင်တာနက်ပေါ်မှ ဖိစီးအနိုင်ကျင့်သူများက အခြားအစွန်းချွတ်ဆေး ပုလင်းများ၏ ဓာတ်ပုံကို လွှင့်တင်ကာ "တကယ်တော့ သူက တခြား ဆေးတစ်မျိုးကို သုံးသင့်ခဲ့တာပါ။ နောက်တစ်ခါဆို ဒီကောင်မ သေစေချင်တယ်။ ဒါက ရူးတယ်တော့ မဟုတ်ဘူးလို့ ပြောရမလား"စသဖြင့် စာများလည်း ရေးသားခဲ့သည်။ တစ်ချိန်က Cheerleader တစ်ဦး ဖြစ်ခဲ့သည့် မိန်းမလှလေးက "ကျွန်မ ဒီမှာ ဆက်ရှိနေသင့်သလား။ ကျွန်မအတွက် ဘယ်သူမှ မရှိဘူး။ ကျွန်မ တစ်ယောက်ယောက်ကို လိုအပ်နေပါတယ်"ဟူသော စာတန်းပါ ကတ်ပြားကို My Story: Struggling, bullying, suicide and self-harmဆိုသော အမည် တပ်ထားသည့် သူမ၏ ဗီဒီယိုတွင် ပြသခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမူ သူမ၏ ရုပ်အလောင်းကို ရဲများက နေအိမ်ထဲတွင် ကြေကွဲဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့သည်။ သူမသည် မသေဆုံးမီ အနိုင်ကျင့်သူများအား လူအများက ဆန့်ကျင်ရန်နှင့် သားကောင်များဘက်မှ ရပ်တည်ပေးပါရန် ပန်ကြားသော Slide Presentation တစ်ခုကို ပြုလုပ်ထားခဲ့သေးသည်။ ဗြိတိသျှ ကိုလံဘီယာဒေသ အုပ်ချုပ်ရေးမှူး ခရစ်ဆီကလာ့ခ်က သူမ၏ ကြေကွဲမှုကို အမန်ဒါ၏ မိသားစုအတွက် စာနာမျှဝေသည့် အနေဖြင့် ဗီဒီယိုတစ်ခုကို လွှင့်တင်ခဲ့သည်။

"အနိုင်ကျင့်တယ် ဆိုတာ ဘယ်သူ့အတွက်မှ မဖြစ်သင့်ပါဘူး။ ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး။ ဒါဟာ မှန်ကန်စွာ ကျင့်သုံးရမယ့် အမူအကျင့်လည်း မဟုတ်ဘူး။ အနိုင်ကျင့် ဖိနှိပ်မှုတွေကို ရပ်တန့်ရပါမယ်"ဟု သူမက ဆိုသည်။ ယခုအခါ Facebookပေါ်တွင် Rest in paradise Amanda Michelle Toddဆိုသော အမှတ်တရ Pageလေး တစ်ခုကို ဖန်တီးထားပြီး လူပေါင်း (၂၈၀၀၀)မျှ Likeထားပြီး ဖြစ်သည်။

အမန်ဒါ၏ မိခင် ကာရိုးလ်က သူမ၏ သမီးဖြစ်သူ နောက်ဆုံး ဖန်တီးခဲ့သည့် ဗီဒီယိုလေးသည် အခြားသော လူငယ်များအတွက် အလားတူ ဖြစ်ရပ်ဆိုးများမှ ရှောင်လွှဲနိုင်ရန် ဆင်ခြင်စရာ သင်ခန်းစာ တစ်ခု ဖြစ်စေလိုကြောင်း ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။ "ဒီဗီဒီယိုကို မျှဝေသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိရိယာ တစ်ခု အနေနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒါကို ကျွန်မရဲ့ သမီးကလည်း လိုလားပါလိမ့်မယ်"ဟု ကာရိုးလ်က ကြေကွဲစွာ ပြောဆိုသွားခဲ့သည်။

စက်တင်ဘာ (၇)ရက်နေ့က အမန်ဒါ လွှင့်တင်ခဲ့သော ဗီဒီယိုကြည့်ရှုရန်


အမန်ဒါအတွက် အမှတ်တရ ဖန်တီးထားသည့် Facebook Page
 
Myanmar Express

KIA ဗိုလ်ချုပ် ဂွမ်မော် မြစ်ကြီးနားမှ အပြန် ဆန္ဒပြခံရ

 အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဖိတ်ကြားချက်အရ ဖြစ်ကြီးနားရောက်လာတဲ့ KIA ခေါင်းဆောင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကို ကချင်များက ဝိုင်းကြည့်ကြစဉ် ကြိုဆိုကြကြောင်း ကချင်များ နှင့် မီဒီယာ များက ဖော်ပြခဲ့ကြသော်လည်း ဂွမ်မော်အပြန် ဆန္ဒပြခံရခြင်းကိုတော့ ဘယ် ကချင် က မှ ဖော်ပြရဲခြင်း မရှိခြေ။

အဓမ္မ တပ်သား စုဆောင်း ခံရသူတွေကို ပြန်လွှတ်ပေးရေး၊ အစိုးရ နှင့် သဘောတူသည့်အတိုင်း အမြန်ဆုံး အကောင်ထည်ဖော်ရေး၊  ဒေသခံတွေ အကြောက်တရားကင်းကင်း လုပ်ကိုင်စားသောက်နိုင်ရေး စသည့် အချက်များကို ဆိုင်းဘုတ်ပေါ်တွင် ရေးသားပြီး ဆန္ဒပြခဲ့ကြပါတယ်။

http://www.rfa.org/burmese/news/shan-demostrate-kio-06012013110458.html/shan-demostrate-kio-305.jpg/image

 ကေအိုင်အို အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကို ဒေသခံ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု ၃၀၀ ကျော်မှ  ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ အစိုးရနဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပခဲ့ရာမှာ သဘောတူညီချက် (၇) ချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

အာဏာရ ပြည်ခိုင်ဖြိုး အစိုးရ၏ ထူးချွန်မှုကြောင့် ပြည်တွင်းရှိ လက်နက်ကိုင်သောင်းကျန်သူအားလုံးနှင့် အပစ်အခတ် ရက်စဲနိုင်ပြီဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီ ဖြစ်သော်လည်း အခုကဲ့သို့သော ငြိမ်းချမ်းရေးတည်ဆောက်နိုင်သူများ စာရင်းတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှု ဘာတစ်ကွက်မှ မပါခဲ့ခြေ။

.. www.MyanmarExpress.net

တင်ပြီးသား post များ

3D