သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 9, 2013

Window 7 ရဲ့ အားနည်းချက် ၁၀ ချက်

Photo: Window 7 ရဲ့ အားနည်းချက် ၁၀ ချက်

Microsoft ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ် တဲ့  Windows 7 ဟာ ၂၀၁၀ 
ပြည့်နှစ် အတွင်း အရောင်း ရဆုံး Microsoft ထုတ်ကုန် တစ်ခုဖြစ်ခဲ့ သလို 
လက်ရှိအနေအထားမှာလည်း တဖြည်းဖြည်းနဲ့  လူကြိုက်ပိုများလာခဲ့ပါပြီ။ 
ခုဆိုရင် Windows 7 ရဲ့ Service Pack 1 တောင် ထွက်လာပြီမို့ 
ရှိနှင့်ပြီးသား အားနည်းချက်တွေ အတော်အတန် ဖာထေးပြီး သား ဖြစ်သွားခဲ့ပါပြီ။
 ဒါတောင်မှ Microsoft ထုတ် ကုန်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Windows 7 မှာ 
အား နည်းချက် (၁၀) ခုတောင် ရှိနေသေးတယ်လို့ ဆိုပါ တယ်။ အဲဒါတွေက 
ဘာများပါလိမ့် . . .။


၁။ ဖောင်းဖွနေတုန်းပဲ

Windows  ထွက်ပေါ်လာခဲ့တာ (၂၅) နှစ် ကျော်သွားခဲ့ပါပြီ။ ပြိုင်ဘက်တွေကို 
အဆင့်ဆင့် ဖြတ်ကျော်ခဲ့ပြီး တာတောင်မှ Windows ဟာ သုံးစွဲသူတွေကို 
စိတ်ကျေနပ်မှု အပြည့်အဝ မပေးစွမ်းနိုင်သေးပါဘူး။ Windows နဲ့ ပတ်သက်ရင် 
အလိုမကျစရာတွေက တစ်ပုံတစ်ပင် ရှိနေမြဲဖြစ်ပြီး Windows မုန်းတီးသူ၊ 
Microsoft မုန်းတီး သူတွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ အဓိက ပြဿနာ 
တစ်ရပ်ကတော့ Windows ရဲ့ ပမာဏ ဖောင်းပွနေ တာပဲ ဖြစ်ပါတယ်။ Microsoft ကတော့ 
အသုံးပြုသူတွေ အဆင်ပြေအောင် Software အဟောင်းတွေ၊ Hardware အဟောင်းတွေနဲ့ 
လိုက်ဖက်မှုရှိအောင် စီမံပေးထားတဲ့ သဘောပါ။ ဒါပေမဲ့ ၁၉၉၆ ခုနှစ်လောက်က 
ထုတ်လုပ် ထားတဲ့ Software ကို သုံးစွဲလို့ရအောင် ဖန်တီးပေးထားတယ်ဆိုတာ 
သိပ်ပြီးတော့ အဓိပ္ပာယ် မရှိလှပါဘူး။ Windows အသစ်တွေထွက်တိုင်း 
အဟောင်းတွေဆီကနေ Settings တွေ လက်ဆင့်ကမ်း ယူသွားလိုက်တာ Windows 7 
အဆင့်ရောက်တဲ့ အခါမှာတော့ ကြီးကလည်းကြီး၊ လေးကလည်းလေး ဖြစ်သွားတော့တာပါပဲ။

၂။ လုံခြုံရေး ပြဿနာတွေ

Windows OS ဟာ လူကြိုက်များမယ့်သာ များနေတာ၊ သူ့ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ 
Mac OS, Linux တို့လောက်ေ တာင် လုံခြုံမှုမရှိဘူးလို့ ကွန်ပျူတာကျွမ်းကျင်သူ
 အချို့က တောက်လျှောက် ဝေဖန်လာခဲ့တာပါ။ Windows Vista ထွက်လာတော့ Windows 
XP ထက် အများကြီး ပိုလုံခြုံတယ်ဆိုပြီး ကြော်ငြာခဲ့ပါတယ်။ ဆိုးတာက Windows 
Vista ဟာ Hardware လိုအပ်ချက် အလွန်များပြီး “လေး” လွန်းလို့ 
ဘယ်သူကမှမကြိုက် ဖြစ်သွားခဲ့ပါတယ်။ Windows 7 ထွက်လာတော့ Windows Vista 
ထက်တောင် ပိုမိုလုံခြုံတယ်ဆိုပြီး Microsoft လိုလားသူတွေက 
ခပ်ကြွားကြွားလေး ပြောခဲ့ကြပါတယ်။ ဒီစကားဟာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ 
ဒါပေမဲ့ Windows 7 တောင်မှ အချက်အလက် အခိုးခံရတာကနေ Hard drive တစ်ခုလုံး 
ပျက်စီးသွားနိုင်တဲ့အထိ လုံခြုံရေးဟာေ ပါက်တွေ ရှိနေပါသေးတယ်လို့ Microsoft
 ဟာ ဆိုက်ဘာလူဆိုးတွေရဲ့ တိုက်ခိုက်မှုတွေ ရန်ကနေ ကာကွယ်နိုင်ဖို့ 
တစ်နည်းနည်းတော့ ကြံဆရပါဦးမယ်။

၃။ လူတကာရဲ့ ပြစ်မှတ်ဖြစ်လာ

ကမ္ဘာတစ်လွှားက Windows အသုံးပြုသူတွေအတွက် လုံခြုံရေး ပြဿနာတွေ 
အရင်တုန်းကတည်းက များနေ ရတဲ့ အထဲ Windows ကိုမှ ဦးတည် တိုက်ခိုက်တဲ့သူ 
ပိုပိုများလာတဲ့အချက်က ဘူးလေးရာ ဖရုံဆင့် ဖြစ် လာစေခဲ့ပါတယ်။ 
လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်ကဆိုရင် ဆိုက်ဘာခြိမ်းခြောက်မှု တစ်ခုကို 
အလွယ်တကူ ဖယ်ရှားနိုင်ခဲ့ပေမယ့် အခုဆိုရင်တော့ ခြိမ်းခြောက်မှု တစ်ခုကိုမှ 
ဖြေရှင်းလို့ မပြီးသေးဘူး၊ နောက်ထပ် ခြိမ်းခြောက် မှုတစ်ခုက ထပ်ပြီးပေါ်လာတတ်
 ပါသေးတယ်။ ဒါဟာ မူပိုင်ခွင့် နည်းပညာတွေနဲ့ လက်ဝါးကြီးအုပ်တတ်လွန်းတဲ့ 
Microsoft ကိုမုန်းတဲ့သူ များလာတာကြောင့် ဖြစ်တဲ့အပြင် အိုင်စီတီနည်းပညာကို
 အရူးအမူး လေ့လာ လိုက်စားကြရင်း လမ်းမှားရောက်သွားတဲ့ လူငယ်တွေ 
များလာတာကြောင့်လည်း ဖြစ်ပါတယ်။ အားလုံးသိတဲ့ အတိုင်း လူတိုင်းနဲ့ 
လက်လှမ်းမီပြီး အလွယ်တကူ လက်တည့်စမ်းနိုင်တဲ့ နည်းပညာဆိုလို့ Microsoft 
Windows ပဲရှိတာမို့ ဒီလိုဖြစ်နေရတာပါ။ Microsoft ဟာ အားလုံးနဲ့ 
အဆင်ပြေအောင် မနေနိုင်ရင် အားလုံးထက် နှာ တစ်ဖျားသာအောင်တော့ 
အမြဲကြိုးစားနေဖို့တော့ လိုပါလိမ့်မယ်။

၎။ Software စုစည်းမှုအားနည်း

၂၀၁၁ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ Apple ကုမ္ပဏီဟာ သူတို့ရဲ့ Mac OSX Snow 
Leopard မှာ သုံးစွဲနိုင်မယ့် Application တွေကို စုစည်းပေးထားတဲ့ Mac App 
Store ဆိုတာကို စတင် လွှင့်တင်ပေးခဲ့ပါတယ်။ ဒီဝဘ်ဆိုက်ဟာ တဖြည်းဖြည်းနဲ့ 
လူသုံးများလာတဲ့ iPad နဲ့ iPhone အတွက်ပါ အထောက်အပံ့ပေးနိုင်ပါတယ်။ 
Software တွေ အားလုံးကို တစ်နေရာတည်းမှာ အလွယ်တကူ ဝယ်ယူလို့ရတော့ Mac OSX  
ရဲ့ လူကြိုက်များမှု ပမာဏလည်း ထိုးတက်သွားခဲ့ပါတယ်။ Microsoft ကတော့ Windows
 7 နဲ့ ပတ်သက်လာရင် ဒီလိုမျိုး အွန်လိုင်း Software Store 
မလုပ်ပေးနိုင်သေးပါဘူး။ Android မှာလည်း သူ့ရဲ့ ကိုယ်ပိုင် App Store 
ရှိလို့ အောင်မြင် လာတာဖြစ်သလို iPod ဆိုတာကလည်း သီချင်းရောင်းတဲ့  iTunes 
ဝဘ်ဆိုက်ရှိလို့ လျှမ်းလျှမ်းတောက် သွားခဲ့ တာပါ။ Mac OS ဘက်ကို လူတွေ 
ပြန်လှည့်မသွားဖို့ Windows 7 App Store တစ်ခုတော့ ရှိဖို့လိုနေပါပြီ။

၅။ ကိုယ်ပိုင်ဟန်ရှိဖို့လိုတယ်

Microsoft ဟာ ကမ္ဘာ့နံပါတ် (၁) နေရာရဖို့ ဘာမဆို လုပ်ဆောင်လာခဲ့တာပါ။ 
အင်တာနက် Browser အပိုင်းနဲ့ ပတ်သက်ရင် Netscape နဲ့ စစ်ခင်းခဲ့ရတယ်၊ 
အသုံးပြုသူဘက်က တွေ့မြင်ရတဲ့သွင်ပြင် (UI) အတွက် Apple နဲ့ 
ယှဉ်ပြိုင်ခဲ့ရတယ် အစရှိသဖြင့် အပွဲပွဲနွှဲလာခဲ့ရတဲ့ Microsoft ဟာ 
တကယ်တမ်းမှာတော့ သူ့ပြိုင်ဘက်တွေရဲ့ နည်းပညာတွေကို တစ်ခုမဟုတ်တစ်ခု 
အတုခိုးရင်း ရှေ့တက်လာခဲ့တာပါ။ ဒီတော့ Microsoft ရဲ့ Windows ဟာ 
ကိုယ်ပိုင်သွင်ပြင် မရှိလှဘဲ ဟိုစပ်စပ် သည်စပ်စပ်နဲ့ ရောမွှေထားသလို 
ဖြစ်နေပါတယ်။ သူ့မှာ ကိုယ်ပိုင်ဟန်ရှိဖို့ လိုအပ်လာပါပြီ။ Windows မှာ 
သုံးလို့ရတဲ့ Application တော်တော်များများကို အထောက်အပံ့ပေးတဲ့ Ubuntu 
Linux ဟာ ကိုယ်ပိုင်ဟန်ရှိလို့ အောင်မြင်လာတာပါ။

၆။ Cloud ကို ဘယ်လိုကိုင်မလဲ

Google က Chrome OS ကိုထုတ်ပြပြီး Cloud အခြေပြုလုပ်ငန်းစဉ်ကို 
ချပြခဲ့တဲ့အခါ Microsoft ဘက်က ဘယ်လိုတုံ့ပြန်မလဲလို့ အားလုံးက 
သိချင်ခဲ့ကြပါတယ်။ ဒါပေမဲ့ Microsoft ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး OS 
ထုတ်လုပ်တဲ့ကုမ္ပဏီ မပီသစွာနဲ့ဘဲ သိသိသာသာ  offline  ဖြစ်နေဆဲပါပဲ။ Online 
အခြေပြု Application တွေ ကို ပြိုင်ဆိုင်နိုင်ဖို့ Microsoft ဟာ 
စိတ်မပါ့တပါနဲ့ပဲ ကြိုးပမ်းနေဆဲဖြစ်ပြီး သူ့ရဲ့ Office Suite ကို Online 
ကနေ သုံးစွဲလို့ရအောင် ဖန်တီးပေးထားပါတယ်။ Windows 7 ဟာ DVD ဘူးခွံနဲ့ 
ရောင်းတဲ့အထဲမှာတော့ ထိပ်တန်းေ ရာက်နေပေမယ့် Cloud  နဲ့ ပတ်သက်လာရင်တော့ 
နောက်ကောက်ကျနေဆဲပါ။

၇။ MacOSX လောက် အထာမကျ

Apple ရဲ့ OS ဟာ စတင် ထွက်ပေါ်လာကာစက ရုပ်ထွက် အလွန်ကောင်းမွန်လို့ လူကြိုက်
 အလွန်များခဲ့ပေမယ့် Windows နဲ့ Intel တို့ရဲ့ 
ပူးပေါင်းတိုက်ခိုက်မှုကြောင့် မှေးမှိန်ခဲ့ရတာပါ။ ဒါတောင်မှ 
ပြုပြင်သင့်တာတွေ ကို ပြုပြင်နိုင်ခဲ့လို့ အခုချိန်မှာတော့ MacOSX ဟာ 
Windows 7 ထက် ပိုမိုပေါ့ပါးတယ်၊ ဒီဇိုင်း ပိုကောင်းတယ်၊ လုံခြုံရေးပြဿနာ 
ပိုနည်းတယ်ဆိုတဲ့ ကောင်းသတင်းတွေနဲ့ မွှေးပျံ့နေပါပြီ။ ဝန်ခံစရာရှိတာက 
MacOSX ဟာ ဈေးကွက်ဝေစု အရမ်းနည်းတဲ့အတွက် ဘယ် Hacker ကမှ အချိန်ကုန်ခံ 
လက်တည့်စမ်း မနေဘူးဆိုတဲ့ အချက်ပါပဲ။ ဒါတောင်မှ သူ့ရဲ့ Permission Settings
  တွေဟာ  Windows 7 ထက် ပိုမိုကောင်းမွန်တယ်ဆိုတဲ့ အချက်ကလည်း 
အထင်အရှားပါပဲ။ Windows 8 ထွက်လာတဲ့အခါ MacOSX နဲ့ တူသည်ထက် ပိုတူလာတယ် 
ဆိုရင် မထူးဆန်းပါဘူး။

၈။ XP ကို အမြတ်ဖြတ်ဖို့ ခတ်နေ

ကုမ္ပဏီကြီးတွေရဲ့ ဝယ်ယူအားပေးမှုကြောင့် Microsoft Windows ရယ်လို့ 
မော်ကြွားနေတာပါ။ စက်တစ်လုံးကို Copy တစ်ခုပဲ ရောင်းရစေဦး၊ ကွန်ပျူတာအလုံး
 (၄၀၀) လောက်ရှိတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို အပိုင် 
ကိုင်နိုင်လိုက်မယ်ဆိုရင် ခိုင်သွားမှာပါ။ ဒါပေမဲ့ လက်ရှိဖြစ်နေတာက Windows
 XP ဟာ အသုံးပြုသူတွေနဲ့ အင်မတန် အသားကျနေလို့ Windows 7 ကို Upgrade 
လုပ်ဖို့ စီးပွားရေး လုပ်ငန်းတွေက လက်တွန့်နေကြပါတယ်။ ကုန်ကျစရိတ်ကို 
ပြန်တွက်ကြည့်တိုင်း တွက်ချေမကိုက် ဖြစ်နေတာက တစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ 
စီးပွားရေး ကျဆင်းနေမှုကြောင့် အသုံးစရိတ် ချွေတာနေရတာက တစ်ကြောင်း၊ XP ကို 
စွန့်ပစ်တဲ့ကုမ္ပဏီ နည်းပါးနေ ပါသေးတယ်။ Windows 8 ထွက်မှ OS 
ပြောင်းသုံးအောင် ဆွယ်မယ်ဆိုရင်တော့ Microsoft ပြတ်ကျန်ခဲ့ပါ လိမ့် မယ်။ 
Windows 7 အပေါ် လက်ခံမှုအတိုင်းအတာ တစ်စုံတစ်ရာရှိပေမယ့် အသစ်တွေ ဘယ်လောက်ေ 
ကာင်းကောင်း အဟောင်းမှာပဲ တလည်လည် ဖြစ်နေတယ် မဟုတ်ပါလား။

၉။ Vista ကြောင့် မျက်နှာပျက်ခဲ့ရတာကို အဖတ်မဆည်နိုင်သေးဘူး

ပွဲတိုင်းကျော် Microsoft ဟာ Windows XP နဲ့ အောင်မြင်မှုသရဖူ 
ဆောင်းခဲ့ပေမယ့် Windows Vista ထုတ် အရောင်းမှာတော့ အကြီးအကျယ် 
မျက်နှာပျက်ခဲ့ရပါတယ်။ Windows XP  နဲ့ ဘာမှကို မဆိုင်တော့လောက်ေ အာင် 
ပြုပြင်ပြောင်းလဲလိုက်တဲ့ သွင်ပြင်ကြောင့် အသုံးရခက်တဲ့ ကြားထဲ Hardware 
တောင်းဆိုမှုကလည်း အလွန်မြင့်မားတာကြောင့် Vista ဟာ လူတွေ အလုအယက် Upgrade 
လုပ်ရမယ့် OS  ဖြစ်လာရမယ့်အစား  Vista သွင်းထားပြီးသား စက်ကို  XP  
ပြန်သွင်းရတဲ့ အဆင့်အထိ  Downgrade OS  ကြီး ဖြစ်သွားခဲ့ပါတယ်။ Vista 
ကြောင့် Microsoft ရဲ့ အမာခံ လက်တွဲဖော်တွေ ဖြစ်တဲ့ Dell နဲ့ HP တို့ပါ 
အကြီးအကျယ် နစ်နာခဲ့ရပြီး အသုံးပြုသူ တော်တော်များများလည်း Mac OS X နဲ့ 
Linux ဘက်ကို လှည့်သွားခဲ့ပါတယ်။ Windows 7 ထွက်ပေါ်တာ တစ်နှစ်လောက် 
ကြာသွားပြီးတဲ့ နောက်မှာတော့ Vista နဲ့ ပတ်သက်တဲ့ စိတ်နာစရာတွေကို 
လူတွေမေ့သင့်သလောက် မေ့သွားပြီလို့ ဆိုရပေမယ့် Windows 8 ကို 
စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတဲ့ ပရိသတ်ဦးရေတော့ လျော့ကျသွားခဲ့ 
ရပါပြီ။

၁၀။ အကြံပေးစကား နားထောင်ဖို့လို

Microsoft ရဲ့ အကြီးဆုံး ပြဿနာကတော့  Windows ကို ထုတ်လုပ်တဲ့ (၂၅) နှစ်တာ 
ကာလအတွင်း ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့ အကြံပေး စကားတွေကို 
နားမထောင်ခဲ့တဲ့အချက်ပါပဲ။ Windows နဲ့ပတ်သက်ပြီး ဝေဖန် သူတွေက 
ဘာတွေပြောနေတယ်၊ အသုံးပြုသူတွေက ဘာတွေ မကျေနပ်ဘူးလဲ စတာတွေကို 
အသိအမှတ်ပြုဖို့ Microsoft က နှေးကွေးနေခဲ့တာပါ။ Windows Vista ရဲ့ 
လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ပေးကြဖို့ တစ်ကြိမ် သာ 
ဖွင့်ပေးခဲ့တာကလွဲရင် Microsoft ကုမ္ပဏီဟာ အသုံးပြုသူ အသိုင်းအဝိုင်းနဲ့ 
ခပ်စိမ်းစိမ်းပါပဲ။ ရှေ့ကို ဆက်သွားမယ်ဆိုရင် Microsoft ဟာ ငြင်းခုံစရာ 
တစ်ခုခုဖြစ်လာတိုင်း အပေါ်စီးကနေ ပြောဆိုတတ်တဲ့ အကျင့်ကို လျှော့ပြီး 
Windows ရဲ့ ပြဿနာတွေကို လူတွေ ပြောတာထက်စာရင် Windows ရဲ့ 
အကျိုးကျေးဇူးတွေ ကို လူတွေ ပိုပြောလာဖို့ ဆောင်ရွက်ပေးရပါမယ်။ Linux 
အသုံးပြုသူ အသိုင်းအဝိုင်းကိုပဲ ကြည့်ကြည့်၊ Mac OSX အသုံးပြုသူ 
အသိုင်းအဝိုင်းကိုပဲ ကြည့်ကြည့်၊ Windows အသုံးပြုသူ အသိုင်းအဝိုင်းထက် 
စာရင်တော့ မိခင်ကုမ္ပဏီအပေါ် ပိုပြီးသက်ရောက်မှု ရှိကြပါတယ်။ ပြောရရင်တော့ 
Windows ဟာ လူသုံးအများဆုံး ဆိုပေမယ့် လူချစ်လူခင် အများဆုံးတော့ 
မဟုတ်ခဲ့ပါဘူး။ အထက်ဖော်ပြပါ အချက်တွေကို ပြုပြင်ဆောင်ရွက်နိုင်မယ် ဆိုရင်ေ
 တာ့ အသည်းစွဲ ပရိသတ်တွေ ရှိလာနိုင်ပါရဲ့။

Yatanapone
Microsoft ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ် တဲ့ Windows 7 ဟာ ၂၀၁၀ ပြည့်နှစ် အတွင်း အရောင်း ရဆုံး Microsoft ထုတ်ကုန် တစ်ခုဖြစ်ခဲ့ သလို လက်ရှိအနေအထားမှာလည်း တဖြည်းဖြည်းနဲ့ လူကြိုက်ပိုများလာခဲ့ပါပြီ။ ခုဆိုရင် Windows 7 ရဲ့ Service Pack 1 တောင် ထွက်လာပြီမို့ ရှိနှင့်ပြီးသား အားနည်းချက်တွေ အတော်အတန် ဖာထေးပြီး သား ဖြစ်သွားခဲ့ပါပြီ။ ဒါတောင်မှ Microsoft ထုတ် ကုန်တွေရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ Windows 7 မှာ အား နည်းချက် (၁၀) ခုတောင် ရှိနေသေးတယ်လို့ ဆိုပါ တယ်။ အဲဒါတွေက ဘာများပါလိမ့် . . .။

အိန္ဒိယနိုင်ငံ Bihar ပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် လူ ၂၇ ဦး သေဆုံး

Photo: အိန္ဒိယနိုင်ငံ Bihar ပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် လူ ၂၇ 
ဦး သေဆုံး 
Saturday, June 08, 2013

အိန္ဒိယနိုင်ငံ အရှေ့ဘက် ပြည်နယ် Bihar တွင် ယမန်နေ့က မိုးကြိုး
ပစ်မှုကြောင့် ကလေးငယ် (၇) ဦး အပါအ၀င် (၂၇) ဦး သေဆုံးခဲ့ကြောင်း
Bihar ပြည်နယ် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေး အဖွဲ့မှ 
တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

နိုင်ငံတွင်းရှိ ပြည်နယ် အချို့တွင် နှစ်စဉ်နှစ်တိုင်း ဇွန်လမှ စက်တင်ဘာလ 
အကြား ကာလများတွင် ယခုကဲ့သို့ မိုးကြိုးပစ်မှုများ ဖြစ်ပွားလေ့ရှိပြီး
ရေလွှမ်းမိုးမှုများလည်း မကြာခဏ ဖြစ်ပွားတတ်သည်ဟု Bihar ပြည်နယ်
မြို့တော် Patna အုပ်ချုပ်ရေးမှူး Renu Kumari Kushwaha က ပြော
ကြားခဲ့သည်။


Mrtv-4
အိန္ဒိယနိုင်ငံ အရှေ့ဘက် ပြည်နယ် Bihar တွင် ယမန်နေ့က မိုးကြိုး
ပစ်မှုကြောင့် ကလေးငယ် (၇) ဦး အပါအ၀င် (၂၇) ဦး သေဆုံးခဲ့ကြောင်း
Bihar ပြည်နယ် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေး အဖွဲ့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

နိုင်ငံတွင်းရှိ ပြည်နယ် အချို့တွင် နှစ်စဉ်နှစ်တိုင်း ဇွန်လမှ စက်တင်ဘာလ အကြား ကာလများတွင် ယခုကဲ့သို့ မိုးကြိုးပစ်မှုများ ဖြစ်ပွားလေ့ရှိပြီး
ရေလွှမ်းမိုးမှုများလည်း မကြာခဏ ဖြစ်ပွားတတ်သည်ဟု Bihar ပြည်နယ်
မြို့တော် Patna အုပ်ချုပ်ရေးမှူး Renu Kumari Kushwaha က ပြော
ကြားခဲ့သည်။


Mrtv-4

ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော် ဝင်ကြေးများ တိုးမြှင့်ကောက်ခံတော့မည်

Photo: ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော် ဝင်ကြေးများ 
တိုးမြှင့်ကောက်ခံတော့မည်
Saturday, June 08, 2013

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော်
အတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသား လေ့လာသူများအား ဝင်ကြေးများ 
တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“နဂို မူလ နှုန်းတွေထက် ၅ ဒေါ်လာစီ တိုးမြှင့်ကောက်ခံဖို့ စီစဉ်နေပါတယ်။ 
အရင်က ရှေးဟောင်း သုတေသန ကနေ ကောက်ခံတာပါ။ အခုကျတော့ Myanmar Tourism 
Federation က တရားဝင် လွှဲပြောင်းလုပ်ကိုင်ရမှာ
ဖြစ်ပါတယ်” ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဌာနမှ
 ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

ယင်းသို့ လွှဲပြောင်း လုပ်ကိုင်နိုင်ရန်အတွက် နှစ်ဖက် သဘောတူစာချုပ် 
ချုပ်ဆိုကာ ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီးဖြစ်သည်ဟု ဆိုသည်။

“ဌာနနဲ့ Myanmar Tourism Federation နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို
ရှေ့နေချုပ်ရုံးက လိုတာပိုတာတွေ စိစစ်ပြီးမှ လုပ်ငန်း လွှဲပြောင်းပေး
ရမှာပါ” ဟု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပုဂံဒေသတွင် နိုင်ငံခြားသား တဦးလျှင် အမေရိကန် ၁၀ ဒေါ်လာ 
ကောက်ခံလျက်ရှိသည်။ ထို့အပြင် ပုဂံပြတိုက်သို့ ၅ ဒေါ်လာ၊ နန်းတော်အတွင်းသို့
 ၅ ဒေါ်လာနှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

“Myanmar Tourism Federation ရဲ့ လွှဲပြောင်းလုပ်ကိုင်မှုက ဇူလိုင်လလောက်မှာ 
အကောင်အထည်ဖော်လာနိုင်ဖွယ် ရှိပါတယ်။
ကောက်ခံမှု အသစ်အရ ပုဂံဇုန် ဝင်ကြေးက ၁၅ ဒေါ်လာ။ ပုဂံပြတိုက်နဲ့ နန်းတော် 
အတွင်း ဝင်ကြေးက ၁၀ ဒေါ်လာစီ ပေးဆောင်ရမှာပါ” ဟု ဦးနိုင်ဝင်း က ပြောသည်။

ဝင်ကြေးများ၏ ၈၅ ရာခိုင်နှုန်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ပေးသွင်း
ရမည် ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် 
လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

“Myanmar Tourism Federation က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း 
ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှု အောက်မှာ ရှိနေတော့ တိုးမြှင့်ကောက်ခံရတဲ့ 
ဇုန်ဝင်ကြေးတွေကို ထင်ထင်ရှားရှား ထုတ်ပြန်ကြေညာပြီး ခရီးသွား
လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် အမှန်တကယ် အသုံးပြုကြောင်းကိုလည်း 
ထုတ်ပြန်ပေးသင့်ပါတယ်။ ဒါမှလည်း ဖွံ့ဖြိုးမှုတွေကိုမြင်လာရမှာ ဖြစ်ပါ
တယ်” ဟု ပုဂံ ဧည့်လမ်းညွှန် ဦးအောင်ကို က ပြောဆိုသည်။

Mizzima
ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ပုဂံဇုန်၊ ပြတိုက်နှင့် နန်းတော်
အတွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားသား လေ့လာသူများအား ဝင်ကြေးများ တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“နဂို မူလ နှုန်းတွေထက် ၅ ဒေါ်လာစီ တိုးမြှင့်ကောက်ခံဖို့ စီစဉ်နေပါတယ်။ အရင်က ရှေးဟောင်း သုတေသန ကနေ ကောက်ခံတာပါ။ အခုကျတော့ Myanmar Tourism Federation က တရားဝင် လွှဲပြောင်းလုပ်ကိုင်ရမှာ
ဖြစ်ပါတယ်” ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။

လူသားများရဲ့ အရိုးပေါင်းတစ်သန်း ဝါရှင်တန်ဒီစီမြို့တော်ကိုရောက်ရှိ

မနေ့ကညနေပိုင်း မိုးတွေအလွန်ရွာနေတဲ့အချိန် လူ့အရိုးသေတ္တာတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်ရှေ့ရှိ ဝါရှင်တန်ပန်းခြံကြီးထဲမှာ သယ်ယူ စုပုံနေတာ သွားရောက်အားပေးခဲ့ပါတယ်။

အမေရိကန်ကျောင်းသူကျောင်းသားတွေ အနုပညာရှင်တွေ လှုပ်ရှားတက်ကြွသူတွေက လုပ်အားဒါန အဖြစ်ကူညီနေကြတာဖြစ်ပါတယ်။
မေတ္တာရှင်၊ ၊ ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။ အဲဒီမေးခွန်းက "မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။
အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမ္ဘာမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ" တဲ့။

၁၀ တန်း အောင်စာရင်း အွန်လိုင်းက ကြည့်ကြမယ်

၂၀၁၂ စာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ( ဆယ်တန်း) ဖြေဆိုထားသူများနဲ့ ကျောင်းသား မိဘတွေ အနေနဲ့ အောင်စာရင်းကို အွန်လိုင်းကနေ ကြည့်လို့ ရတော့မှာဖြစ်ပါတယ်။

မနက်ဖြန် ထွက်မယ့် အောင်စာရင်းကို ပညာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနကနေ
( http://moemyanmar.net/education/result-search-2012.php ) အင်တာနက်လိပ်စာကို သွားပြီး မိမိရဲ့ စာစစ်ဌာနနဲ့ ခုံနံပတ်ကို ရိုက်ထည့်လိုက်ရင် အောင်စာရင်းကို ကြည့်နိုင်တော့မှာဖြစ်ပါတယ်။

"ဖြေဆိုသူ၏ စာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်ကို မြန်မာဘာသာ(Zawgyi-One Font, Myanmar2 Font, Myanmar3 Font)ဖြင့် ရိုက်ထည့်ပါ"


ယခုနှစ်မှ စတင်လိုက်တဲ့ ဆယ်တန်းအောင်စာရင်း အွန်လိုင်း မှ ကြည့်နိုင်တဲ့ စနစ်ကို ကျောင်းသား၊
ကျောင်းသူများနဲ့ ကျောင်းသားမိဘတွေအနေနဲ့ အချိန်မကုန်ပဲ၊ လူမပင်ပန်းပဲ မနက်အစောကြီး တန်းစီ ကြည့်ရတဲ့ ဒုက္ခတွေက ကင်းဝေးသွားမှာဖြစ်လို့ အကြိုက်တွေ့ကြမယ် ထင်ပါတယ်။

ရင်ခုန်စွာ စောင့်ဆိုင်းနေကြတဲ့ အောင်စာရင်း သိလိုသူတွေအတွက် အင်တာနက် အမြန်နှုန်းကောင်းဖို့ ဆုတောင်းထားကြမှ ဖြစ်မယ် ထင်ပါတယ်။


အိမ့်သံစဉ် ~

ခြောက်နှစ်အရွယ်ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်

ကမ္ဘာတွင် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ် အရွယ်ယောကျာ်းလေးတစ်ဦး၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေ သားကို ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်သည်ရန်ကုန်တိုင်းဒေသကြီးကွမ်းခြံကုန်း မြို့နယ် တောင်ကုန်းကျေးရွာ တွင် နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်က ခွဲစိတ်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တင်ပြီးသား post များ

3D