သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 7, 2013

ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေ


kayincommercial-july7

 မြ၀တီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးနှင့် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားခဲ့သည်။
"ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပေါင်းပြီး တရားဝင် စီးပွားရေး လုပ်ငန်းတွေ လုပ်သွားဖို့ ရှိပါတယ်။ ဒီလိုလုပ်ဖို့အတွက်

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား Email ThisBlogThis!Share to TwitterShare to Facebook


privacy2-july7

အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင်အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်တွင် နေထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး

ဖုန်းငွေဖြည့်ကဒ် တစ်သောင်းတန်ကဒ် ဖြည့်သွင်းလျှင်ကျပ် ၁,၀၀၀ သာဝင်ကြောင်း ပြဿနာဖြစ်ပွားနေ

Photo: ဖုန်းငွေဖြည့်ကဒ် တစ်သောင်းတန်ကဒ် ဖြည့်သွင်းလျှင်ကျပ် ၁,၀၀၀ 
သာဝင်ကြောင်း ပြဿနာဖြစ်ပွားနေ
Saturday, 06 July 2013


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁.၇.၂၀၁၃ မှ စတင်၍ နိုင်ငံခြားခေါ် 
ဆိုခများအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရန် အသိပေး 
ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ ဈေးကွက်အတွင်းတွင် ကျပ်ငွေ ၁၀,၀၀၀ ဖြည့်သွင်းလျှင် ကျပ် ၁,၀၀၀ သာ 
ဖြည့်သွင်းသည်ဟူသော ပြဿနာဖြစ်ပွားနေသည်ဟု သိရှိရပါသည်။

သို့ဖြစ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ဆက်သွယ်မေးမြန်းရာ ယခင် Call 
Forwarding Service အသုံးပြုနေသည့် သုံးစွဲနေသူများသည် ယခင်က လစဉ် 10 FEC 
ပေးဆောင်နေရသည်မှ ယခုအခါ ပြောင်းလဲလိုက်သည့် စနစ်ကြောင့်

၎င်း Service အတွက် 10 FEC အစား ကျပ် ၉,၀၀၀ ပြောင်းလဲကောက် 
ခံလိုက်သောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်၍ ၄င်း Service အသုံးပြုနေသူများ အနေဖြင့် ဆက်လက်သုံးစွဲရန် 
ဆန္ဒမရှိပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ရွှေဂုံတိုင်ရုံးနှင့် 
ပန်းဆိုးတန်းရုံးတို့တွင် သွားရောက်ပိတ်နိုင်ကြောင်း သိရှိရပါသည်။

အသေးစိတ်သိရှိလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Custom Care နံပါတ်မှာ ၀၁ 
၅၅၅၄၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

Ref & Credit to APS Technology
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁.၇.၂၀၁၃ မှ စတင်၍ နိုင်ငံခြားခေါ် ဆိုခများအား မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရန် အသိပေး ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ဈေးကွက်အတွင်းတွင် ကျပ်ငွေ ၁၀,၀၀၀ ဖြည့်သွင်းလျှင် ကျပ် ၁,၀၀၀ သာ ဖြည့်သွင်းသည်ဟူသော ပြဿနာဖြစ်ပွားနေသည်ဟု သိရှိရပါသည်။

ဆန်ဖရန်ဆစ္စကိုမှာ ဘိုးရင်း ၇၇၇ ပျက်ကျ

Photo: ဆန်ဖရန်ဆစ္စကိုမှာ ဘိုးရင်း ၇၇၇ ပျက်ကျ

Sunday, July 07, 2013

ခရီးသည် ၃၀၀ ကျော် တင်ဆောင်လာတဲ့ Asiana လေကြောင်းလိုင်း က လေယာဉ်တစီး 
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကို
 နိုင်ငံတကာလေဆိပ် ကိုအဆင်းမှာ ပျက်ကျခဲ့လို့ လူ နှစ်ဦး အနည်းဆုံး 
သေဆုံးသွားရပါတယ်။ ဆန်ဖရန်ဆစ္စကို မီးသတ်ဌာနအကြီးအကဲ Joanne Hayes-White က 
လူ ၁၃၀ ဒဏ်ရာရရှိပြီး တချို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။
...
လေယာဉ်ခရီးစဉ်အမှတ် ၂၁၄ ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းကနေ ထွက်လာတာဖြစ်ပြီး၊ 
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ခရီးတထောက် ရပ်နားခဲ့ပါတယ်။ 
ရုပ်မြင်သံကြားသတင်းတွေမှာတော့ ဘိုးရင်း ၇၇၇ လေယာဉ်ဟာ မြေပြင်ပေါ်မှာ 
အမြီးပြုတ်ကျနေပြီး၊ တောင်ပံတဘက် လည်း ပြုတ်ထွက်နေတာ တွေ့ရပါတယ်။ 
လေယာဉ်ကိုယ်ထည်အပေါ်ပိုင်း တခုလုံး မီးလောင်ကျွမ်းထားတာကိုလည်း တွေ့ရပါတယ်။ 
လေယာဉ်အမြီး က ပြုတ်ကျတဲ့ အပိုင်းအစတွေက လည်း လေယာဉ်ပြေးလမ်းပေါ် မှာ 
ပြန့်ကျဲနေတာတွေ့ရပါတယ်။

လေယာဉ်ဟာ ပြေးလမ်းကို ထူးဆန်းတဲ့ ထောင့်ချိုးပုံစံနဲ့ ဆင်းလာပြီး၊ 
မြေပြင်နဲ့အထိမှာ လှုပ်ခါပြီး လေယာဉ်အမြီးပိုင်း ပြုတ်ထွက် 
သွားတာတွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ 
အကြမ်းဖက် တိုက်ခိုက်မှုပုံစံမျိုး မဟုတ်ဘူးလို့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ 
FBI က တွေ့ရကြောင်း ပြောပါတယ်။

VOA
ခရီးသည် ၃၀၀ ကျော် တင်ဆောင်လာတဲ့ Asiana လေကြောင်းလိုင်း က လေယာဉ်တစီး အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဆစ္စကို နိုင်ငံတကာလေဆိပ် ကိုအဆင်းမှာ ပျက်ကျခဲ့လို့ လူ နှစ်ဦး အနည်းဆုံး သေဆုံးသွားရပါတယ်။ ဆန်ဖရန်ဆစ္စကို မီးသတ်ဌာနအကြီးအကဲ Joanne Hayes-White က လူ ၁၃၀ ဒဏ်ရာရရှိပြီး တချို့က စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။...

ရန်ကုန်တွင် မီးရထား မတော်တဆမှု တစ်လ လေးကြိမ်ခန့် ဖြစ်

Photo: ရန်ကုန်တွင်   မီးရထား မတော်တဆမှု    တစ်လ လေးကြိမ်ခန့် ဖြစ်
=====================================

 လမ်းပိုင်း အားနည်းချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျမ်းမျှ 
အားဖြင့် တစ်လလျှင် မီးရထား မတော် တဆမှု လေးကြိမ် ခန့် ဖြစ်ပွားလျက်ရှိ 
သည်ဟု မြန်မာ့မီးရထားမှ လက် ထောက် အထွေထွေမန်နေဂျာ ဦးကျော် ကျော်မျိုးက 
ပြောသည်။

 ''လမ်းပိုင်းဆိုင်ရာ စံချိန်စံညွှန်း မမီတာက အဓိကပေါ့၊ ကျောက်ဆို လည်း 
ကျောက်ထုဘယ်လောက်ထည့် ရမယ် စသဖြင့် မပြည့်မီတာပေါ့''ဟု ၄င်းက ပြောသည်။

 ကျွမ်းကျင်လုပ်သား အားနည်း ခြင်းနှင့် ခေတ်မီစက်ကိရိယာ မသုံးစွဲ 
နိုင်ခြင်းတို့မှာ လမ်းပိုင်းဆိုင်ရာ အား နည်းမှုကို ဖြစ်ပေါ်စေသည်ဟု ဆို 
သည်။

 မီးရထားမတော်မဆဖြစ်ပွားမှုများ  တွင် ပြေးဆွဲနေသော လမ်းပိုင်းများ၌ 
ဖြစ်ပွားခြင်းထက် တွဲရွှေ့လုပ်ငန်းဆောင် ရွက်သည့် ယာဒ်ဝင်းများထဲ၌ အဖြစ် 
များသည်ဟု ၄င်းက ပြောသည်။

 ''ယာဒ်ဝင်းဆိုတာ လမ်းကြောင်း ပြေးတဲ့ အပိုင်းမဟုတ်ဘူး။ စက်ခေါင်း တွေ 
သွင်းတယ်၊ ထုတ်တယ်၊ တွဲရွှေ့တဲ့ နေရာပါ''ဟု ၄င်းက ဆိုသည်။

 မိုးတွင်းကာလ၌ လမ်းပိုင်းအား နည်းမှုကြောင့် မီးရထား မတော်တဆဖြစ် ပွားမှု 
မရှိစေရန် မြေကျွံမှုအများဆုံးဖြစ် ပွားတတ်သည့် လမ်းသစ်များဖြစ်သော 
တိုးကြောင်ကလေး-ဒဂုံအရှေ့ပိုင်း တက္ကသိုလ်၊ တိုးကြောင်းကလေး-သီလ ဝါ၊ 
တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် လမ်းပိုင်းများကို ပြင်ဆင်နေသည်ဟု ၄င်းက 
ဆက်ပြောသည်။

 မြို့ပတ်(ဆင်ခြေဖုံး) လမ်းပိုင်း များကို နေ့စဉ်ပြင်ဆင်နေမှုအပြင် ရန် 
ကုန်-မန္တလေးလမ်းနှင့် ရန်ကုန်-ပြည် လမ်းများတွင်လည်း လမ်းပိုင်း ဆိုင်ရာ 
ပြင်ဆင်မှုကို ပြုလုပ်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဝေမာထွန်း
လမ်းပိုင်း အားနည်းချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျမ်းမျှ အားဖြင့် တစ်လလျှင် မီးရထား မတော် တဆမှု လေးကြိမ် ခန့် ဖြစ်ပွားလျက်ရှိ သည်ဟု မြန်မာ့မီးရထားမှ လက် ထောက် အထွေထွေမန်နေဂျာ ဦးကျော် ကျော်မျိုးက ပြောသည်။

ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

Photo: ဗုဒ္ဓဂါယာ မဟာဗောဓိမှာ ပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ 
နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ 
မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို 
ပြောပါတယ်။

အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ မဟာဗောဓိကိုတော့ ထိခိုက်မှု ရှိကြောင်း နဲ့ အသေ 
အပျောက် ရှိတယ်လို့ သတင်းမရကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမယ့် ထိခိုက်ဒဏ်ရာရသူ တခိျု့ထဲမှာတော့ မြန်မာသံဃာတော် ဦးရာသဂ္ဂ 
ပါဝင်ကြောင်း ဆရာတော်က ပြောပါတယ်။

ဘယ်သူ့လက်ချက်လဲ၊ ဘယ်လို ဗုံးပေါက်ကွဲမှုလဲ စတဲ့ အသေးစိတ်ကိုတော့ 
မသိရသေးပါဘူး။

BBC News
အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီးတဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ နီးပါးက ဗုံး ပေါက်ကွဲမှု ဆက်တိုက် ဖြစ်ခဲ့ကြောင်း အဲဒီမှာရှိတဲ့ မဇ္ဈီမသုခ ဖောင်ဒေးရှင်း ကျောင်းတိုက်က ဆရာတော် ဦးနန္ဒဝံသက ဘီဘီစီ ကို ပြောပါတယ်။

သာဓု....သာဓု.....သာဓု....


၇-၇-၂၀၁၃ နေ့ နံနက် ဗုဒ္ဓဂါယာ ဗောဓိပင်အောက်တွင် ဗုံးပေါက်ကွဲမှုတွင် ဒါဏ်ရာ ရခဲ့သော ရဟန်းတော် ဦးဝိလာသဂ္ဂ (မြင်းခြံ) အတွက် ပြန်လည် ဆေးကုသရန် စရိတ်များကို ကူညီပံပိုးပေးရန် ဓမ္မဒေါင်းလုပ်မိသားစုမှ ဝိုင်းဝန်း အလှုကောက်ခံပေးပါသည်။

 အရှင်ဝိလာသဂ္ဂ သည် မန္တလေးတိုင်း မြင်းခြံမြို့နယ် ရသာရွာ ဇာတိဖြစ်ပါတယ်။ သီရိလင်္ကာက MA ပြီးခဲ့ပြီး အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ် Ph.Dကျောင်းသားလည်းဖြစ်ပါတယ်။ အခု ဂယာဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ စုံစမ်းလိုက +၉၁၇၇၈၂၀၇၆၅၂၃ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။


တင်ပြီးသား post များ

3D