သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 24, 2013

မင်္ဂလာဒုံမြို့နယ်တွင် အငှားယာဉ်မောင်းမှ ကားပျက်သည်ဟုပြော၍ သံဃာတော်များမှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေး

ဒဂုံမြို့နယ်၊ သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒာသာရ၊ (၆၃)နှစ်၊ ၀ါတော် (၄၃) ၀ါ သည် ၂၂.၅. ၂၀၁၃ ရက်နေ့ တွင်ရေးမြို့နယ်မှ ရာဇာမင်းကားဖြင့် ရန်ကုန်သို့လိုက်ပါလာပြီး ၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် အောင်မင်္ဂလာကားဝင်းသို့ရောက်ရှိကာ အတူပါဆရာတော်ဦးကောဝိဒနှင့် Probox အဖြူေ ရာင် အငှားယာဉ် (နံပါတ်မမှတ်မိ)အား ငှား၍ စီးလာရာ အဝေးပြေးကွင်းမှ အထွက် ၂ ဖါလုံခန့် အရောက် တွင် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာတော်များမှ ဆင်းတွန်းပေးစဉ် မောင်းနှင် ထွက်ပြေး သွားခဲ့ ရာ ဆရာတော်များ၏ ငွေကျပ် (၄)သိန်း၊ ဟန်းဖုန်း (၁)လုံး၊ သင်္ကန်းနှင့် သံဃာ အသုံးအဆောင် ပစ္စည်း များ ပါဆုံးသွားသဖြင့်အရေးယူပေးပါရန် မင်္ဂလာဒုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့၍ ယာဉ်နှင့် ယာဉ်ေ မာင်း တို့အားအမြန်ဖေါ်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်မြို့တွင် ယခင်ကလည်းကမ္ဘောဇဘဏ်တွင် အငှားယာဉ်မှ ဈေးသက်သာစွာနှင့် လိုက်ပြီးလမ်း တွင်ကားပျက်သည် ဟုပြော၍ ခရီးသည်မှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးမှု (၂)ကြိမ်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ မှဖေါ် ထုတ်ပေးခဲ့ပါသည်။ အငှားယာဉ်ငှားရမ်းစီးသူများအနေဖြင့် မိမိငှားစီးသောအငှားယာဉ်နံပါတ် များအားမှတ်သားထားသည့် အလေ့အကျင့်ပြုသင့်ကြောင်း သတိပေးလိုပါသည်။
 တွင်ဖော်ပြထားရှိပါသည်။
ရဲဇာနည်

The Voice မီဒီယာမှ အတိအကျ စွပ်စွဲခဲ့သော တပ်မတော်သား(၃) ဦးအမှု နောက်ဆက်တွဲ

အနီးအနားတွင် တွေ့ပြီး သံသယရှိသူ အဖြစ် သတ်မှတ်ခံရသည့် တပ်မတော်သား(၃) ဦးကို တရားခံများ အဖြစ် The Voice နှင့် မီဒီယာများက စည်းကမ်းမဲ့စွာ ရေးကြသည်။ သို့သော် အမှုနှင့် ပတ်သက်ပြီး အဆိုပါ မြို့ မှ ထွက်ပေါ်နေသည့် ကောလဟာလများလည်း ရှိနေသည်။ လက်ဗွေသက်သေ၊ ဒဏ်ရာ သက်သေ၊ မျက်မြင် သက်သေ များအရလည်း တပ်မတော်သား(၃)ဦးဟု အတိအကျ မပြောနိုင်သေး။ သို့သော် မီဒီယာ တို့ သည်ကား တပ်မတော်ကို တိုက်ခိုက်ဖို့သာ ဦးတည်ကြလေသည်။


ပြီးခဲ့သည့် ဧပြီ ၂၃ ရက် ညက ပြည် န၀ဒေး တံတားအောက် သောင်ပြင်သို့ လာရောက်သည့် သမီး ရည်း စား စုံတွဲအား ပစ္စည်းလုယက် တိုက်ခိုက်၍ အမျိုးသားဖြစ်သူ သေဆုံးသွားသည့် လူသတ်မှု ဖြစ်စဉ်မှာ မေ ၂၃ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း တရားခံဟု စွပ်စွဲခံရသော တပ်မတော်သား သုံးဦးက ငြင်း ဆန်၍ အမှုမှာ ပိုမိုရှုပ်ထွေးလာကြောင်း သိရှိရပါသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများဟု သံသယရှိသည့် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသောညက ဆင်စု ရပ်ကွက်နေ ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့သော တပ်မတော်သား သုံးဦးကို ပြည်မြို့၊ မြို့မရဲစ ခန်းတွင် (ပ)၂၉၄/၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၂၅ အရ အမှုဖွင့်လှစ်ထားကြောင်း သိရပြီး ၄င်း တပ်မတော်သား သုံးဦးအား မိခင်တပ်ရင်းဖြစ်သည့် ခရလ (၇၅)၊ တပ်တွင်းအချုပ်၌ ဖမ်းဆီး ထိန်းသိမ်း ထား ကာ အဆိုပါ တပ်မတော်သားများမှ ပြစ်မှုကျူးလွန်သူများ မဟုတ်ဟု ငြင်းဆိုမှုများ ရှိခဲ့သည့်အတွက် အမှု မှာ ပိုမိုရှုပ်ထွေးလာခဲ့ရာ ယင်းအမှုကို ဧပြီ ၃၀ ရက်မှစကာ စီအိုင်ဒီမှ လွှဲပြောင်းယူခဲ့ပြီး ယနေ့တိုင် စစ်ေ ဆး လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးနေစဉ်အတွင်း အရပ်သားများကို စစ်တပ်သို့ မကြာခဏ ခေါ်ယူစစ်ဆေးမှုများ ပြု လုပ်နေေ ကြာင်းနှင့် အနီးဆုံးအနေဖြင့် မေ ၂၁ ရက်ည၌ ပြည်မြို့၊ ရွှေလက်လှရပ်ကွက်မှ လူငယ်ခြောက် ဦးအား စရဖအဖွဲ့မှ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါအမှုနှင့် ပတ်သက်၍ ပြည်မြို့ (Southern Star) စားသောက်ဆိုင်မှ ၀န်ထမ်းများအားလည်း ခေါ် ယူ စစ်ဆေးခဲ့ကာ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုတင်မိုးဇော်(၃၇)နှစ်မှာ ယင်း၏ ဆွေမျိုးများရှိရာ ကျောက် ပန်းတောင်း၊ ကန်လွန်တောင်ရွာသို့ သွားရောက်နေစဉ် မေ ၁၆ ရက်၌ ကျောက်ပန်းတောင်း ရဲစခန်းမှ ပြည်မြို့၊ ခလရ (၇၅)တပ် နယ်မြေအား ကျူးကျော်ဝင်ရောက်မှုဖြင့် ပြည်ရဲစခန်းမှ အမှုလွှဲလိုက်သည်ဆိုကာ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်းနှင့် ခေါ်ဆောင်သွားသည့် မေ ၁၆ ရက်မှစကာ ယနေ့အထိ ၎င်းမှာ မိသားစုနှင့် အဆက်အသွယ် မရရှိကြောင်း သိရသည်။

''ကျွန်မအမျိုးသား ဖြစ်သူက မေ ၄ ရက် က အညာက ဆွေမျိုးတွေဆီကို နှမ်းကူစိုက်ပေးဖို့အတွက် သူအ လုပ် လုပ်တဲ့ စားသောက်ဆိုင်ကို ခွင့်တင်ပြီး သွားခဲ့ပါတယ်။ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ သူ့ဆီ က ဖုန်းလာတယ်။ သူ့ကို ကျောက်ပန်းတောင်း ရဲစခန်းကနေ လာခေါ်တဲ့အကြောင်း၊ ခေါ်ရတဲ့ အကြောင်း က ခလရ (၇၅) တပ်နယ်မြေကို ဧပြီ ၂၆ ရက်က ကျူးကျော်မှုနဲ့ ပြည်ရဲစခန်းမှာ တပ်ကနေ တရား လို ပြုလုပ်ပြီး ပုဒ်မ-၄၄၇ နဲ့အမှုဖွင့်ထားတဲ့ အတွက်လို့ ပြောတယ်။ အဲဒီနောက် သူ့ဆီက ဘာသ တင်း မှ မကြားရတော့ဘူး။ ကျောက်ပန်းတောင်းက အမျိုးတွေ စခန်းကိုလိုက်သွားပြီး စုံစမ်းတော့လည်း စခန်း မှာ မရှိဘူးလို့ သိရတယ်။ ပြည်ရဲစခန်းကို စုံစမ်းပြန်တော့လည်း မရှိဘူးပြောတယ်။ ခေါ်သွား တဲ့နေ့ ကနေ ဒီကနေ့ဆိုရင် တစ်ပတ်ပြည့်ပြီ။ ဘာသတင်း အစအနမှ မရဘူး။ ပြည်ရဲစခန်းကတော့ ပုဒ်မ-၄၄၇ နဲ့ ဆိုရင် ၂၄ နာရီအတွင်း အာမခံပေးလို့ ရတယ်လို့ ပြောတယ်။ ကျွန်မ အမျိုးသားက အဲဒီ ၇၅ နားက ရွာတွေ မှာ အမျိုးတွေ ရှိတဲ့အတွက် အရင်ကလည်း ဒီလိုပဲ သွားလာနေခဲ့တာပဲ။ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ အခု ကျွန်မ အမျိုးသားအတွက် သောကရောက်နေရတယ်'' ဟု ကျောက်ပန်းတောင်း ရဲစခန်းမှ ခေါ်ဆောင် သွားခြင်း ခံခဲ့ရသူ ကိုတင်မိုးဇော်၏ဇနီး မမဉ္ဇူအောင်က ပြောပါသည်။

အဆိုပါအမှုတွင် ပြစ်မှုကျူးလွန်ခြင်း ခံခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်လာခဲ့သူ မအိဇင်မိုကိုမှလည်း ''အခု မေ ၂၃ ရက်ဆိုရင် တစ်လပြည့်ပြီ။ တရားခံ အစစ်အမှန်ကို ပေါ်စေချင်လှပါပြီ။ ကျွန်မရဲ့အဖေ ဦးမြင့် ကိုကို လည်း ၂၀ ရက်နေ့က နေပြည်တော်က ရောက်နေတဲ့ တာဝန်ရှိသူတွေက ခလရ (၇၅) ရိပ်သာမှာ ခေါ်ပြီး စစ်တယ်။ သူတို့ အပြောအရ နေပြည်တော်ကို တင်ရဖို့လို့ ပြောတယ်။ နောက်ပြီး ရပ်ကွက်ထဲက လူတွေ ကိုလည်း စရဖကနေ ခေါ်ခေါ်စစ်တယ်လို့ ကြားတယ်။ အဲဒီအတွက် ရပ်ကွက်ထဲက လူတချို့က ကျွန်မ တို့ အပေါ်ကို အမြင်မကြည်ကြဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရတယ်။ အခု သူတို့တွေ ခေါ် စစ်နေ တာ ကလည်း ကျွန်မတို့ အပြောကြောင့် မဟုတ်ဘူး။ သူတို့ဘာသာစစ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် တရား ခံ အစစ်အမှန် ကိုပေါ်စေချင်ပါပြီ'' ဟု ပြောပါသည်။

ယခုလို အရပ်ဘက် သက်သေများအား မကြာခဏ ခေါ်ယူစစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ဒေသခံများ မှ လည်း စိုးရိမ်လျက် ရှိကြောင်းနှင့် တစ်လပြည့်သည့်တိုင် ၎င်းအမှုနှင့်စပ်လျဉ်း၍ တရားခံ အစစ်အမှန်အား ဖော် ထုတ်နိုင်ခြင်း မရှိသေးသည့်အတွက် အချိန်ကြာမြင့်လာသည်နှင့်အမျှ အမှုမှေးမှိန် သွားမည်ကို စိုးရိမ် လျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် ပြည်မြို့ရှိ န၀ဒေးတံတားဝန်းကျင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုနေ(ပြည်))

ထိုင်းစစ်သား တစ်ဦးထံမှ လက်ပြောင်း ရယူခဲ့သော မြန်မာငွေစက္ကူအတုများ ဖမ်းဆီးရမိ

မေ ၂၁ ရက် နံနက် ၁ဝ နာရီခန့်က ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ထီးခီး နယ်စပ်
ကုန် သွယ်ရေး စခန်းသို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ လှဘော်လီမြို့ ဇွန်ဖွီ မြို့နယ်ခွဲ ဒန်တက် တထို ကျေး ရွာနေ မစ္စတာ တာဟူး ၅၇ နှစ်နှင့် ဇနီးဖြစ်သူ မစ္စချန် ၄၁ နှစ်တို့ နှစ်ဦးသည် ထီးခီး စစ်ဆေးရေးဂိတ် အ နီး ၌ မြန်မာငွေနှင့် ထိုင်းဘတ် ငွေလဲလှယ်ရန် ဆောင်ရွက် နေစဉ် မသင်္ကာ သဖြင့် ထီးခီး ကုန် သွယ်ေ ရး စခန်း တာဝန်ကျ အဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့ရာ မစ္စတာ တာဟူးနှင့် အတူ ပါလာသော အညိုရောင် ချည် ထည်ဖြင့် ရက်လုပ် ထားသည့် ရှမ်းလွယ်အိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတု ၁ဝဝဝ ကျပ်တန် ၁ဝဝ ရွက်၊ ၅ဝဝဝ ကျပ်တန် ၁၉၄ ရွက်တို့အား စစ်ဆေး တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက် အရ ၎င်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံမှ ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ကုန် အရောင်း အ ဝယ် ကိစ္စလေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ နေထိုင်သော လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက် တထို ကျေးရွာ အမှတ်(၈၈) နေအိမ်၏ တောင်ဘက် ကပ်လျက် အမှတ်(၈၉) နေအိမ်တွင် နေ ထိုင်သော အချိုင် ဆိုသူ ထံသို့ ထိုင်း စစ်သား အစင် ဆိုသူက ယင်း မြန်မာငွေ စက္ကူ အတု များအား ပေး အပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းစစ်သား အစင် ဆိုသူမှာ လက်ရှိ ထိုင်းနိုင်ငံ ဗန်ကောက်တွင် နေထိုင်လျက် ရှိကြောင်း၊ အဆိုပါ ငွေစက္ကူ အတု များကို အချိုင်မှ ထိုင်းဘတ်ငွေဖြင့် လဲလှယ် ပေးရန် ၎င်းတို့အား ပေး အပ် ခဲ့ ခြင်း ဖြစ်ကြောင်း သိရှိရပြီး မြန်မာ ငွေစက္ကူ အတုများ လက်ဝယ် တွေ့ရှိသူ မစ္စတာ တာဟူး ၅၇ နှစ်နှင့် မစ္စချန် ၄၁ နှစ်တို့ နှစ်ဦးအား ထားဝယ်မြို့မရဲစခန်း(ပ) ၁၈၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၄၈၉ (က) (ခ) (ဂ)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။

မြ၀တီ

Senior Newsroom Editor သို့ Facebook ဆယ်လီဗျစ်တီကြီးရဲ့ ဆုံးမစာ


ညီငယ် Senior Newsroom Editor လေးရ.......

ညီလေးရဲ့စာဖတ်ပီသွားတော့ သူများဆင်ထားတဲ့ ကျော့ကွင်းထဲကို ငါ့ညီ ပျော်ပျော်ကြီး ခုန်ဆင်းသွားတာ မြင် ရတော့ တော်တော်လေး သနားမိတယ်..... စာဖတ်တုန်းမှာ အင်မတန်မှ ယဉ်ကျေးလှတဲ့ အသုံး အနှုန်းေ တွ ကို ဖတ်လိုက်ရတော့ သဘောပေါက်လိုက်တာက ငါ့ညီရဲ့ မိဘတွေဟာ ငါ့ညီကို အတော်လေး သွန်သင် ဆုံးမမှု နည်းခဲ့တယ်ဆိုတာ သတိထားလိုက်မိတယ်...... ဒါတွေက ထားပါလေ......

ငါ့ညီရဲ့ စာထဲမှာ အစ်ကို့ကို နာမည်မတပ်ပေမယ့် အစ်ကိုက တန်းသိတယ်လေ..... ဒါလည်း မအံ့သြနဲ့ ငါ့ညီ ရ အစ်ကိုက ဖေ့ဘွတ်က နာမည်ကြီး ဆယ်လီဗျစ်တီကြီး တစ်ယောက်ဆိုတော့ ဒါတွေက မိုင်နာတွေ ပါ..... ငါ့ညီလည်း အစ်ကို့လို ဆယ်လီဗျစ်တီ ဖြစ်လာတဲ့အချိန်မှာ ဒါတွေကို နားလည်သွားပါလိမ့်မယ်......

အဲ့တော့ အစ်ကိုရေးခဲ့တာတွေကို ထောက်ထားတဲ့အတွက် အစ်ကို့အနေနဲ့ ငါ့ညီ နားမလည်တာ၊ လေ့လာ မှု အားနည်းတာ၊ မသိတာ၊ မတတ်တဲ့ အပိုင်းတွေကို ရှင်းပြဖို့ တာဝန်ရှိလာတယ် ဘာလို့လည်းဆိုတော့ ငါ့ညီ ဟာ Senior Newsroom Editor တစ်ယောက်မဟုတ်ပါလား...... ငါ့ညီဟာ သူများဆင်တဲ့ ကျော့ ကွင်း ထဲကို အလျားလိုက် သက်ဆင်းလိုက်ပေမယ့် လူငယ်ဖြစ်တဲ့အတွက် မသိ နားမလည်တာကို လက်ခံ လို့ ရပေမယ့် ငါ့ညီကို သင်ကြားပေးတဲ့ ဆရာတွေကတော့ တော်တော်လေး ညံ့ဖျင်းမှုရှိတာပဲလို့ မှတ်ယူ လိုက်တယ်..... ဘာကြောင့်လည်းဆိုတော့ တပည့်မကောင်း ဆရာခေါင်းဆိုတဲ့ စကားပုံလည်း ရှိသေးသကိုး....

အစက စ ရရင်တော့ ဝ တွေ ရာဘာစိုက်နေတာ၊ ရွှေမိုင်းတွင်း အကြီးကြီး မိုင်းမောနဲ့ ပန်ဆန်းကြားမှာ ရှိ တာ ငါ့ညီအနေနဲ့ Senior Newsroom Editor တစ်ယောက်ဖြစ်ပီး မသိတာ အစ်ကို နည်းနည်းတော့ အံ့သြမိ တယ်....... ဝ တွေ ဘိန်းမစိုက်ဘူးဆိုတဲ့ကိစ္စ ရေးထားတာ တွေ့တော့မှ ငါ့ညီ အတော်လေး စာ ဖတ် အားနည်းပီး စာကို သေခြာမဖတ်ဘူးဆိုတာ သိသာလာတယ်..... အစ်ကိုရေးခဲ့တဲ့ စာထဲမှာ ဝ တွေ ဘိန်း ကို တိုက်ဖျက်နေတယ်၊ ဘိန်းသီးတစ်လုံး ခေါင်းတစ်လုံးဆိုတဲ့ ဥပဒေကို ပြဌာန်းအုပ်ချုပ်နေတယ်၊ တရုတ်ကလည်း အဲ့ဒိကိစ္စ ဖိအားပေးနေတယ်၊ တရုတ်က ဝ နဲ့ ကချင်ကို ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးဖို့၊ ဘိန်းစိုက်တောင်သူတွေကို မြှင့်တင်ဖို့ လုပ်နေတယ် ဆိုတာတွေ ရေးခဲ့တယ်....... ဒါပေမယ့် ငါ့ညီက အခြားသူတွေ ရေးတဲ့စာနဲ့ အစ်ကိုရေးတဲ့စာကို ရောထွေးသွားပုံရတယ်...... နောင် စာဖတ်ရင် သေသေခြာခြာ လေ့လာမှတ်သား ဖတ်စေချင်တယ် ငါ့ညီ..... ဘာကြောင့်လဲဆိုတော့ ငါ့ညီက Senior Newsroom Editor တစ်ယောက်ဖြစ်တဲ့အတွက် သူများတွေ မှားတိုင်း လိုက်မှားလို့ မသင့်ဘူးလေ.....

ဝ ရဲ့ မိုင်းမောမြို့မှာ တောင်သုံးလုံးကို ဓါတ်ပုံရိုက်ရင် သေဒဏ်၊ တောင်သုံးလုံးရဲ့ အလယ်ကတောင်ကို အခွင့် မရှိပဲ တက်ရင် ဝ စစ်သားတောင် သေဒဏ်လို့ သတ်မှတ်ထားတာ ငါ့ညီ မသိပဲကိုး.... အင်းပေါ့လေ ဒေသန္တရ ဗဟုသုတနည်းတာ အပြစ်မဆိုသာပေမယ့် အခုအစ်ကိုရှင်းပြတာ ငါ့ညီမယုံရင် DSLR ကင်မရာတစ်လုံးနဲ့ အဲ့ဒိဒေသကို ရဲရဲဝံ့ဝံ့ ဓါတ်ပုံသွားရိုက်နိုင်ပါတယ်...... အစ်ကိုကတော့ ရိုးရိုး Compact Camera လေးနဲ့ မော်တော်ကားထဲ ဝင်နေရင်း ဝ စစ်သားတွေ ရှင်းတဲ့အချိန် ခိုးရိုက်လိုက်တာပဲလေ........ ဓါတ်ပုံဆိုတာ လိုချင်ရင် ရအောင် နည်းပေါင်းစုံနဲ့ ရိုက်ရတာ ငါ့ညီလို Senior Newsroom Editor တစ်ယောက် မသိတာ အစ်ကိုတော့ တော်တော်အံ့သြမိတယ်ကွာ..... ငါ့ညီ အစ်ကို့ပေ့ခ်ျထဲမှာ လေ့လာကြည့်ရင်၊ ငါ့ညီရဲ့ စီနီယာတွေမေးကြည့်ရင် သိပါလိမ့်မယ်.....

အရင်က သူများ ဓါတ်ပုံ ရိုက်လို့ မရတာတွေ၊ ဓါတ်ပုံရိုက်ခွင့် မရှိတဲ့နေရာတွေကို အစ်ကို ဘယ်လိုတွေ ရိုက် တင် ခဲ့သလဲဆိုတာပါပဲ..... သာဓကအနေနဲ့ သမ္မတအိမ်တော်နဲ့ ပါတ်သက်တဲ့ ဓါတ်ပုံ၊ ဗိုလ်အောင်ေ ကျာ် အထိမ်းအမှတ်ကျောက်တိုင်၊ သပိတ်မှောက် ကျောင်းတိုက်နဲ့ သပိတ်မှောက်ကျောက်စာတိုင်၊ ချင်းချောင်း နန်းတော် အစရှိတာတွေ အများကြီးပါ.... တကယ်တန်းက ဓါတ်ပုံရိုက်ချင်စိတ်သာ ရှိပါစေ၊ ရ အောင် ဝင်ရိုက်တာ လွယ်ပါတယ် ငါ့ညီ..... ငါ့ညီရဲ့ စီနီယာတွေ မေးကြည့်ပါ..... အော် အစ်ကိုပြောတဲ့ တစ်ချို့ဟာတွေ ငါ့ညီ မသိတာနဲ့ မြန်မာပြည်မှာ မရှိဘူးမထင်နဲ့ စီနီယာတွေ အရင်မေးကွယ်....... ကိုယ်မသိလို့ နားမလည်တာနဲ့ မရှိဘူး၊ မဖြစ်နိုင်ဘူးလို့ လျှောက်ပြောနေရင် ငါ့ညီလို Senior Newsroom Editor ကြီးတစ်ယောက် အရှက်ကွဲနေပါဦးမယ်ကွာ......

ဝ ပြည်ထဲမှာ မြန်မာတွေ ရဲရဲသွားသလား မသွားသလားတော့ ငါ့ညီရေ သူ့တို့ဥပဒေ မချိုးဖောက်သရွေ့ အရက် ပုလင်းနဲ့ ကေတီဗီမှာ သွားသောင်းကျန်းနေလဲ ဖြစ်တယ်ကွ.... ငါ့ညီ မြန်မာသီချင်းဆိုချင်ရင်တော့ ပန်ဆန်း က လွဲရင် ကျန်တဲ့နေရာ ကိုယ့်အခွေ ကိုယ်ယူသွားမှရမယ်...... ပန်ဆန်းမှတော့ တွံ့တေးသိန်း တန်တောင် ရှိတဲ့အပြင် တရုတ်အနှိပ်ခန်းတွေနဲ့ အပြိုင် မြန်မာအနှိပ်ခန်းလည်း ရှိတယ်ကွဲ့..... ဝါသနာ ပါရင် မာစွတ် တစ်ဆက်ရှင် ဝင်လို့ရပေမယ့် ကြေးက တော်တော်ကြီးတော့ ငါ့ညီ စိတ်ဝင်စားရင် ပိုက်ဆံ ပိုယူသွားဖို့တော့ လိုမယ်.....

အော် ဝ ဒေသမှာ ကားခြင်းချိတ်ရင် တစ်ခုခုဖြစ်ရင် ရန်ကုန်မှာလို ဝပ်ရှော့သွားပီးမှ စကားပြောတာ မဟုတ် ဘူး ငါ့ညီရ..... မှန်တဲ့သူက မှားတဲ့သူရဲ့ ကားဘောနပ်အဖုံးပေါ် သော့ပစ်တင်ပေးလိုက်တာ..... ဆိုလိုတဲ့ သဘော က ဘာမှလာမပြောနဲ့ ငါ့ကို ကားအသစ်တစ်စီး ပြန်ဝယ်ပေးဆိုတဲ့သဘော...... အဲ့ဒိဒေသက ဝပ်ရှော့ ဆရာတွေကလည်း ဆေးတို့ ပါတ်တီးတို့ မနိုင်တော့ တိုက်ထားတဲ့ကားက ဈေးအသားကုန် ထိုး ကျလေ့ ရှိတယ်...... အစ်ကို ရှိတုန်းက မှတ်မှတ်ရရ မြန်မာဝပ်ရှော့ဆရာတွေ ဝ ဒေသမှာ တော်တော်လေး ထောနေတာ သတိထားမိတယ်...... ဘာလို့လည်းဆိုတော့ ဆေး ပါတ်တီး နိုင်တော့ တိုက်ထားတဲ့ကားကို လုံးဝ မသိသာအောင် ပြင်နိုင်လို့ နံပါတ် ၁ ဖြစ်နေကြတာလေ....... ဒါဆိုရင် ဝ ဒေသမှာ မြန်မာတွေ ရဲရဲ သွားရဲ သလား မသွားရဲသလား သိနိုင်မယ်......

ပြည်ထောင်စုနာမည်ခံထားရင် ပိုင်နက်ဆိုတဲ့ စကားလုံး ပျောက်ကို ပျောက်ရမယ်ဆိုတာ ငါ့ညီ လွဲနေ တယ် ကွဲ့..... ငါ့ညီလို Senior Newsroom Editor တစ်ယောက်ဟာ ခရီးသွားရင် မျက်စိရှင်ရှင် ထားစမ်းပါကွယ်...... တိုင်း တစ်တိုင်းနဲ့ တစ်တိုင်း၊ ပြည်နယ် တစ်ခုနဲ့ တစ်ခု အကြား နယ်စပ်မျဉ်းတွေမှာ ဘယ်ပြည် နယ် / တိုင်း မှ နှုတ်ခွန်းဆက်သပါ၏၊ ဘယ်ပြည်နယ် / တိုင်း မှ ကြိုဆိုပါ၏ ဆိုတာတွေ ငါ့ညီ မမြင်ဘူး ဘူးနဲ့တူတယ်..... ဒါမှမဟုတ် ငါ့ညီက နာမည်ခံ Senior Newsroom Editor ဖြစ်နေလို့ ရုံးပဲ ထိုင်နေ ရတယ် ဆိုရင်တောင် ရန်ကုန်မြို့ထဲမှာ လှည့်ပါတ်သွားရင် တစ်ချို့မြို့နယ်တွေမှာတောင် ဘယ်မြို့ နယ် မှ နှုတ်ခွန်းဆက်သပါ၏၊ ဘယ်မြို့နယ်မှ ကြိုဆိုပါ၏ ဆိုတာတွေ ငါ့ညီတွေ့လိမ့်မယ်...... ဒါတွေဟာ ပိုင်နက်တွေ သက်မှတ်ထားတာ ငါ့ညီ........

ဘာ့ကြောင့် ပိုင်နက် သတ်မှတ်သလဲ ဟုတ်လား...... အုပ်ချုပ်တဲ့နေရာမှာ သူ့ပိုင်နက် ကိုယ့်ပိုင်နက် သတ် သတ် မှတ်မှတ် ရှိမှ အုပ်ချုပ်ရတာ အဆင်ပြေမယ်လေ...... ဥပမာ တောင်ဥက္ကလာက အမှုကို လမ်းမတော် ရဲစခန်းမှာ ဖွင့်လို့မရသလို၊ မန္တလေးမှာ ဖြစ်တဲ့အမှုကို ရန်ကုန်မှာ လာဖွင့်လို့ မရတဲ့သဘောပေါ့..... နယ်ကျော်ဖြတ်တဲ့ မှုခင်းကို မဆိုလိုဘူးနော် ငါ့ညီ.... အဲ့ဒါတွေကို ငါ့ညီလို Senior Newsroom Editor တစ်ယောက်အနေနဲ့ မသိတာ အစ်ကို တော်တော် အံ့သြတယ်ကွာ.... နောက် လွှတ်တော် အမတ်တွေ ကြည့်ကြည့်၊ သူ့ သတ်မှတ် မဲဆန္ဒနယ် ဒေသ ဆိုတာလည်း သူ့ရဲ့ ပိုက်နက် နယ်မြေ သတ်မှတ်ပေး တာ ပဲလေ...... ကိုယ်ပိုင်တဲ့ မဲဆန္ဒနယ်ကို တစ်ခြားမဲဆန္ဒနယ်က အမတ်က လာချယ်လှယ်ရင် ဘာတွေဖြစ် သွားမယ် ထင်သလဲ ငါ့ညီ စဉ်းစားကြည့်ပေါ့...... ငါ့ညီ ဥာဏ်မမှီရင်လည်း ငါ့ညီရဲ့ နောင်တော်ကြီးတွေ မေး ကွယ်..... ငါ့ညီက ကိုယ်မသိတာ၊ လိုက်မမှီတာနဲ့ မယုံတတ်ဘူး၊ ယုံအောင် ဆုတောင်းပေး ဆိုလို့ အစ်ကို တကယ့် နည်းမှန် လမ်းမှန်ကို ပြောတာပါ.......

အစက ပြန်ကောက်ရရင် ဝ ဒေသမှာ ဘိန်းမစိုက်ဘူးဆို ဆိုတဲ့ ငါ့ညီစကားက အခုတလော အွန်လိုင်းမှာ တက် လာတဲ့ ဘန်ကောက်မှာ ဖမ်းဆီးရမိတဲ့ မက်သာအဖက်တမင်း ဆေးပြား ၄.၅ သန်းနဲ့ ICE ၆၀ ကီလို ဂရမ် ဟာ ဝ က လာတဲ့ဆိုတဲ့ သတင်းကို ကိုးကားပုံရတယ်..... ငါ့ညီမတင်ခင် အစ်ကို့ကို ဂွင်တွေ့တိုင်း မိန်းမဥာဏ်နဲ့ အကောက်ကြံပေမယ့် စကားစစ်ထိုးတိုင်း သူပဲ ရှောင်ပြေးသွားရတဲ့ လူတစ်ယောက် တင် ထားသေး တယ် ငါ့ညီ.... သူ့လို အစ်ကို့ကို ဂွင်တွေ့တိုင်း ဖဲ့ချင်တဲ့သူတောင် သူတင်တဲ့ သတင်းမသေခြာ လို့ ရူးချင်ယောင်ဆောင်ပီး ရှောင်နေတာကို ငါ့ညီမို့ မိုက်မိုက်မဲမဲ တိုးဝင်လာတယ်ကွယ်..... အစ်ကိုက ငါ့ညီကို အပြစ်မတင်ပါဘူး..... ဒါပေမယ့် ငါ့ညီက Senior Newsroom Editor ဆိုတော့ ဘယ်လို ဆရာတွေ က ငါ့ညီကို ဒီရာထူးနဲ့ မတန်အောင် သင်ပေးလိုက်သလဲ အစ်ကို စဉ်းစားလို့ မရဘူးကွာ.....

ဒါနဲ့ အဲ့ဒိသတင်း အစအနကို လိုက်ကြည့်တော့ တက်လာတာ Myanmar Online News ဆိုတဲ့ ဖေ့ဘွတ် က ပေ့ခ်ျတစ်ခု..... သူက ပြန်ကိုးကားတာက မြစ်မခ မီဒီယာက.... မြစ်မခ မီဒီယာက ပြန်ကိုးကားတယ် ရေး ထား တာက ဘန်ကောက်ပို့စ် သတင်းစာ ၂၂-၀၅-၂၀၁၃ သတင်းတဲ့...... ဒါနဲ့ အစ်ကို ဘန်ကောက် ပို့စ် မှာ လိုက်ရှာကြည့်တော့ စိတ်ကြွဆေးပြား ၄.၅ သန်းနဲ့ ICE ၆၀ ကီလို မိတဲ့သတင်းကို အဲ့ဒိ ရက်စွဲနဲ့ ရှာမတွေ့ ဘူးကွယ့်..... ဒါနဲ့ အစ်ကိုလည်း Google ရဲ့ Image Search ကို အားကိုးပီး သူတို့တင်တဲ့ သတင်း ဓါတ်ပုံနဲ့ ရှာလိုက်တော့ ဒီသတင်းလေး ထွက်လာတယ်ကွဲ့...... http://goo.gl/aMDQl

ဘာလဲ ငါ့ညီ ယ ပက်လက်လိုတွေကြီး ထွက်လာလို့ ငါ့ညီမတတ်တာကို အစ်ကိုက နှိမ်တယ်ထင်ရင် မှား သွား မယ်ကွယ်..... အစ်ကိုလည်း ယ လို မတတ်ပေမယ့် Google Translate ကိုသုံးပီး ဘာသာပြန် လိုက် တယ်လေ..... တော်ကြာနေ ငါ့ညီက ကိုယ်မသိ၊ ကိုယ်မတတ်တာနဲ့ မရှိဘူး၊ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး ထင်မှာ စိုးလို့ အစ်ကို ဖတ်ထားတဲ့ စာထဲကနေ တစ်ချို့ဟာလေး ကူးတင်ပေးမယ် ငါ့ညီ.......

Expected to be produced from the plant earlier than 15 days, suggesting that this drug blocks the travel time from the North arrived. Posted a few days ago. "All parties involved must answer. Massive amounts of drugs into the heart of the city, however. Through the various checkpoints to do now is try to stay on the drug.

အော် သူတို့စာထဲမှာ ဝ ဆိုတဲ့ စကား မပါဘူးကွယ့်......... ဘယ်ကနေ ထုတ်လုပ်မှန်းလဲ မသိကြဘူး..... ငါ့ ညီ စိတ်ဝင်စားရင်တော့ ဘန်ကောက်ပို့စ်မှာ ဒီနေ့ ၂၄-၀၅-၂၀၁၃ ဆေးပြားတွေနဲ့ ဘိန်းဖြူတွေ ဖမ်းမိတဲ့ သတင်းကို ဖတ်ကြည့်ပါကွယ်...... ဟော့ဒီမှာ လင့်....  http://www.bangkokpost.com/news/local/351670/yaba-ice-worth-b400m-found-in-chachoengsao အဲ့ဒိအထဲမှာလည်း ဝ ဆိုတဲ့ စကားလုံး မပါပြန်ဘူး ငါ့ညီ..... အဲ့ဒိအပြင် ဒီဆေးပြားတွေ ဟာ ဘန်ကောက်မှာ အကြီးအကျယ် ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းကို ဘန်ကောက်ပို့စ်မှာ ၂၆-၀၃- ၂၀၁၃ ရက်စွဲနဲ့ တင်ထားတဲ့ ဒီသတင်းမှာ ငါ့ညီ လေ့လာလို့ ရပါတယ်....... http://www.bangkokpost.com/news/crimes/342493/b600m-drug-bust-eke-to-add-text

ငါ့ညီ မက်သာ အဖက်တမင်းဆိုတဲ့ ဆေးပြားက ငါတို့နိုင်ငံမှာ သုံးနေတဲ့ ဆူဇူကီး ဆပ်ပြာခွက် ကားလေးေ တွကို အလုံပိတ်ထားပီး အပြင်က မမြင်အောင် လုပ်ထားနိုင်ရင်တောင် အထဲမှာ အေးအေးဆေးဆေး ချက် လို့ ရတယ်ကွယ့် သူ့ဆေးချက်ဖို့ အဓိကလိုတဲ့ ကမ်မီကယ်သာ ရှိပါစေလေ..... ဒါတွေလည်း ငါ့ညီလို လေ့ လာမှု အားနည်းတဲ့ Senior Newsroom Editor အနေနဲ့ သိမယ် မထင်လို့ အစ်ကို ရှင်းပြတာ တစ် မျိုးတော့ မထင်စေချင်ဘူးကွယ်......

အော် ဒါထက် အဲ့ဒိမြစ်မခဆိုတဲ့ မီဒီယာက မန်းလေး အခြေစိုက် သတင်းထောက်ကြီး တစ်ဦးကလည်း ရိုဟင်ဂျာ ဟာ ဟိုးအရင်ကတည်းက ရှိပါတယ်ဆိုပီး ခပ်တည်တည်နဲ့ ကျန်တဲ့လူတွေကို ထဖြဲပြီး လော်ဘီ အကြီး အကျယ် လုပ်ခဲ့သေးသကွယ့်...... သူကတော့ ဘာသာတူမို့ ဘရားသားဟုဒ် လုပ်တာနေပါ လိမ့်မယ်....... ဒါပေမယ့် မှားသွားတော့ ရူးချင်ယောင်ဆောင်ပီး ရှက်ရမ်းရမ်းတဲ့အနေနဲ့ အစ်ကို့ကိုတောင် ခဏ ဘလော့သွားသေးတယ်..... သူတင်ပဲလား ဘယ်ဟုတ်မလဲ မြစ်မခရဲ့ အကြီးဆုံး မမ ကြီးကလည်း လက်ပံတောင်းတောင် ကိစ္စမှာ တာဝန်မဲ့ ရေးသားမှုတွေ အသားကုန်စွတ်တင်ပီး မှားသွားတော့ မသိချင်ေ ထာင် ထောင်ပီး ခပ်တည်တည်လေး နေနေတာလေ..... အဲ့တော့ ဒီလိုသတင်းဌာနကို ငါ့ညီက အားကိုး လိုက် တာ ငါးပါးမှောက်တာပေါ့...... နောက်ကို များများ လေ့လာစေချင်တယ် ငါ့ညီ....... ကိုယ်ဗဟု သုတများ မှ ငါ့ညီကို သူများတွေ လာလိမ်တာ နှပ်တာ မခံရမယ်ကွယ်.........

အော် ငါ့ညီက စိုးရိမ်ပီး ကိုယ့်ဟာကိုယ် ကြိုကာတဲ့အနေနဲ့ အိုးမလုံ အုံပွင့်တဲ့ ဒီစကား မနေနိုင်လို့ ထရေး တာ။ နာမည်ကြီးချင်လို့ ရန်ပတ်ဖြစ်နေတယ်ဆိုတဲ့ ပေါကြောင်ကြောင် စွဲချက် ဆိုတာ မလိုပါဘူးကွာ..... လူတိုင်းကို ကိုယ့်လို မထင်နဲ့ ငါ့ညီရ.... လူတိုင်းက ကိုယ့်လို သူများ နှပ်ချတိုင်း ခံရတဲ့ ငထုံ၊ ငထိုင်းတွေ မဟုတ် ဘူးလေ....... အခုလည်း ငါ့ညီက နာမည်ကြီးချင်လို့ ရေးတာမဟုတ်မှန်း အစ်ကို သိပါတယ် ကွာ...... အဲ့လိုပဲ ငါ့ညီက အစ်ကို့ကို ရန်တွေ့တယ်လို့လည်း အစ်ကိုက သဘောမထားပါဘူး..... ငါ့ညီလို Senior Newsroom Editor ကြီးကို သူများတွေက နှပ်ချလိုက်လို့ ဒီလိုရေးတာ အစ်ကို သဘောပေါက်ပါ တယ်..... ဒါပေမယ့် လူပဲလေကွာ ငါ့ညီရာ အောင်မြင်ကျော်ကြားတာ နာမည်ကြီးတာ မကြိုက်တဲ့လူ ဘယ်ရှိမတုန်း မဟုတ်ဘူးလား......

ဒီတော့ ငါ့ညီက နာမည်ကြီးချင်လို့ ရေးတာမဟုတ်ပေမယ့် အစ်ကို့လို ဖေ့ဘွတ်က နာမည်ကြီး ဆယ်လီ ဗျစ် တီ တစ်ယောက်အနေနဲ့ ငါ့ညီလို Senior Newsroom Editor တစ်ယောက်ကို လက်တွဲခေါ်သင့် တာပေါ့ မဟုတ်ဘူးလား.... အစ်ကို သဘောထားကြီးပါတယ် ငါ့ညီ..... ပင်လယ်ရေဆိုတာ သောက်မကုန် သလို ဖေ့ဘွတ်ဆိုတဲ့ စင်္ကြဝဠာကြီးမှာ အောင်မြင်မှုဆိုတာ ခွက်စောင်းမခုတ်စကောင်းတဲ့ အရာပဲလေ...... အဲ့တော့ အစ်ကို့စာကို ဖတ်ရတဲ့ လူတိုင်းဟာ ငါ့ညီ ဘယ်သူဆိုတာကို စိတ်ဝင်စားလာမှာမို့ ငါ့ညီရေးတဲ့ စာနဲ့ ငါ့ညီရဲ့ အကောင့်ရဲ့ လင့်ကို အစ်ကိုတစ်ခါတည်း ထည့်ပေးလိုက်တယ်...... ငါ့ညီ နာမည်မကြီးချင်ေ ပမယ့် အစ်ကိုက ငါ့ညီကို လက်တွဲခေါ်လိုက်တယ်၊ ငါ့ညီအတွက် အစ်ကို့ရဲ့ လက်ဆောင်လို့ သဘောထား လိုက် ပါ ငါ့ညီ......

ငါ့ညီလို Senior Newsroom Editor တစ်ယောက်ကို သူများထက်သာပြီး ဒီထက်မက ပိုမိုထက်မြက် ထူးချွန်ပြောင်မြောက် လက်လက်ထစေဖို့ အစ်ကို ဆုတောင်းပေးပါတယ်.......

မောင်ရင် ဂျိမ်းစ်
https://www.facebook.com/photo.php?fbid=596114503741819&set=a.290430187643587.76445.100000298243814&type=1&ref=nf

ညီငယ် Senior Newsroom Editor ရဲ့ မူရင်းစာလေးပါ နှိုင်းယှဉ် ဖတ်ရှုရအောင်.....
https://www.facebook.com/helios.nay/posts/4144310145345

ညီငယ် Senior Newsroom Editor ရဲ့ အကောင့်လေးပါ...... ဝိုင်းပီး အက်ပေးကြပါခင်ဗျာ ကျွန်တော့်ကို အားပေးသလို သူ့ကိုလည်း အားပေးနိုင်ပါတယ်...... လူငယ်ဆိုတာ ကျွန်တော်တို့ မြေတောင်မြှောက်ပေးမှ တိုးတက်မှာ မဟုတ်ပါကလား......
https://www.facebook.com/helios.nay

(OPE)  မှ

ကဆုန် လပြည့်နေ့ ရွှေတိဂုံပေါ်တက်သည့် မြွေဆိုသည်မှာ ကြိုးစသာဖြစ်

ကဆုန် လပြည့်နေ့ ရွှေတိဂုံဘုရား ပေါ်တွင် တက်သည့် မြွေဆိုသည်မှာ ကြိုးစသာဖြစ်ကြောင်း ဓာတ်ပုံ ပါ။



နေပြည်တော် သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီး အနီးက အံ့ သြဖွယ် ဆွဲငင်အားတစ်ခု


နေပြည်တော် - တပ်ကုန်း အမှတ် (၁) လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ခြောက်မိုင် ငါးဖာလုံတွင် ထူးဆန်း သည့် ဆင်ခြေလျှော ကုန်းဆင်းလေးတစ်ခု ရှိနေပါသည်။

ဆင်ခြေလျှော ကုန်းဆင်းလေး ၏ အဆင်းပိုင်းနေရာသို့ရောက်ပါက တံတောင်ဆစ် ကွေ့ငယ်လေးတစ်ခု ရှိ သည်။

ထို့အတွက် မော်တော် ယာဉ်များအနေဖြင့် ကုန်းအဆင်း ဆင်ခြေလျှောဖြစ် သည့် ထိုနေရာ သို့ရောက် လျှင် ဂီ ယာဖြုတ် ကာ အရှိန်ဖြင့် အသာ အယာ လှိမ့်ဆင်းမောင်းနှင် သွားနိုင်ပေသည်။

သို့သော် အဆိုပါမိုင်တိုင်နှင့် တည့်တည့် ကျသည့် နေရာတွင် (ဓါတ်ပုံပါနေရာ) ကားကိုခေတ္တ ရပ်၍ စက် ပိတ် ရပ် တန့်ပါက ယင်းမော်တော် ယာဉ်သည် ကုန်းအဆင်း ဆင်ခြေလျှော အတိုင်း ထိုးဆင်း သွားရမည့် အ စား  ကုန်း အတက်ဘက်ဆီသို့ နောက်ပြန် ( ဘက်ဂီယာမထိုးဘဲ) အရှိန်နှင့် ပြန်ဆုတ်သွားသည်ကို မျက်မြင် ကိုယ်ေ တွ့ ကြုံခဲ့ရပါသည်။

အများပြောသည်ကိုမယုံကြည်သောယဉ်မောင်းများစွာ ထိုနေရာတွင်လာရောက် စမ်းသပ် ကြည့်ရှုကြ သည်ကို လည်း တွေ့မြင်ခဲ့ရသည်။ အချို့ က လူကိုယ်တိုင်ကားပေါ်မှ ဆင်းကာကား လမ်းမပေါ်မှ မတ် တတ် ရပ်ကြည့် ရှုကြသည်။ အံ့ သြဖွယ်ရာ ကောင်းလောက်အောင်ပင် အနည်း ဆုံး ပေ ၅၀ မှ ၁၀၀ ခန့် အထိ ကုန်း အတက် ဘက်ဆီ နောက်ပြန် ထိုးတက် သွားသည့် ကားများကိုတွေ့မြင်ရပေသည်။

ဇင်ယော် မိတ်ဆွေများလည်း သွားရောက်စူးစမ်းလို့ ရအောင် ဗဟုသုတအလို့ငှာ တင်ပေးလိုက်ပါသည်။
BY : CH
Credit: ကိုပေါက် ( နေပြည်တော်)
 မြန်မာ့အလင်း သတင်းစာ ၂၄-၅-၂၀၁၃ တွင်လည်း အဆိုပါ သတင်းပါရှိပြီး ဂျာနယ် အချို့တွင်လည်း ပါ ပါသည်။ နေပြည်တော်သို့ သွားရောက်၍ စမ်းသပ်ကြပါလေ။ 

Oppositeyes

ရဲတပ်ဖွဲ့ဝင်၏ ဥပဒေမဲ့ ကျူးလွန်မှုကို ဖော်ပြတဲ့ ရဲတပ်ဖွဲ့၏ စာမျက်နှာ


အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်မှအမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ကြောင်း တိုင်တန်း၍ ဖမ်း ဆီး အရေးယူသည့် သတင်းအား ရန်ကုန်ရဲတပ်ဖွဲ့ဝင်၏ စာမျက်နှာတွင် တွေ့လိုက်ရသည်။ ရဲဖြစ်စေ ၊ စစ်သား ဖြစ်စေ၊ မ တစ်ထောင်သား များဖြစ်သည်မို့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပြစ်မှု ကျူးလွန်မည်သာ ဖြစ်သည်။

အမေရိကန် စစ်သားများ အီရတ်၊ အာဖဂန် စစ်မြေပြင်များတွင် သာမက၊ ဂျပန်ရှိ အိုကီနာဝါ ကျွန်းတွင်ပင် မုဒိန်းကျင့်သည်။ မလေးရှား ရဲများ အုပ်စုဖွဲ့ မုဒိန်းကျင့်သည်။ နိုင်ငံတကာ ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်နှိမ်နှင်းကြသည်။ အသေးအဖွဲ ဆန္ဒပြမှုမှ အကြီးဆုံး ဆန္ဒပြမှု အထိ ထိခိုက်သေဆုံး ရမှုများတွင် မြန်မာနိုင်ငံမှာ အနိမ့်ဆုံး ဖြစ်သည်။

ထို့အတူ တပ်ဖွဲ့ဝင်များ ပြည်သူအပေါ် ပြစ်မှုကျူးလွန်မှုမှာလည်း အနိမ့်ဆုံး ဖြစ်သည်။ မတရားဟု ယူဆပါက လွှတ်တော်အထိ တက်တိုင်နိုင်သည်။ ခြေမ မကောင်းခြေမ၊ လက်မမကောင်း လက်မ ပင်။

တင်ပြီးသား post များ

3D