သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, May 31, 2013

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ
=================================
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆ...ိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....

၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...

၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွားပါလိမ့်မယ်...

၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...
credit to ကြယ်မင်းတာရာ

အဖြူဆင်းခြင်းနှင့် ပတ်သက်ပြီး သင့်ကျန်းမာရေး အတွက် သံသယ ဖြစ်နေ သလား

Photo: အဖြူဆင်းခြင်းနှင့် ပတ်သက်ပြီး သင့်ကျန်းမာရေး အတွက် သံသယ 
ဖြစ်နေ သလား
==========================================

မိန်းကလေး တွေမှာ အဖြူဆင်း တာကလည်း ဓမ္မတာ တစ်ခုပါပဲ။ အပျိုဖော် ဝင်စကနေ 
သွေးဆုံးချိန် အထိ အဖြူဆင်း တတ်ကြပါတယ်။
သာမန် ဖြစ်ရိုး ဖြစ်စဉ် ရိုးရိုး အဖြူဆင်း တာပဲ ဖြစ်တာကြောင့် ရောဂါရယ် 
လို့တော့ သံသယ မဝင်သင့်ပါဘူး။ သင့်မှာ ရောဂါ တစ်ခုခု ရှိလာတဲ့ အခါ 
အဖြူဆင်းတာ ပြောင်းလဲ သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ မဟော်မုန်း အီစထရိုဂျင်
 အနည်း အများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့ လာအပြီးမှာ အဖြူဆင်းတာ အနည်း 
အများ ကွာခြား နိုင်ပါတယ်။ မိန်းကလေး တစ်ဦးနဲ့ တစ်ဦး အဖြူဆင်းတဲ့ ပမာဏ 
ချင်းလည်း မတူညီ နိုင်ပါဘူး။

မိန်းမကိုယ်ကို သန့်စင်လွန်းခြင်း

တချို့ မိန်းကလေးတွေက အသန့် ကြိုက်လွန်း တာကြောင့် ကြော်ငြာ ကောင်းတဲ့ 
မိန်းမ ကိုယ်သန့်စင် ဆေးရည်တွေကို အလွန်အကျွံ ဝယ်သုံးမိတတ် ကြပါတယ်။ 
မိန်းမကိုယ်ကို အလွန်အမင်း သန့်စင် လွန်းတာကလည်း မိန်းမကိုယ်ရဲ့ pH Level 
ကို ထိခိုက်စေပြီး မိန်းမကိုယ်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို 
ဖယ်ရှား လိုက်တာကြောင့် ပြင်ပက ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေကို မတိုက်ထုတ် 
နိုင်တော့ဘဲ ပိုးဝင် လွယ်စေပါတယ်။

အဖြူဆင်းများခြင်း

အဖြူဆင်းများ ရတဲ့ အကြောင်းတွေက စိတ်ဖိစီးမှု များတာ၊ ပင်ပန်းလွန်းပြီး 
အားနည်းနေတာ၊ စိတ်ဆန္ဒ ဖြစ်ပေါ်နေတာ၊ မျိုးဥ ကြွေချိန်နဲ့ ကိုယ်ဝန်ဆောင် 
ချိန်တွေမှာ အဖြူဆင်းတာ များတတ်ပါတယ်။

အဖြူဆင်းခြင်းနှင့် ပိုးစွဲကပ်ခြင်း

မိန်းမကိုယ်မှာ ပိုးစွဲ ကပ်တာကို သိနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ 
မိန်းမကိုယ် ယားယံ နေတယ်၊ အဖြူဆင်းတဲ့ အခါ အနံ့နံမယ်၊ အရောင်ပြောင်း နေမယ်။
 ညိုညစ်ညစ် အရောင် ဖြစ်နေတာ၊ ဒါမှမဟုတ် အစိမ်းရောင်၊ နို့နှစ်ရောင် 
ဖြစ်နေတာ၊ အမြှပ်ထနေတာတွေ ဖြစ်လာရင် မိန်းမကိုယ်မှာ ပိုးဝင်နေတယ်လို့ 
ယူဆနိုင်ပါတယ်။

Tip

- အလွန်အမင်း သန့်စင်လွန်းတာကို ရှောင်ကြဉ်ပါ

- အမျိုးသားနဲ့ အတူနေပြီးတဲ့အခါ ဆီးသွားပေးပါ။

- မိန်းမကိုယ်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။

- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ ဝတ်ဆင်တာကို ရှောင်ရှားပါ

- ဆီး၊ ဝမ်းသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့ သန့်စင်ဆေးကြောပါ

- Tampon အစား လစဉ်သုံး ဂွမ်းထုပ်ကိုသာ အသုံးပြုပါ။

အလင်း(ဆေးဝါး)

BY GOOD HEALTH

http://myawady.com.mm/health/preventing/item/4410-2013-01-15-09-36-56
မိန်းကလေး တွေမှာ အဖြူဆင်း တာကလည်း ဓမ္မတာ တစ်ခုပါပဲ။ အပျိုဖော် ဝင်စကနေ သွေးဆုံးချိန် အထိ အဖြူဆင်း တတ်ကြပါတယ်။
သာမန် ဖြစ်ရိုး ဖြစ်စဉ် ရိုးရိုး အဖြူဆင်း တာပဲ ဖြစ်တာကြောင့် ရောဂါရယ် လို့တော့ သံသယ မဝင်သင့်ပါဘူး။ သင့်မှာ ရောဂါ တစ်ခုခု ရှိလာတဲ့ အခါ အဖြူဆင်းတာ ပြောင်းလဲ သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ မဟော်မုန်း အီစထရိုဂျင် အနည်း အများ ပေါ်မူတည်ပြီး ရာသီမလာခင်နဲ့ လာအပြီးမှာ အဖြူဆင်းတာ အနည်း အများ ကွာခြား နိုင်ပါတယ်။ မိန်းကလေး တစ်ဦးနဲ့ တစ်ဦး အဖြူဆင်းတဲ့ ပမာဏ ချင်းလည်း မတူညီ နိုင်ပါဘူး။
မိန်းမကိုယ်ကို သန့်စင်လွန်းခြင်း

တချို့ မိန်းကလေးတွေက အသန့် ကြိုက်လွန်း တာကြောင့် ကြော်ငြာ ကောင်းတဲ့ မိန်းမ ကိုယ်သန့်စင် ဆေးရည်တွေကို အလွန်အကျွံ ဝယ်သုံးမိတတ် ကြပါတယ်။ မိန်းမကိုယ်ကို အလွန်အမင်း သန့်စင် လွန်းတာကလည်း မိန်းမကိုယ်ရဲ့ pH Level ကို ထိခိုက်စေပြီး မိန်းမကိုယ်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယား တွေကို ဖယ်ရှား လိုက်တာကြောင့် ပြင်ပက ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေကို မတိုက်ထုတ် နိုင်တော့ဘဲ ပိုးဝင် လွယ်စေပါတယ်။

အဖြူဆင်းများခြင်း

အဖြူဆင်းများ ရတဲ့ အကြောင်းတွေက စိတ်ဖိစီးမှု များတာ၊ ပင်ပန်းလွန်းပြီး အားနည်းနေတာ၊ စိတ်ဆန္ဒ ဖြစ်ပေါ်နေတာ၊ မျိုးဥ ကြွေချိန်နဲ့ ကိုယ်ဝန်ဆောင် ချိန်တွေမှာ အဖြူဆင်းတာ များတတ်ပါတယ်။

အဖြူဆင်းခြင်းနှင့် ပိုးစွဲကပ်ခြင်း

မိန်းမကိုယ်မှာ ပိုးစွဲ ကပ်တာကို သိနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ မိန်းမကိုယ် ယားယံ နေတယ်၊ အဖြူဆင်းတဲ့ အခါ အနံ့နံမယ်၊ အရောင်ပြောင်း နေမယ်။ ညိုညစ်ညစ် အရောင် ဖြစ်နေတာ၊ ဒါမှမဟုတ် အစိမ်းရောင်၊ နို့နှစ်ရောင် ဖြစ်နေတာ၊ အမြှပ်ထနေတာတွေ ဖြစ်လာရင် မိန်းမကိုယ်မှာ ပိုးဝင်နေတယ်လို့ ယူဆနိုင်ပါတယ်။

Tip

- အလွန်အမင်း သန့်စင်လွန်းတာကို ရှောင်ကြဉ်ပါ

- အမျိုးသားနဲ့ အတူနေပြီးတဲ့အခါ ဆီးသွားပေးပါ။

- မိန်းမကိုယ်ကို သန့်ရှင်း ခြောက်သွေ့အောင် ထားပါ။

- တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ ဝတ်ဆင်တာကို ရှောင်ရှားပါ

- ဆီး၊ ဝမ်းသွားပြီးတဲ့အခါ အရှေ့မှအနောက်သို့ သန့်စင်ဆေးကြောပါ

- Tampon အစား လစဉ်သုံး ဂွမ်းထုပ်ကိုသာ အသုံးပြုပါ။

အလင်း(ဆေးဝါး)

BY GOOD HEALTH
http://myawady.com.mm/health/preventing/item/4410-2013-01-15-09-36-56

လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း.....

Photo: လောကတွင် မယားကောင်း မယားမြတ်တို့ ၏ အင်္ဂါအရည်အချင်း.....


၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ 
စားသောက်နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ 
ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြအဘိဓာန်ကျမ်း)
“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာပြုပြင်စီရင်သောအခါ၌ 
လည်းကောင်း အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ 
လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်းပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန်ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထားတတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ
၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက်နေထိုင်လေ့ရှိခြင်း..။

၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။


၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြအဘိဓာန်ကျမ်း)
“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာပြုပြင်စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့နှစ်သက်ဖွယ်ပြုပြင်တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်းပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန်ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထားတတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ
မြဝတီဖေ့ပုတ်

မြန်မာပြည်တွင် ကားပညာရှင်များ လိုအပ်သည်

ဒီစာက လူငယ်တွေအတွက် အဓိကထား ရေးတာပါ။ လူငယ်ဆိုတာထက် လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။ အကြောင်း အရင်းကတော့ မြန်မာပြည်အနာဂတ် အတွက်ပေါ့။
မြန်မာပြည်မှာ တွေ့ရမြင်ရသလောက် Automotive Engineering ဆိုပြီး တစ်သီးတစ်ခြား ခွဲထွက်တဲ့ ဘာသာရပ် တစ်ခု မရှိသေးဘူး။ Automotive Engineering နဲ့ စက်မှု အင်ဂျင်နီယာနဲ့တောင် မတူသေးပါဘူး။ လွယ်လွယ်ကော မော်တော်ယာဉ် အင်ဂျင်နီယာဆိုတာ ရွေ့ လျား စက်ပစ္စည်းများ ဖြစ်တဲ့ကား၊ ဆိုင်ကယ် တို့ကို အဓိကထားပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Automotive Engineering ဘာသာရပ်ကို တစ်သီးတစ်ခြားသင်ကြားတယ်။ အထူးသဖြင့် ဂျပန်၊အမေရိကန်တို့လို
နိုင်ငံမှာပါ။ သူတို့နိုင်ငံရဲ့  GDP တန်ဖိုးတတ်ဖို့ အဓိက လုပ်ဆောင်ပေးသူ
ထဲမှာ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေးလည်း ပါဝင်ပါတယ်။ ဒါကြောင့် မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ ပက်သက်လို့ အားလုံး သိရှိနားလည်မယ့် ပညာရှင်မျိုးကို မွေးထုတ်ဖို့အတွက် Automotive Engineering ဆိုတာ ပေါ်ပေါက်လာပါတယ်။

သင်ကြားပေးမယ့် အခြေခံ ပညာများက - သတ္တုများအကြောင်း၊ လျှပ်စစ်အကြောင်း၊ အီလက်ထရောနစ်အကြောင်း၊ ဆော့ဖ်ဝဲနဲ့ လုံခြုံရေး ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်း၊ ထုတ်လုပ်မှု၊ ကုန်ကျစရိတ်တွက်ချက်မှု၊ စီမံခန့်ခွဲမှု၊ မော်တော်ယဉ်ဆိုင်ရာ အိုင်တီဘာသာရပ်၊ စနစ် ထိန်းချုပ်ရေး ဘာသာရပ်၊ ကွန်ပြူတာချိတ် ဆက် မော်တော်ယာဉ် ပြုပြင်ခြင်း၊ အိုင်တီပစ္စည်းအသုံးပြု မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ ဝပ်ရှော့ စီမံခန့်ခွဲမှု ဘာသာရပ် အစရှိသဖြင့် ခေါင်းစဉ်ပေါင်း များစွာ၊ ဘာသာရပ်ပေါင်းများစွာ ပူးတွဲသင်ကြား ပေးပါတယ်။

ယနေ့အခြေအနေကတော့ စက်မှုအင်ဂျင်နီယာဘွဲ့ရသူများက Automotive အတွက် စာတွေ ပြန်ဖတ်ပြီး ကားအင်ဂျင်နီယာ ပိုင်းကို ဆက်ကူး ပါတယ်။ ကောင်းပါတယ်။ သို့သော်လည်း မကုန်သင့်တဲ့ အချိန်ကုန်ရပြီး Automotive Engineering ကို တစ်စိုက် မတ်မတ် လေ့လာသူများနဲ့စာရင် အားနည်းသွားရ ပါတယ်။ နောက်ပြီးတော့ ယနေ့ ဝပ်ရှော့တွေမှာ လုပ်နေသူတွေကို လေ့လာရင် အတွေ့အကြုံ နဲ့ နေရာယူလာသူတွေပါ။ ဒီတော့ နောက်ပိုင်းဝင်လာတဲ့ အမြင့်ကားတွေကို မကိုင်နိုင်တော့ပါဘူး။ ကိုင်နိုင်ရင်တောင် Troubleshooting ကို ကောင်းကောင်းမရတော့ပါဘူး။ ယနေ့ ကားဝပ်ရှော့အတော်များများမှာလည်း အမှန်အတိုင်းပြောရင် Technical Terms သိပ်မသုံး ပါဘူး။ ဒီတော့ နောက်ပိုင်းနိုင်ငံတကာ ကားပညာရှင်တွေဝင်ရောက်လာတဲ့အခါ လိုက်မမှီတဲ့ အနေအထား တစ်ခု ဖြစ်လာနိုင်ပြီး ပြည်ပ ပညာရှင်အားကိုးရတဲ့အနေအထား အထိတောင် ဖြစ်လာနိုင်ပါတယ်။

ယနေ့ စက်မှုဇုန်တွေမှာ သင်တန်းလာလာပေးနေတာတော့ သိရပါတယ်။ အဆင့်မြင့် ကားဆိုင်ရာစက်ပစ္စည်းများ ကိုင်တွယ်ပုံ၊ ပြုပြင်ပုံများကို သင်ကြားပေးနေပြီး ဂျပန်ကုမ္မဏီက လာရောက်သင်တန်းပေးလို့ ဒီပလိုမာ သင်တန်းတက်နေတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ပွင့်ပွင့်လင်း
လင်းပြောပါမယ်။ စာရေးသူတို့ သတင်းပဲ ကြားရတာပါ။ ပတ်ဝန်းကျင်မှာ ယင်းပညာရှင်တွေ မတွေ့ရပါဘူး။ ဒီတော့ ရှိတော့ရှိတယ်။ ရှားတယ်လို့
ဖြစ်နေပါတယ်။ ဒီတော့ မြန်မာပြည်မှာ မော်တော်ယာဉ် ထုတ်လုပ်ဖို့ နေနေ
သာသာ သူများနိုင်ငံကပို့လာတဲ့ အမြင့်ကားတွေကိုတောင် မနည်းထိမ်းစီး
ရတဲ့ အနေအထားမှာ ရှိပါတယ်။

Automotive Engineering ဘာသာရပ်သီးသန့်အနေနဲ့ မြန်မာပြည်ရဲ့  စက်မှုဇုန်အချို့ မှာသင်ကြားတယ်လို့ သိရပါတယ်။ ယင်းသင်တန်းတွေ ကိုတော့ အင်ဂျင်နီယာဘွဲ့ရသူများအတွက်ပါ။ ၁၀ တန်းအောင်ပြီး လူငယ်တွေကိုလည်း တိုက်တွန်းချင်ပါ သေး တယ်။ ငွေအရင်း အနှီးတတ်နိုင်ရင် နိုင်ငံခြားမှာ သင်စေချင်ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ စင်္ကာပူမှာ ရှိပါတယ်။ အိန္ဒိယမှာ ရှိပါတယ်။ မလေးရှားတို့မှာလည်း ရှိပြီး ဂျပန်၊ အမေရိကား၊ အင်္ဂလန် နဲ့ ဂျာမနီတို့ဆိုရင်မေးစရာ မလိုလောက်အောင်း ရှိပါတယ်။ ဒီအတွက် မြန်မာပြည် အစိုးရအနေနဲ့လည်း ပညာသင်များ လွတ်ပြီး သေချာ လေ့ကျင့် ပျိုးထောင်ပေးနိုင်ရင်အကောင်း ဆုံးပါပဲ။ စာရေးသူ ဆန္ဒဆိုရင် မော်တော်ယာဉ်များမွေးဖွားရာ ဂျာမနီ အထိတောင် သွားစေချင် ပါတယ်။

ဒါဟာ အနာဂတ်မှာ တကယ် အခွင့်အလမ်းကောင်းများ ရှိလာမယ့် ပညာရပ်ပါ။ လက်ရှိ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ မက်ကယ်ထရောနစ် အင်ဂျင်နီယာ ဘာသာရပ်လေ့လာလိုက်စားနေ တဲ့ ကျောင်းသားများလည်း Automotive ပိုင်းကို အလွယ်ကူ ကူးဆက်သွား
လို့ ရပါတယ်။ အနည်းဆုံး ၂ နှစ်ကြာတဲ့ နိုင်ငံတကာ Automotive Engineering တက်လိုက်ရင် ဒီပလိုမာရပြီး တကယ့် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံကြီးတွေမှာ ဌာနခွဲငယ်တွေမှာ မန်နေဂျာရာထူး တစ်ခါတည်း ရတယ်လို့ ကြားသိရပါတယ်။ တကယ့်အခွင့်အလမ်းကောင်း
ပါ။ ပြည်တွင်းမှာဆိုရင် မော်တော်ယာဉ် ထုတ်လုပ်နေတဲ့ စက်ရုံတွေမှာ စုံစမ်းသင့်ရင် စုံးစမ်းရ ပါမယ်။ ဘာလို့လဲဆိုသူက အနာဂတ်မှာ တကယ်လို
အပ်လာမယ့် ပညာရပ်လေ။ တတ်မြောက်ထားရင် တစ်နေ့ရွှေဖြစ်ဖို့ အာမခံပါတယ်။

စာရေးသူက ရေကြောင်းအင်ဂျင်နီယာဘာသာရပ်နဲ့ ဒီပလိုမာဘွဲ့ရပေမယ့် သင်္ဘောမလိုက်ပဲ ယခု အိုင်တီ Networking ပိုင်းကို လိုက်နေပါတယ်။ သို့ပေမယ့် Automotive Engineering ပိုင်းကိုလည်း ကူးခွင့်ရရင် ဆက်ကူးအုံးမှာပါ။ Networking ကရတဲ့ System Knowledge နဲ့ Automotive မှာ ပြန်ပေါင်းစပ်ရင် မော်တော်ယာဉ်ဆိုင်ရာ အိုင်တီ ဘာသာရပ်မှာ အကောင်းဆုံး လုပ်နိုင်မှာမို့ပါ။ Marine Engineering နဲ့ Automotive Engineering က သိပ်မကွာပါဘူး။ ကုန်းပေါ်က စက်နဲ့ ရေပေါ်ကစက် ကွာသလောက်ပါပဲ။ ရေကြောင်း အင်ဂျင်နီယာများ အားတက်ဖို့ပါ။ အခြားသော စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ အိုင်တီ အင်ဂျင်နီယာ၊ လျှပ်စစ်-စက်မှု အင်ဂျင်နီယာများအတွက် ပိုပြီးတောင် ကောင်းတဲ့ အလားအလာ တစ်ခုပါ။

စာရေးသူဆိုရင် အသက်က ၂၁ ပဲရှိသေးတော့ နောက် ၅ နှစ်အတွင်း ဖြစ် လာအောင် လုပ်ယူလို့ရနိုင်ပါတယ်။ ခုလည်း ပြည်ပကို ယာယီရောက်နေ
တော့ မျက်စိရှေ့ မှာ တကယ်ဖြစ်ပျက်နေ တာတွေကို တွေ့မြင်နေရပါတယ်။ တကယ် ရေပန်းစားတဲ့ ပညာရပ် တစ်ခုပါ။ ဒါဆို အသက် ၁၆ နှစ်အရွယ် ၁၀ တန်းအောင်စ လူငယ်များအတွက် ဘာလို့အခွင့်အလှမ်းက မရှိရမှာလဲ။
ရွှေဆိုတာ တူးမှရတာပါ။ ကိုယ်တိုင် စုံစမ်းပြီး လေ့လာစေချင်ပါတယ်။
ငွေရှိရင်ရှိသလို၊ မရှိရင် ရှိသလို ငါဒီပညာရပ်ကို ဘယ်လိုလေ့လာလို့ရမလဲ။ ဘယ်လမ်းကနေသွားရင် ပိုနီးစပ်မလဲ အစရှိသဖြင့် လေ့လာလို့ ကြိုးစားရန် အကြံဥာဏ်ပေး တိုက်တွန်းလိုက်ရပါတယ်။
--
အောင်ခမ်း (ColayOnline)
ColayOnline:Automobile

၉၆၉ တီရှပ်များ ကိုရီယားတွင် မျိုးချစ်မြန်မာများအားပေး

=========================
တနင်္ဂနွေနေ့က မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်(ကိုရီးယား)၌ မြန်မာ စစ်လျှင် ဘာသာ ချစ်သည် ၉၆၉ တံဆိပ်ပါ တီရှပ် အကျီ င်္များကို စတင် ဖြန့်ဝေရာ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်ရင်းသားတွေက လာရောက်ပြီး အားပေးကြသဖြင့် လွန်စွာ ပီတိဖြစ်မိပါသည်။

ဒဲဂု၊ ဂေါဂျဲ၊ ဘူဆန်တို့ဘက်ကလည်း မှာကြားလျက် ရှိရာ အားရစရာ ၀မ်းသာ မိပါသည်။ ယခုတပတ် မတ် ၁၆၊ ၁၇ ရက် (စနေနေ့၊ တနင်္ဂနွေနေ့)များတွင် ဆက်လက် ဖြန့်ဝေပေးဦးမှာ ဖြစ်ပါသဖြင့် ဒီထက်မက လာရောက် အားပေးလှည့်ပါဦးလို့ နိုးဆော်လိုက်ရပါသည်။

အောက်ပါ အကျိုးတော်ဆောင်များထံသို့ ဆက်သွယ်ပြီး မှာကြားနိုင်ပါသည်။
ကိုရဲဝင်းနိုင် (ကိုရဲ) - ၀၁၀ ၃၃၆၇ ၂၂၀၈၊ ကိုလှကြီး - ၀၁၀ ၂၆၈၃ ၁၉၇၅၊ ကိုသိန်းလွင် - ၀၁၀ ၃၀၄၀ ၈၁၂၃၊ ကိုဇော်မင်းထိုက် - ၀၁၀ ၈၆၉၉ ၇၇၈၆၊ ကိုအေးမျိုး - ၀၁၀ ၂၅၃၅ ၈၁၇၅၊ ကိုဇော်မိုးအောင် - ၀၁၀ ၈၈၉၄ ၄၇၇၀

969 Myanmar Defence League
----------------------------------------------------------

ဗုဒ္ဓဘာသာကာကွယ်စောင့်ရှောက်ရေးအသင်း ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ (ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးများ ဂုဏ်ရှိန်ညှိုးနွမ်းစေရန် RFA သတင်းဌာန လုပ်ကြံရေးသားမှုကြောင့် ဆရာတော် အရှင်အင်္ကုရ မှ တရားစွဲမည်ပြောလိုက် သဖြင့် ပြင်ဆင်အသံလွှင့်ခဲ့ရ


စိတ္တသုခကျောင်းတိုက်က သံဃာတွေ ကုလားအိမ်ဝိုင်းဖျက်တယ်ဆိုပြီး RFA-သတင်းဌာနမှ ပြောဆို ရေးသားသော သတင်းသည် လုံးဝမမှန်ကန်သော သတင်းဖြစ်ပါတယ်။ အဲ့ဒီသတင်းကြောင့် စကားလုံး တစ်လုံးချင်းစီရဲ့ သက်ရောက်မှုဟာ စိတ္တသုခကျောင်းတိုက်ဆိုတဲ့ စကားလုံးက ကျောင်းတိုက်ရဲ့သိက္ခာကို ညိုးနွမ်းစေပါတယ်။ သံဃာတော်ဆိုတဲ့စကားလုံးက ဘာသာ၊ သာသနာကို ညိုးနွမ်းအောင်လုပ်တာဖြစ်ပြီး နောက် စိတ္တသုခကျောင်းတိုက်က သံဃာတွေက ကုလားအိမ်ကို ဝိုင်းဖျက်တယ်ဆိုတဲ့ စကားသည်။ သံဃာတော်တွေဟာ မြန်မာနိုင်ငံက သံဃာတော်တွေဖြစ်တဲ့အတွက် နိုင်ငံတကာက မြန်မာနိုင်ငံမှာရှိတဲ့ သံဃာတော်တွေ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေပါတယ်ဆိုပြီး တစ်ကမ္ဘာလုံးက လက်ညိုးထိုး ပြောဆိုလာနိုင်ကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်တိုက်ပေးတဲ့စကားလည်း ဖြစ်တယ်။ ဒါကြောင့် စိတ္တသုခကျောင်းတိုက်က သံဃာတွေက ကုလားအိမ်ဝိုင်းဖျက်တယ်ဆိုပြီး RFA-သတင်းဌာနက သတင်းအမှား ထုတ်လွှင့်သွားခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

RFA-သတင်းဌာန၏လုပ်ရပ်သည် ဘာသာ သာသနာညိုးနွမ်းအောင်လုပ်ခြင်း၊ နိုင်ငံတကာနှင့် ရန်တိုက်ပေးနေခြင်း ဖြစ်ပါတယ်။ RFA သတင်းက ယခုလို ပြောဆိုရေးသားနေခြင်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သတင်းဌာနတစ်ခု၏ အဓိက အရေးအကြီးဖြစ်တဲ့ မိမိသတင်းဌာနက ပြောဆိုရေးသားသော သတင်းအမှားကြီးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်ပြီး မှန်မှန်ကန်ကန် ပြန်လည်ထုတ်လွှင့်ပေးရန်နှင့် မှန်မှန်ကန်ကန် မထုတ်လွှင့်ပေးပါက RFA-သတင်းဌာနနှင့် သတင်းပေးပို့သူ ဦးခွန်ဝိုင်း-တို့အား ဘာသာ သာသနာညိုးနွမ်းစေတဲ့အမှု၊ နိုင်ငံရေးလှုံ့ဆော်ဖန်တီးမှု၊ ကျောင်းတိုက် ဂုဏ်သိက္ခာ ညိုးနွမ်းစေတဲ့ အမှုတို့နှင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဆက်သွယ်ပြောဆိုထားပါတယ်။ ထိုသို့ ဆက်သွယ် ပြောဆိုထားရာ RFA-သတင်းဌာန၏ တာဝန်ခံ ဦးဝင်းနိုင်က သတင်းအမှားကို သတင်းအမှန်ပြင်ပြီး (၃၁-၅-၂၀၁၃) ည (၇း၁၀)နာရီတွင် ပြန်လည်ထုတ်လွှင့်ပေးသွားမည်ဟု တာဝန်ခံ တာဝန်ယူသည့်အတွက် တရားစွဲဆိုမှု မပြုတော့ပါ။
.
From : ..အရှင်အင်္ကုရ

စိတ္တသုခကျောင်းတိုက်
လာရှိုးမြို့။
09.47307116
09.403768595

အိန္ဒိယတောင်ပိုင်း အပူလှိုင်း လူ ၅၀၀ ကျော်သေ


အိန္ဒိယနိုင်ငံတွင်း 
အပူလှိုင်းဒဏ်ခံနေရတဲ့ပြည်သူများ
အိန္ဒိယနိုင်ငံတောင်ပိုင်းက Andhra Pradesh  ပြည်နယ်မှာ အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့်  ကြာသပတေးနေ့အထိ သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ ဒေသအာဏာပိုင်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတဝှမ်းမှာ  အပူလှိုင်းရိုက်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ်ရေခန်းခြောက်မှုဖြစ်ပွါးတဲ့ လူနာတွေနဲ့ ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ အပူနာနဲ့အတူ အခြား ကူးစက်ရောဂါဖြစ်ပွါးမှုတွေ လည်းရှိနေတယ်လို့ ဒေသဆေးဝန်ထမ်းတွေက ပြောပါတယ်။

အပူချိန်ဟာ မကြုံဘူးအောင်တက်နေပြီး ၄၅ ဒီဂရီ Celsius အထက်မှာရှိသလို၊ ဖါရင်ဟိုက်နဲ့ ဆိုရင် ၁၁၃ ဒီဂရီ ဖါရင်ဟိုက်အထက်မှာ ရှိနေပါတယ်။  ဒီအပူလှိုင်းဟာ နိုင်ငံ့မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကိုပါ ဆက်ပြီး ရိုက်ခတ်ဖို့ ရှိနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မုတ်သုန်မိုးဟာ မေလမှာ ဝင်လေ့ရှိပေမယ့် အခုထိ မိုးမရွာသေးတဲ့အတွက် အပူဒဏ်ကို အလူးအလဲခံနေကြရတာပါ။ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ရတဲ့ ဆိုက်ကားသမားတွေ ရဲဝန်ထမ်းတွေ က အဆိုးဆုံးဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံတောင်ပိုင်း Andhra Pradesh  ပြည်နယ်မှာ ပြင်းထန်တဲ့ အပူလှိုင်းရိုက်ခတ်မှုခံရတာ ဆယ်ရက်လောက်ရှိပြီဖြစ်ပြီး ကြာသပတေးနေ့အထိ အပူဒဏ်ကြောင့် သေဆုံးရသူပေါင်း ၅၀၀ ကျော်နေပြီလို့ Andhra Pradesh  ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မရှင်က ပြောပါတယ်။

အိန္ဒိယ နိုင်ငံမှာ အပူဆုံးလဟာ ဇွန်လဖြစ်ပြီး မုတ်သုန်မိုးမရွာသေးသမျှ  အပူချိန်လည်း မကျပဲ အပူလှိုင်းဒဏ်ကို ဆက်ပြီး ခံကြရမှာ ဖြစ်ပါတယ်။

. www.MyanmarExpress.net

တင်ပြီးသား post များ

3D