သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 19, 2013

မုဒိန်းကျင့်ခံရခြင်းမှ ကင်းဝေးအောင် ကွန်ဒုံးထဲတွင် ဓါးသွားပါသည့် ကွန်ဒုံးတီထွင်

၂၆ စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆိုသူ အမျိုးသမီးတစ်ဦးက မုဒိန်းကျင့်ခြင်းမှ ကာကွယ်နိုင်မည့် Rape-aXe ခေါ်သော ကွန်ဒုံးကို တီထွင်ခဲ့လေသည်။

တီထွင်သူ Dr. Sonnet Ehlers က အဆိုပါကွန်ဒုံး သည် မတော်မတရားပြုကျင့်ခြင်း ခံရမည့်ဘေးမှ ကာကွယ်နိုင်သည့်အပြင် ခုခံအားကျဆင်းမှု အပါအဝင် အခြားသောလိင်ရောဂါများ နှင့်အတူ မလိုလားအပ်သော ကိုယ်ဝန်ဆောင် ခြင်းမှလည်း ကာကွယ်နိုင်မည်ဟု
ဆိုသည်။

အဆိုပါကွန်ဒုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သို့ထက်သော ဒါးသွားများ ပါရှိကာ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကိုယ်အတွင်းသို့ ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။

မုဒိန်းကျင့်ရန်ကြံစည်သူသည်မိန်းမကိုယ်အတွင်း လိင်တံကိုထည့်လိုက်သည်နှင့် လိင်တံတွင် ဒါးသွားများလာရောက် စိုက်မိပြီး မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။

လိင်တံကို ဆွဲနှုတ်ချိန်တွင် အဆိုပါ ကွန်ဒုံးသည်လည်း လိင်တံနှင့်အတူ ကပ်ပါသွားမည်ဖြစ်သည်။

ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန် အခွင့်အရေးရမည် ဖြစ်သည်။

အဆိုပါ ကွန်ဒုန်းကို လွယ်လင့်တကူ ဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည် ဖြစ်၍ မုဒိန်းသမားကို ဆေးရုံ ဆေးခန်းမှ တာဝန်ရှိသူကရဲကိုအကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည် ဖြစ်သည်။

လိင်တံတွင် စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖေါက်မည်ဖြစ်ပြီး အရေပြားအောက်တွင် ရှိသော တစ်ရှုးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်။

သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်

From: မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D