၂၀၀၈ခုနှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ သည်လူတစ်စုအတွက်ဖွဲ့စည်းထား
သောဥပဒေဖြစ်ပြီးဘယ်တော့ပြင်ဆင်မှာလဲဆိုတာကိုကျမသိချင်ပါတယ်
လို့
နိုင်ငံတော်သမ္မတဦးသိန်းစိန်အမေရိကန်
ကိုရောက်နေစဉ်မှာဒေါ်အတာဆိုတဲ့အမျိုးသမီးကမေးလိုက်ပါတယ်။တစ်ခြားသူမေးချင်ပြောချင်တာတွေကလဲ အများ ကြီး
မေးပါတယ်၊
ပြောပါတယ်။
ဒီဆောင်းပါးနဲ့တိုက်ရိုက်သက်ဆိုင်တဲ့အပိုင်းကို
ဖော်ပြချင်လို့ တခြားအကြောင်းတွေကို ဖယ်ထားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတက တစ်ချို့ကိစ္စတွေကတစ်ဖက်အမြင်ပြဲ
ဖစ်ပါတယ်။
တစ်ဖက်ထဲက ကြည့်ရင်တော့ဝါးခြမ်းပဲ မြင်နေမှာပါ။ဒီဘက်ကကြည့်ရင်လဲ
ဝါးခြမ်းပဲမြင်နေမှာပဲ။ နှစ်ဘက်စလုံးက လှည့်ပတ်ကြည့်မှသာ
ဝါးလုံးပါလားဆိုပြီးသိမြင်ရမှာပါ။ဖွဲ့စည်းပုံအခြေခံဥပဒေဟာလူတစ်စုအတွက်မဟုတ်ပါဘူး။
လူအများထောက်ခံအတည်ပြုထားတဲ့ဖွဲ့စည်း
ပုံအခြေခံဥပဒေဖြစ်ပါတယ်။နောက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာသော့
ခတ်ထားတဲ့သံမဏိမျိုးမဟုတ်ပါဘူးလွှတ်တော်ကပြင်နိုင်တယ်၊
ပြည်သူ ကပြင်နိုင်တဲ့ အနေအထားရှိပါတယ်…တဲ့။
ဒီဆောင်းပါးမှာဆွေးနွေးချင်တာကလဲ
ဒါပါပဲ။
၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူတစ်စုအတွက်ရေးဆွဲ
ထားခဲ့တာမဟုတ်သလိုတပ်မတော်ခေါင်းဆောင်တွေချည်း
ရေးဆွဲခဲ့တာမ ဟုတ်ပါဘူး။အလွှာပေါင်းစုံကတတ်သိပညာရှင်တွေ(ရုပ်ရှင်၊သဘင်၊ဂီတ၊
စာရေးဆရာများ)၊တိုင်းရင်းသားကိုယ်စားလှယ်များ၊ပါတီပေါင်းစုံကကိုယ်စားလှယ်များ၊နိုင်ငံ့ဝန်ထမ်းကိုယ်စားလှယ်များစုပေါင်းပါဝင်ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။
အကြောင်းအရာတစ်ခုကိုညီညွတ်အောင်ရေးဆွဲဖို့ဆိုတာတကယ်တော့လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။အမြင်သာဆုံးသော
ဥပမာတစ်ခုပေးရယင်
မြန်မာဘောလုံးအသင်းဆိုပါတော့၊ကြည့်တဲ့သူကသာအားမလိုအား
မရဖြစ်ပြီးဆဲဆိုနေပေမယ့် ဆဲတဲ့သူဝင်ကန်ခိုင်းကြည့်ပါလား။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊
ငါလဲမလုပ်တတ်သူ တွေများလာရင် တိုင်းပြည်အတွက်မကောင်းပါဘူး။
ဘယ်အရာမှပြီးပြည့်စုံတာမရှိလေတော့၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲအားနည်းချက်ဆိုတာရှိမှာပါ။အားနည်ချက်ကိုအားသာမှုဖြစ်အောင်ပြင် ဆင်မယ်ဆိုတဲ့စိတ်ကောင်း မွေးမြူပြီး
ပြင်ဆင်ကြရပါမယ်။
ဥပဒေတစ်ခုဖြစ်မြောက်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။
ဒီဥပဒေကိုရေးဆွဲတဲ့အချိန်ကာလအတွင်းမှာကိုအငြင်းပွားဖွယ်
ပြဿနာရပ်တွေ၊ကန့်ကွက်မှုတွေနဲ့ကြုံခဲ့ရပါတယ်။ဒါကတော့
ပါဝင်ရေးဆွဲခဲ့တဲ့တိုင်းရင်းသားကိုယ်
စားလှယ်ကြီးတွေအသိဆုံးပါ။ ဒါတွေအားလုံးကိုညီညီမျှမျှဖြစ်အောင် အများလက်ခံနိုင်အောင်
ဝိုင်းဝန်းရေးဆွဲ အတည် ပြု ပြီးမှဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။အချို့သောအချက်အလက်တွေဆိုရင်
၁၉၄၇ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးဆွဲခဲ့တဲ့အချက်တွေဖြစ်ပါတယ်။၂၀၀၈ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၃)မှာ
နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများရဲ့အရည်အချင်းကို
ဖော်ပြထားရာမှာ ပုဒ်မ(၅၉)ပုဒ်မခွဲ(စ)တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊
မိမိ၏မိဘတစ်ပါးပါးသော်လည်းကောင်းမိမိ၏ဇနီးသို့မဟုတ်ခင်ပွန်းသော် လည်းကောင်း၊မိမိ၏တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ်ခင်ပွန်းသော်လည်းကောင်း နိုင်
ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို
ခံယူစောင့် ရှောက်ရိုသေသူ သို့မဟုတ်နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ်
တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ
မဖြစ်စေရ။
ထိုသူများသည်နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသား
သော်လည်းကောင်းခံစားရသောအခွင့်အရေးများနှင့်
ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ…ဆိုတဲ့ အချက်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့
မူဝါဒပဲဖြစ်ပါတယ်။
ဒီအချက်ကိုပြင်ဆင်လိုကြတယ်။ဘာဖြစ်လို့လဲ၂၀၁၅ခုနှစ်မှာ
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့အတွက်ပါဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလဲ ၂၀၀၈ခုနှစ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို
တစိုက်မတ်မတ် တောင်း ဆိုလျက်ရှိပါတယ်။သူ့အနေနဲ့နိုင်ငံတော်လုပ်ငန်းတာဝန်တွေကိုသည်ထက်ပိုမိုမြင့်မြင့်မားမားထမ်းဆောင် နိုင်ဖို့အတွက် သမ္မတဖြစ်ချင်နေပါတယ်။
သည်နေရာမှာ ပြည်သူတစ်ဦးအနေဖြင့် ဖြစ်ချင်တဲ့ဆန္ဒအမှန်ကိုပြောရမယ် ဆိုရင်ပုဒ်မ(၅၉)ပုဒ်မခွဲ(စ)မှာဖော်ပြထားတာတွေကိုမပြင်သင့်ပါဘူး။ ဒေါ်ါ်အောင်ဆန်းစုကြည်ဟာအမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်နေလို့သမ္မတရာထူးမှာပေးချင်တယ်ဆိုရင်လဲခြွင်းချက်အနေနဲ့သာပေးသင့်ပါတယ်။
အထူးကိစ္စတစ်ရပ်အနေနဲ့စဉ်းစားပေးသင့်ပါတယ်။မိမိတို့ရဲ့အိမ်နီးချင်းနိုင်ငံမှာလဲဒီလိုအဖြစ်မျိုးရှိနေပါ တယ်။
အိန္ဒိယနိုင်ငံကလက်ရှိကွန်ကရက်စ်ပါတီဥက္ကဌဆိုနီယာဂန္ဒီဟာအန္ဒိယနိုင်ငံသူမဟုတ်ပါဘူး။အီတလီနိုင်ငံ
မြောက်ပိုင်းရှိ လူစီယာနာမြို့မှာ မွေးဖွားသူဖြစ်ပါတယ်။ အီတလီ သူကလေး
အန်တိုနီယာဟာ လက်ရှိမှာ အိန္ဒိယရဲ့The most powerful woman ဖြစ်သည်။
အိန္ဒိယ၏ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီရဲ့ချွေးမအိန္ဒိယရဲ့
ခြောက်ယောက်မြောက်ဝန်ကြီးချုပ်ရာဂျစ်ဂန္ဒီရဲ့ဇနီးဖြစ်ပါတယ်။
ရာဂျစ်ဂန္ဒီနှင့် အိမ်ထောင်ကျပြီးနောက် နိုင်ငံရေး အရှိန် အ၀ါကြီးမားတဲ့
နေရူး-ဂန္ဒီ မိသားစုကြီးထဲသို့ ၀န်ကြီးချုပ် အင်ဒီရာရဲ့
ချွေးမအဖြစ်ရောက်လာခဲ့ရခြင်း ဖြစ်ပါ တယ်။
လက်ရှိဝန်ကြီးချုပ်မန်မိုဆင်းမှာကွန်ကရက်စ်ပါတီမှ
ဖြစ်ပါတယ်။ဆိုနီယာဂန္ဒီကိုအိန္ဒိယ
ပြည်သူအများစုက၀န်ကြီးချုပ်(သို့မဟုတ်)သမ္မတ
ဖြစ်စေချင်ကြပေမယ့် သူတို့နိုင်ငံမှာပြဌာန်းထားတဲ့အိန္ဒိယရဲ့နိုင်ငံသားဥပဒေအရ
ဆိုနီယာဂန္ဒီအနေနဲ့ ၀န်ကြီးချုပ်ရာထူးကို ယူ၍မရပါဘူး။ အဲဒီဥပဒေကို
ပြင်ဆင်မှသာ သူမအနေဖြင့် သမ္မတဖြစ်ပါ လိမ့်မယ်။လူကြိုက်များတဲ့
ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင် တစ်ယောက်အနေဖြင့် ဥပဒေအားပြင်ဆင်ပေးရန် တောင်း
ဆိုခဲ့သော် ဒီမိုကရေစီနည်းလမ်းအရ ပြင်ဆင်ဖို့
စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ပါတယ်။ ဒါပေမဲ့ဆိုနီယာဂန္ဒီဟာအိန္ဒိယ
နိုင်ငံရဲ့အနာဂတ်အရေးကိုကြိုတင်မျှော်တွေး၍လည်းကောင်း၊အိန္ဒိယနိုင်ငံ၏စည်းမျဉ်းဥပဒေကို
လေးစားတန်ဖိုးထား၍ လည်းကောင်း၊ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို
ဦးစားပေးသောကြောင့်လည်းကောင်းဥပဒေကိုပြင်ပေးရန်
တောင်းဆိုခြင်းမပြုခဲ့ဘဲပါတီဥက္ကဋ္ဌအနေဖြင့်သာတိုင်းပြည်အကျိုးကိုသယ်ပိုးလျက်ရှိနေသည်မှာအတုယူဖွယ်၊
လေးစားဖွယ်ဖြစ်ပါတယ်။
မိမိကိုယ်ကျိုးစီးပွားတစ်ခုထဲအတွက်သော်လည်း၊မိမိခေါင်းဆောင်ဖြစ်ရေးအတွက်သော် လည်း
ပြင်ဆင်မည်ဆိုပါကနောင်နှစ်ပေါင်းများစွာကြာမြင့်သည့်အခါ
အငြင်းပွားဖွယ်ကိစ္စများ မပေါ်ပေါက်နိုင်ဟု မည်သူမျှ အာမခံနိုင် မည်မဟုတ်ပါ။
ဒေါ်အောင်ဆန်းကြည်ဟာအသက်အရွယ်အရနိုင်ငံရေးလုပ်နိုင်တယ်ဆိုရင်သော် ၂၀၁၅ခုနှစ်ကနေ ၂၀၁၉
ခုနှစ်အထိလုပ်နိုင်ပါလိမ့်မယ်။ ဒါတောင်အလွန်တစ်ရာစွမ်းဆောင်ရည်မြင့်မားတဲ့အမျိုးသမီးတစ်ဦးအနေဖြင့် ပြောနေခြင်းဖြစ်ပါတယ်။နောင်လာမည့်မျိုးဆက်သစ်တွေထဲမှာ နိုင်ငံခြားသားကို
ဇနီးသို့မဟုတ်ခင်ပွန်းတော်စပ်ထားသူ
တစ်ဦးဦးက သူလဲ သမ္မတဖြစ်ချင်ပါတယ်။ ဖြစ်ခွင့်ရှိပါတယ်ဆိုလာခဲ့သော်…ကျွန်တော်တို့လက်ခံနိုင်ပါသလား။ လက်ခံသင့်ပါ သလား။ ။
ရွှေဥသြ
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...