သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 18, 2013

ကလေးငယ်များ ပန်းနာရင်ကြပ် ရောဂါ မဖြစ်စေရန် ကာကွယ် ပေးနိုင်သည့် နည်းလမ်း


ကလေး သူငယ်တွေမှာ ပန်းနာရင်ကြပ် ရောဂါနဲ့ အခြား ဓာတ်မတည့်မှုတွေ မဖြစ်ပွားစေဖို့ အတွက်
မိဘတွေ အနေနဲ့ ကလေးတွေရဲ့ ကစားစရာတွေကို အအေးခံ သေတ္တာထဲမှာ ခေတ္တထားပြီးမှ ပေး
ကစားသင့်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကစားစရာတွေကို အအေးခံခြင်း အားဖြင့် ပန်းန ရင်ကြပ်
ရောဂါ အပါအ၀င် အခြား ဓာတ်မတည့်မှုတွေကို ဖြစ်ပေါ်စေတဲ.HDM ခေါ်ဖုန်ထဲက ပိုးမွှားတွေ ကို
သေစေနိုင်ကြောင်း နယူးဇီလန်နိုင်ငံနဲ့ တရုတ်(တိုင်ပေ)မှ ဆေးဘက်ဆိုင်ရာသုတေသီတွေက တွေ့
ရှိခဲ့တာ ဖြစ်ပါ တယ်။


ကလေးငယ်တွေရဲ့ နူးညံ့ ပျော့ပျောင်းတဲ့ အမွှေးပွ ကစားစရာတွေမှာ တွေ့ရတဲ့ ပိုးမွှားတွေကို ယူ
ကလစ်ဆီ ဒါမဟုတ် ဆပ်ပြာမှုန့်နဲ့ လျှော်ဖွတ် ခြင်းဖြင့် လည်း ရှင်းလင်းနိုင်တယ်လို့ သုတေသီတွေ
က ပြောကြားထားပါတယ်။ အဲ့ဒီလို HDM ပိုးမွှားတွေဟာ ကလေးတွေမှာ ပန်းနာရင်ကြပ် ဝေဒနာ ခံ
စားရမှုနဲ့ များစွာ သက်ဆိုင်နေပြီး အမွှေးပွ အရုပ်တွေနဲ့အတူ အိပ်တတ်တဲ့ ကလေးတွေမှာ ပန်းနာ
ရင်ကျပ် ရောဂါ ဖြစ်နိုင်ချေ ပိုမို များပြားတာကိုလည်း တွေ့ရှိခဲ့ကြ ပါတယ်။ ဒါ့ကြောင့် သိပ်္ပံ ပညာ
ရှင်တွေဟာ အမွှေးပွ အရုပ်တွေမှာ ရှိတတ်တဲ့ HDM ပိုးမွှားတွေကို ရှင်းလင်းနိုင်ဖို့ နည်းလမ်း သုံးခု
ကို စမ်းသပ် လုပ်ဆောင် ခဲ့ရာမှာ အပူချိန် အနုတ်(၁၅) ဒီဂရီ စင်တီဂရိတ်မှာ အချိန်(၁၆)နာရီ
ထားရှိခြင်းနဲ့ ယူကလစ်ဆီ ၊ ဆပ်ပြာတို့ကို သုံးပြီး လျှော်ဖွတ်ခြင်းတို့က (၉၅)ရာခိုင်နှု န်း ၊ လေပူ
ဖြင့် အခြောက်ခံခြင်းက (၈၉)ရာခိုင်နှုန်း ၊ ပိုးမွှားတွေကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

အဲ့ဒီ နည်းလမ်း(၃)ခုထဲမှာမှ အအေးခံခြင်းဟာ ကရိကထ နည်းပါးပြီး ပိုးမွှားတွေကို သေစေနိုင်တဲ့
အသင့်တော်ဆုံး နည်းလမ်း ဖြစ်ပါတယ်။ သိပ်္ပံပညာရှင်ေ တွဟာ အဲ့ဒီ နည်းလမ်းတွေနဲ့ ပိုးမွှားတွေ
ရှင်းလင်းထားတဲ့ အမွှေးပွ အရုပ်တွေမှာ အချိန်ဘယ်လောက် ကြာရင် ပိုးမွှားတွေ ပြန်လည် ကပ်ငြိ
နိုင်မလဲ ဆို တာနဲ့ အရုပ်တွေကို ဘယ်နှစ်ကြိမ်လောက် ပိုးသတ် ပေးဖို့ လိုအပ်မလဲ ဆိုတာကိုတော့
ဆက်လက် လေ့လာ နေကြတယ်လို့ သိရပါတယ်။

အဟံ ရှင်သာမဏေ ကျန်းမာရေး ဝန်ဆောင်မှုအဖွဲ့

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D