သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 18, 2013

ရိုဟင်ဂျာပြဿနာကိုသုံးပွင့်ဆိုင်ဖြေရှင်းဖို့ မွတ်စလင်ခေါင်းဆောင်ပြောကြား

မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာလူမျိုးတွေ၊ ရခိုင်လူမျိုးတွေနဲ့ အစိုးရ အာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းမှ အောင်မြင်မှာဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ ရောက်ရှိနေတဲ့ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌက ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကဖိတ်ကြားတဲ့ နိုင်ငံတကာ ခေါင်းဆောင်များ လေ့လာရေးအစီအစဉ်နဲ့
ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူ ရိုဟင်ဂျာခေါင်းဆောင် ဦးအဘူတာဟေရ်က အာဖက်အေ ရုံးချုပ်ကို ဒီကနေ့ လာရောက်လည်ပတ်စဉ် အခုလို ပြောတာ ဖြစ်ပါတယ်။ဒါ့အပြင်သူ က ရိုဟင်ဂျာမရှိဖူးဆိုပြီး ငြင်းပယ်နေလို့ မဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

"ရိုဟင်ဂျာတွေက မြန်မာ့သမိုင်းမှာကော ကမ္ဘာ့သမိုင်းမှာကော မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသားအဖြစ် ရှိခဲ့တာကို ကျွန်တော်တို့ ပြန်လည်ဖော်ထုတ်ဖို့လိုတယ်၊ ၁၉၈၂ နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာကို နိုင်ငံသားမဟုတ်ဘူးဆိုတာကို လုံးဝ ငြင်းဆိုလို့မရပါဘူး"

အမေရိကန်ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ကဏ္ဍကို လေ့လာ ဖို့ရောက် ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်သူ နောက်တစ်ဦးကတော့ စစ်ကိုင်းတောင်ရိုးရှိ နိုင်ငံ တကာ ဗုဒ္ဓဘာသာ သင်ကြားရေးဌာနက အရှင်ဦးသုန္ဒရ ဖြစ်ပါတယ်။
 
ဆရာတော်က မြန်မာပြည်မှာ လူမျိုးရေးဘာသာရေး ပြဿနာတွေ ဖြေရှင်းရေးအတွက် နိုင်ငံသားတွေရဲ့ အသိဥာဏ်ပညာ တိုးတက်ရေးဟာ အဓိကလိုအပ်ချက်ပဲလို့ မိန့်ကြားပါတယ်။
 
"အမေရိကန် အစိုးရကနေ ဦးဇင်းတို့နိုင်ငံက ဘာသာရေးခေါင်းဆောင်တွေကိုခေါ်ပြီး၊ သူတို့နိုင်ငံမှာလည်းပဲ ဒီလိုဘာသာပေါင်းစုံ နေကြသော်လည်းပဲ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်ဆိုတာ သိစေတဲ့သဘောပါ၊ ဒီလို မျိုး ဖြစ် ရပ်တွေဟာ ဒါတွေဟာ အခြေခံအားဖြင့် ပညာရဲ့ အားနည်းမူလို့ ယူဆတယ်၊ ပညာရေးကို အားစိုက်လိုက် မယ်ဆိုရင် ဒီလိုအနေအထားတွေဟာ တဖြည်းဖြည်းပျောက်ကွယ်သွားမယ်လို့ ဦးဇင်းယူဆတယ်"

အခုလာရောက်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ခရစ်ယာန်စတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအတွက် ဆောင်ရွက်နေသူ ၈ ဦး ပါဝင်ပါတယ်။ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စု မှာ သုံးပတ်ကြာနေထိုင်ပြီး ဝါရှင်တန်ဒီစီ၊ ဘော်စတန်၊ နယူးအော်လင်းစ်နဲ့ လော့စ်အိန်ဂျယ်လစ် မြို့တွေကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။
FROM-MYANMAR MUSLIM MEDIA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D