သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, March 26, 2013

ပုဂံခေတ် ထေရဝါဒ ဗုဒ္ဓဘာသာ အစ


ရှင်အရဟံ ရဲ့ ဘွဲ့တော်က အရှင်ဓမ္မဒဿီ ဖြစ်ပါတယ်။ သထုံပြည်က အရှင်သီလဗုဒ္ဓိ ရဟန္တာအရှင်မြတ်ရဲ့ တပည့် ဖြစ်ပါတယ်။ ငယ်စဉ်ကပင် စောင့်ရှောက်လို့ ရဟန်းပြုပေး တော် မူပါသတဲ့။ ဗေဒင်လေးပုံ နဲ့တကွ ပိဋက ကျမ်းဂန် တတ်မြောက်၍ ရဟန္တာဖြစ်တော်မူ ပါတယ်။ ကျော်စော ထင်ရှားသဖြင့် သောက္ကတဲမြို့( ယိုးဒ ယားပြည်ရှိ နွတ်ပူရီမြို့ ) က ဒကာများ ပင့်ဖတ်၍ ကြွရောက် သီတင်းသုံး ခဲ့ပါတယ် ။ (၁၀) နှစ်ကျော် ခန့် အဲဒီမှာ သီတင်းသုံးခဲ့ပြီး သထုံကို ပြန် ကြွလာကာ တောရကျောင်း၌ နေတော်မူပါတယ်။

သက္ကရာဇ်(၄၀၆) ခု၊ ပုဂံပြည်မှာ အနော်ရထာမင်းကြီး နန်း တက်ကာစမှာ မင်းကြီးဟာ ပုဂံပြည် မင်းအ ဆက် ဆက် အဓမ္မဝါဒ ဖြန့်ခဲ့သော (မဟာယာန) အရည်းကြီးများကို စိတ်နဲ့မတွေ့လို့ ဒွိဟ ဖြစ်နေချိန်ပါ။ အရည်းကြီး တို့က လည်း ဒါကိုသိလို့ မင်းကြီးယုံကြည်စေဘို့ သရေခေတ္တရာ ပြည်ရှိ သခွပ်ပင်ကြီးကို အေ ခါင်း ထွင်းပြီး (မဟာယာန) ကျမ်းစာများ ထည့်သွင်းကာ မြေသရွတ် လိမ်းကျံ၍ ပြန် လည် ပိတ်ဆို့ပြီး အေ ပွး တက်အောင် လုပ်ထားပါတယ်။

ပြီးမှ သခွပ်ပင်၌ ကျမ်းစာရှိကြောင်း အိပ်မက် မက်တယ် လို့ သတင်းလွှင့်၊ ကောလဟလတွေ ဖန်တီးပြီး မင်း ကြီး နားပေါက်အောင် လုပ်ကြပါတယ်။ မင်းကြီးလည်း စစ်တပ် နဲ့ သွားပြီး သခွပ်ပင်ကို ဖောက်ခွဲ ကြည့်ရာ" (မဟာယာန) အရည်းကြီး တို့သည် အယူအကျင့် မှန်၍ ဂေါတမဘုရား ရှင်ရဲ့ တပည့်များ ဖြစ်ေ ကြာင်း"… ကျမ်းစာများ တွေ့ရတဲ့အ တွက် မယုံသင်္ကာနဲ့ပဲ တာဝန်မပျက် ဆက်လက် ကိုးကွယ် နေရ တဲ့ အချိန်လည်း ဖြစ်ပါတယ်။

အဲဒီတုန်းက အရည်းကြီး အင်အားကလည်း မသေးလှပါ ဘူး။ ခေါင်းဆောင်သုံးကျိပ်နဲ့ ငယ်သား ခြော က်သောင်း ရှိပါသတဲ့။ သီလဗုဒ္ဓိ ရဟန္တာ အရှင်သူမြတ်ကြီးဟာ ပုဂံ ပြည်ရဲ့ သတင်းများ ကြားသိတဲ့အခါ ရှင်အရဟံကို အကျိုး အကြောင်း မိန့်ပြီး ပုဂံသို့ သွား၍ သာသနာပြုရန် အမိန့်ချ တော်မူပါတယ်။ ရှင် အရဟံ လည်း သားရေနယ်အခင်းကို ပခုံးတင်၊ သပိတ်လွယ်ပြီး သထုံက ကြွလာ၊ ပုဂံပြည်အနီး တောအုပ် တစ်ခုမှာ အမောဖြေနေခိုက်၊ မုဆိုးတစ်ယောက် ကတွေ့လို့ လူရိုင်းထင်ပြီး နေပြည်တော် ခေါ်သွား ပါသ တဲ့။ (အရည်းကြီးတွေက နက်ပြာရောင် သင်္ကန်းဝတ်ပြီး ဆံပင် မုတ်ဆိတ် ထားကြတာကြောင့် ရှင်အရဟံ ရဲ့ သွင်ပြင်ဟန် ပန်က မုဆိုးမျက်စိထဲမှာ အဆန်း ဖြစ်နေတာပါ။)

အနော်ရထာမင်းကြီးက ရှင်အရဟံရဲ့ ဣနြေ္ဒကို မြင်လိုက်ရုံ နဲ့ " ဤသူကား လူရိုင်းမဟုတ်၊ တရားရှိသော သူတော် မြတ်ပင် ဖြစ်သည်"… လို့ ပါရမီဓာတ်ခံကြောင့် အမှန်ကို သိတော်မူပါသတဲ့။ "သင့်မြတ်ရာ နေရာ ကို ကြည့်၍နေ လော့"… လို့ သဘောကိုစမ်းပြီး လျှောက်လျှင် ရှင်အရဟံ လည်း ရာဇပလ္လင်ပေါ် တက်၍ နေတော်မူ ပါသတဲ့။ မင်းကြီး လည်း"ဤသူကား သူတော်သူမြတ် အစစ်တည်း"… လို့ နေရာယူပုံကို ကြည့်ကာ ပီတိဖြစ်တော် မူပါတယ်။

တိုတို ပြောရရင်တော့ မင်းကြီးလည်း ရှင်အရဟံနဲ့ အမေး အဖြေ ပြုလုပ်ကာ၊ ဟောကြားတဲ့ တရားတော်ေ တွ နာယူ ပြီး " ဝမ်းမြောက် လှပါသည်ဘုရား။ အရှင်မှတစ်ပါး အခြား ကိုးကွယ် အားထားရာ မရှိပါ။ က္ဈန်ုပ် ၏ အသက်ကိုပင် ဆောက်နှင်း လှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့်အ တိုင်း ခံယူပါမည်ဘုရား"… လို့ လျှောက်ထားကာ ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ခဲ့ပါသတဲ့။နေပြည်တော် အရှေ့ဘက်မှာ ဇေ တဝန် မည်သော ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းပါတယ်။ (အေဒီ ၁၂၄၃ ခုနှစ်က ရှင်အရဟံရဲ့ ကျောင်း တိုက်မှာ သံဃာတော် စာသင်သား များ နေထိုင်ရန် ကျောင်းပေါင်း နှစ်ဆယ်ရှိတယ် လို့ ကျောက် စာပုံ ၁၅၂/၆ ၌ ပါရှိပါတယ်။)

မင်းကြီးလည်း ရေကိုထမ်း၊ မိဖုရားကြီးက ဆွမ်းကိုရွက် ကာ နေ့စဉ် သွားရောက် လှူဒါန်းကြပါသတဲ့။ သာသ နာ ရေးနဲ့ ပတ်သက်ပြီး လျှောက်ထား မေးမြန်းကာ (မဟာယာ န) အရည်းကြီး ခြောက်သောင်းကို လူဝတ် လဲစေပြီး အဲမောင်လှံကိုင်၊ ဆင်ချေးကျုံး၊ မြင်းချေးကျုံး အဖြစ် အမှု တော် ထမ်းစေပါသတဲ့။ ရှင်အရဟံ လည်း သာသနာကြည် ညိုသူများအား ရဟန်းခံပေးခဲ့ရာ ထိုခေတ်က ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းသံ ဃာပေါင်း သုံးသောင်းကျော် ရှိခဲ့ပါ ကြောင်း ဝံသဒီပနီ က ဆိုပါတယ်။ မင်းနဲ့ ဆရာ တိုင်ပင်ပြီး သာသနာ့ အညစ် အကြေးတို့ကို ဆေးကြော သုတ်သင် တော် မူခဲ့ကြပါတယ်။


March 26, 2013 at 11:15 AM
 မောင်မှန် said...
အရည်းကြီးတွေက သူတို့ရဲ့ လာဘ်လာဘတွေ ဆုတ်ယုတ် ကုန်လို့ ရှင်အရဟံကို ရန်ငြိုးဖွဲ့ကြပါတယ်။ မင်း ကြီး သိတော်မူတဲ့အခါ ကျောင်းဝေယျာဝစ္စ ဆောင်ရွက်ရင်း အရည်းကြီးတို့ရန်က ကာကွယ်ဘို့ အစောင့် လူ တစ်ရာ ထားလှူတော် မူပါတယ်။ ရှင်အရဟံက ထိုလူများကိုလည်း ရှင်ရဟန်း ပြုပေးပြီး ပရိယတ်စာပေ တွေ သင်ကြားပေးတော် မူခဲ့ပါသတဲ့။

သက္ကရာဇ် (၄၁၉) ခုနှစ် ရောက်တဲ့အခါ ရှင်အရဟံရဲ့ တိုက် တွန်းချက်အရ ဓာတ်တော်၊ မွေတော်နဲ့ ပိဋ ကတ်တော်များ ပင့်ဆောင်ရန် စကားအရာ ချေငံတဲ့ အမတ်တို့ကို လက် ဆောင်ပဏ္ဏာ တွေနဲ့အတူ သထုံပြည် မနူဟာမင်းထံ စေလွှတ် ခဲ့ပါတယ်။ မနူဟာမင်းက "မိစ္ဆာဒိဌိတို့နှင့် တန်ရာ သလော"… လို့ မချေ မငံ စကားပြန်တဲ့အတွက် မင်းကြီး အမျက်ဒေါသထွက်ပြီး ကျန်စစ်သား စတဲ့ သူရဲကောင်း တွေ ပါဝင် တဲ့ ကြည်း၊ ရေနှစ်တန် စစ်ခင်းပြီး သထုံပြည်ကို တိုက်ခိုက် အောင်မြင် ခဲ့ပါတယ်။ပိဋက အစုံသုံးဆယ်နဲ့ ဓာတ်တော်၊ မွေတော်တွေကို ဆင်အစီး သုံးဆယ်နဲ့ တင်၍ ပုဂံသို့ ပင့်ဆောင် လာခဲ့ကြပါတယ်။ အဲဒီ ပိဋကတွေကို နောင်ကာလမှာ သီဟိုဠ်( သီရိလင်္ကာ) က ရရှိတဲ့ ပိဋက တို့နဲ့ ရှင်အရဟံ ကိုယ်တိုင် တိုက် ဆိုင် တည်းဖြတ် တဲ့အခါ မကွဲမလွဲ အညီအညွတ်ပင် ရှိတယ်လို့ ဆိုပါတယ်။( သထုံ က ပိဋက ရောက် သည့်နှစ် ကို သာသနာလင်္ကာရ မှာတော့ သာသနာ ၁၆၀၁၊ ကောဇာ ၄၁၉ လို့ ဆိုထားပါတယ်။)

အဲဒီအခါက စလို့ စစ်မှန် စင်ကြယ်တဲ့ ထေရဝါဒ ဗုဒ္ဓသာသ နာတော်ကြီး ပုဂံနေပြည်တော် တစ်ဝှမ်းမှာ ပွား စီး တိုးတက် ထွန်းကား လာပါတော့တယ်။ အနော်ရထာမင်း ကြီးလည်း အရည်းကြီးတို့ရဲ့ မိစ္ဆာအမှောင် အတွင်း မှာ နေခဲ့ ကြရှာတဲ့ ဘေးလောင်းတော်၊ ဘိုးလောင်းတော် တို့ကို သတိရ ဝမ်းနည်း ကြေကွဲပြီး ဝမ်းနည်း ဝမ်းသာဖြင့် "ပါရမီ ကုသိုလ် ရစေခလို"… လို့ တ၊ ဆို မြည်တမ်းတော် မူပါသ တဲ့။

ရှင်အရဟံ အရှင်သူမြတ်ဟာ အလောင်းစညသူမင်းကြီး နန်းစံသက်(၂) နှစ်အရ၊ သက်တော်(၈၁) နှစ်မှာ ပရိ နိဗ္ဗာန် ပြုတော်မူ ပါတယ်။ မင်းနဲ့ပြည်သူ အားလုံးက ခုနှစ်ရက် ပတ်လုံး ကြီးစွာ ပူဇော်ပြီး မီးသင်္ဂြိုဟ် ကြပါ တယ်။ ရှင်အရဟံရဲ့ ကြွင်းကျန်တဲ့ ဓာတ်တော်များကို ရွှေတလား မှာ ထည့်သွင်းပြီး တူရွင်းတောင်ခြေ မှာ ဂူတည်ထား ကိုး ကွယ်ကြပါတယ်။ ရှင်အရဟံရဲ့ ပုံကိုလည်း ထုလုပ် ကိုးကွယ် ခဲ့ကြပါတယ်။ ( ယခု ပုဂံ အာနန္ဒာ ဘုရား အတွင်း မှာ ရှင်အရဟံရဲ့ ပုံတော်ကို ဖူးမြော် နိုင်ပါတယ်။)

ယင်းဂူမှာ ပုဂံတည်စ မူလ ၁၉ ရွာ အပါအဝင် တောင်ပရွာ၊ အနောက်မြောက် တာ ၅၀၀ အကွာ၌ တည်ရှိ တဲ့ ထီးဆောင်းဘုရား ဖြစ်တယ်လို့ ဆိုပါတယ်။(ပခုက္ကူမြို့ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော် ဦးနန္ဒဝံသ ရေးတဲ့ ရွှေစည်း ခုံသမိုင်း ကျမ်းသစ်မှာ ပါတယ်လို့ ဆိုထားပါတယ်။ ) ကျန်စစ်သား မင်းကြီးရဲ့ နန်းတော် မွန်ေ ကျာက်စာမှာ လည်း ၄၆၃ ခုနှစ်၊ နန်းသစ်တက်ပွဲတွင် ရှင်အရဟံ ဦးစီးတဲ့ သံဃာ ၄၁၀၈ ပါးက ပရိတ် ရွတ်ပုံကို တခမ်းတနား ဖော်ပြ ထားတယ်လို့ မှတ်သား ဖတ်ရှူ ရပါတယ်။

မြန်မာ ပြည်သူပြည်သား ဗုဒ္ဓဘာသာဝင် သူတော်စင် အဆက် ဆက်ရဲ့ ကျေးဇူးရှင်၊ ဘုရားရှင်ရဲ့ သားတော် ကြီး ရှင်အရဟံ ရဟန္တာ အရှင်သူမြတ်ရဲ့ သာသနာပြု လုပ်ငန်းများနဲ့ ထေရဝါဒ ဗုဒ္ဓသာသနာ အစစ်အမှန် မြန်မာပြည်ကို ရောက်ရှိလာတဲ့ သမိုင်းကြောင်းကို ဗဟုသုတ အလို့ငှာ တင်ပြခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။
March 26, 2013 at 12:02 PM
 မောင်မှန် said...
ထေရဝါဒ ဗုဒ္ဓသာသနာ အစစ်အမှန် မြန်မာပြည်ကို ရောက် ရှိလာတဲ့ သမိုင်းကြောင်း ... ဆိုတဲ့ စာသား အစား (မြန်မာ ပြည်ကို ပြန်လည် ရောက်ရှိလာတဲ့)… လို့ ပြင်ဆင် ဖတ်ရှူ ပေးပါရန် လေးစားစွာ မေတ္တာ ရပ်ခံ အပ်ပါတယ်။

တကယ်တော့ ထေရဝါဒ ဗုဒ္ဓသာသနာ မြန်မာပြည်ကို ရောက်ရှိလာတာ နှစ်ပေါင်း (၂၅၀၀) ကျော်ခဲ့ပါပြီ။ ( တိတိ ကျကျ ပြောရရင် နှစ်ပေါင်း ၂၆၀၀ တိတိ ရှိပါပြီ။ )ဂေါတမ ဘုရားရှင် ဘုရားဖြစ်တော်မူကာစ ပထမ ဆုံး သရဏဂုံနှစ် ပါး တည်ခဲ့တဲ့ တဖုသ နဲ့ ဘလ္လိက ညီနောင်နှစ်ပါးဟာ အနောက် မဇ္ဈိမဒေသကို သင်္ဘောနဲ့ ကုန်ကူးသွားရင်း ဘုရားရှင်နဲ့တွေ့ပြီး မုန့်ဆွမ်းကပ်လို့ ပထမဆုံး သရဏဂုံ တည်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုး နှစ်ဦး ဖြစ်ပါတယ်။ ( အဲဒီတုန်းက သံဃာရတနာ မပေါ်သေးလို့ ဂေါတမဘုရား ရှင်က ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ လို့ သရဏဂုံ နှစ်ပါးကိုပဲ ဆောက်တည် ခိုင်းခဲ့တာပါ။)

ဘုရားရှင်က တဖုသ နဲ့ ဘလ္လိက ကုန်သည်ညီနောင် နှစ်ပါး ကို စွန့်တော်မူခဲ့တဲ့ ဆံတော်တွေကို ဥက္ကလာပ မင်းကြီး ကိုယ်တော်တိုင် ဗိုလ်တထောင် ဆိပ်ကမ်းမှာ ရင်ခေါင်းအ နက်ထိ ရေထဲဆင်းကာ ကြိုယူ ပင့်ေ ဆာင် ခဲ့ပြီး ပွင့်တော်မူ ပြီးတဲ့ ကကုသန်၊ ကောဏာဂုံ၊ ကဿပ ဘုရားရှင်တို့ရဲ့ တောင်ဝှေးတော်၊ သင်္ကန်းေ တာ်၊ ရေသနုပ်တော် တို့နဲ့အ တူ ဌာပနာပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး ကို တည်ထား ကိုးကွယ်ခဲ့တယ် လို့ မှတ်သားဖူး ပါတယ်။ မနှစ်ကပဲ ရွှေတိဂုံစေတီတော် နှစ်(၂၆၀၀) ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပခဲ့ ပါ တယ်။ ဒါကြောင့် က္ဈန်တော်တို့ မြန်မာနိုင်ငံရဲ့ ထေရဝါဒ ဗုဒ္ဓသာသနာ သက်တမ်းဟာ သမိုင်းကြောင်း အားဖြင့် ရှည်လျားလှပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးက အထင်အရှား ပြဆိုနေပါတယ်။

(က္ဈန်တော်တင်ပြတဲ့ အကိုးအကားများမှာ မှားယွင်းမှု တစ်စုံတစ်ရာ ပါရှိခဲ့ပါက ထောက်ပြ ပြင်ဆင် ပေးနိုင် ပါ ရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျား။)
March 26, 2013 at 1:43 PM
blog တွင် မောင်မှန်ရေးသော comment အား ပြန်လည် ဖော်ပြခြင်းသာ ဖြစ်သည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D