ဒီနှစ်ရဲ့သင်္ကြန်စာကတော့ အလွန့်အလွန် အလွန်တရာမှထူးခြားလှပါပေတယ်။
အရင်သင်္ကြန်စာတွေမှာ မဖတ်ဖူး၊ မကြားဖူးတာတွေထည့်သွင်းဟောပြောထားတဲ့အတွက် ဗဟုသုတလည်း ရပါတယ်။ ရီလည်းရီရပါတယ်။ အံ့လည်းအံ့ရပါတယ်။
၁၃၇၅ ခုနှစ်မန္တလေးသင်္ကြန်စာထဲက ကောက်နှုတ်ချက်များကို ဖော်ပြလိုက်ပါတယ်။
တန်ခူးလ - အနောက်အရပ်ဒေသတွင် အုတ်အုတ်သဲသဲဆူညံခြင်း၊ အခြေအတင်အငြင်းပွား ခြင်းဖြစ်ပေါ် လိမ့် မည်။ အရာရှိများ၏ ဂုဏ်သိက္ခာများညိုးနွမ်းလိမ့်မည်။ အမျိုးသားဘဏ္ဍာငွေကို နည်းလမ်းအမျိုးမျိုး
ဖြင့်ကုန်ဆုံးလိမ့်မည်။
ကဆုန်လ - စည်ပင်သာယာအခွန်အကောက်များ တိုးတက်ကောင်းမွန်လိမ့်မည်။ အုပ်ချုပ်သူ အချင်းချင်း အခြေအတင်အငြင်းပွားရမည်။ အမျိုးသမီးများအပေါ် ကျုးလွန်သောရာဇ၀တ်မှု များပြားလိမ့်မည်။ အလှအပ ဆိုင်ရာဈေးနှုန်းများ ကမောက်ကမဖြစ်တတ်သည်။
နယုန်လ - ပါလီမန်လုပ်ငန်းများရှုပ်ထွေးများပြား၍ တက်ကြွလိမ့်မည်။ စာမူခများတိုးတက်ပေးရမည်။ ပြည်သူ့ ၀န်ထမ်းများဂုဏ်သိက္ခာညိုးနွမ်းကျဆင်းရတတ်သည်။ အဆင့်မြင့်နေရာဌာနများတွင်ရှုပ်တော်ပုံ များပေါ်ပေါက်လိမ့်မည်။
ဝါဆိုလ - လွှတ်တော်အတွင်းအခြေအနေကောင်းမွန်နေလိမ့်မည်။ ကြည်းတပ်ရေတပ်နှင့်ပတ်သက်၍ အင်အားတိုးတက်လာလိမ့်မည်။ ပြည်သူ့ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်များကို စူးစမ်းမေးမြန်းခံရမည်။ အများပြည်သူပိုင်အဆောက်အဦများ ပျက်စီးမှုများ တတ်သည်။
ဝါခေါင်လ - ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနာမကျန်းဖြစ်လိမ့်မည်။ ငြင်းခုန်ခိုက်ရန်ဖြစ်ပွားလိမ့်မည်။ ပြည်သူ့လွှတ်တော်မှ ပြည်သူများကျေနပ်အားရလောက်သော ဥပဒေများပြဌာန်းလိမ့်မည်။
ပညာရှိတို့ သည် အသိဥာဏ်ဖောက်စားခံရတတ်သည်။ အရက်မျိုးစုံဈေးတက်လိမ့်မည်။
တော်သလင်းလ - အချို့အရပ်ဒေသတွင် ခိုက်ရန်ဖြစ်ပွားမှုများ၊ ဆန္ဒပြမှုများဖြစ်ပေါ်လိမ့်မည်။ အထက်တန်းလွှာအသိုင်းအ၀ိုင်းတွင် နာမကျန်းမှုများ၊ သေဆုံးမှုများဖြစ်ပွားတတ်သည်။ အတွေးအခေါ်ပညာရှင်များ ကျန်းမာရေးညံ့ဖျင်းတတ်သည်။ ၀န်ကြီးအဖွဲ့အပြောင်း အလဲဖြစ် ပေါ်မည်။
သီတင်းကျွတ်လ - ပင်လယ်ကမ်းနားပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်မည်။ တပ်မတော်အတွက်ကောင်းမွန်သောကာလဖြစ်သည်။ ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်တစ်ဦး ဂုဏ်သိက္ခာ ကျဆင်းတတ်သည်။ စာပေလောကတွင်ရှုပ်ထွေးသောပြဿနာများ ပေါ်ပေါက်တတ်သည်။ အလုပ်လက်မဲ့ပေါများတတ်သည်။ အာဏာရှိသူများကြား သဘောထားကွဲလွဲမှုများကြုံတွေ့ရမည်။
တန်ဆောင်မုန်းလ - တည်းခိုခန်းလုပ်ငန်းများအေးနေလိမ့်မည်။ အချင်းချင်းတရားစွဲဆိုမှုများပြားမည်။ စတော့ရှယ်ယာလုပ်ငန်းများရောင်းဝယ်မှုစတင်လိမ့်မည်။ ဆက်သွယ်ရေးလုပ်ငန်းများတိုးတက်ကောင်းမွန်လိမ့်မည်။
နတ်တော်လ - ကြည်းတပ်ရေတပ်တွင် ကောင်းမွန်သောအကျိုးတရားများရရှိမည်။ ပြည်သူများကောင်းကျိုးခံစားရမည်။ တရားသဖြင့်ဖြစ်ပေါ်လာသော အရာများအနိုင်ကျင့်ခံရ တတ်သည်။ နိုင်ငံတော်မှကြွေးမြီများပေးဆပ်နိုင်လိမ့်မည်။ သတင်းစာ၊ ဂျာနယ်ထုတ်ဝေသူများ ကျန်းမာရေးညံ့ဖျင်းတတ်သည်။
ပြာသိုလ - ပြည်သူအပေါင်း ရောင့်ရဲမှုမရှိဘဲဖြစ်နေတတ်သည်။ ပါလီမန်အဖွဲ့ဝင်များငြင်းခုံခိုက်ရန်ဖြစ်ပွားတတ်သည်။ စနေဂြိုဟ်သည်အသွားမြန်နေသဖြင့် ဆင်းရဲသူများ ပိုမိုဆင်းရဲဒုက္ခရောက်တတ်သည်။
စပါးစိုက်ပျိုးမှုကိုနိုင်ငံတော်မှ အားပေးအားမြှောက်ပြုတတ်သည်။ လောင်းကစားနှင့်သုတေသနလုပ်ငန်းများကျဆင်းမည်။
တပို့တွဲလ - တရားဥပဒေနှင့်ပတ်သက်သော ပုဂ္ဂိုလ်များသိက္ခာချခံရတတ်သည်။
တပေါင်းလ - သေရည်အရက်မျိုးစုံ ဈေးကောင်းလိမ့်မည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ဝေဖန်မှုများပြားလိမ့်မည်။ လောကီပညာရှင်ပေါများလာလိမ့်မည်။ ရာဇ၀တ်မှုများ တိုးတက်လာလိမ့်မည်။
(အထူးသဖြင့် ဤနှစ်တွင် ဘဏ္ဍာရေးနှင့် ပတ်သက်သော ရာဇ၀တ်မှုများ မှောင်ခို၊ လိမ်လည် အလွဲသုံးစား ပြုလုပ်မှုများကြုံတွေ့မည်။ မြေယာအခွန်များ တိုးတက်လာမည်)
ကဆုန်၊ တပို့တွဲ၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ ပြာသို ဤငါးလကား အပျက်အစီးများအံ့။ မီးလောင်ဖန်များအံ့။ ဇနပုဒ်တိုင်းကား ပုန်ကန်အံ့။ ခိုက်ရန်များအံ့။ အချင်းချင်းသတ်ကြလတ္တံ့။ မုဒိန်းကဏ္ဍထူပြောအံ့။
အောက်ဆုံးတွင်ရေးထားသောစာသား။ ““အမှားအယွင်းရှိက ပြင်ဆင်ဖတ်ရှုပါ””။
ဤကား မန္တလေးသင်္ကြန်စာအလိုတည်း။
ပုဏ္ဏားတော်ပညာရှိဆရာကြီး ဦးစိန္တာ၏သား ပုဏ္ဏားတော်နက္ခတ်ဗေဒင်ပညာရှိ ဆရာကြီး ဦးလောကေသရနှင့် သား ဆရာလင်း၊ မြေး- ဆရာဦးအောင်သန်း- တို့ရေးသားစီရင်ပြုစုသည်)
မှတ်ချက်။ ။ တစ်စောင်သုံးရာကျပ်ဖြင့် ရန်ကုန်မြို့နေရာအနှံ့အော်ရောင်းနေပါပြီ။ ၀ယ်ယူဖတ်ရှုနိုင်ပါသည်။
REF: ဥက္ကာကိုကို (Senior Reporter at 7Day News Journal)
Posted by Admin-HWH
သတင်း
News of Myanmar
WEDNESDAY, SEPTEMBER 19, 2012

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...