ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် မြန်မာ့စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Myanmar Energy Investment Summit-2013) ကို စက်တင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ရေအားလျှပ်စစ်၊
ရေအရင်းအမြစ် စွမ်းအင်နှင့် လျှပ်စစ်ဓါတ်အားကဏ္ဍတို့တွင် လုပ်ကိုင်ရန် ကမ်းလှမ်းမှုများ ရှိလာရန် မျှော်လင့်ထားပြီး ကမ္ဘာ့နိုင်ငံ ၂၅ နိုင်ငံမှ စွမ်းအင်ကဏ္ဍဆိုင်ရာ ခေါင်းဆောင်များ အပါအဝင် ကိုယ်စားလှယ် ၃၀၀ ခန့် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် မြန်မာ့စွမ်းအင် ဖွံ့ဖြိုးရေး အစီအစဉ် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ အလားအလာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေပါ စွမ်းအင်ကဏ္ဍဆိုင်ရာ အကြောင်းအရာများ၊ စွမ်းအင်စီမံကိန်းများအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လေ့လာဆန်းစစ်ချက် (EIA) အစီအစဉ်အကြောင်းတို့ကို အဓိကထား ဆွေးနွေးရန် စီစဉ်ထားပြီး MEIS-2013 ထိပ်သီးအစည်းအဝေးတွင် ဈေးကွက်အလားအလာများနှင့် မြန်မာ့စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ်များကို ဆွေးနွေးရန် ရည်ရွယ်ထားကာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကြောင့် စီးပွားရေးတိုးတက်မှု အလားအလာများ ဖန်တီးနိုင်ရေးကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ထုတ်ယူရေးကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်းမှာ ခြောက်ခုသာ ရှိသေးသော်လည်း စုစုပေါင်းပမာဏ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော်ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ၄၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ယခုကျင်းပမည့် ထိပ်သီးအစည်းအဝေးကို စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူေးပါင်းကျင်းပခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာလ ၃ ရက်နှင့် ၄ ရက်များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။.. www.MyanmarExpress.net


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...