ရီးရဲလ်မက်ဒရစ် စတား စီရော်နယ်ဒိုသည် အသင်းဟောင်း မန်ယူနိုက်တက် အသင်းသို့ တကျော့ပြန် ခြေ ချရေး လာမည့် (၇၂)နာရီ အတွင်း တရားဝင် တွေ့ဆုံ ဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။
El Pais ၏အဆိုအရ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ် အသင်း၏ ရာသီအကြို ခြေစမ်းပွဲစဉ်များ မတိုင်မီ အပြောင်းအရွေ့ ဖြစ်မြောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ မကြာသေးမီက အနားယူသွားပြီ ဖြစ်သည့် နည်းပြ ဖာဂူဆန်သလည်း စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူရေးအတွက် ဆွေးနွေးမှုများ အောင်မြင်မည်ကို ယုံကြည်ကြောင်း ပြောကြားသွားခဲ့သည်။
စီရော်နယ်ဒိုကို ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က မြင့်မားသော လုပ်ခနှုန်းထားဖြင့် နှစ်ရှည် စာချုပ် ချုပ်ဆိုရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက ပယ်ချခဲ့သည်။ ပီရက်ဇ်သည် တစ်နှစ် လုပ်ခပေါင် (၁၂)သန်းဖြင့် နောက်ဆုံးအကြိမ် ကမ်းလှမ်းခဲ့သော်လည်း၊ စီရော်နယ်ဒိုက (၁၇)သန်းအထိ အလို ရှိနေကြောင်း သိရသည်။ စီရော်နယ်ဒိုက ပယ်ချလိုက်ပြီး နောက်ပိုင်း ပီရက်ဇ်ကမူ အရာရာတိုင်းတွင် အကန့်အသတ် ရှိကြောင်း တုန့်ပြန် ပြောကြား လိုက်သောကြောင့် စီရော်နယ်ဒိုအနေဖြင့် ပိုမိုစိတ်ပျက် သွားကြောင်း သိရသည်။
football-cafe.com

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...