သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, June 10, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် ရည်ရွယ်ချက်ခြင်းတူ၍ လက်တွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

ရည်ရွယ်ချက်ခြင်း၊ လုပ်ဆောင်ချက်ခြင်းတူညီသည့်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်ကြောင်း   ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောသည်။

“တို့တစ်တွေဟာ နိုင်ငံနဲ့ လူမျိုးအတွက် အလုပ်လုပ်ကြရလိမ့်မယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကိုယ်နဲ့ရည် ရွယ်ချက်တူပြီးတော့ လုပ်ဆောင်ချက်တူရင် ပိုကောင်းတာပေါ့။ ဒါ ကြောင့် နိုင်ငံအတွက်၊ အများအ
တွက်၊ လုပ်တဲ့ကိစ္စအတွက်တို့အနေနဲ့ အတူလက်တွဲလုပ်ချင်တယ်။ အဲ့ဒီလို လုပ်တာ ဟာ ကောင်းတဲ့ ကိစ္စဖြစ်တယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်စဉ် 7Day Daily ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ထို့အပြင် သူရဦးရွှေမန်းက “ဒီ နေရာမှာအမျိုးသားပြန်လည်သင့်မြတ်ရေးကလည်း အရေးကြီးပါ
တယ်။ ရန်ဖြစ်နေမလား ပူးပေါင်းဆောင်ရွက်မလားအဖြေကဒါပါပဲ”ဟု ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ပြောရေးဆိုခွင့်ရှိ သူ ဒေါ်နန်းခင်ထွေးမြင့် က“တူတာတွေအများကြီးရှိပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဖို့ ကိစ္စ၊   ပြည်တွင်းငြိမ်းချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စ တွေမှာ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိပါတယ်”ဟုပြောကြားသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများ ကျင်းပပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တို့ သည် အလုပ်ရုံဆွေးနွေးပွဲများနှင့် လူမှုရေးပွဲများတွင် အတူတကွ တက်ရောက်လာကြ သည်ကို မကြာခဏတွေ့မြင်လာရသည်။

“အပေးအယူတစ်ခုခုလုပ်လိမ့်မယ်ထင်တယ်။တိုင်းပြည်အတွက် ကောင်းမယ်လို့ထ င်တယ်” ဟု နိုင်ငံ   ရေးလေ့လာ   သူစာရေးဆရာကျော်ဝင်းကသုံးသပ်သည်။

လာမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြသည့် တောင်သူလယ်သမားအကျိုးမြှင့်တင်ရေးဥပဒေ၊ အခွန်ဥပဒေနှင့် စီးပွားရေးနှင့်ဆိုင်သောဥပဒေများ ပြန်လည်ပြင်ဆင်ရေးဥပဒေများတွင် ပူးပေါင်းဆွေးနွေး ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စွမ်းအင်ကဏ္ဍ ဆွေးနွေးပွဲ၌လည်းအတူတက်ရောက်ခဲ့သည်။
From:7day

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D