၃.၆.၂၀၁၃ ရက်နေ့တွင် ကျောက်တံတားမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မြို့တော်ခန်းမရှေ့
ကားမှတ်တိုင်တွင် လက်ကိုင်ဖုန်း (၆)လုံး၊ ငွေ ၂၅၀၀၀ိ/- ကျပ်နှင့်အတူ မသင်္ကာတွေ့ရှိသူ ချမ်းမြေ့အောင်
(၂၂)နှစ်၊ ထနီးကျေးရွာ၊ မအူပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား ဖမ်းဆီး စစ်ဆေးဖေါ်ထုတ်
ခဲ့ရာ ၎င်းသည် ဒဂုံမြောက်မြို့မရဲစခန်း (ပ) ၆၀၀/၂၀၁၂၊ ပုဒ်မ ၄၅၇/၃၈၀ အမှုဖြင့် ထောင် (၃)နှစ်ကျခဲ့
ရာ ကျိုက်ဇကောရဲဘက်စန်းမှ ထွက်ပြေးလာသူဖြစ်ပြီး ၂.၆.၂၀၁၃ ရက်နေ့တွင် ဒဂုံမြောက်မြို့နယ် ပင်လုံ ဆေးရုံအနောက်ဖက် ဖုန်းဆိုင်အတွင်းမှ လက်ကိုင်ဖုန်း (၂၉)လုံးခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဒ
ဂုံမြောက်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားရှိသည့်(ပ) ၃၁၁/၂၀၁၃၊ ပုဒ်မ ၃၈၀ အမှုအား ဖော်
ထုတ်နိုင်ခဲ့ပါသည်။

၎င်းအပြင် ဒဂုံမြောက်မြို့နယ် (၃၂) ရပ်ကွက်ရှိ ဒေါ်အေးမြင့်စတိုးဆိုင်မှ အ၀တ်အထည် (၁၀)စုံအား ခိုး
ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒဂုံမြောက်မြို့မရဲစခန်း(ပ)၃၁၉/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်လည်း
ကောင်း၊ (၂၆) ရပ်ကွက်ရှိ Today စတိုးဆိုင်မှ ဟန်းဆက်၊ ဖုန်းငွေဖြည့်ကဒ်၊ DVD စက်တို့အား ခိုးယူခဲ့
ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒဂုံမြောက်မြို့မရဲစခန်း(ပ) ၃၂၀/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊
စိန် တစ်လုံး ကုန်စုံဆိုင်မှ စီးကရက် ပါကင်ဗူးများနှင့်ကော်ဖီမစ် ပါကင်ထုတ် များအား ခိုးယူရောင်း ချခဲ့
ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒဂုံမြောက်မြို့မရဲခစန်း (ပ) ၃၂၁/၂၀၁၃၊ပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း
အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...