သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, June 10, 2013

ဖားရိုက်ထွက်ရာမှ မောင်းတော့နတလ ရွာသားတစ်ဦးဓားထုးခံရ

http://www.narinjara.com/burmese/wp-content/uploads/2013/06/Nasaka-Arakan.jpgလုံခြုံရေး ယူနေသော နစကများကို နယ်စပ်တွင် တွေ့ရစဉ်။
( နိရဉ္စရာ- ၉ ဇွန်လ ၂၀၁၃)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နတလ စံပြကျေးရွာသားတစ်ဦး ဖါးရိုက်ထွက်ရာမှ ယမန်နေ့က ဓါးထိုး ခံရသည်ဟု သတင်း ရရှိသည်။
လုံခြုံရေး ယူနေသော နစကများကို နယ်စပ်တွင် တွေ့ရစဉ်။

လုံခြုံရေး ယူနေသော နစကများကို နယ်စပ်တွင် တွေ့ရစဉ်။


ဓါးထိုခံရသူမှာ မောင်တောမြို့နယ် ခရေမြိုင် နတလ စံပြကျေးရွာမှ  အဖ ဦးရွှေလုံး၊ အမိ ဒေါ်ခင်မြတို့၏သား ဗမာ လူမျိုး ဦးအောင်သန်း ဖြစ်ကြောင်းသိရသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ ကျေးရွာသား တစ်ဦးက ယခုလို ပြောပြသည်။

“ ကိုအောင်သန်း အပါအ၀င် ရွာသား  ၉ ဦးက ညနေ ၈ နာရီခန့်မှာ ရွာသချိုင်းအနီးက လယ်ကွင်းတွေမှာ ဖါးရိုက်ထွက်ကြပါတယ်။ အဲသလို ဖါးရိုက်နေတဲ့  အချိန်မှာ အဲဒီ သချိုင်းကုန်း အောက်မှာ တည်ရှိတဲ့ ဘင်္ဂါလီရွာက ရွာသား ၂၀၀ ခန့်ထွက်လိုက်လာပါတယ်။ အဲဒါနဲ့ ဖါးရိုက်တဲ့ ရွာသားတွေက ပြန်ပြေးတော့ ကိုအောင်သန်း လမ်းမှားပြီး တစ်ယောက်တည်း လမ်းကွဲသွားတယ်။အဲဒီမှာ သူတို့ဆီမှာ ဓါးထိုးခံလိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကိုအောင်သန်းမှာ ဓါးဒဏ်ရာဖြင့် ညနေ ၁၀ နာရီခန့်တွင် ရွာသို့ ပြန်ရောက်ရှိလာခဲ့ပြီး ရွာရှိ ကျန်းမာရေးဆေးခန်းတွင် ကုသနေသည်ဟု ပြောသည်။

“ ဒဏ်ရာကတော့ သိပ်မပြင်းဘူး။ ဆေးခန်းမှာဘဲ ကုသနေတယ်။ ရောက်တာနဲ့ သက်ဆိုင်ရာကို အမူဖွင့် တိုင်ကြားထားပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ဖြစ်ပွားခဲ့မူကို အပြင်သို့ သတင်း မပေါက်ကြားရန် ရွာသားများကို အာဏာပိုင်များက ပြောကြားထားသည်ဟု သိရသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D