သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 30, 2013

BRT စနစ်ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားသစ်များ ရောက်ရှိ

ရန်ကုန် ၊ ၃၀-၇-၂၀၁၃
အချိန်ကုန်ပြီး ငွေကုန် လူပန်း မဖြစ်စေရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၏ စီစဉ်မှုဖြင့် ပြည်သူ့ သယ်ယူ ပို့ဆောင်ရေး BRT စနစ် အမြန်ယာဉ် လိုင်းသစ်ကို ရန်ကုန်မြို့ ပြည်လမ်း၌ မကြာမီ စမ်းသပ် ပြေးဆွဲ တော့မည် ဖြစ်ကြောင်း နည်းပညာ အထောက်အကူပြု ကော်မတီဝင် မြန်မာ့မီးရထား မှ တာဝန်ရှိသူ တစ်ဦးထံ မှ သိရသည်။

BRT စနစ်ဖြင့် အမြန်ယာဉ် လိုင်းသစ် မကြာမီ ပြေးဆွဲနိုင်ရန် လိုအပ်သော ခရီးသည်တင် ဘတ်စ်ကားသစ် များကို ပြည်ပနိုင်ငံ များသို့ မှာယူ တင်သွင်းခဲ့ရာ ပန်းဆိုးတန်း ဆိပ်ကမ်းတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ၊ BRT စနစ်ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကား များကို သီးခြား အရောင် သတ်မှတ်ခြင်း နှင့် ပြည်သူ့ သယ်ယူ ပို့ဆောင်ရေး ယာဉ်လိုင်း အရောင်အသွေး ကို စိစစ်ရွေးချယ် လျက် ရှိကြောင်း သိရသည်။

အဆိုပါ BRT စနစ်ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကား များသည် ယာဉ်ကြော သုံးလမ်းအနက် အလယ်ယာဉ်ကြောမှ ပြေးဆွဲမည် ဖြစ်ပြီး မှတ်တိုင်ကိုလည်း သီးခြား ထားရှိ သွားမည် ဖြစ်သည်။ ၄င်းယာဉ်ကြော သို့ အခြားယာဉ်များ ၀င်ရောက် မောင်းနှင်နိုင် သော်လည်း အချက်ပြ မီးပွိုင့် ရောက်ရှိ သည့်အခါတွင် BRT ဘတ်စ်ကား များကို ပိတ်ရပ်ထားခြင်း မရှိစေရန် သတိပြု ရမည်ဖြစ်ပြီး ၄င်း မှတ်တိုင် တွင်လည်း အခြားယာဉ်များ ရပ်တန့်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

မင်္ဂလာဒုံ ၊ ပြည်လမ်း မှ ဘုန်းကြီးလမ်း ၊ ထိုမှတစ်ဆင့် ကမ်းနားလမ်း သို့ ပြေးဆွဲရန် စီစဉ်ထားကြောင်း ၊ မင်္ဂလာဒုံမှ ကမ်းနားလမ်း အထိ ခရီး အကွာအဝေး မှာ ကီလိုမီတာ ၂၀ ခန့်ဖြစ်၍ တစ်ကီလိုလျှင် ကားတစ်စီးနှုန်း ဖြင့် အသွားအပြန် ခရီးအတွက် ကားအစီး ၄၀ ဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း ၊ ၃ မိနစ်လျှင် ကားတစ်စီးနှုန်း ဆက်တိုက် ထွက်မည် ဖြစ်ပြီး လမ်းတစ်လျှောက် မှတ်တိုင် ၂၇ ခု ရှိကာ ဖားခုန်စနစ်ဖြင့် ရပ်နားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ BRT စနစ်ဖြင့် ဘတ်စ်ကားများ ပြေးဆွဲချိန်တွင် ၄င်းနှင့် ပတ်သက်သည့် သတင်း အချက်အလက် များကို FM ရေဒီယို များနှင့် စာနယ်ဇင်း များက အသိပေး ဆောင်ရွက် သွားမည် ဖြစ်သည်။

BRT စနစ်ကို အာဆီယံ နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံတွင် ၂၀၀၄ ခုနှစ်က စတင် ကျင့်သုံး ခဲ့သော်လည်း ၂၀၀၆ ခုနှစ်ရောက်မှ အောင်မြင် ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D