သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 16, 2013

မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံ အလင်းဝင်ရောက်

Photo: မိုးညှင်းမြို့နယ်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံ 
အလင်းဝင်ရောက်

ဇူလိုင်လ ၁၆ ရက် ၂၀၁၃

မိုးညှင်းမြို့နယ် ကာဒူးကျေးရွာမှတစ်ဆင့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၂ 
နာရီခန့်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦး မြို့နယ်ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ 
လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြောင်း ၎င်းရုံးထံမှ သိရသည်။

အဆိုပါအလင်းဝင်ရောက်လာသူမှာ KIA အဖွဲ့ ရင်း(၁၉)မှ တပ်သားအဆင့်ရှိသူဖြစ်ပြီး
 မိုးညှင်းမြို့နယ် ကာဒူ ကျေးရွာ၌ မိဘများနှင့်အတူနေထိုင်သော 
အသက်(၂၀)နှစ်အရွယ် ဗမာလူမျိုးဖြစ်ကြောင်း ၎င်းသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက 
ဝိုင်းမော်မြို့နယ် သံဝိုင်ရွှေမှော်သို့ သွားရောက်၍ ရွှေကျင် ကျင်းသားအဖြစ် 
အလုပ်လုပ်ကိုင်နေစဉ် KIA အဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း၊ ၎င်းအပါအ၀င် 
ကျင်းသား(၅၀)ဦးခန့်အား လက်ပြန် ကြိုးတုတ်ပြီး မျက်နှာတွင် အ၀တ်များစီး၍ 
တပ်ရင်း(၃၀)သို့ ပို့ဆောင်ခဲ့ရာ လမ်း၌ တစ်လခန့်ကြာမြင့်ခဲ့ကြောင်း၊ 
တပ်ရင်း(၃၀)တွင် သင်တန်းသားအင်အား(၁၀၀)ဦးဖြင့် ၂ လကြာအောင် 
သင်တန်းတက်ရောက်ခဲ့ရပြီး၊ သင်တန်းဆင်းပြီးသောအခါ တပ်ရင်း(၁၉)သို့ 
ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတပ်ရင်းတွင်(၁၀)ရက်ခန့်နေထိုင်ခဲ့ပြီး KIA 
မုန်ဆန်ယန်သင်တန်းကျောင်းတွင် ဆေးသင်တန်း ၆ လ တက်ရောက်ရန် 
စေလွှတ်ခဲ့ကြောင်း၊ သင်တန်း တက်နေစဉ် ၅ လခန့် အကြာ ဇွန် ၂၇ ရက်တွင် 
၎င်းနှင့်အတူ သင်တန်းသား(၄)ဦး ထွက်ပြေးခဲ့ရာ (၂)ဦးစီ လမ်းကွဲသွားခဲ့ကြောင်း၊
 ၎င်းနှင့်ရ၀မ်လူမျိုးလူငယ်တို့သည် မြစ်ကြီးနား-ဗန်မော် ကားလမ်းအားဖြတ်၍ တာလော
 ကြီးကျေးရွာအနီး ၀ိုင်းမော်မြို့မှတစ်ဆင့် ကာဒူကျေးရွာရှိ၎င်း၏ 
မိဘများနေအိမ်သို့ ရောက်ရှိခဲ့ပြီး ရ၀မ်လူငယ် ကတော့ မြစ်ကြီးနားမြို့တွင် 
ကျန်ခဲ့ပြီး ပူတာအိုမြို့ဇာတိဖြစ်ကြောင်း၊ မိဘများနေအိမ်မှတစ်ဆင့် 
မိုးညှင်းမြို့ ပေါ်ရှိ ဌာနဆိုင်ရာရုံးတစ်ရုံးသို့ 
အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ထွက်ဆိုချက်ကို ဌာနဆိုင်ရာရုံးမှ 
ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA) အဖွဲ့၏ အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်မှုကြောင့် 
တပ်ဖွဲ့ဝင်ဖြစ်နေကြသော ဒေသခံတိုင်းရင်းသားများသည် 
အစိုးရဌာနဆိုင်ရာရုံးများသို့ အလင်းဝင်ရောက်မှုများ ဆက်တိုက်ဖြစ် ပေါ်လျက် 
ရှိရာ ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အလင်းဝင် KIA တပ်ဖွဲ့ဝင်ဦးရေ 
စုစုပေါင်း(၆)ဦးရှိပြီဖြစ်ကြောင်း ၎င်း ဌာနရုံးအသီးသီးမှ သိရှိရပါသည်။

ခွန်နော်

Kachin Daily Newsမိုးညှင်းမြို့နယ် ကာဒူးကျေးရွာမှတစ်ဆင့် ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIA တပ်ဖွဲ့ဝင် တစ်ဦး မြို့နယ်ဌာနဆိုင်ရာ ရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြောင်း ၎င်းရုံးထံမှ သိရ သည်။
အဆိုပါအလင်းဝင်ရောက်လာသူမှာ KIA အဖွဲ့ ရင်း(၁၉)မှ တပ်သားအဆင့်ရှိသူဖြစ်ပြီး မိုးညှင်းမြို့နယ် ကာဒူ ကျေးရွာ၌
မိဘများနှင့်အတူနေထိုင်သော အသက်(၂၀)နှစ်အရွယ် ဗမာလူမျိုးဖြစ်ကြောင်း ၎င်းသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက ၀ိုင်းမော်မြို့နယ် သံဝိုင်ရွှေမှော်သို့ သွားရောက်၍ ရွှေကျင် ကျင်းသားအဖြစ် အလုပ်လုပ်ကိုင်နေစဉ် KIA အဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း၊ ၎င်းအပါအ၀င် ကျင်းသား(၅၀)ဦးခန့်အား လက်ပြန် ကြိုးတုတ်ပြီး မျက်နှာတွင် အ၀တ်များစီး၍ တပ်ရင်း(၃၀)သို့ ပို့ဆောင်ခဲ့ရာ လမ်း၌ တစ်လခန့်ကြာမြင့်ခဲ့ကြောင်း၊ တပ်ရင်း(၃၀)တွင် သင်တန်းသား အင်အား (၁၀၀) ဦးဖြင့် ၂ လကြာအောင် သင်တန်းတက်ရောက်ခဲ့ရပြီး၊ သင်တန်းဆင်းပြီးသောအခါ တပ်ရင်း(၁၉)သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတပ်ရင်းတွင်(၁၀)ရက်ခန့်နေထိုင်ခဲ့ပြီး KIA မုန်ဆန်ယန်သင်တန်းကျောင်း တွင် ဆေးသင်တန်း ၆ လ တက်ရောက်ရန် စေလွှတ်ခဲ့ကြောင်း၊ သင်တန်း တက်နေစဉ် ၅ လခန့် အကြာ ဇွန် ၂၇ ရက်တွင် ၎င်းနှင့်အတူ သင်တန်းသား(၄)ဦး ထွက်ပြေးခဲ့ရာ (၂)ဦးစီ လမ်းကွဲသွားခဲ့ကြောင်း၊ ၎င်းနှင့်ရ၀မ်လူမျိုးလူငယ်တို့သည် မြစ်ကြီးနား-ဗန်မော် ကားလမ်းအားဖြတ်၍ တာလော ကြီးကျေးရွာအနီး ၀ိုင်းမော်မြို့မှတစ်ဆင့် ကာဒူကျေးရွာရှိ၎င်း၏ မိဘများနေအိမ်သို့ ရောက်ရှိခဲ့ပြီး ရ၀မ်လူငယ် ကတော့ မြစ်ကြီးနားမြို့တွင် ကျန်ခဲ့ပြီး ပူတာအိုမြို့ဇာတိဖြစ်ကြောင်း၊ မိဘများနေအိမ်မှတစ်ဆင့် မိုးညှင်း မြို့ ပေါ်ရှိ ဌာနဆိုင်ရာရုံးတစ်ရုံးသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ထွက်ဆိုချက်ကို ဌာန ဆိုင်ရာရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့(KIA) အဖွဲ့၏ အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်မှုကြောင့် တပ်ဖွဲ့ဝင်ဖြစ်နေ ကြသော ဒေသခံတိုင်းရင်းသားများသည် အစိုးရဌာနဆိုင်ရာရုံးများသို့ အလင်းဝင်ရောက်မှုများ ဆက် တိုက်ဖြစ် ပေါ်လျက် ရှိရာ ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အလင်းဝင် KIA တပ်ဖွဲ့ဝင်ဦးရေ စုစုပေါင်း(၆)ဦးရှိပြီဖြစ်ကြောင်း ၎င်း ဌာနရုံးအသီးသီးမှ သိရှိရပါသည်။

ခွန်နော်
Kachin Daily News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D