ဇူလိုင်လ ၁၆ ရက် ၂၀၁၃
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ ပ၀ါရွှေမှော်နှင့် ကျောက်ဆင်ရုပ် တောင်ကြား၌ KIA အဖွဲ့တစ်ဖွဲ့က မိုင်းထောင်နေစဉ် ဇူလိုင်လ ၁၃ ရက် နံနက် ၁၀ နာရီခန့် တွင် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၎င်းနေရာ၌ ၂ ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူတပ်ဖွဲ့ဝင် ၂ ဦးအား ၎င်းနေရာ၌ ဇူလိုင် ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် KIO ပါကွယ်ယန်မြို့နယ်မှူးနှင့် ဘာသာရေးခေါင်းဆောင် ဦးဇုန်းယောတို့မှဦးစီး၍ KIO တပ်ဖွဲ့ဝင် များနှင့်ဒေသခံကချင်လူငယ်(၅၀)ဦးခန့်က ဆုတောင်းပွဲပြုလုပ်၍ သဂျြိ င်္လ် ပေးခဲ့ကြောင်း ကိုယ်တိုင် တက်ရောက်ခဲ့သော ဒေသခံရွာသားတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါဖြစ်စဉ်တွင်သေဆုံးဒဏ်ရာရသောတပ်ဖွဲ့ဝင်များမှာ KIA တပ်ရင်း(၂၆)မှဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့စဉ်က ထောင်ထားခဲ့သောမိုင်းများကို ရှင်းလင်း ပေးရန် ဒေသခံများက KIO/KIA ဗဟိုဌာနချုပ်(လိုင်ဇာ)ရှိခေါင်းဆောင်များ အား တောင်းဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြကာ ဆောင်ရွက် မပေး သည့်အပြင် ယခုကဲ့သို့ မိုင်း ထောင်မှု များ ရှိနေခြင်းကြောင့် ဒေသခံများမှာ လယ်ယာသို့ပင် မသွားမလာရဲကြတော့ကြောင်း မိုင်းနောင်ရွာသား များ၏ ပြောပြချက်အရ သိရှိရပါသည်။
ခွန်နော်


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...