သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 6, 2013

ဖာဘရီဂက်စ်ကို မန်ယူကမ်းလှမ်းတော့မည်မဟုတ်ကြောင်း ဘာစီလိုနာ ပြောကြား

ဘာစီလိုနာ အသင်း၏ အားကစား ဒါရိုက်တာ အန်ဒိုနီ ဇူဘီဇာရက်တာက အသက်(၂၆)နှစ်ရှိ စပိန်လက်ရွေးစင် ကစားသမား၏ အနာဂတ်သည် နူးကမ့်တွင်ပင် တည်မြဲလိမ့်မည်ဟု ပြောကြားခဲ့
မန်ချက်စတာ ယူနိုက်တက် အသင်းအနေဖြင့် ဆက်စ်ဖာဘရီဂက်စ်အတွက် နောက်တစ်ကြိမ် ချဉ်းကပ်တော့မည် မထင်ကြောင်း ဘာစီလိုနာ အသင်းဘက်မှ မှတ်ချက်ပြု ပြောကြားလိုက်သည်။ ဘာစီလိုနာ အသင်း၏ အားကစား ဒါရိုက်တာ အန်ဒိုနီ ဇူဘီဇာရက်တာက အသက်(၂၆)နှစ်ရှိ စပိန်လက်ရွေးစင် ကစားသမား၏ အနာဂတ်သည် နူးကမ့်တွင်ပင် တည်မြဲလိမ့်မည်ဟု ပြောကြားခဲ့သည်။ ၎င်းက ဘာစီလိုနာ အနေဖြင့် ဖာဘရီဂက်စ်ကို ရောင်းရန် စိတ်ကူးမရှိသလို ယခုအခါ အင်္ဂလန် ချန်ပီယံ အသင်းဘက်မှလည်း အားထုတ်မှုများကို ရပ်ဆိုင်းသွားပြီဟု ယူဆကြောင်း ပြောဆိုခဲ့သည်။

ယူနိုက်တက်သည် ဖာဘရီဂက်စ်ကို (၂)ကြိမ် ကမ်းလှမ်းခဲ့ရာ ဘာစီလိုနာက ငြင်းဆိုခဲ့သော်လည်း တတိယအကြိမ် အားထုတ်မှုအတွက် ချိန်ဆနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဇူဘီဇာရတ်တာက "ယူနိုက်တက်က ကစားသမားကို စိတ်ဝင်စားခဲ့တာ အမှန်ပဲ။ ကျွန်တော်တို့က ဖာဘရီဂက်စ်ကို မရောင်းချင်ဘူး ဆိုတာလည်း အမှန်ပါပဲ။ ခုတော့ သူတို့ အနေနဲ့ ဖာဘရီဂက်စ်ကို စာချုပ်ခေါ်ယူမယ့် အစီအစဉ်အတွက် နောက်ဆုတ်သွားပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ကလည်း သူ့ကို မရောင်းချင်ဘူးလေ"ဟု ဆိုသည်။

၎င်းက "ဖာဘရီဂက်စ်ဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ဖန်တီးမှုတွေ သိပ်ကို ကောင်းမွန်ပြီး ဘာစီလိုနာမှာလည်း ပထမအသင်း ကျောနံပါတ် (၄)ကို ဝတ်ဆင်ခွင့် ရထားသူ ဖြစ်ပါတယ်"ဟုလည်း ပြောဆိုခဲ့သည်။ ယူနိုက်တက် အနေဖြင့် ဖာဘရီဂက်စ်အတွက် အမှန်တကယ် လက်လျှော့သွားပြီ ဆိုပါက အဲဗာတန် ကွင်းလယ်လူ မော်ရို ဖယ်လိုင်နီကို ရရှိရေး ပိုမို အားထည့်လာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Planet.com.mm

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D