သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 6, 2013

၁၅ နှစ်သမီးကို အဓမ္မကျင့်သူ ထောင်ရှစ်နှစ် ချမှတ်

ရန်ကုန်မြို့တော် မြောက်ဥက္ကလာပမြို့နယ် ချယ်ရီ စားသောက်ဆိုင်တွင် အလုပ် လုပ်ကိုင်နေသူ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သည့် ဆိုင်ပိုင်ရှင် ဦးမြင့်အောင်ကို ရန်ကုန်အရှေ့ ပိုင်းခရိုင် တရားရုံးက သြဂုတ်လ ၅ ရက်နေ့တွင် ထောင်ဒဏ် ရှစ်နှစ် ချမှတ်လိုက်ကြောင်း တရားလို၏ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ မိန်းကလေးမှာ ယင်းစားသောက်ဆိုင်တွင် ၂၀၁၁ ခုနှစ်မှ စ၍ အကူလုပ်သူအဖြစ် အလုပ် လုပ်ကိုင်နေခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ဆိုင်ရှင် အမျိုးသားက အဓမ္မ ငါးကြိမ် ပြုကျင့် ခဲ့ကြောင်း၊ မိန်းကလေးက ထုတ်ဖော် ပြောမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်က အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းရှိ ၎င်းလုပ်ကိုင်နေသည့် အများသုံး သန့်စင်ခန်းတွင် သန့်ရှင်းရေး လုပ်ကိုင်ရန် ပြောင်းရွှေ့ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မိန်းကလေး၏ မိဘများက မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ဦးအောင်သိန်းက ပြောကြားသည်။

ဆိုင်ရှင် အမျိုးသမီးက မိန်းကလေးသည် တန်ဖိုးကြီး နာရီနှင့် ငွေအချို့ ခိုးယူသည်ဟု ဆိုကာ အမှုဖွင့် ခဲ့ပြီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောဆိုသည်။
“အမှု အသွားအလာက ရှင်းပါတယ်။ အဓမ္မမှုနဲ့ တရားစွဲခံရလို့ ခိုးမူနဲ့ ပြန်ပြီး တရားစွဲတာပါ” ဟု ၎င်းက ဆိုသည်။

မိဘများက ယင်းမိန်းကလေးကို ကလေးသူငယ် စောင့်ရှောက်ရေးကျောင်းမှ အာမခံဖြင့် ခေါ်ဆောင် ကာ လက်ရှိတွင် ခိုးမှုအတွက် တရားရုံးတွင် တရား ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D